CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁

ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ဂျော်ဂျီယာအသင်းကို ဂိုးပြတ်အနိုင်ရကာ စပိန်အသင်း ကွာတားဖိုင်နယ် တက်နိုင်ခဲ့ပြီးနောက် နည်းပြ ဒယ်လာဖွန်တေက ဒီပြိုင်ပွဲမှာ စပိန်အသင်းထက် ပိုကောင်းတဲ့ အသင်းမရှိဘူးလို့ ယုံကြည်နေပါတယ်။

ဒယ်လာဖွန်တေက “ကျနော်တို့မှာ ကမ္ဘာ့အကောင်းဆုံး အသင်းနဲ့ ကစားသမားတွေရှိပါတယ်။ ဒါက ကျနော်တို့ အနိုင်ရမယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် ကျနော်တို့ဟာ ဒီအတွက် တိုက်ပွဲဝင်သွားမှာပါ။ ဂျာမနီဟာ အလွန် အားကောင်းတဲ့ အသင်းပါ။ ဒါပေမယ့် အသင်းတိုင်းမှာ အားနည်းချက်ရှိပြီး ဘယ်အသင်းကမှ ပြီးပြည့်စုံတာ မရှိပါ ဘူး။ ကျနော်တို့ဟာ အားသာချက်တွေကို အာရုံစိုက်ပြီး တိုးတက်အောင်ဆက်လုပ်သွားရမှာပါ”လို့ ပြောခဲ့တာပါ။

စပိန်အသင်းဟာ ၁၆ သင်း အဆင့်ပွဲစဉ်မှာ ဂျော်ဂျီယာအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ စပိန်အသင်းဟာ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့ ဂျော်ဂျီယာအသင်းကို ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူကာ ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။ 

စပိန်အသင်းကိုတွေ့ရစဉ်

စပိန်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၃၅ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁၃ ကြိမ်အထိ ရှိခဲ့တာဖြစ်ပြီး နည်းပြ ဒယ်လာဖွန်တေက ဒီထက်ဂိုးပြတ်ပြီး အနိုင်ယူခဲ့သင့်တယ်လို့လည်း ပြော ခဲ့ပါတယ်။

စပိန်အသင်းဟာ ဒီနိုင်ပွဲကြောင့် ကွာတားဖိုင်နယ်အဆင့်မှာ အိမ်ရှင် ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ ရိုဒရီက ဂျာမနီအသင်းနဲ့ ရင်ဆိုင်ရမှာကို ကြောက်နေမှာ မဟုတ် ဘူးလို့ ပြောခဲ့ပါတယ်။

ရိုဒရီက “ဂျာမနီက အိမ်ကွင်းမှာ အားကောင်းပေမယ့် ကျနော်တို့ ကြောက်နေမှာ မဟုတ်ပါဘူး။ နောက်တစ်ဆင့် တက်ချင်ရင် ကျနော်တို့ဟာ ကောင်းမွန်တဲ့ ပွဲတစ်ပွဲကို ကစားရမှာဖြစ်ပြီး ရှိသမျှအရာအားလုံးနဲ့ အနိုင်ယူဖို့ ကြိုးစားသွားမှာပါ။ ဒါက ဒီအသင်းရဲ့စိတ်ဓါတ်ပဲ”လို့ ပြောခဲ့တာပါ။

ဂျာမနီနဲ့ စပိန်အသင်းတို့ရဲ့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၅ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: ESPN