CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စုတွင် နေထိုင်ကာ တိုက်ပွဲရှောင်များ အရေးကူ ညီပေးနေသည့် စိုင်းမောဝ်အွန် (ခ) စိုင်းလူးတိုဝ်ကို ဖမ်းဆီးသွားသည့် TNLA အဖွဲ့က ယနေ့ (နိုဝင်ဘာ ၈ ရက်) တွင် ပြန်လွှတ်ပေးခဲ့သည်။

စိုင်းမောဝ်အွန်ကို TNLA က စယ်လန့်ကျေးရွာရှိ နေအိမ်ကနေ နိုဝင်ဘာ ၇ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရှမ်းလက်နက်ကိုင် ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က စယ်လန့်ကျေးရွာတွင် လှုပ်ရှား နေသော TNLA တပ်ဖွဲ့ထံ သွားရောက်၍ ညှိနှိုင်းစဉ် ပစ်ခတ်မှုများဖြစ်ပွားကာ နှစ်ဖက် တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ ကြသေးသည်။

ထိုသို့ ဖြစ်ပွားခဲ့ကြပြီးနောက် TNLA က နိုဝင်ဘာ ၈ ရက်နေ့တွင် စိုင်းမောဝ်အွန်ကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

စိုင်းမောဝ်အွန်သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ စယ်လန့်ကျေးရွာအုပ်စု အလုပ်အမှု ဆောင်ကော်မတီ အတွင်းရေးမှူးဖြစ်သည်။