CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၉

ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ မှတ်ပုံတင်အမှတ်မှာ ၅၁ ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က နိုင်ငံရေး ပါတီများ ပြန်လည်မှတ်ပုံတင်ရန် ထုတ်ပြန်ခဲ့ပြီးနောက် ပါတီ ၅၁ ပါတီ မှတ်ပုံတင်ခွင့် ချပေးထားပြီးဖြစ်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး ဘေး၊ စိမ်းမြဧရာပန်းခြံအနီး၊ အမှတ်(၃၂၈)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ဥက္ကဋ္ဌ ဒေါက်တာတူးဂျာသည် မြန်မာ့တပ်မတော်နှင့် စစ်ပွဲများဖြစ်ပွားနေ သော ကချင်လွတ်လပ်ရေး တပ်မတော်(KIA/KIO)တွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ အလားတူ လက်ရှိ နစကတွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူနေသော ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) ဒုဥက္ကဋ္ဌဖြစ်သည်။