CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၈

နစက-က နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို အသစ် ပြန်လည် ပြဋ္ဌာန်းပြီးနောက် ကချင်ပြည်နယ် အတွင်း စည်းရုံးမည့် ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP ) က ပါတီမှတ်ပုံတင်ကို ပြန်တင်ခဲ့ကြောင်း UEC မှ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီအဖြစ် နိုင်ငံရေးပါတီ ၆ ပါတီ မှတ်ပုံတင်ထားသလို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း စည်းရုံးမည့် ပါတီအနေဖြင့် နိုင်ငံရေးပါတီ ၁၁ ပါတီ မှတ်ပုံ တင်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။

 ဒေါ်ဒွဲဘူကိုတွေ့ရစဉ်

ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)တွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဒေါ်ဒွဲဘူသည် နစကတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။