CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၆

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျာမနီအသင်းကို အချိန်ပိုမှာ အနိုင်ရရှိအောင် ကြိုးစားအားထုတ်ခဲ့ကြတဲ့ ကစားသမားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်ကို ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။

ဒယ်လာဖွန်တေက “ဒီလိုမျိုးစိတ်ဓါတ်ရှိတဲ့ ကစားသမား အစုအဖွဲ့အတွက် ကျနော် ဂုဏ်ယူပါတယ်။ သူတို့တွေဟာ ကြိုးစားပြီး နေ့တိုင်းတိုးတက်မှုတွေ ရရှိချင်တဲ့သူတွေပါ။ သူတို့တွေဟာ ရည်မှန်းချက်ရှိပြီး နေ့တိုင်း ပိုကောင်းအောင်လုပ်ဖို့ကို စိတ်အားထက်သန်ကြပါတယ်။ သူတို့ကို နည်းပြရတဲ့အတွက် ကျနော်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့တာပါ။

ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့ပွဲစဉ်မှာ စပိန်အသင်းဟာ အချိန်ပိုမှာ ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ 

စပိန်နဲ့ဂျာမနီ ယှဉ်ပြိုင်နေစဉ်

ဒီ ၂ သင်းဟာ ပွဲချိန်အတွင်း ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုနောက်ဆုံးမိနစ်မှာ မာရီနိုက စပိန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ 

စပိန်အသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့ပေမယ့် ကွင်းလယ်လူ ပီဒရီ ဒဏ်ရာရရှိသွားခဲ့သလို နောက်ခံလူ ကာဗာဂျယ်လည်း ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ 

စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက ဂျာမနီအသင်းကို အနိုင်ရရှိခဲ့လို့ ပျော်ရွှင်ပေမယ့် နောက်တစ်နေ့မှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်မှုတွေကို ပြုလုပ်ရမယ်လို့ ပြောခဲ့တာပါ။ 

စပိန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲစဉ်ကို ဇူလိုင် ၁၀ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ 

Source:CNA