
- By CNI
- Category: နိုင်ငံရေး
- Hits: 1029
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
ပအိုဝ်းပြည်နယ် ပေါ်ပေါက်လာရေးအတွက် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှူး (၂) ခွန်ဝေထွန်းက CNI သတင်းဌာနသို့ ပြော သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပအိုဝ်းသည်လည်း ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် တစ်ခုအနေဖြင့် ပါဝင်ရန် ရည်မှန်းကြောင်း ၎င်းက ပြောသည်။
PNFC မှ အတွင်းရေးမှူး (၂) ခွန်ဝေထွန်းက “ယနေ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားအင်အားစု အသီးသီးတွေရဲ့ တစ်နိုင်ငံလုံး တော်လှန်ရေးရဲ့ ရည်မှန်းချက်သည် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်။ အဲဒီမှာမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်တဲ့ နေရာမှာ ပြည်နယ်ပေါင်းစု ပြည်ထောင်စုအနေနဲ့ ဖွဲ့စည်းနိုင်ရေးနဲ့ ပအိုဝ်းပြည်နယ်သည်လည်းပဲ ပြည်ထောင်စု အဖွဲ့ဝင် ပအိုဝ်းပြည်နယ် တစ်ခုအနေနဲ့ နိုင်ငံရေးအရ တန်းတူညီမှုရယ် လူမျိုးရေးအရ တန်းတူညီမှု ကို အခြေခံတဲ့ ဖက်ဒရယ်မူအရ ပအိုဝ်းပြည်နယ် ပေါ်ပေါက်လာရေးအတွက် မျှော်မှန်းပြီးတော့မှ ကြိုတင်ပြင်ဆင် ခြင်း လုပ်ငန်းစဉ်တစ်ခု အနေနဲ့ ကျနော်တို့ ချမှတ်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကို တွေ့ရစဉ်
ပအိုဝ်းပြည်နယ်ဖွဲ့စည်းရေးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသများ အဓိကပါဝင်မှာဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုး များ နေထိုင်ရာ မွန်ပြည်နယ်၊ သထုံဒေသ အပါအဝင် အခြားဒေသများမှာ အမျိုးသားဒေသ (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေ စသဖြင့် ဖြစ်လာမှာဖြစ်ကြောင်း၊ သို့သော်လည်း ပအိုဝ်းလူထု ဆန္ဒနှင့်အညီသာ ဆောင်ရွက် ကြရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
ပအိုဝ်းပြည်သူများ၏ နိုင်ငံရေးအန္တိမ ရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ အာမခံချက်ရှိသော ပအိုဝ်းပြည်နယ်တစ်ရပ် ပေါ်ပေါက်လာရေးဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်နေ့တွင် ကျရောက်သော ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ် PNFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ပအိုဝ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပအိုဝ်းအမျိုးသား ဒေသများဆိုင်ရာ ပြုစုရေးဆွဲရေး လုပ်ငန်း စဉ်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ဖော်ပြထားသည်။
-ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးကိုတွေ့ရစဉ်
အခြားသော လူမျိုးစုများလည်း ပြည်နယ်ဖွဲ့စည်းရန် တောင်းဆိုထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လုပ်ရင်လည်း ဖြစ်ချင်မှ ဖြစ်မှာလေ ဒါက။ ရှမ်းနီ တိုင်းလျန်ကလည်း သူတို့ ရှမ်းနီပြည်နယ် လုပ်နေတာပဲ လေ၊ မဟုတ်ဘူးလား၊ ရှမ်းနီပြည်နယ်ကလည်း သူက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် သူတို့ကလည်း လုပ်နေတာ ပဲလေ၊ ဒါက ဖွဲ့စည်းပုံအရပဲ သူတို့ သွားရမှာပဲလေ၊ “ဝ”လည်း “ဝ”ပြည်နယ် လိုချင်တာပဲလေ၊ ရှမ်းနီလည်း လိုချင် တာပဲလေ၊ ဒါကတော့ အခြေခံဥပဒေအရပဲ ဖြစ်သွားမှာပါ၊ အခြေခံဥပဒေအရ တစ်ပြည်လုံးရဲ့ ဆန္ဒကိုလည်း ယူရဦး မယ်ဆိုတော့ ပြောစရာဆိုလို့ရှိရင် အများကြီးပြောရမှာ လွယ်လွယ်နဲ့ ဖြစ်မှာ မဟုတ်ဘူးလေ ဒါက” ဟု ပြောသည်။
ပအိုဝ်း အပါအဝင် ရှမ်းနီ၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့သည် ပြည်နယ်သစ်များ ဖွဲ့စည်းပေးရန် တောင်းဆိုမှုများ ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 630
