
- By CNI
- Category: နိုင်ငံရေး
- Hits: 1539
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား အပစ် အခတ်ရပ်စဲရေးအား အသိအမှတ်ပြုသည့် သို့မဟုတ် လက်မှတ်ရေးထိုးသည့် မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကိုမဆို အမျိုးသားရေးလုပ်ငန်းအား ဆန့်ကျင်သူများအဖြစ် သတ်မှတ်မည်ဟု NSCN-K/YA အဖွဲ့က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
NSCN-K/AM ၏ အပစ်အခတ်ရပ်စဲရေး ဖြစ်မြောက်သည်ဖြစ်စေ၊ မဖြစ်မြောက်သည်ဖြစ်စေ NSCN-K/YA အနေဖြင့် အကျင့်ပျက်ခြစားလိုသည့် မည်သူတစ်ဦးတစ်ယောက်၏ အကျိုးအမြတ်အတွက်မျှ မိမိတို့ဒေသကို ထိခိုက်ပျက်စီး အောင် လုပ်ဆောင်မှုကို ခွင့်ပြုမည်မဟုတ်ဟု NSCN-K/YA က ထုတ်ပြန်ခဲ့သည်။
ထို့နောက် မည်သို့ပင်ဖြစ်စေ အရှေ့နာဂပြည်၏ ပကတိအခြေအနေကိုပင် ဆက်လက် ထိန်းသိမ်းထားမည်ဖြစ် ကြောင်း၊ NSCN/GPRN နှင့် နာဂပြည်သူလူထုတို့မှာ မြန်မာ့ပဋိပက္ခတွင် ပါဝင်မှုမပြုဘဲ ကင်းကင်းရှင်းရှင်း နေကြ ကြောင်း၊ မလွှဲမရှောင်သာသည့် အခြေအနေသို့ တွန်းပို့လာခြင်းမရှိသရွေ့ မိမိတို့မှာ ယခုအတိုင်းပင် ဆက်လက်ရပ် တည်သွားမည်ဖြစ်ကြောင်း NSCN-K/YA က ပြောသည်။
NSCN-K/YA အဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
၎င်းက “ထို့ကြောင့် NSCN/GPRN ၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန် ချက်နှင့်အညီ နာဂတစ်မျိုးသားလုံး၏ အကျိုးနှင့်ဆင်နွှဲနေသည့် အမျိုးသားလွတ်မြောက်ရေးတော်လှန်ရေး၏ အကျိုးကို မျှော်ကိုးလျက် အဆိုပါအဖွဲ့အား အားပေးအားမြှောက်ပြုခြင်းမှ ရှောင်ကျဉ်ကြရန် အထက်ဖော်ပြပါ အရှေ့နာဂလူထုအဖွဲ့အစည်းများအား အသိပေးတိုက်တွန်းအပ်ပါသည်။ ၎င်းတို့၏ အဆိုပြု အပစ်အခတ်ရပ်စဲရေး အား အသိအမှတ်ပြုသည့် သို့မဟုတ် လက်မှတ်ရေးထိုးသည့် မည်သည့် အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကိုမဆို အမျိုးသားရေးလုပ်ငန်းအား ဆန့်ကျင်သူများအဖြစ် သတ်မှတ်မည်”ဟု ပြောသည်။
မြန်မာ့တပ်မတော်နှင့် NSCN-AM အဖွဲ့တို့ ခန္တီးမြို့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တစ်ကြိမ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က တစ်ကြိမ် အပစ်အခတ်ရပ်စဲရေးနှင့် နာဂဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။
ထို့နောက် စက်တင်ဘာလ ဒုတိယအပတ်က မုံရွာမြို့မှာ မြန်မာ့တပ်မတော်နှင့် NSCN-AM အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နေ့တွင် ခန္တီးမြို့မှာ စတုတ္ထအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့၍ တိုင်းဒေသကြီး အဆင့် ပဏာမအပစ်အခတ်ရပ်စဲရေး(Bilateral)ထိုးရန် သဘောတူညီခဲ့ကြသည်။
NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
