CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁

ရွေးကောက်ပွဲကျင်းပနိုင်ရန် မဖြစ်နိုင်သေးခြင်းနှင့် တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဇူလိုင် ၃၁ ရက်နေ့တွင် အစည်းအဝေး ကျင်းပ၍ ဆုံးဖြတ်ခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ယာယီသမ္မတဦးမြင့်ဆွေ၊ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အထူးဖိတ်ကြားခံရသူ နစက၏ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့ တက်ရောက်ခဲ့ကြသည်။

သက်တမ်းတိုးခဲ့ရခြင်းမှာ လက်ရှိ မြန်မာနိုင်ငံသည် သာမန်မဟုတ်သည့် အခြေ အနေမှာသာ ရှိနေ သေးသည့်အတွက်ကြောင့် ဖြစ်သည်ဟု ကာ/လုံက ဆုံးဖြတ်ခဲ့သည်။