CNI News
၂၀၂၄ ခုနှစ်၊ မေလ ၂

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)၏ တပ်မဟာ ၆၁၄ သည် လွတ်မြောက်နယ်မြေ တစ်နေရာမှာ အမှတ်စဉ် ၂ အပတ်စဉ် ၉ အခြေခံ စစ်သင်တန်းဆင်းပွဲကို ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

SNA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေး၊ တမူး၊ ဟုမ္မလင်း၊ ကသာ၊ မော်လိုက်၊ ဗန်းမောက်၊ ဖောင်းပြင်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး အပါအဝင် ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး စသည့် ဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ် ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင်ဖြစ်သည်။

လက်ရှိတွင် SNA လှုပ်ရှားနေသော ဒေသများထဲက ဟုမ္မလင်း၊ ဗန်းမောက်၊ ရွှေပြည်အေး၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်၊ ဖားကန့်တို့၌ KIA-PDF ပူးပေါင်းတပ်ဖွဲ့များဖြင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။