- By CNI
- Category: နိုင်ငံရေး
- Hits: 810
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃
၂၀၂၅ ခုနှစ်သည် မြေပြန့်ဒေသနှင့် အခြားဆက်စပ်ဒေသများမှာ တော်လှန်ရေးအဖွဲ့အစည်းများက တော်လှန်ရေး အရှိန်(စစ်ရှိန်) ပိုမိုမြှင့်တင်ဆောင်ရွက်သွားမှာဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က ကျရောက်ခဲ့သည့် (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက “ ၂၀၂၅ ခုနှစ်ဟာ မြေပြန့်ဒေသနဲ့ အခြားဆက်စပ် ဒေသတွေမှာ စုစည်းညီညွတ်နေ တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေက တော်လှန်ရေးအရှိန် ပိုမိုမြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ကြတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေစဉ် ကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများ ချမှတ်တဲ့ ဘေးကင်းလုံခြုံရေး အစီအမံတွေ ကို အထူးလိုက်နာပြီး ဘေးကင်းလုံခြုံစွာနဲ့ တော်လှန်ရေးရဲ့ အောင်မြင်မှု အသီးအပွင့်တွေကို မြင်တွေ့ခံစားနိုင်ကြ ပါစေ”ဟု ပြောသည်။

TNLA ထိန်းချုပ်ထားသည့် မြို့နယ်များကို တွေ့ရစဉ်
အရှိန်ကောင်းရလာသည့် ယခုတော်လှန်ရေး ရေစီးကြောင်း စုစည်းညီညွတ်မှု အင်အားများကို ဆက်လက် ထိန်းသိမ်းပြီးတော့ မိမိတို့ နိုင်ငံ့အတွင်း အခြေစိုက် ကျန်ရှိနေသေးသည့် ဘုံရန်သူ၏ ထောက်တိုင်များကို အပြီး တိုင်ဖြိုလှဲပစ်ဖို့ အသုံးချသွားရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
TNLA၊ MNDAA၊ AA တို့သည် နွေဦးတော်လှန်ရေး အင်အားစု လက်နက်ကိုင်များကို လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးခြင်းနှင့် စစ်သင်တန်းများ ပေးအပ်ခြင်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများမှာ ၂၀၂၅ ခုနှစ်တွင် စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်သွားရန် ပြင်ဆင် ဆောင်ရွက် နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ၂၀၂၅ ခုနှစ်တွင် အညာဒေသမှာ စစ်ပွဲများရောက်ရှိလာမည် ဖြစ်ကြောင်း ပြောကြားထားသည်။
လက်ရှိ အညာဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများ တွင် လက်နက်ကိုင်အင်အားစုများ စစ်ရေးလှုပ်ရှားမှု ပိုမိုအရှိန်မြှင့်လာကာ မြန်မာ့တပ်မတော်နှင့်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

AA ထိန်းချုပ်ထားသည့် မြို့နယ်များကို တွေ့ရစဉ်
တအာင်းတပ်ဖွဲ့ TNLA၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရခိုင်တပ်ဖွဲ့(AA)တို့သည် နွေဦးတော်လှန်ရေး အင်အားစု လက်နက်ကိုင်များဖြင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖော်ဆောင်ပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအတွင်း နမ္မတူ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွက်ခိုင်၊ နမ့်ခမ်း၊ မိုင်းလုံ၊ ချင်းရွှေဟော်၊ သိန္နီ၊ ပန်ဆိုင်း(ကြူကုတ်)၊ ဖောင်းဆိုင်၊ လောက်ကိုင်၊ ကုန်ကြမ်း စသည့် မြို့နယ်များကို ထိန်းချုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ဖော်ဆောင်ခဲ့ပြီးနောက် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ လားရှိုး စသည့် မြို့နယ်များအား ဆက်လက်ထိန်းချုပ်ခဲ့ကြသည်။
ထို့နောက် ၂၀၂၅ ခုနှစ်တွင် ၁၀၂၇ စစ်ဆင်ရေး တတိယလှိုင်းကို ဖော်ဆောင်ရန် ပြင်ဆင်နေကြသည်။
တခြား တစ်ဖက်မှာလည်း AA သည် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ ဂွ၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ မြောက်ဦး၊ သံတွဲ အပါအဝင် ချင်းပြည်နယ် အတွင်းက ပလက်ဝ စသည့် မြို့နယ်များကို ထိန်းချုပ်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 711
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃
မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် မိမိလက်နက် မိမိလက်ထဲရှိထားရမှာဖြစ်သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်က ကျရောက်ခဲ့သည့် (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက “ မိမိတို့ တအာင်းတိုင်းရင်းသားဟာ ဌာနေတိုင်းရင်းသား လူမျိုးတစ်မျိုးဖြစ်တာနဲ့ အညီ တစ်ဖက်မှာလည်း မိမိကိုယ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် မိမိလက်နက် မိမိလက်ထဲရှိထားရမှာဖြစ်သလို ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စေ့စပ်လှုံ့ဆော်မှုတွေကနေ ပေါ်ပေါက် လာမယ့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့လည်း အမြဲတမ်းအဆင်သင့် ပြင်ဆင်ထားရှိပြီးသားလည်းဖြစ်တယ်။ ဒါပေမဲ့လည်း တော်လှန်ပြည်သူများနဲ့အတူ နိုင်ငံ့အတွင်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီတိုင်းပြည်သစ် ထူထောင်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အဖွဲ့အစည်းအနေနဲ့ အခြား တော်လှန်ရေး အင်အားစုများနဲ့အတူ ဟန်ချက် ညီညီ ဆက်လက်တိုက်ပွဲဝင်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်”ဟု ပြောသည်။

TNLA ထိန်းချုပ်နယ်မြေများကို ပြသထားစဉ် (ISP Myanmar)
၂၀၂၄ ခုနှစ်အတွင်း တိုင်းပြည်မှာရှိနေသည့် စစ်အာဏာရှင်စနစ်ဆိုး ဖြုတ်ချနိုင်ရန်အတွက် လူတန်းစား အလွှာ ပေါင်းစုံနှင့် တော်လှနရေးအင်အားစု အဖွဲ့အစည်းပေါင်းစုံက မိမိကျရာ အခန်းကဏ္ဍကနေ တော်လှန်ရေး တာဝန် များကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အသုံးချပြီး စည်းလုံးညီညွတ်စာနှင့် တော်လှန်တိုက်ခိုက်ခဲ့ကြတာဖြစ်၍ တော်လှန်ရေး၏ အောင်မြင်မှုအလင်းတန်း ရောင်နီသမ်းလာနေပြီးဖြစ်သည်ဟု မြင်မိကြောင်း ၎င်းက ပြောသည်။
ထို့နောက် ၂၀၂၅ ခုနှစ်အတွင်းမှာ မိမိတို့ ယခင်နှစ်များထက် ချိတ်ဆက် လက်တွဲပြီးတော့ ယိုင်နဲ့နေသည့် စစ်အာဏာရှင်အုပ်စုကို ဖြိုချပစ်ဖို့ စုစည်းညီညွတ်အားနှင့် တော်လှန်ရေးတာဝန်များကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမှာဖြစ်သည်ဟု TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်များစွန့်လွတ်၍ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး ရန်လိုအပ်ကြောင်း၊ လက်နက်ကိုင် တိုက်ခိုက်၍ မိမိ၏လိုအင်ဆန္ဒကို တောင်းဆို၍ မရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
TNLA သည် ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ရခိုင်တပ်ဖွဲ့(AA)နှင့် နွေဦးတော်လှန်ရေး အင်အားစု လက်နက်ကိုင်များဖြင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖော်ဆောင် ပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်ခဲ့သည်။
ထို့နောက် နမ္မတူ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ ကွက်ခိုင်၊ နမ့်ခမ်း၊ မိုင်းလုံ စသည့် မြို့နယ်များကို ထိန်းချုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ဖော်ဆောင်ခဲ့ပြီးနောက် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုမြို့နယ်များအား ဆက်လက်ထိန်းချုပ်ခဲ့သည်။
အဆိုပါ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် TNLA က တရုတ်၏စေ့စပ်ညှိနှိုင်းမှုအရ မြန်မာ့တပ်မတော် နှင့် တွေ့ဆုံဆွေးနွေးသွားရန် ဆန္ဒရှိကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သည်။ သို့သော် ယခုအချိန်ထိ တွေ့ဆုံ ဆွေးနွေးမှု မပေါ်ပေါက်သေးကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 808
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃
ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်သည့် ပုဂံဒေသတွင် စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်မည်ဆိုသည့် ကြေညာချက်များနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေပြီး ခရီးသွားများအား အမှီပြုနေရသောကြောင့် စစ်ပွဲများ မဖြစ်စေလိုကြောင်း ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးဒေသတွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်မည်ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်၌ ထုတ်ပြန် ပြောကြားခဲ့သည်။
ခရီးသွားများအား အခြေခံပြီး ဘုရားများအား အမှီပြု၍ လုပ်ကိုင်စားသောက် နေကြရသောကြောင့် ပုဂံဒေသတွင် စစ်ပွဲများ မဖြစ်စေလိုကြောင်း ပုဂံ-ညောင်ဦးဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဒေသ ဘုရားဖူး ခရီးသွားများကို တွေ့ရစဉ်
၎င်းက “အဲလိုမျိုးကြားတော့ အစ်ကိုတို့ဆီကို ခရီးသွားဒေသ မလာလို့ရှိရင် အစ်ကိုတို့ ဒီဒေသရဲ့ စားဝတ်နေရေးက ခရီးသွားတွေကို အခြေခံပြီးတော့ လုပ်ရတာလေ၊ မဖြစ်လည်း မဖြစ်စေချင်ဘူးကွာ အစ်ကိုတို့ ပုဂံဒေသကို၊ ဘာလို့ မဖြစ်သင့်တာလဲဆိုတော့ ဒီဟာတွေက အစ်ကိုတို့ရဲ့ မြန်မာပြည်ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖြစ်တယ်ဗျာ၊ ပြီးတော့ အစ်ကိုတို့ ဒီပုဂံ-ညောင်ဦး ဒေသမှာရှိတဲ့ သူတွေက ဒီဘုရားတွေကို အမှီပြုပြီးတော့ စားရသောက်ရတာ၊ အစ်ကိုတို့ဆီမှာ ဘုရားဖူး ဧည့်သည်တွေလာမှ အစ်ကိုတို့ဆီက စျေးရောင်းတဲ့သူတွေ ဘုရားမှာနေတဲ့ ကလေးတွေ ဘာတွေကမှအစ ဝင်ငွေရှိတာဗျာ၊ အခုဆိုရင် ဒီဒေသမှာ စီးပွားရေး အရင်းအမြစ်ဆိုတာက မရှိသလောက် ရှားတယ်ဗျာ၊ အဲကျတော့ အစ်ကိုတို့ဆီကို အဲလိုမျိုးတော့ ဘာပဲဖြစ်နေဖြစ်နေ တိုက်ပွဲတော့ မဖြစ်စေချင်ဘူး။ ဘယ်လိုပြောရမတုန်း ကြောက်စရာကြီးပေါ့ကွာ ညီရာ၊ ဒီရှေးဟောင်းအမွေအနှစ် တစ်ခုခု ထိခိုက်သွားရင်လည်း တစ်ကမ္ဘာလုံး သိတယ်လေ၊ ဒီဟာက ယူနက်စကို ဝင်ထားတဲ့ နေရာဆိုတော့ ပြီးတော့ အစ်ကိုတို့ မြန်မာတစ်နိုင်ငံ လုံးရဲ့ အထွဋ်အထိပ်ထားတဲ့ နေရာဆိုလည်း မမှားဘူးကွာ၊ အဲကျတော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ပြောပြ နေစရာတောင်မလိုဘူး တွေးကြည့်ရင် ဘယ်လောက်ထိ ရင်လေးစရာကောင်းမလဲ သေချာသာ စဥ်းစားကြည့် တော့ဗျာ” ဟု ပြောသည်။
ပုဂံဒေသတွင် စစ်ဆင်ရေးများ ဖော်ဆောင်ရာ၌ ရှေးဟောင်းဘုရားများနှင့် ယဥ်ကျေးမှု အမွေအနှစ်များအား မထိခိုက်စေရန် လုပ်ဆောင်မည်ဖြစ်သလို စစ်ရေးအရ အဓိကပစ်မှတ်များအား အထူးလေ့ကျင့် ထားသူများနှင့် ဝင်ရောက် တိုက်ခိုက်မှာဖြစ်သည်ဟု ညောင်ဦး PDF က ပြောကြားခဲ့သည်။
ပုဂံဒေသ စစ်ဆင်ရေးအား မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ ချောက် စသည့် မြို့နယ်များမှ မဟာမိတ်တပ်များနှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဟု ၎င်းအဖွဲ့က ပြောကြားခဲ့သည်။
ပုဂံ-ညောင်ဦးဒေသကို စစ်ရေးဖော်ဆောင်ပါက စေတီဘုရား ပုထိုးများကို ရှောင်၍ ဖော်ဆောင်ရန်မှာ မဖြစ်နိုင် ကြောင်း၊ တိုက်ပွဲဆောင်ရန် မသင့်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထောက်ပြသည်။

ပုဂံဒေသ ဘုရားဖူး ခရီးသွားများကို တွေ့ရစဉ်
စစ်ဖြစ်မည်ဆိုပါက ရှေးဟောင်းဘုရား ပုထိုး၊ စေတီများအား ထိခိုက်မှုများ ရှိနိုင်ကြောင်း၊ ပုဂံဒေသရှိ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများအားလုံး ထိခိုက်သွားနိုင်ကြောင်း ပုဂံခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ ဦးဇွဲထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဒီဘက်ကတော့ အစ်ကိုရယ် စစ်ဆင်ရေး ခေါ်(ဖော်)မယ်ဆိုရင်တော့ ညီလေးတို့ဘက်ကတော့ ဧည့်သည်နဲ့ လုပ်စားတာဆိုတော့ သိပ်လည်းမကောင်းဘူးလို့ပဲ ပြောရမှာပေါ့ဗျာ၊ ရှေးဟောင်းယဥ်ကျေးမှု နယ်မြေ ဆိုတော့ ဘုရားတွေလည်း ထိခိုက်မယ်၊ ပျက်စီးမယ်(တာ) မျိုးတွေလည်း ရှိနိုင်တယ်ဗျ၊ ညီလေးတို့စိတ်က ခံစား ချက်ကတော့ ဒီဘက်ကတော့ စစ်မဖြစ်တာ အကောင်းဆုံးပဲ၊ ကောင်းတယ်ဆိုတာ ဘာလို့လဲဆိုတော့ ဒီဘက်မှာ လည်း ဘုရား၊ ယဥ်ကျေးမှု နယ်မြေကလည်း ရှိတယ်လေ၊ စစ်ဖြစ်မယ်ဆိုရင်တော့ ထိခိုက်မှုကတော့ရှိမှာပဲ၊ ဘုရား တွေ တော်ရုံတန်ရုံကတော့ လက်နက်ကြီးလည်း ထိနိုင်သလို၊ လက်နက်ငယ်လည်း ထိနိုင်တယ်ဗျ၊ ခရီးသွား ဝန်ဆောင်မှု အကုန်လုံးကတော့ ထိခိုက်သွားနိုင်တယ်၊ ဘာလို့လဲဆိုတော့ ဒီဘက်က ဧည့်သည်နဲ့ လုပ်စားရတာ လေ အစ်ကိုရဲ့ ယွန်းဆိုလည်းယွန်းအရ၊ ဟိုတယ်ဆိုလည်း ဟိုတယ်အရ၊ E-Bike ငှားတဲ့လူမျိုး ဝန်ဆောင်မှုတွေက အကုန်လုံးက ရပ်တန့်သွားနိုင်တယ်၊ ဒီဘက်က အနေအထားအရဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ၊ ပုဂံပြည်မှာ ဖြစ်လာမယ်ဆို ရင်လည်း မကောင်းဘူးပေါ့ အရင်ခေတ်ကတည်းက အကုန်လုံးက ရှောင်ကြတာဆိုတော့လေ” ဟု ပြောသည်။
ပုဂံဒေသတွင် စစ်ဖြစ်ပြီဆိုကတည်းက ရှေးဟောင်းဘုရား ပုထိုး၊ စေတီများ ကြေသွားနိုင်ပြီး အစားထိုးမရနိုင်သော ဆုံးရှုံးမှုများ ဖြစ်နိုင်ကြောင်း၊ နှစ်ဖက် အဖွဲ့အစည်းများ အနေဖြင့် ဆုံးရှုံးမှုများသော စစ်ပွဲများ မဖန်တီးဘဲ ငြိမ်းချမ်းရေးရရှိအောင် အဖြေတစ်ခုရှာသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ထောက်ပြကြသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ လူဦးရေ၏ ၄၃ ရာခိုင်နှုန်းသည် ပဋိပက္ခနှင့် ကြုံတွေ့နေရပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သူ သန်း ၂၀ နီးပါးရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 788
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁
တပ်မတော် အနေဖြင့် ခေတ်အဆက်ဆက်တွင် ပြည်ထောင်စုမပြိုကွဲအောင် လုပ်ခဲ့သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတော်ဖြစ်တည်မှု ပထဝီမြေ အနေအထားအရ လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တာဝန်များကို တစ်စိုက်မတ်မတ် ထမ်းဆောင်ခဲ့သည်”ဟု ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှု မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေးကြိုးပမ်းခဲ့သည့်အတွက် NLD အစိုးရကို ဖြုတ်ချ၍ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့သည်။
ထို့နောက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြပြီးနောက် လက်နက်ကိုင် တော်လှန်ရေးကို အသွင်ပြောင်းလဲလာကာ မြန်မာ့တပ် မတော်နှင့် နစက ဖြုတ်ချရေး ဒီမိုကရေစီနှင့် လက်နက်ကိုင် အင်အားစုများက ကြိုးပမ်းလျက်ရှိသည်။
နစကဥက္ကဋ္ဌက တပ်မတော်မှ စတင်တာဝန်ထမ်းဆောင်စဉ် အစောပိုင်းကာလများ၌ ဆူပူဆန္ဒပြမှုများသာ ရှိခဲ့ သော်လည်း နောက်ပိုင်းတွင် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်ပမှ သွေးထိုးမြှောက်ပင့် မှုများကြောင့် အကြမ်းဖက် အဖွဲ့အစည်းများဖွဲ့စည်းကာ နိုင်ငံအတွင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သည့် အခြေအနေများနှင့် တပ်မတော်အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံတော်၏အဓိက ကာကွယ်ရေးအင်အားစု ဖြစ်သည့် တပ်မတော်နှင့် ပြည်သူကို သွေးကွဲအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ရှင်းလင်း ပြောကြားခဲ့သည်။

နစက အန္တိမရည်မှန်းချက်သည် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တစ်ရပ် ကျင်းပနိုင်ရေးပင်ဖြစ်ပြီး လွတ်လပ်၍ တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးနိုင် ရေး မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ကချင်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ)၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်(နပခ) အပါအဝင် စစ်စခန်းပေါင်း ရာနှင့်ချီ၊ မြို့နယ် ၉၀ ကျော်ကို လက်လွတ် ဆုံးရှုံးထားသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီးသို့ စစ်ပွဲများ ၂၀၂၅ ခုနှစ်အတွင်း ကူးဆက်လာမည်ဟု ခန့်မှန်းနေကြသလို ရန်ကုန်နှင့် နေပြည်တော်လည်း တရားဥပဒေစိုးမိုးမှုများ အားနည်းနေပြီး ခိုးဆိုးလုနှိုက်မှုများနှင့် လူသတ်မှုများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1381
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF များ ပူးပေါင်း၍ လူငယ် ၂၀၀ ဝန်းကျင်ကို ဇန်နဝါရီ ၉ ရက်နေ့က စုဆောင်းရေး(အရပ်အခေါ် ပေါ်တာဆွဲ)အနေဖြင့် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
လုံးတုံ(ခေါ်)အင်းတော်ကြီးမြို့နှင့် မမုန်ကိုင်ကျေးရွာကြားရှိ လမ်းပိုင်းတွင် အင်းတော်ကြီးမြို့သား ၇၀ ဦး၊ မမုန်ကိုင်ရွာသား ၁၀၀ ကျော်ကို KIA-PDF များက စုဆောင်းရေး(ပေါ်တာဆွဲ)အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ သည်။
အလားတူ အင်းတော်ကြီးဒေသက နမ့်ပဒဲနှင့် လွဲမွန်ကျေးရွာများရှိ လူငယ်များကိုလည်း KIA-PDF က ဖမ်းဆီး ခေါ် ဆောင်သွားမှုများ ရှိသည်။
အဆိုပါ ဖမ်းဆီး ခေါ်ဆောင်သွားသူများကို မြန်မာ့တပ်မတော်ဆီကနေ တိုက်ခိုက်ထိန်းချုပ်ထားသည့် ညောင်ပင် ကျေးရွာအဝင်ရှိ အထိုင်တပ်စခန်းသို့ ပို့ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

အင်းတော်ကြီးမြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
လက်ရှိတွင် KIA-PDF များသည် ဗန်းမော်မြို့ကို သိမ်းပိုက်ရေး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေပြီး မံစီမြို့ကို တော့ ပြီးခဲ့သည့် ရက်ပိုင်းက ထိန်းချုပ်ထားပြီဟု ပြောကြားခဲ့သည်။
KIA-PDF သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းမှာ ဥရုချောင်းမြစ်တစ်လျှောက် ထိန်းချုပ်နိုင် ရေး၊ ချင်းတွင်းမြစ်တစ်လျှောက်ထိန်းချုပ်နိုင်ရေး၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းတစ်လျှောက် ထိန်းချုပ်နိုင်ရေး စသည့် စစ်ဆင်ရေး ၃ ရပ်ကို ဖော်ဆောင်လျက်ရှိကြောင်း ဒေသတွင်းရှိ စစ်ရေးအကဲခတ်များက ပြောသည်။
အဆိုပါ စစ်ဆင်ရေး ၃ ရပ်ကို KIA သည် PDF များ၊ ABSDF၊ AA တို့နှင့် ပူးပေါင်းရေး ဖော်ဆောင်နေပြီး အပြည့်အဝ အကောင်အထည်ဖော်နိုင်ပါက မကွေးတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးသို့ စစ်ရေးဖော်ဆောင်မှုများ ဖော် ပေါက်လာမည်ဖြစ်သလို အိန္ဒိယနိုင်ငံအတွင်းနှင့် ပြည်မဒေသများသို့ လက်နက်နှင့်မူးယစ်မှောင်ခို လုပ်ငန်းများ ကျယ်ပြန့်လာမည်ဟု စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 861
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀
လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပသွားမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV နှင့်တွေ့ဆုံစဉ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က တွေ့ဆုံရှင်းပြခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က နေပြည်တော်မှာ တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက ရှင်းပြခဲ့ခြင်း ဖြစ်သည်။
အလားတူ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း နစက-က သတင်းထုတ် ပြန်ခဲ့သည်။
ထို့နောက် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်း နစကဘက်က ရှင်းပြခဲ့ကြောင်း သိရသည်။
နစကဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ သိက္ခာရှိသည့် လွှတ်တော်တစ်ရပ် ပေါ်ပေါက်အောင် ကြိုးစားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြီးပါက အနိုင်ရသည့် ပါတီကို နိုင်ငံတော် အာဏာလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံစဉ်
သို့သော် ရွေးကောက်ပွဲကို မည်သည့်နေ့ရက်တွင် ကျင်းပမည်ကိုတော့ တရားဝင် တိတိကျကျ ပြောကြားထားခြင်း မရှိသေးပေ။
နစကနှင့် နီးစပ်သူများကတော့ ၂၀၂၅ ခုနှစ်၊ မေလ သို့မဟုတ် ဇူလိုင်လတွင် ရွေးကောက်ပွဲ ကျင်းပမည့် အချိန် ဇယားကို ကြေညာလာနိုင်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အာဏာလွှဲပြောင်းရေးကို လုပ်လာနိုင်ကြောင်း ပြော သည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား လက်နက်ကိုင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၅ ခုနှစ်အတွင်းမှာ လက်နက်ကိုင် အင်အားစုများက စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည်။
မြန်မာ့တပ်မတော်နှင့် နစက ဖြုတ်ချရေး ကြိုးပမ်းနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)များကတော့ နစကကျင်းပမည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင်ဖျက်မည်ဟု ကြေညာထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1085
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀
ပုဂံဒေသစစ်ဖြစ်လာလျှင် ရှေးဟောင်းဘုရား ပုထိုး၊ စေတီများအား မထိခိုက်အောင် စစ်တိုက်မည်ဆိုခြင်းက မဖြစ်နိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မန္တလေးတိုင်းဒေသကြီး ပုဂံ၊ ညောင်ဦးဒေသတွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်မည်ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။
ပုဂံဒေသရှိ ပုထိုး၊ စေတီနှင့် ရှေးဟောင်းပစ္စည်းများအား မထိခိုက်စေဘဲ စစ်တိုက်ခြင်းသည် မဖြစ်နိုင်ကြောင်း၊ အာဏာအရင်းအမြစ်အား တိုက်ရမည့်အစား အာဏာ၏ အစွန်ဖျားများတွင် တိုက်နေကြသည့်အတွက် တိုင်းပြည်၏ ဆုံးရှုံးနစ်နာမှုများ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဘုရားကိုတွေ့ရစဉ်
၎င်းက “ပုဂံဒေသ စစ်ဖြစ်လာပြီဆိုရင်တော့ နိုင်ရာကိုင်ကြမှာပဲ၊ သူနိုင်တာနဲ့ သူလုပ်၊ ကိုယ်နိုင်တာနဲ့ ကိုယ်လုပ် ဆိုတော့ ဒီရှေးဟောင်း ပုထိုး၊ စေတီတွေ မပျက်စီးဘူး၊ ဒါတွေ မထိခိုက်စေရပါဘူး ဆိုတဲ့ဟာတော့ မဖြစ်နိုင်ဘူးဗျ၊ ကိုယ့်ဘက်က မဖြစ်လည်း သူ့ဘက်က ဘက်စုံရှိတာကိုး၊ လက်နက်ကိုင် ပဋိပက္ခထဲမှာ ပါနေတဲ့ ဘက်အသီးသီး ရှိတယ်ဗျာ၊ ပုံစံအမျိုးမျိုး ရှိတဲ့အခါကျတော့ တစ်ဖွဲ့မဟုတ် တစ်ဖွဲ့ကတော့ ဒီကိုယ်လွတ်ရာလွတ်ကြောင်း၊ အနိုင် ရရာရကြောင်း လုပ်ရင်းနဲ့ ဒီရှေးဟောင်းပစ္စည်းတွေ ထိခိုက်မှာပဲဗျ၊ ထိခိုက်မှာပဲ၊ အဲတာကြောင့် မထိခိုက်ဘဲနဲ့ စစ်တိုက်လို့ရတယ်ဆိုတာတော့ ကျနော်မယုံဘူးဗျ၊ စိုးရိမ်စရာ ရှိပါတယ် ဒီရှေးဟောင်း အမွေအနှစ်တွေက လက်ရှိ တိုက်ခိုက်နေတဲ့ လူတွေပိုင်တာ မဟုတ်ပါဘူး၊ ကျနော်တို့တိုင်းပြည်ရဲ့ နှစ်ရှည်လများ သမိုင်းဝင် အမွေအနှစ်တွေ ဖြစ်ပြီးတော့ ဒါတွေက နှစ်ပေါင်းအများကြီး ကျနော်တို့ ဆက်ပြီးတော့ ထိန်းသိမ်းသွားရမယ့်ဟာတွေ ဖြစ်ပါတယ်၊ ကျနော်တို့က Power source လို့ခေါ်တဲ့ အာဏာအရင်းမြစ်ကို တိုက်ရမယ့်ဟာက အခု အာဏာရဲ့ အစွန်အဖျား တွေမှာ ဖြစ်နေတဲ့ခါကျတော့ ကျနော်တို့ မလိုအပ်ဘဲနဲ့ တိုင်းပြည်ရဲ့ ဆုံးရှုံးနစ်နာမှုတွေက ဘက်စုံဖြစ်သွားနိုင် တယ်လို့ ကျနော်က စိုးရိမ်လို့ ပြောပြတာပါ”ဟု ပြောသည်။
ပုဂံဒေသတွင် စစ်ဆင်ရေးများ ဖော်ဆောင်ရာ၌ ရှေးဟောင်းဘုရားများနှင့် ယဥ်ကျေးမှု အမွေအနှစ်များအား မထိခိုက်စေရန် လုပ်ဆောင်မည်ဖြစ်သလို စစ်ရေးအရ အဓိကပစ်မှတ်များအား အထူးလေ့ကျင့် ထားသူများနှင့် ဝင်ရောက်တိုက်ခိုက်မှာဖြစ်သည်ဟု ညောင်ဦး PDF က ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများနှင့် တန်ပြန်ပစ်ခတ် တိုက်ခိုက်မှုများ လုပ်လာလျှင်တော့ စေတီ၊ ပုထိုးနှင့် ရှေးဟောင်းအမွေအနှစ်များ ထိခိုက်နိုင်ကြောင်း၊ ပုဂံဒေသ စစ်ဆင်ရေးအား မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ကျောက်ပန်းတောင်း၊ ချောက် စသည့် မြို့နယ် များမှ မဟာမိတ်တပ်များနှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဟု ၎င်းအဖွဲ့က ပြောကြားခဲ့သည်။

ပုဂံဘုရားဖူးများကိုတွေ့ရစဉ်
ပုဂံဒေသရှိ ဘုရားများကြားတွင် ဝင်ရောက်စစ်ဆင်ရေး လုပ်မည်ဆိုပါက အနည်းနှင့်အများ ထိခိုက်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ ရှင်းရှင်းလေးပါ၊ ပြောရရင်တော့ အခုနောက်ပိုင်း လက်နက်ကိုင်ပြီးတော့ အလုပ်လုပ်နေကြတဲ့ လူတွေက နည်းနည်းပိုပြီးတော့ ညစ်ပတ်တဲ့အပိုင်း ပိုဖြစ်လာတာပေါ့လေ၊ ပိုဖြစ်တယ်ဆိုတာ ဒီလိုပေါ့ လုပ်က လည်း လုပ်ချင်သေး ဒါမယ့် ကိုယ်လုပ်တဲ့ဟာကလည်း ကိုယ့်အပြစ် မဟုတ်အောင်လို့ နိုင်ငံရေးအရ Cover ယူတဲ့ ဟာ ခုနလိုမျိုးပေါ့ သူကတော့ Operation စစ်ဆင်တယ်၊ ဒါတွေကိုတော့ မထိခိုက်အောင်လုပ်မယ်၊ သဘောတရား က နည်းတစ်နည်း ဖြစ်သွားပြီဆိုရင် စစ်ရဲ့ဒဏ်က အနည်းနဲ့အများ ခံရတာကြီးပဲ၊ ဥပမာ သူတို့က ဘယ်လိုပဲ လုပ် လုပ် သူတို့ ဘုရားတွေကြားထဲ ဝင်ပြီးတော့ စစ်ဆင်ရေး လုပ်မယ်ဆိုရင်တော့ အနည်းနဲ့အများ ထိမှာပဲလေ၊ အဲတာ ကို ရှောင်လွှဲလို့မရဘဲနဲ့ သူတို့က ဒါကိုတော့ ရှောင်လွှဲအောင် ကြိုးစားပါတယ်၊ တစ်ဖက်က ပြန်ပြီးတော့ တိုက်ခိုက် တဲ့ခါမှာတော့ ဒါကြောင့်ဆိုပြီး လုပ်ပါတယ်ဆိုရင်တော့ ဒါက ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စစ်သားပုံစံမျိုးနဲ့ ပြောရရင်တော့ စစ်သားပီပီသသ စစ်တိုက်တဲ့ ခေတ်မဟုတ်တော့ဘူးပေါ့”ဟု ပြောသည်။
ပုဂံဒေသသည် ကမ္ဘာ့ယဥ်ကျေးမှု အမွေအနှစ် စားရင်းဝင်ဖြစ်ပြီး စစ်ဆင်ရေးများ ဖော်ဆောင်မည် ဆိုခြင်းအား ပြည်သူများအနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း၊ ထို့ပြင် ပုဂံဒေသသည် ခရီးသွားများအား အဓိက အမှီပြုနေရသည့် ဒေသဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းများ ထိခိုက်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြ သည်။
ပုဂံဒေသသည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို-UNESCO) ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ခဲ့သည့် ဒေသဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1043
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါက အာဏာကို တစ်ဦးတည်း ကိုင်ထားခြင်းထက် အဆင်ပြေ ဖြစ်လာမည့်အပြင် ပြောင်းလဲမှုများလည်း ပိုလုပ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
နစကဥက္ကဋ္ဌ အနေဖြင့် ပြောဆိုထားသည့်အတိုင်း ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်ပါက နေပြည်တော် အနေဖြင့် ပြဿနာရှိကာ အလူးအလဲခံရမည့် အခြေအနေမှာရှိကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ်လို့ ကျင်းပနိုင်ခဲ့ရင် အနည်းဆုံးတော့ လူတစ်ဦးတစ်ယောက်တည်းက ကိုင်ထားတဲ့ အာဏာ ၃ ရပ် က ၃ စု ၃ ဖွဲ့ ကိုင်ထားတာမျိုး ဖြစ်သွားမယ်ပေါ့။ ဖြစ်သွားပြီဆိုရင် အခုလက်ရှိ တစ်ဦးတည်း ကိုင်ထားတာထက် ချောင်ချောင်ချိချိ ဖြစ်လာမယ်။ အဲဒီအချိန်မှာ ပြောင်းလဲမှုတွေ လုပ်ချင်တယ်ဆိုရင်လည်း ပိုလုပ်နိုင်တယ်လို့ မြင်တာတွေရှိပါတယ်။ တကယ်လို့ မဖြစ်ဘူးဆိုရင်တော့ ဒီအတွက် နေပြည်တော် အနေနဲ့လည်း ပြဿနာပေါ့ လေ။ ဘာဖြစ်လို့ဆို ကျနော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံတွေက ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ သူတို့လုပ်စရာ ရှိတဲ့အလုပ်တွေကို အကောင်အထည်ဖော်ချင်တာလေ။ အဲဒီတော့ နစကအနေနဲ့ အကောင်အထည်ဖော်ပေးလို့ မရဘူးဆိုရင်လည်း တိုက်ပွဲတွေက ပိုပြီး ကြမ်းလာနိုင်တယ်။ အခုလောလောဆယ်မှာတော့ တကယ်လို့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် လက်ရှိ သုံးစွဲနေတဲ့ လက်နက်ခဲယမ်း မီးကျောက်တွေက အနှေးနဲ့အမြန် ကုန်သွားနိုင် တယ်။ ထပ်လာဖို့လည်း မရှိဘူး။ အဲဒါဆိုရင် ရွေးကောက်ပွဲလည်း ကျင်းပနိုင်တယ်။ သို့သော်လည်းပဲ နစက အနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ အချိန်ထပ်ဆွဲမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတွေကလည်း ဒါတွေ စောင့်လို့ မရဘူးဆိုရင် မြန်မာနိုင်ငံထဲ စီးဝင်နေတဲ့ လက်နက်ခဲ(ယမ်း)မီးကျောက်တွေကလည်း ဆက်ပြီးတော့ စီးဝင်နေမှာပဲ။ အဲဒါ ဆိုရင် တော့ နောက်ဆုံးတော့ နစကလည်း မပြုတ်တာတောင်မှ အလူးအလဲခံရမယ့် အခြေအနေမှာရှိတယ်” ဟု ပြော သည်။

UEC က မဲပေးပုံကို ပါတီများကို ရှင်းပြနေစဉ်
နစကအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စအား တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများကြားတွင် ကတိပြု ပြောဆိုထားခြင်း ဖြစ်သည့်အတွက် မဖြစ်မနေ ကျင်းပမည်ဟု လည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။
သို့သော် မကျင်းပနိုင်ခဲ့ပါက အိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ အနေဖြင့် နစကအပေါ် ယုံကြည်မှု ယခင်ကထက် ပိုမိုလျော့ကျသွားနိုင်ကြောင်းလည်း ၎င်းတို့က သုံးသပ်ကြသည်။
မြန်မာနိုင်ငံ၏ အခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်မည့် ရွေးကောက်ပွဲအဆင့်တစ်ခုကို သွားနိုင်ရန်မှာ လက်ရှိ အနေအထားအရ အခက်အခဲ စိန်ခေါ်မှုများရှိကြောင်း 7EAOs Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
၎င်းက “ရွေးကောက်ပွဲရဲ့ သဘောသဘာဝကတော့ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်း process တစ်ခုပဲလေ။ ကျနော်တို့ နိုင်ငံအနေနဲ့ကလည်း ဒီမိုကရေစီစနစ်ကို သွားနေတဲ့ နိုင်ငံတစ်နိုင်ငံလို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ဒီမိုကရေစီစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာကိုတော့ အဓိကကျပါတယ် လိုအပ်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲ တစ်ခုလုပ်တဲ့အခါမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု၊ စိတ်ပါဝင်စားမှု၊ အားတက် သရောနဲ့ ဒီ process မှာ ပူးပေါင်းဆောင်ရွက်တဲ့ အခင်းကျင်းကလည်း အဓိက အက္ခရာကျတယ်လို့ နားလည် တယ်။ နောက်တစ်ချက်က ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်လည်းပဲ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးက မရှိမဖြစ် လိုအပ်နေတဲ့ အရာဖြစ်ပါတယ်။ တာဝန်ရှိတဲ့ သူတွေအနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ တရားဝင်ထုတ်ဖော် ပြောဆိုခဲ့ တာ ရှိတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့လည်း ကတိကဝတ် အာမခံ ပြုထားတာလည်းရှိတယ်။ လုပ်လို့ဖြစ် မဖြစ်ဆိုတာကတော့ ဖြစ်အောင်လုပ်ရင်တော့ ဖြစ်ပါတယ်။ သို့သော်လည်း ဘယ်လိုဖြစ်မလဲဆိုတာတော့ မသိဘူး။ တစ်နေရာဖြစ်တယ်ဆို တစ်နေရာလုပ်တယ် အဲဒါကို ပြောတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့နိုင်ငံရဲ့ အခက်အခဲ အကျပ်အတည်းကို တကယ်ကျော်လွှားနိုင်မယ့် ရွေးကောက်ပွဲ အဆင့်တစ်ခုကို သွားနိုင်ဖို့က ဒီအချိန် မှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီး ရှိလိမ့်မယ်လို့ နားလည်ပါတယ်” ဟု ပြောသည်။
