CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၆

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းအနေနဲ့ ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ ဆက်ရှိဖို့အတွက် ပဲလေ့စ်အသင်းကို အနိုင်ယူရမယ်လို့ ကစားသမားတွေကို ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့ဒီပွဲကို အနိုင်ရဖို့လိုပါတယ်။ ကျနော်တို့ဟာ အဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၁ နေရာက အသင်းနဲ့ အမှတ်သိပ်မကွာပါဘူး။ ဒါပေမယ့် အမှတ်တွေ လျော့သွားရင်တော့ ချန်ပီယံဆုကို ရယူနိုင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေကို ရောက်ရှိသွားနိုင်တယ်”လို့ ပြောပါတယ်။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အဆင့် ၁ နေရာက လီဗာပူးလ်အသင်းနဲ့ ၃ မှတ်၊ အဆင့် ၂ နေရာက အာဆင်နယ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

ဂွာဒီယိုလာကို တွေ့ရစဉ်

မန်စီးတီးအသင်းဟာ ဒီရာသီမှာလည်း ဆုဖလား ၃ လုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပေမယ့် နည်းပြ ဂွာဒီယိုလာကတော့ ပဲလေ့စ်အသင်းနဲ့ပွဲက အရေးကြီးတယ်လို့ပြောခဲ့ပြီး လာမယ့် ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို မစဉ်းစားသေးတာပါ။

ဂွာဒီယိုလာက “ပရီးမီးယားလိဂ်က ကျနော့်အတွက် ဦးစားပေးပါ။ ပြည်တွင်း ဆုဖလားတွေထဲမှာ အရေးကြီးဆုံးက ပရီးမီးယားလိဂ် ဒါမှမဟုတ် လာလီဂါပါ။ ချန်ပီယံလိဂ်ဖလားက မကောင်းဘူးလို့ ကျနော်ပြောတာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်က ခက်ခဲပြီး ပွဲတွေ အများကြီး ကစားရပါတယ်။ ချန်ပီယံလိဂ်ကလည်း အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကတော့ အကောင်းဆုံး လုပ်ဆောင်သွားမှာဖြစ်ပြီး ဒါကအများကြီး အဓိပ္ပါယ်ရှိတယ်”လို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဧပြီ ၁၀ ရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဘာနေဗျူးကွင်းကို သွားရောက်ပြီး ရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN