CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄

စူပါအေးဂျင့်ဂျောချ်မန်ဒက်စ်က ဘာစီလိုနာအသင်းဟာ အငှားနဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ ကန်ဆယ်လိုနဲ့ တိုက်စစ်မှူး ဂျာအိုဖီးလစ်တို့ကို အပြီးသတ်ခေါ်ယူမယ်လို့ ပြောလိုက်ပါတယ်။

ဂျော့ချ်မန်ဒက်စ်က “ဘာစီလိုနာအသင်းဟာ ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့ကို အပြီးသတ်ခေါ်ယူဖို့ စီစဉ် ထားပါတယ်။ ဒီနွေရာသီကို ကျော်လွန်ပြီး သူတို့နဲ့ ဆက်သွားဖို့ ဘာစီလိုနာအသင်းစီစဉ်နေတယ်” လို့ Record ရဲ့မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ပေါ်တူဂီကစားသမား ၂ ဦးကို အခု ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ပြီးကတည်းက ကန်ဆယ်လိုနဲ့ ဂျာအိုဖီးလစ်တို့ဟာ လာမယ့်ရာသီ ဘာစီလိုနာအသင်းမှာ ဆက်ရှိဖို့ရှိ၊မရှိဆိုပြီး ထင်ကြေးပေးမှုတွေ အများကြီး ရှိခဲ့တာပါ။ သူတို့နှစ်ဦးစလုံးဟာ မန်စီးတီးနဲ့ အသလက်တီကိုအသင်းထံ ပြန်မသွားချင်တာကြောင့် ဘာစီလိုနာ အသင်းထံ အပြီးသတ်ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။

အဲဒါကြောင့် သူတို့နှစ်ဦးရဲ့ အေးဂျင့်အဖြစ်ဆောင်ရွက်နေတဲ့ ဂျော့ချ်မန်ဒက်စ်ဟာ ဒီကစားသမားတွေရဲ့ ဘာစီလိုနာအသင်း အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရတာပါ။ ဘာစီလိုနာအသင်းအကြီးအကဲ လာပေါ်တာ ကိုယ်တိုင်က ဒီကစားသမားနှစ်ဦးစလုံးကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲကြုံတွေ့နေရတာကြောင့် မန်စီးတီးနဲ့ အသလက်တီကို အသင်းတို့တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖွယ်ရှိမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ကန်ဆယ်လိုဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ၂၂ ပွဲပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူထားကာ ဂျာအို ဂျာအိုဖီးလစ်ဖီးလစ်က ၂၆ ပွဲကစားထားပြီး ၇ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Source:Goal