စိန့်ပီတာစဘတ်၊ မေလ ၁၃

ရုရှားနိုင်ငံ၏ ရန်ဘက်များသည် တတိယကမ္ဘာစစ်နှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးတစ်ခု ဖြစ်စေရန် ဦးဆောင်နေ ကြသည်ဟု ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) က ယုံကြည်နေကြောင်း တာ့စ်သတင်းတွင် ဖော်ပြသည်။

ယနေ့အချိန်တွင် ကျနော်တို့သည် ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာ၊ နယ်မြေပိုင်ဆိုင်မှုနှင့် လူသန်းပေါင်း များစွာ ၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် အထူးစစ်ဆင်ရေး တစ်ခုကို ဆောင်ရွက်နေသည်ဟု မက်ဗီဒက်ဗ်က သောကြာနေ့၌ စိန့်ပီတာစဘတ် (St.Petersburg)နိုင်ငံတကာ တရားဥပေဒ ဖိုရမ်မှာ ပြောခဲ့သည်။

ရုရှားနိုင်ငံအပေါ် အကြီးစား စစ်ပွဲတစ်ခု ဆင်နွှဲနေသည်မှာ သိသာထင်ရှားကြောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံ များသည် ရုရှား၏ ရန်သူများကို သေစေနိုင်သည့် လက်နက်မျိုးစုံ ထောက်ပံ့ပေးနေကြောင်း၊ ၎င်းတို့သည် ရုရှား နယ်စပ် ဒေသတွင် အကြမ်းဖက်မှုများ လုပ်ဆောင်နေကာ၊ အဖျက်အမှောင့် လုပ်ငန်းများနှင့် နိုင်ငံရေးအရ လုပ်ကြံ မှုများကိုပါ ကျူးလွန်နေသည်ဟုလည်း ပြောခဲ့သည်။

 ယူကရိန်းစစ်ပွဲကိုတွေ့ရစဉ်

၎င်းအနေဖြင့် ရုရှား၏ ရန်ဘက်နိုင်ငံများသည် တတိယကမ္ဘာစစ်နှင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ဆိုးကြီးတစ်ခုဖြစ်စေရန် ဦးဆောင်နေကာ အားလုံးသိရှိထားသည့်အတိုင်း ယင်းတွင် မည်သူမှ အနိုင်ရရှိမည် မဟုတ်နိုင်ကြောင်း ယူဆထား သည်ဟုလည်း မက်ဗီဒက်ဗ်က ပြောသည်။

ကာရေဘီယံ ပဋိပက္ခ (Caribbean Crisis)အတွင်း ကမ္ဘာလုံးဆိုင်ရာ ဆိုးရွားပြင်းထန်သည့် အခြေအနေ တစ်ခုကို စတင်ရန် အမေရိကန်အတွက် ဆိုဗီယက်ဒုံးကျည် မည်မျှ လိုအပ်သည် ဆိုသည်ကို အမှတ်ရစေကြောင်း၊ အခြား တစ်ဖက်တွင် ရုရှားနယ်စပ်အနီးရှိ နေတိုးထိန်းချုပ်ရာ အကြမ်းဖက်သမားများထံ အချိန်တိုအတွင်း လက်နက် မည်မျှ ရောက်ရှိနေသည်ကို အမှတ်ရစေသည်ဟုလည်း မက်ဗီဒက်ဗ်က ပြောသည်။

ကမ္ဘာကြီးအား ပျက်ကပ်ကာလဆီသို့ မည်သူ ခေါ်ဆောင်လာသလဲ မေးခွန်းထုတ် လိုသည်ဟုလည်း ရုရှားအရာ ရှိက အဆုံးသတ် ပြောဆိုခဲ့သည်။

Source: တာ့စ်