CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈

အမျိုးသားကာကွယ်ရေးနှင့် လုံးခြုံရေးကောင်စီ အစည်းအဝေး (၃/၂၀၂၃) ကို နေပြည်တော်မှာ ယနေ့ (နိုဝင်ဘာ ၈ ရက်)က ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် NLD ပါတီဝင် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန် မြတ်နှင့် အထူးဖိတ်ကြားသူအနေဖြင့် နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေတို့လည်း တက်ရောက်ခဲ့ကြသည်။

ကာ/လုံ အစည်းအဝေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-MDY)တို့၏ အောက် တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး အခြေအနေများကို အဓိက ဆွေးနွေးခဲ့သည်။

ထိုစစ်ဆင်ရေးကို MNDAA သည် “ဝ”နယ်မြေအတွင်းမှာ ကြိုတင်ပြင်ဆင်ပြီးမှ နမ့်တစ်တံတားမှ ချင်းရွှေဟော် သို့ ဖြတ်ဝင်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဓိက ဦးဆောင်သူများသည် MNDAA နှင့် TNLA အဖွဲ့တို့ဖြစ် ကြောင်း၊ MNDAA သည် ကိုးကန့်ဒေသမှာ ပြန်လည် စိုးမိုးနိုင်ရေးရည်ရွယ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။