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ မြန်မာ့တပ်မတော်က ဒေသတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်ရန်အတွက်ဟုဆိုကာ ဒေသခံများကို စုစည်း၍ ပြည်သူ့စစ်သင်တန်းများ ပေးနေကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ လှုပ်ရှားကာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွား လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်က ဒေသတည်ငြိမ် အေးချမ်းရေးအတွက် မိမိရပ်ရွာ ကာကွယ်ရေးအတွက် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရန် သင်တန်းများ ပေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 648
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ ရေးမြို့ပေါ်ရှိ မြဝတီဘဏ်ကို PDF အဖွဲ့မှ ယနေ့ (စက်တင်ဘာ ၂၆ ရက်) နေ့လယ်ပိုင်းက လာရောက် ပစ်ခတ်ခဲ့သည်။
အဆိုပါ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် ဘဏ်ဝန်ထမ်းတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 807
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးခြင်း (၈)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပနိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က နေပြည်တော်မှာ အစည်းအဝေး ကျင်းပခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် NSPNC ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NCA (၈) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်သည့် မူဝါဒများကို ရှင်းပြခဲ့သလို အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အခမ်းအနား ကျင်းပမည့် လုပ်ငန်းစဉ်များကို ရှင်းပြခဲ့သည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က NCA နှစ်ပတ်လည် အခမ်းအနားကျင်းပနိုင်ရေး NSPNC က အစည်းအဝေး လုပ်နေစဉ်
ထို့နောက် ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ဖိတ်ကြားရေးနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းပြခဲ့သလို ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က အခမ်းအနား ကျင်းပရာတွင် အစီအစဉ်တကျ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းပြခဲ့သည်။
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ KNU/KNLA-PC၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးခဲ့ သည်။
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် NCA စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။
အဆိုပါ NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ထဲမှ KNU၊ CNF၊ ABSDF တို့ သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 743
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း မပါဝင်တော့သည်ကို တွေ့ရသည်။
ယနေ့ (စက်တင်ဘာ ၂၅ ရက်)တွင် နစကကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာမှာ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို အစားထိုး တာဝန်ပေး လိုက်သည်ကို တွေ့ရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို အစားထိုး တာဝန်ပေးလိုက် ကြောင်း တွေ့ရသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 635
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
နစက၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ်က ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကို အနားပေးလိုက်ပြီး စစ်ဘက်မူလတာဝန်များသာ ပြန်လည် ထမ်းဆောင်စေကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့သည်။
