CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်ရန်အတွက် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၏ အမှတ်စဉ်(၁) စစ်သင်တန်းဆင်းပွဲကို အင်အား ၁ သောင်းတက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် သင်တန်းဆင်းပွဲကို PNA က ကျင်းပခဲ့သည်။ 

PNO/PNA သည် ၁၉၉၁ ခုနှစ်က တပ်မတော်နှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အထူးဒေသ-၆ အဖြစ် အုပ်ချုပ်ခဲ့သည်။ 

လက်ရှိတွင် PNA အုပ်ချုပ်နေသော နယ်မြေများနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းမှာ မြန်မာ့တပ် မတော်နှင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော လက်နက်ကိုင်များကြား တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် ဒေသလုံခြုံရေးကို PNA က ဆောင်ရွက်နေရသည်။