နစကအနေဖြင့် ၂၀၂၅ ခုနှစ်၊ မေလတွင် ရွေးကောက်ပွဲအတွက် ကြေညာလာနိုင်ပြီး နိုင်ဝင်ဘာလထဲတွင် အပြီးသတ် လုပ်ဆောင်လာနိုင်ကြောင်း၊ ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်များထံမှ သိရသည်။
နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးရာ၌ ယခင်ကကဲ့သို့ တံဆိပ်တုံးထုရသည့် စနစ်မဟုတ်ဘဲ စက်နှင့် မဲပေးသည့် စနစ်မျိုးကို ပြောင်းလဲကျင့်သုံးရန် ပြင်ဆင်နေသည်။
အဆိုပါစနစ်သည် အိန္ဒိယ အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှာ အသုံးပြုနေသည့် စက်များအား အမှီပြုကာ မြန်မာနိုင်ငံက ကိုယ်ပိုင်တီထွင် ထုတ်လုပ်ထားသည့် မဲပေးစက်ဖြစ်ကြောင်းလည်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1721
CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၉
ရခိုင်ပြည်နယ်တွင် ကျန်ရှိသည့် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့များအား အာရက္ခတပ်တော်(AA)ဘက်မှ တိုက်ပွဲမဖော်ဆောင်ခြင်းက ဘာကြောင့်ဖြစ်နိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များအကြား သုံးသပ်ဆွေးနွေးလျက်ရှိသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်တွင် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်မှ သိမ်းပိုက်ပြီးနောက် ကျန်မြို့နယ် ၃ ခုကို ဆက်လက် တိုက်ပွဲမဖော်ဘဲ ပြည်မဘက်သို့ ထိုးစစ်ဆင်လာနေခြင်းကြောင့် မေးခွန်းထုတ်မှုများလည်း ရှိလာနေသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် AA ၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် စီမံကိန်းများကို အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဟု ပြောဆိုထားသည့်အတွက် ကျန် ၃ မြို့အား လွှတ်ထားကာ ပြည်မဘက်သို့ စစ်ရေး ဆင်းလာခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

အေအေ တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “စစ်တွေမှာက ကုလားတန် စီမံကိန်းရှိတယ်။ ကျောက်ဖြူကလည်း တရုတ်စီမံကိန်းရှိတယ်။ မာန်အောင် ကလည်း ရေတပ်စခန်းရှိတယ်ဆိုတော့ အဲဒီနေရာတွေကတော့ ရုတ်တရက်တိုက်ဖို့ မလိုဘူးပေါ့။ တစ်ဖက်က လည်း AA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကြေညာထားတယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ် ပေးမယ်လို့ သူတို့ကြေညာထားတာကို။ အဲဒါကြောင့် သူတို့ ကြေညာချက်အတိုင်း တစ်ဖက်မှာ ဒီမြို့ကို လွှတ်ထား ပြီးတော့မှ ဗမာပြည်မဘက် ဆင်းလာတာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
AA ၏ ထုတ်ပြန်ချက်ထဲတွင် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း ပါရှိသည်။
ထိုသို့ နိုင်ငံရေးအရ ဆွေးနွေးရန် ကမ်းလှမ်းချက်သည် ၎င်းတို့၏ ဦးတည်ချက်များကို နောက်ဆုတ်သွားခြင်းမျိုး မဟုတ်ဘဲ အချိန်အခါနှင့် ကိုက်ညီအောင် နည်းပရိယာယ်ကြွယ်ဝစွာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာ- တရုတ် လေ့လာသူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်နေရာကို တွေ့ရစဉ်
၎င်းက “တိုက်ပွဲတိုက်ကြရင် တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာ တောက်လျှောက်တိုက်နေလို့ မဖြစ်ဘူး။ တိုက်လိုက် နားလိုက် လုပ်ကြရတယ်။ ဘာလို့ဆို တချီတိုက်ပွဲကြီးပြီးရင် ရုပ်ဝတ္တုပစ္စည်းပဲဖြစ်ဖြစ် လူအင်အားပဲဖြစ်ဖြစ် လျော့ သွားတာပဲလေ အဲဒါကိုပြန်ဖြည့်ဖို့အတွက်။ နောက်တော့ စိတ်ဓာတ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ကာလ တစ်ပိုင်းလိုတယ်။ အဲဒါကြောင့် စေ့စပ်ဆွေးနွေးရေးတို့၊ အသက်ရှူချောင်အောင် တစ်စုံတစ်ရာ ပရိယာယ်တွေ လုပ်ကြရတာပဲ နည်းနာတွေရှာရတာပဲ။ ဒါက ကာလတစ်ပိုင်း ငြိမ်သွားအောင် သို့မဟုတ် AA မှာလည်း မပြော နဲ့လေ စေ့စပ်ဆွေးနွေးဖို့ ဖိအားပေးတာတွေ ရှိနိုင်တာပေါ့။ သူ့အခြေခံ ပင်ကိုတပ်ဖွဲ့ အနေနဲ့ကိုပဲ လိုအပ်တာပဲ ဖြစ်ချင်ဖြစ်မှာပေါ့” ဟု ပြောသည်။
ကျောက်ဖြူသည် တရုတ်အကျိုးစီးပွားရှိပြီး မာန်အောင်သည် ကျွန်းမြို့ဖြစ်သောကြောင့် အာရက္ခတပ်တော် အနေဖြင့် အချိန်ယူပြီးမှ တိုက်နိုင်သော်လည်း စစ်တွေမြို့ကိုမူ စစ်ရေးဆင်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲ ခတ်များက သုံးသပ်သည်။
