CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၉ 

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၈၉၁၊ တပ်ရင်း(၄)မှ အခြေခံစစ်သင်တန်း ဆင်းပွဲတစ်ရပ် ကို ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

SNA သည် တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃၊ တပ်မဟာ ၉၇၂၊ တပ်မဟာ ၆၁၄ ဆိုပြီး ရှိသည်။

SNA သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး ရည်မှန်းချက် ၅ ရပ်ကို ချမှတ်၍ အကောင်အထည်ဖော်လျက်ရှိနေသည်။

SNA ၏ နိုင်ငံရေးရည်မှန်းချက် ၅ ရပ်မှာ (၁) ဒေသခံ ပြည်သူလူထုအပေါ် လက်နက်ကိုင် အနိုင်ကျင့် ဗိုလ် ကျစိုးမိုးနေမှုများကို ကာကွယ်သွားမည်၊ (၂) မူးယစ်ဆေးဝါး အန္တရာယ်များကို ကာကွယ်သွားမည်၊ (၃) ဒေသတွင်းရှိ ပြည်သူလူထုများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုး မွေးမြူရေး၊ လူနေ မှု ဘဝမြှင့်တင်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြုလုပ်ဆောင်ရွက်သွားမည်၊ (၄) ဒေသတွင်းရှိ သဘာဝ ပတ်ဝန်းကျင်များကို ကာကွယ်၊ တားဆီး၊ ထိန်းသိမ်း၊ စောင့်ရှောက်သွားမည်၊ (၅) တိုင်းရင်းသားများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရာတွင် အခြားသော  တိုင်းရင်း သားများနှင့် လက်တွဲ ဆောင်ရွက်သွားမည်တို့ ဖြစ်သည်။

ထို့နောက် SNA သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းသို့ ထည့်သွင်း၍ ကွဲခြမ်းခံလိုက်ရသော ရှမ်းနီဒေသများဖြစ်သည့် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်၊ မိုး ကောင်းခရိုင်၊ ကလေးခရိုင်၊ တမူးခရိုင်၊ ဟုမ္မလင်းခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ မော်လိုက်ခရိုင် တို့ကို စုစည်းပြီး ရှမ်းနီပြည်နယ်ရရှိရေး ကြိုးပမ်းလျက်ရှိနေသည်။