သို့သော် စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်သာ ခန္တီးမြို့သို့ ရောက်ရှိလာပြီး အကြောင်းအမျိုးမျိုးကြောင့် ယနေ့(အောက်တိုဘာ ၂၂ ရက်)အထိ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုး နိုင်သေးဘဲ ရှိနေသည်။
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ကို ၁၉၈၀ ခုနှစ်က ဖွဲ့စည်းခဲ့သော်လည်း ခေါင်းဆောင်များကြား သဘောထားများ ကွဲလွဲ၍ ၁၉၈၉ ခုနှစ်မှာ ဦးကပ္ပလန် ဦးဆောင်သည့်အဖွဲ့က NSCN-K အဖြစ် မြန်မာပြည် ဘက်မှာ အခြေချလှုပ်ရှားခဲ့ပြီး ဗွီးဗာနှင့်အိုက်ဇက်ရှီချီဆူ ဦးဆောင်သည့်အဖွဲ့က NSCN-IM အဖြစ် အိန္ဒိယ ဘက်မှာနေကာ လှုပ်ရှားခဲ့ကြသည်။
ထို့နောက် ဦးကပ္ပလန်သည် ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်သွားပြီးနောက် ဒုဥက္ကဋ္ဌ ဦးခမ်းငေါ်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ် လမှာ NSCN-K ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သော်လည်း ထိုနှစ် သြဂုတ် ၁၇ ရက်နေ့မှာ ပြန်လည် ဖြုတ်ချ၍ ဦးယုံးအောင်ကို NSCN-K ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။
ဦးခမ်းငေါ်သည် ဥက္ကဋ္ဌရာထူးမှ ဖြုတ်ချခံရပြီးနောက် အိန္ဒိယဘက်သို့ သူ၏ တပ်ဖွဲ့ဝင် အနည်းငယ်ဖြင့် ထွက်သွား ပြီး ၂၀၂၀ ခုနှစ်မှာ အိန္ဒိယနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
ENNO/ENDA အဖွဲ့ကို တွေ့ရစဉ်
ထို့နောက် ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး နီကီဆူမီ၊ ဝန်ကြီး စတားဆွမ်၊ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ညမ်လန်တို့ ကိုလည်း ဦးယုံးအောင်က ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့မှာ NSCN-K/YA အဖွဲ့ကနေ ထုတ်ပယ်လိုက်၍ နီကီဆူမီ ဦးဆောင်သည့်အဖွဲ့က NSCN-K/NK ဆိုသော အဖွဲ့ကိုဖွဲ့စည်း၍ လှုပ်ရှားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်တွင် အိန္ဒိယအစိုးရနှင့် ငြိမ်းချမ်းရေးယူလိုက်သည်။
အလားတူ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အန်းမိုင်နှင့် လန်ညေးတို့ကို NSCN-K/YA အဖွဲ့ကနေ ဦးယုံးအောင်က ထုတ်ပယ်ခဲ့ပြီး အဖွဲ့သစ် ထူထောင်မှုကို ဖျက်သိမ်းပြီး လက်နက်ချရန် သတိပေး ထုတ်ပြန်ခဲ့သေးသည်။
လက်ရှိမှာတော့ အန်းမိုင်သည် NSCN-K/AM အဖွဲ့ကို ထူထောင်၍ နာဂလူမျိုးများ လွတ်မြောက်ရေးအတွက် နာဂလက်နက်ကိုင်အဖွဲ့ အနေဖြင့် လှုပ်ရှားလျက်ရှိသည်။
အဆိုပါ အန်းမိုင် ဦးဆောင်သည့် NSCN-K/AM နှင့် ဦးယုံးအောင် ဦးဆောင်သော NSCN-K/YA အဖွဲ့ကြား တိုက်ပွဲများလည်း ဖြစ်ပွားလေ့ရှိသည်။
တခြားတစ်ဖက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမတ်များဖြစ်ခဲ့ဖူးသူများနှင့် NSCN-K မှ ထုတ်ပယ်ခံလိုက်ရသော အောင်ဆိုင်းတို့ ဦးဆောင်၍ အရှေ့နာဂအမျိုသားအဖွဲ့အစည်း/ အရှေ့နာဂ ကာကွယ်ရေးတပ်မတော် (ENNO/ENDA)ကို KIA အကူအညီဖြင့် ဖွဲ့စည်းပြီး လှုပ်ရှားလျက်ရှိနေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3989
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကို စစ်ပွဲရပ်ဆိုင်းရန် ဖိအားပေးပြီးနောက် နယ်စပ်ဂိတ်များကို တရုတ်က ပိတ်လိုက်ခြင်းက လက်တွေ့မှာ တကယ်ပိတ်ဆို့နိုင်ပါ့မလားဟု စစ်ရေးအကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိ နေသည်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းသည် KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဂွမ်ရှောင်နှင့် တွေ့ဆုံ၍ စစ်ပွဲများ ရပ်တန့်ရန် အောက်တိုဘာ ၁၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
ထို့နောက် တရုတ်နယ်စပ်လည်းဖြစ်သလို တရုတ်၏ မြေရှားသတ္ထူတူးဖော်ရေးနှင့် တခြားသော သယံဇာတ တူးဖော်ရေးလုပ်ငန်းများရှိသည့် ပန်ဝါမြို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ကချင်ပြည်နယ် ပန်ဝါမြို့ကို တွေ့ရစဥ်
ပန်ဝါမြို့ကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မှာ တရုတ်က KIA ဌာနချုပ် လိုင်ဇာ၊ မိုင်ဂျာယန်၊ လိုင်ဆင်၊ ခါရှန်ဂိတ် စသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်များကို ပိတ်လိုက်သည်။
တရုတ်ဖိအားသည် နိုင်ငံရေးအရ ဆန္ဒဖော်ထုတ်ခြင်းသာဖြစ်ပြီး အောက်ခြေ နယ်စပ်များတွင်တော့ လက်တွေ့ ပိတ်ပင်ဖို့ ခက်ခဲနိုင်ကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S)မှ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "ဟုတ်ကဲ့၊ တရုတ်ဖိအားကတော့ နိုင်ငံရေးအရ သူ့ရဲ့ဆန္ဒကို ဖော်ထုတ်တာပေါ့၊ ခင်ဗျားတို့ မလုပ်နဲ့ လုပ်ရင် နယ်စပ်ပိတ်မယ်၊ ဒီလောက်ပါပဲ။ လက်တွေ့ အောက်ခြေ နယ်စပ်မှာကတော့ တော်တော်လေး လက်တွေ့ပိတ်ဖို့ တော်တော်ခက်ပါတယ်။ တရုတ်ရဲ့ ယူနန်ပြည်နယ်ထဲက ကချင်တွေ အများအပြားက KIO နဲ့က ညီနောင်တွေ၊ ဆွေမျိုးသားချင်းလို၊ မိသားစုလိုဖြစ်နေတာ။ ဖြစ်နေတော့ အဲတာကိုတော့ သူတို့အသေးစိတ် ပိတ်ဆို့ဖို့ လွယ်မယ် လို့ ကျနော်မထင်ပါဘူး။"ဟု ပြောသည်။
KIA အနေဖြင့် ပန်ဝါမြို့တွင် စိုးမိုးနေသော ကုန်သွယ်ရေးနှင့် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်များအား သိမ်းယူရ သည့် အကြောင်းအရင်းသည် မြန်မာ့တပ်မတော် အားနည်းနေသော အချိန်တွင် ကချင်ပြည်၏ နယ်မြေ အစိတ် အပိုင်းများကို ပြန်လည်စုစည်းချင်သော သဘောဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြ ကြသည်။
တရုတ်သည် သူ၏ မဟာဗျူဟာအရသာ ပြောဆိုနေခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ် နှစ်ဖက်စလုံးတွင် ကချင် များရှိသောကြောင့် တရုတ်အနေဖြင့် လူမျိုးစုပေါ်လစီအား ထောက်ထားရ၍ ပိုမိုဖိအားများပေးလာနိုင်ခြင်း မရှိကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
လိုင်ဇာ-နဘန် တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို တွေ့ရစဥ်
