CNI Sport News
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လွန်ကဲစွာ အောင်ပွဲခံမှု ပြုလုပ်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းဟာ ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် နည်းပြ အာတီတာကတော့ ဒါကို သူနှစ်သက်ပြီး စိတ်ခံစားချက်တွေ ဆက်ပြီးပြသ သွားမယ်လို့ ပြောလိုက်ပါတယ်။

အာတီတာက “ပုဂ္ဂိုလ်ရေးအရဆိုရင် ကျနော်ဒါကို နှစ်သက်ပါတယ်။ သဘာဝကျကျနဲ့ ထူးခြားတဲ့ နည်းလမ်းတွေ လုပ်တဲ့အခါမှာ ပွဲအပေါ် စိတ်အားထက်သန်မှုတွေနဲ့ စိတ်ခံစားမှုတွေကို ယူဆောင်လာပေးပါတယ်”လို့ ပြောခဲ့တာပါ။

Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ ဂယ်ရီနဗီးလ်က အာဆင်နယ်အသင်းရဲ့ အောင်ပွဲခံမှုတွေဟာ ရင့်ကျက်မှု မရှိဘူးဆိုတာ ပြသနေတယ်လို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ ကာရေဂါက အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်အနေနဲ့ ဥမင်ထဲကို ဆင်းသွားရမှာလို့ ပြောခဲ့တာပါ။ 

အိုဒီဂတ်ဟာ လီဗာပူးလ်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ အာဆင်နယ်အသင်း ဓါတ်ပုံဆရာထံက ကင်မရာကို ရယူကာ ဓါတ်ပုံဆရာကို ဓါတ်ပုံပြန်ရိုက်ပေးပြီး အောင်ပွဲခံခဲ့တာပါ။

အိုဒီဂတ်က ပွဲတစ်ပွဲမှာ အနိုင်ရလို့ အောင်ပွဲမခံရဘူးဆိုရင် ဘယ်အချိန်မှာသွားပြီး အောင်ပွဲခံ အခမ်းအနား ပြုလုပ်ရမှာလဲလို့ ကာရေဂါကို ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ဒီလိုမျိုးလုပ်တဲ့ အရာတွေဟာ ကောင်းမွန်ပြီး သူ့အမြင်နဲ့ တခြား လူတွေရဲ့ အမြင်ကတော့ တူချင်မှတူနိုင်မယ်လို့ မှတ်ချက်ပေးခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဖေဖော်ဝါရီ ၁၁ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC