CNI International News

မော်စကို၊ ဩဂုတ် ၂၂

ယူကရိန်းက ရုရှား၏ ကာ့စ် (Kursk) ဒေသကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ရန်သူများ အပြီးသတ် မရှုံးနိမ့်မချင်း ရုရှားအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်မည် မဟုတ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ လက်ထောက်ဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက်  (Dmitry Medvedev) က ပြောသည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

"ကာစ့်ဒေသကို ယူကရိန်းက အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကြောင့် ဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေ အားလုံး ဟာ အဆုံးသတ်သွားခဲ့ပါတယ်။ အခုဆိုရင် ရန်သူတွေ အပြီးတိုင် မရှုံးနိမ့်မချင်း ဆွေးနွေးပွဲတွေ ဖြစ်မလာနိုင်တော့ ဘူးဆိုတာကို လူတိုင်းက ပါးစပ်က ထုတ်မပြောရင်တောင် သိရှိနားလည်လာကြပါပြီ" ဟု မက်ဗီဒက်ဗ်က Telegram တွင် ရေးသားဖော်ပြခဲ့သည်။

ကာ့ဒ်ဒေသကို တွေ့ရစဉ်

ထို့ပြင် မိမိတို့နိုင်ငံကို ဆွေးနွေးညှိနှိုင်းရေး စားပွဲဝိုင်းတွင် ပိတ်မိနေစေခဲ့သည့် အန္တရာယ်များကို မျက်ဝါးထင်ထင် တွေ့မြင်လာရကြောင်း၊ နိုင်ငံတကာ၏ ဆွေးနွေးပွဲ အဆိုပြုချက်များသည်လည်း အချိန်မတိုင်သေးဘဲ မလိုလား အပ်သည့် အဆိုပြုချက်များဖြစ်သည်ဟု မက်ဗီဒက်ဗ်က ထောက်ပြခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘိုးရစ်ဂျွန်ဆင်က ယူကရိန်းအနေဖြင့် သီတင်းတစ်ပတ်ကြာ နည်းဗျူဟာမြောက် အသာစီးရခဲ့မည်ဆိုပါက စစ်ပွဲကို ရပ်တန့်နိုင်လိမ့်မည်ဖြစ်ကြောင်း ကာ့စ်ဒေသတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှု များနှင့်ပတ်သက်ပြီး လူမှုမီဒီယာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မက်ဗီဒက်ဗ်ကမူ အကြမ်းဖက် စစ်ဆင်ရေးကို ပြင်ဆင်ခဲ့သည့် ဗြိတိန်နိုင်ငံ၏ ကျက်သရေ ကင်းမဲ့သည့်ပုဂ္ဂိုလ် တစ်ဦး၏ မှတ်ချက်စကားများအပေါ် ကျေနပ်နေစရာမလိုကြောင်း၊ ဗြိတိန်သည် ယူကရိန်း၏ နယ်မြေများအတွက် အဆိုးရွားဆုံး အရာများဖြစ်စေရန် ဖန်တီးခဲ့ကြောင်း ပြောကြားခဲ့သည်။

Source: တာ့စ်