၎င်းက "တရုတ်ကလည်း သူ့ရဲ့မဟာဗျူဟာနဲ့ ပြောနေမှာပဲလေ။ ကျမတို့ကလည်း ကိုယ့်လုပ်စရာရှိတာ လုပ်တာ ပေါ့ဗျာ။ တရုတ်က ဒီထက်ပိုပြီးတော့လည်း ဖိအားပေးမလာနိုင်ပါဘူး။ သူပိတ်ဆို့တယ်ဆိုတာ ပိတ်လည်း ကျမတို့ တခြားနည်းလမ်းတွေနဲ့ ရှာလို့ရတာပဲလေနော်၊ ဒါပြဿနာမဟုတ်ဘူးဗျ။ အဲဒီနယ်စပ်မှာ ဒီဘက်ကချင်၊ ဟိုဘက် ကချင်ရှိတယ်။ သူတို့တရုတ်ပြည်ထဲက ကချင်တွေက အစိုးရက နယ်နိမိတ် ပိတ်ထားတာတောင် အပိတ်မခံဘူး။ သူ့လူတွေရယ်၊ သူတို့အမျိုးတွေဆိုရင် သူတို့ဟာသူတို့ လက်ခံနေတာပဲ။ အဲတော့ တရုတ်ပြည် အနေနဲ့ကလည်း သူက လူမျိုးစုပေါ်လစီကို တော်တော် ထောက်ထောက်ထားထား လုပ်ရတော့ အရမ်းမလုပ်ရဲဘူးဗျ။ နယ်နိမိတ် တွေ ဖြတ်ပြီးပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တို့ ဘာတို့လည်းဒီလိုပဲ ဝင်တာပဲ။ ကျမသိသလောက်လေ ဒီဘက်က ကချင်တွေက နှစ်စဥ်နှစ်တိုင်း ဟိုဘက်က စစ်ဘေးရှောင်စခန်းတို့ ကချင်တို့ဘာတို့ အဝတ်အစားတွေလှူ၊ ကလေး တွေ ကျောင်းပစ္စည်းတွေလှူ အဲလိုလုပ်နေတာဗျ။ အဲတော့ တရုတ်ပြောလည်း ပြောပြောပေါ့ဗျာ၊ KIA က သူ လုပ်စရာရှိတာ ဆက်လုပ်မှာပါပဲ"ဟု ပြောသည်။
ထို့ပြင် KIA အနေဖြင့် ကချင်ပြည်နယ် ထူထောင်ချင်နေသောကြောင့် သူ့နယ်မြေများ ပြန်လည်သိမ်းယူခြင်း ဖြစ်ကြောင်း ဒေါက်တာလှကျော်ဇောက ဆက်ပြောသည်။
၎င်းက "KIA ကလည်း ကချင်ပြည်နယ် သူ့ဟာသူထောင်ချင်နေတာလေ။ အဲတော့ ကချင်ပြည်နယ်ပဲ ဖြစ်တာကိုး ပန်ဝါက။ တကယ်တော့ အစတုန်းကလည်း KIA ပိုင်ထားတာဖြစ်တယ်လေ။ ဇခုန်တိန့်ယင်းက အစက KIA ဗျ။ အဲဒီကမှ ဇခုန်တိန့်ယင်းက ကျမတို့ ဗကပ ထဲရောက်တာ။ ဗကပ-က ခွဲထွက်ပြီးခါမှ ဗိုလ်ခင်ညွန့်ရဲ့ ပြည်သူ့စစ်ဖြစ်တာဗျ၊ ဇာတ်လမ်းက တော်တော်ရှုပ်တယ်။ အဲတော့ ကချင်ကလည်း သူ့နေရာသူ ပြန်ယူတဲ့ သဘောပဲ၊ အဲဒီဒေသအားလုံးက ကချင်ရွာတွေဗျ၊ ကျမတို့ နေခဲ့ဖူးတယ်"ဟု ပြောသည်။
KIA ထိန်းချုပ်ထားသည့် တရုတ်နယ်စပ် တစ်လျှောက်တွင် စစ်ပြေးဒုက္ခသည် ၄၀၀၀ ခန့်နှင့် ပြည်သူ သောင်းနှင့်ချီ၍ရှိပြီး လိုအပ်သော စားသောက်ကုန်နှင့် လူသုံးကုန်များအား တရုတ်ဘက်မှ တင်သွင်းနေ ကြရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့(MNDAA-AA-TNLA) သိမ်းပိုက်ထားသော ကျင်စန်းကျော့၊ ချင်းရွှေဟော်၊ ရန်လုံကျိုင်း၊ မုံးကိုးနှင့် နမ့်ခမ်း စသည့် တရုတ်နယ်စပ်ဂိတ် ၅ ခုကိုလည်း တရုတ်ဘက်မှ ပိတ်ဆို့ထားသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3980
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅
ပြည်ပနိုင်ငံများ၏ သြဇာလွှမ်းမိုးမှုများအား ရင်ဆိုင်ကျော်လွှားနိုင်ရန်နှင့် သွေးထိုးမြှောက်ပင့်မှုများအား မယုံစားမိကြရန် သတိထားရမည်ဟု နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA စာချုပ် လက်မှတ်ထိုးခြင်း ၉ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပစဉ် ဗွီဒီယို မိန့်ခွန်း ပေးပို့၍ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ယနေ့ကာလတွင် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ၊ အင်အားငယ်သည့် နိုင်ငံများအပေါ် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ၊ နိုင်ငံအချင်းချင်း ပိုင်နက်နယ်မြေ အငြင်းပွားမှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ ပြည်တွင်းရေး မငြိမ်မသက်မှုများသည် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိနေသည်ကို တွေ့ရကြောင်း နစကဥက္ကဌက ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA ၈ နှစ်ပြည့် အခမ်းအနား ကျင်းပစဉ်
အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများ၏ ပြည်တွင်းရေး ပဋိပက္ခများ နောက်ကွယ်တွင် မည်သည့်နိုင်ငံများက မည်သို့ ပါဝင်ပတ်သက်ခဲ့ပြီး တစ်ကျော့ပြန်ခေတ်သစ် ကိုလိုနီနယ်ချဲ့မှုများ ဖန်တီးနေခြင်းများအား သတိထားကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေး တိုက်တွန်းခဲ့သည်။
မည်သည့် နိုင်ငံများနှင့် မည်သို့ ပါဝင်ပတ်သက်နေသည်ကို ရည်ညွန်း ပြောကြားသလဲဆိုတာကိုတော့ မသိရပေ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကမ္ဘာ့အင်အားကြီး နိုင်ငံများအနေနဲ့ နိုင်ငံငယ်များအပေါ် သြဇာလွှမ်းမိုးမှု ရှိအောင် ဆောင်ရွက်ရာမှာ နိုင်ငံတိုးတက်စေဖို့အတွက် အဓိကကျတဲ့ စီးပွားရေးကဏ္ဍများကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေတာ တွေ့ရှိရပါတယ်။ ပြည်တွင်းမှာ ပဋိပက္ခမျိုးစုံ၊ အကျပ်အတည်း မျိုးစုံတို့ကို ဖန်တီးပြီး စီးပွားရေး ထိခိုက်အောင်၊ လိုသလိုချယ်လှယ်နိုင်အောင် ဖန်တီးဆောင်ရွက်နေကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံငယ် များအနေဖြင့် မိမိနိုင်ငံအတွင်းမှာရှိတဲ့ သယံဇာတနဲ့ အရင်းအမြစ်များရဲ့ စွမ်းအားကို အသုံးချပြီး ရင်ဆိုင်ကျော်လွှား နိုင်ဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။
နိုင်ငံရေး မတည်ငြိမ်မှုများ၏ အဆုံးသတ်မှာ စီးပွားရေး အကျပ်အတည်း ဖြစ်စေမှုဆီသို့ ဦးတည်လေ့ရှိသော ကြောင့် ပြည်ပနယ်ချဲ့အင်အားကြီး နိုင်ငံများသည် ကြိုတင်ဖန်တီးပြီး သူတို့အကျိုးအား ဖန်တီးနေကြခြင်း ဖြစ်သည်ဟု နစကဥက္ကဌက ပြောသည်။
MNDAA အရာရှိတစ်ဦးနဲ့ တရုတ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကို တွေ့ရစဉ်
ထို့ပြင် NCA မှတဆင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်သွားမှသာလျှင် မျှော်မှန်းထားသည့် ပန်းတိုင် ကို အရောက်သွားနိုင်မှာဖြစ်ကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များအား အားပေးထောက်ခံပြီး မိမိတို့ နိုင်ငံသားချင်း သွေးမြေကျစေရန် ကြံစည်နေသော ပြည်ပနိုင်ငံများ၏ သွေးထိုးမြှောက်ပင့်မှုများအပေါ် မယုံစားကြ စေလိုကြောင်း ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သော MNDAA၊ TNLA၊ AA ပူးပေါင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များ သည် ပြည်သူများ၏ လူမှုစီးပွား အခြေအနေများကို ပိုမိုဆိုးရွားစေပြီး ထိုကဲ့သို့ အကြမ်းဖက်မှုများ၏ နောက်ကွယ် တွင် အမျိုးမျိုးသော ပံ့ပိုးမှုများ အဓိက ပါဝင်နေသည်ကိုလည်း တွေ့ရှိရသည်ဟု နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်မဟာမိတ်တပ်များ ဖြစ်ကြသည့် MNDAA၊ AA၊ TNLA နှင့် NUG လက်အောက်ခံ PDF တို့သည် လားရှိုးမြို့ အပါအဝင် တပ်မတော် ထိန်းချုပ်ထားသည့် နယ်မြေ အများအပြားအား သိမ်းဆည်းခဲ့သည်။
MNDAA နှင့် TNLA တို့သည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)နှင့် မဟာမိတ်ဖွဲ့၍ မြန်မာအစိုးရကို တိုက်ခိုက်နေပြီး အမေရိကန်ဆီကနေ နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိနေသည်ဟု နစက-က စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံအတွင်းရှိ အစိုးရအား ဆန့်ကျင်လျက်ရှိသည့် EAO အမည်ခံ တိုင်းရင်းသားလက်နက်ကိုင်များအား ထောက်ပံ့ မှုများပေးကာ တိုက်ပွဲများ ဖော်ဆောင်စေခဲ့ကြောင်း၊ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ အတိုက်အခံ လက်နက်ကိုင် များ အခြေပြုရာ နယ်စပ်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
လက်ရှိတွင် ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့ရွာများအား တရုတ်ဘက်ခြမ်းမှ လောင်စာဆီနှင့် အခြေခံ စားသောက်ကုန်များ တင်သွင်းခွင့်မပေးဘဲ တရုတ် အစိုးရက ပိတ်ဆို့တားမြစ်ထားသည်။
ထို့နောက် ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များ အပါအဝင် ဆက်စပ်သူများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ အမေရိကန်၊ အနောက်အုပ်စုနိုင်ငံများသို့ ခရီးသွားခြင်းနှင့် ဆက်ဆံမှုများ မပြုလုပ်ရန်ကိုးကန့်တပ်ဖွဲ့ (MNDAA)က တားမြစ်ကြောင်း စက်တင်ဘာ ၉ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
မကြာသေးမီးက မြန်မာ့ပြည်တွင်းရေးတွင် ပြည်ပတပ်ဖွဲ့ဝင်များ ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေကြောင်း သတင်း ရရှိပြီး အမျိုးသားရေး အခြေအနေသည် ရလဒ်အဖြစ် ပြင်းထန်ပြီးကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရနိုင် သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး အဓိက ဆောင်ရွက်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့အိမ်နီးချင်း နိုင်ငံ ၅ နိုင်ငံရှိသည့်အနက် အဓိက စီးပွားဖက် နိုင်ငံများမှာ တရုတ်နှင့်ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း၊ အနောက်အုပ်စုမှ မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုများ လုပ်ဆောင်နေသကဲ့သို့ မြန်မာ့အိမ်နီးချင်း နိုင်ငံများကိုလည်း စီးပွားရေး ပိတ်ဆို့စေလိုကြောင်း မြန်မာပြည်သူလူထု၏ မိတ်ဆွေအစစ်ဖြစ်သော တရုတ်နိုင်ငံဆိုသော ခေါင်းစဉ်ဖြင့် နစက-က သတင်းထုတ်ပြန်ခဲ့ သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3879
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဌာနပြုကြသည်ဆိုသော အချက် ကို မမေ့ကြရန် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA စာချုပ် လက်မှတ်ထိုးခြင်း ၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပစဉ် ဗွီဒီယို မိန့်ခွန်း ပေးပို့၍ ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ NCA စတင်ချုပ်ဆိုချိန်ကတည်းက ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရ ရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤသဘောတူစာချုပ်ပါ အချက်များ ကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန် အလှန် သန္နိဌာနပြုကြသည်ဆိုတဲ့ အချက်ကို စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသူများက အလေးထား မှတ် မိနေကြအုံးမယ်လို့ ကျနော့်အနေနဲ့ယုံကြည်မိပါတယ်”ဟု ပြောသည်။
တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းကြမည်ဆို သော ရည်မှန်းချက်များနှင့် ဖြစ်ပေါ်ခဲ့ရသည့် အနှောင့်အယှက်များကြားမှာ NCA ကို မိမိတို့ ဘယ်လောက် အတိုင်း အတာအထိ အကောင်အထည်ဖော်နိုင်ခဲ့ကြလဲ၊ NCA လမ်းကြောင်း ဘယ်လောက်ခိုင်မာမှု ရှိခဲ့ပြီလဲဆိုတာ အားလုံး အသိပဲဖြစ်သည်ဟု ၎င်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က NCA ၈ နှစ်ပြည့် အခမ်းအနား ကျင်းပစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ NCA ဟာ သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ တာဝန်ရှိသူများရဲ့ တွေ့ဆုံမှု ပေါင်းများစွာ၊ ညှိနှိုင်းဆွေးနွေးမှုများစွာကနေ အခြေတည် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် စာချုပ်သစ် တစ်ခုပဲ ဖြစ်ပါတယ်။ နှစ်ဖက်သဘောတူညီမှု ရရှိတဲ့အထိ အကြေအလည် ဆွေးနွေးခဲ့ရပါတယ်”ဟု ပြောသည်။
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ လက်မှတ်ထိုး ထားကြသည်။
NCA စာချုပ်၏ နိဒါန်းတွင် ဤတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး ကြသော ကျွနှ်ပ်တို့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤသဘောတူစာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မ ကွက် အတူတကွ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဌာန်ပြုကြသည်ဟု ပြဌာန်း ထားသည်။
ထို့နောက် KNU၊ CNF၊ ABSDF၊ PNLO တို့သည် စာချုပ် ပျက်ပြယ်သွားပြီးဟုဆိုကာ မြန်မာ့တပ်မတော်နှင့် နစက ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိနေသလို NCA အခမ်းအနားပွဲများ တက်ရောက်ခြင်းလည်း မရှိတော့ ပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 3116