အလားတူ ဦးအောင်နိုင်ဦး၏ နေရာမှာ ဦးထွန်းအုံကို အစားထိုး ခန့်အပ် တာဝန်ပေးလိုက်သည်။
#ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် #ဦးအောင်နိုင်ဦး #အနားပေး #နိုင်ငံရေး #CNImyanmar #cninews

- By CNI
- Category: နိုင်ငံရေး
- Hits: 801
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)နှင့် ကချင်လွတ်လပ်ရေးတပ် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား စက်တင်ဘာ ၂၄ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နောင်ပိုအောင်ကျေးရွာအနီး ကင်းစေတီတောရကျောင်းဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ နှစ်ဖက်ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း နောင်ပိုအောင် ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မနေ့ကည ဟုတ်တယ်၊ ကင်းစေတီဖက် မနေ့က ညနေပိုင်းလား မသိဘူး။ မိုးကတော့ နည်းနည်းမှောင်နေ ပြီ။ ၁၀ နာရီလောက်ထိ မရောက်သေးဘူး။ ၁၀ နာရီ အဲဒီလောက်ပါ့၊ အကြီး (လက်နက်ကြီး)နဲ့ ထုနေကြတာကို။ ထိခိုက်မှုအခြေအနေ ကင်းစေတီမှာ ပစ်တဲ့ဟာတော့ မသိတော့ဘူး။ ဒီနားပစ်တဲ့ဟာက ၂ ယောက်ထိတယ်၊ မနေ့ က ပစ်တဲ့ဟာ အော်သော်မှာ မသေဘူး သေတာတော့။ တစ်ယောက် ခြေထောက်မှာ တစ်ယောက်ကတော့ မျက်နှာလား မသိဘူး။ မိုင်းထိတာလား ဘာလား မသိဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက် ညပိုင်းက စတင်ကာ ကင်းစေတီအနီးတွင် စတင်ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက လွှစင်ကုန်းကျေးရွာရှိ SNA စခန်းကို KIA-PDF တို့က လာရောက် တိုက်ခိုက် ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
SNA နဲ့ KIA-PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်တဲ့နေရာကိုတွေ့ရစဉ်
လွှစင်ကုန်းကျေးရွာရှိ SNA တပ်စခန်းကို ခန္တီးခရိုင်တပ်ရင်း (1) ၊ HPDF -124၊ HPDF -မိုးကြိုး စသည့် မဟာမိတ် တပ်ဖွဲ့ (၃) ဖွဲ့မှ စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စခန်းအား သိမ်းပိုင်နိုင်ခဲ့ပြီး HPDF 124 မှ တစ်ဦးသေဆုံးခဲ့ကြောင်း၊ သို့သော် တစ်ဖက်အဖွဲ့အစည်းက စစ်ကူရောက်လာ၍ မိမိတို့ ပြန်ဆုတ်ခဲ့ကြောင်း HPDF 124 က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲများအတွင်း လွှစင်ကုန်းတွင် နေအိမ် ၃ လုံးခန့် လက်နက်ကြီး ထိမိခဲ့သလို ရေကန်မြောက်ရွာတွင် နေအိမ်နှစ်လုံး ထိမိ ပျက်စီးသွားပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
လက်ရှိတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က နောင်ပိုအောင်စံပြကျေးရွာအနီးက လွှစင်ကုန်း၊ ကွေ့ကြီး နှင့် အောင်းပင်ကျေးရွာများကို နယ်မြေရှင်းလင်းရေး လုပ်ကာ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည်။
စက်တင်ဘာ ၂၄ ရက်နေ့က SNA နှင့် KIA-PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ (စက်တင်ဘာ ၂၅ ရက်)မှာတော့ နှစ်ဖက်အဖွဲ့အစည်းများ ငြိမ်နေပြီး တိုက်ပွဲ ပြန်ဖြစ်နိုင်ချေရှိကြောင်း ဒေသခံ တစ်ဦးက ရှမ်းနီဘာသာစကားဖြင့် CNI သတင်းဌာနသို့ ပြောသည်။
HPDF-124 ရဲဘော်ကို တွေ့ရစဉ်
၎င်းက “ဒီနေ့ကတော့ မကြားရသေးဘူး။ မနေ့ကတော့ နှစ်နေရာ ဖြစ်တယ်လို့ကြားတယ်၊ နောင်ပူအောင် (နောင်ပိုအောင်)နဲ့ ကင်းစေတီကြားမှာ ပေ ၁၀၀ လမ်းလို ပြင်ထားတာ ရှိတယ်၊ အဲဒီမှာနဲ့ အော်သော်မှာ ဖြစ်တာ။ ထိခိုက်တာတော့ မကြားမိသေးဘူး။ အော်သော်က လွှစင်ကုန်းပြီးရင် အောင်ပင်၊ အောင်ပင်ပြီးရင် အော်သော်ပဲ၊ တောင်တက်ခါနီး လမ်းလေ၊ တောင်ခြေမှာ ညာဖက်ကွေ့ဝင်သွားတဲ့နေရာ၊ အဲဒီနေရာနဲ့ ကင်းစေတီအဝင် နှစ်နေရာ” ဟု ပြောသည်။
