CNI News
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာ ထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ(ကာ/လုံ) က ဆုံးဖြတ်လိုက်သည်ဟု ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကာ/လုံ အစည်းအဝေးကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီသမ္မတ(တာဝန်) ကို လက်ခံပြီး ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။