CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅

ယူရို ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် စပိန်အသင်းနဲ့ အင်္ဂလန်အသင်းတို့ ကစားခဲ့တာမှာ စပိန်အသင်းက ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

စပိန်အသင်းဟာ ဒီပွဲမှာ အင်္ဂလန်အသင်းကို အသာစီးနဲ့ ကစားခဲ့ပြီး ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့ပါတယ်။ 

ဒုတိယပိုင်းအစ ပွဲချိန် ၄၇ မိနစ်မှာ စပိန်အသင်း ဦးဆောင်ဂိုးရခဲ့ပြီး နီကိုဝီလီယံစ်က သွင်းယူခဲ့တာပါ။ 

အင်္ဂလန်အသင်းဟာ ဦးဆောင်ဂိုးပေးရအပြီးမှာ ချေပဂိုးရဖို့ လူစားလဲမှုတွေ ပြုလုပ်ခဲ့ပြီး လူစားဝင်လာတဲ့ ကိုးလ်ပါလ်မာက ပွဲချိန် ၇၃ မိနစ်မှာ ချေပဂိုးသွင်းယူခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ စပိန်အသင်းကိုတွေ့ရစဉ်

ပွဲချိန်အတွင်း ၁ ဂိုးစီ သရေနဲ့ပြီးဆုံးပြီး အချိန်ပို ဆက်သွားမယ်လို့ ထင်မှတ်ထားချိန်ပွဲချိန် ၈၆ မိနစ်မှာ အိုယာဇာဘဲလ်က စပိန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။ 

အင်္ဂလန်အသင်းဟာ လက်ကျန်မိနစ်တွေမှာ ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် စပိန်အသင်းဟာ ပွဲကို အကောင်းဆုံးထိန်းပြီး ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။

စပိန်အသင်းဟာ အခုတစ်ကြိမ် အပါအဝင် ယူရိုချန်ပီယံ‌ဆုကို ၄ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန် အသင်းကတော့ ဗိုလ်လုပွဲကို ၂ ကြိမ်ဆက် တက်နိုင်ခဲ့ပေမယ့် ၂ ကြိမ်စလုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။