ထို့အတူ တိုက်ပွဲဖြစ်ပွားနေသောကြောင့် နောင်ပိုအောင်-ပင်ခုတ်-နန့်နမ့်-ဖောင်းပြင် လမ်းများကို အသုံးမပြုရန် HPDF 124 က သတိပေး ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိဘဲ တစ်စုံတစ်ရာဖြစ်ပွားခဲ့ ပါက တာဝန်ယူမည် မဟုတ် ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင်လည်း နောင်ပိုအောင်၊ လွှစင်ကုန်းကျေးရွာများကို အသွားအလာ ပိတ်ထားကြောင်း၊ နောင်ပိုအောင် ဥရုချောင်းကူးတံတားကိုလည်း ပိတ်ထားပြီး စက်တင်ဘာ ၂၈ ရက်မှ ပြန်ဖွင့်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာအနီး လွှစင်ကုန်းနှင့် အောင်ပင်ကျေးရွာတို့တွင် SNA နှင့် KIA-PDF ပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စတင်ကာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ SNA နှင့် KIA-PDF တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1364
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်အကြား စက်တင်ဘာ ၂၁ ရက် ညပိုင်းက စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နောင်ပိုအောင်စံပြကျေးရွာမှ စေတီကုန်းကျေးရွာသွားလမ်းကို SNA ၏ တပ်မဟာ(၇၅၃)မှ စိုင်းသူ ဦးစီးသည် အင်အား ၁၀ ဦးခန့်သည် ရပ်ရွာလုံခြုံရေး တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ထို့နောက် KIA-PDF ပူးပေါင်းအဖွဲ့က အင်အား ၁၅ ဦးခန့်ဖြင့် ၄၀ မမ ဗုံးသီး ၁၀ လုံးနှင့် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် KIA- PDF ပူးပေါင်းအဖွဲ့သည် စေတီးကုန်းကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (စက်တင်ဘာ ၂၂ ရက်) တွင် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က စတင်ပြီး ညနေ ၄ နာရီခွဲအထိ နှစ်ဖက် အဖွဲ့အစည်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြကြောင်း နောင်ပိုအောင်စံပြကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
SNA နှင့် KIA-PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ရာ နေရာကိုတွေ့ရစဉ်
၎င်းက “ကင်းစေတီမှာရော၊ လွှစင်ကုန်းမှာရော ပစ်နေကြတာ၊ မနေ့ညက ကင်းစေတီမှာ ဖြစ်တာ၊ အခုက လွှစင်ကုန်းရွာဦးနားမှာ ဖြစ်တာ၊ အခုထိ လက်နက်ကြီးနဲ့ ထုနေကြတုန်း” ဟု CNI သတင်းဌာနသို့ ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။
နောင်ပိုင်အောင်စံပြကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် နောင်ပိုအောင်-ပင်ခုတ်-နန့်နမ့်-ဖောင်းပြင် လမ်းများကို အသုံးမပြုရန် HPDF 124 က သတိပေး ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိဘဲ တစ်စုံတစ်ရာဖြစ်ပွားခဲ့ ပါက တာဝန်ယူမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီး လွှစင်ကုန်းနှင့် အောင်ပင်ကျေးရွာတို့တွင် SNA နှင့် KIA၊ PDF ပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စတင်ကာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ SNA နှင့် KIA-PDF တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 985
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအလွန် တည်ငြိမ်ရေးကာလ ရောက်လာပါက လူထုကြားစိမ့်ဝင် နေသော လက်နက်များကို မည်ကဲ့သို့ ထိန်းချုပ်မလဲဆိုသည့်အပေါ် ငြိမ်းချမ်းရေး လုပ်ငန်းများ လုပ်နေသူများနှင့် နိုင်ငံရေးအသိုင်းအဝိုင်းကြား ဆွေးနွေးသုံးသပ်နေကြသည်။
လက်ရှိတွင် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေပြီး ပြည်တွင်းသို့ လက်နက်အများအပြား ရောက်ရှိနေ သည်။
လူထုကြားစိမ့်ဝင်နေသော လက်နက်များကို ပြန်ရုပ်သိမ်းရန် မလွယ်ကူကြောင်း၊ ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက် အဖွဲ့အစည်း ခေါင်းဆောင်များအပေါ်တွင် တာဝန်ရှိကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ ကျနော်တို့ အမြင်ကတော့ နိုင်သည်ဖြစ်စေ၊ မနိုင်ဘူးဖြစ်စေပေါ့။ ပြည်တွင်းပဋိပက္ခကတော့ ချုပ်ငြိမ်းဖို့ကတော့ အတော်အတန် အချိန်ယူရဦးမှာ နိုင်ရင်လည်း ဒီပဋိပက္ခက ချုပ်ငြိမ်းသွားမှာ မဟုတ်ဘူး။ မနိုင် ရင်လည်း ချုပ်ငြိမ်းသွားမှာ မဟုတ်ဘူး။ လူတွေရဲ့ လက်ထဲမှာ လက်နက်တွေ ရှိနေသရွေ့ကတော့ ရှင်းရှင်းပြော မယ်ဆိုရင်တော့ လက်နက်နဲ့ ငွေရှာတာက လွယ်တယ်လေ၊ ငွေရှာတာက လွယ်တယ်၊ လက်နက်မပါဘဲနဲ့ ရှာတာ က နည်းနည်းပင်ပန်းတယ်၊ အဲဒီအခါကြတော့ ပြည်တွင်းမှာ အခုတော့ လက်နက် အမြောက်အများ ရောက်နေပြီ။ လက်နက်အမြောက်အများ ကိုင်နေကြပြီဆိုတော့ ဒီဟာကို လက်နက်ပြန်ရုပ်သိမ်းဖို့၊ ပြန်စုစည်းဖို့ လွယ်တော့ မလွယ်လောက်ဘူးလို့ ကျနော်တို့က အဲဒီလို မြင်တာပေါ့နော်၊ ဒါပေမဲ့ ဒါကတော့ နိုင်ငံတော်အကြီးအကဲတွေ နှစ်ဖက်စလုံးမှာရှိတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေပေါ့။ အခု နိုင်ငံတော်အကြီးအကဲတွေပေါ့။ တစ်ဖက်မှာရှိတဲ့ ဆန့်ကျင် ဖက် အင်အားစု ပုဂ္ဂိုလ်တွေရဲ့ စွမ်းဆောင်ရည် အပေါ်မှာလည်း မူတည်တာပေါ့ကွာ သူတို့က နိုင်ငံကို ချစ်တယ်၊ နိုင်ငံကို ကောင်းစားချင်တယ်၊ နိုင်ငံက သူများနိုင်ငံလို ရင်ဘောင်တန်းနိုင်အောင်တော့ အကောင်းဆုံးနည်းလမ်းက သူတို့ လုပ်လိမ့်မယ်လို့ မြင်တာပေါ့၊ ကျနော်တို့တော့” ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိစဉ်
အဆိုပါ လက်နက်များအား မထိန်းချုပ်နိုင်ပါက ပြည်သူများအနေဖြင့် ကျီးလန့်စာစား နေရမှာဖြစ်ကြောင်း၊ ခိုးမှု- သတ်ဖြတ်မှုများ ပိုမိုများပြားလာမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
တိုင်းပြည်တည်ငြိမ်ပြီးနောက် ပထမဆုံး လုပ်ရမည့်ကိစ္စမှာ လက်နက်ဖြုတ်သိမ်းရေးဖြစ်ကြောင်း၊ ထိုကိစ္စအား ဖိဖိစီးစီး လုပ်ဆောင်ရန် လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ ရာဇဝတ်ဂိုဏ်းတွေပေါ့နော်၊ ဒါကတော့ ဒီလိုပါပဲ။ ဆိုဗီယက်ယူနီယံကြီး ပြိုကွဲတဲ့အချိန်မှာ ရာဇဝတ်ဂိုဏ်းတွေပေါ်လာတယ်၊ ဒီလိုပါပဲ ကျနော်တို့ နိုင်ငံတစ်နိုင်ငံဟာ နိုင်ငံရေးစစ်တွေပဲဖြစ်ဖြစ် ပြီးသွားတဲ့ အခါမှာ လက်နက်တွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် ဒါကတော့ ရာဇဝတ် ဒါတွေ သုံးလာမယ်ဆိုတာကတော့ နိုင်ငံတိုင်းရဲ့ လက္ခဏာဖြစ်တာပေါ့၊ ဒါကတော့ ကျနော်တို့ ဖိဖိစီးစီး လုပ်ဖို့ပဲလိုပါတယ်။ သိပ်ပြီးတော့ စိုးရိမ်စရာ တော့ မရှိပါဘူး” ဟု ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များကို တွေ့ရစဉ်
မြန်မာပြည်၏ နယ်စပ်ဒေသများတွင် သာမက ယခင်က လက်နက်ကိုင်ပဋိပက္ခ မရှိခဲ့သော ပြည်မဒေသများတွင်ပါ တိုက်ပွဲများ ဖြစ်ပွားလာပြီး လက်နက်ခဲယမ်းများ ရောက်ရှိထားသည်။
ထို့အတူ လက်နက်ခဲယမ်း ပေါများလာခြင်းနှင့်အတူ ဓါးမြမှု၊ ခိုးမှု၊ လုယက်မှု၊ သတ်ဖြတ်မှုများ ဖြစ်ပွားနေပြီး ပြည်သူများအနေဖြင့် လုံခြုံရေးစိုးရိမ်နေရသည်။
ပြီးခဲ့သည့် သြဂုတ် ၁၀ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ် တအိမ်ကို သေနတ်များကိုင်ဆောင်ထားသော အမျိုးသား ၆ ဦးက ဓားပြတိုက်၍ မွေးဖွားရန် ၃ ရက်သာ လိုတော့ သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကိုပါ သတ်သွားခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။