CNINews
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅
လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်ရေးပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသောကြောင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး ရရှိရန် အနာဂတ် မြန်မာနိုင်ငံကို ဘယ်လိုပုံဖော် တည်ဆောက်ကြမလဲဟုဆိုကာ စစ်ရေး နှင့်နိုင်ငံရေး အကဲခတ်များကြား ဆွေးနွေးလျက်ရှိနေကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အနာဂတ်အား ဖော်ဆောင်ရာတွင် မည်သည့် မူဝါဒများဖြင့် ဖော်ဆောင်ရမည် ဆိုသည်ကို လည်း ၎င်းတို့အကြား ဆွေးနွေးနေကြသည်။
မိမိနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာကို မိမိတို့ကိုယ်တိုင်သာ ကြိုးစားဖြေရှင်းရမည့် တာဝန်သည် မြန်မာ ပါဝင် ပတ်သက်သော အင်အားစုအားလုံးတွင်ရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "မြန်မာ့နိုင်ငံရေး ပြဿနာကို မြန်မာတွေကပဲ ဖြေရှင်းပေးရမယ်။ အဲတော့မကြာခင် NSPNC ကလည်း ဖိတ်မံတက ပြုထားတာရှိတယ်။ ၉ နှစ်မြောက် NCA လက်မှတ်ထိုးတဲ့ ငြိမ်းချမ်းရေး အခမ်းအနား လုပ်ဖို့ရှိတယ်။ အဲဒီရဲ့နောက်မှာ Workshop လေးတစ်ခုပါတယ်။ အဲဒီမှာ NSPNC ဘက်က ကျနော်တို့ အနာဂတ်မှာ ပုံဖော်လိုတဲ့ မြန်မာနိုင်ငံတော်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုပါတယ်။ အဲတော့ မြန်မာနိုင်ငံတော်ကို အနာဂတ်ကာလ အတွက် ဘယ်လိုပုံဖော်သင့်သလဲဆိုတာ မြန်မာနိုင်ငံသားတွေကပဲ ဆွေးနွေးဆုံးဖြတ်ပြီးမှ သွားရမှာ။ အဲဒီမှာ နိုင်ငံ တကာတွေက ဘယ်လိုပူးပေါင်းပါဝင်ဖို့ လိုမှာလဲဆိုတာ၊ ကျနော်တို့ကပဲ ဦးဆောင်ရမယ်။ သူတို့ကတော့ အစွမ်း ကုန် ပူးပေါင်းပါဝင်ပြီးမှ မြန်မာ့ငြိမ်းချမ်းရေးကို လုပ်ပေးမယ် ဆိုတဲ့ဘက်မှာတော့ ရှိနေကြ ပါတယ်။ ဒါပေမယ့် တကယ့်တကယ် ကြိုးပမ်းရမှာက ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပါဝင်ပတ်သက်တဲ့ အင်အားစုတွေ၊ အဲဒါကလည်း ဘာကိုဦးတည်ရမလဲဆိုရင် လူထုကို ဦးတည်ရမယ်"ဟု ပြောသည်။
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် NSPNC ကိုယ်စားလှယ်များကို တွေ့ရစဥ်
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ စစ်ပြေးဒုက္ခ သည် ၆ သန်းကျော်ရှိကြောင်း ISP-Myanmar မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ထို့ပြင် မြန်မာပြည်သူလူထုသည် မူးယစ်ဆေးဝါးနှင့် အွန်လိုင်း လိမ်လည်မှုများဖြင့်ပါ ရင်ဆိုင်နေကြရသလို အလုပ် အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ခိုးဆိုးလုနှိုက်အန္တရာယ် စသည့် အခြေအနေများဖြင့်လည်း ရင်ဆိုင်နေကြ ရသည်။
ထို့ကြောင့် မြန်မာ့တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် အနာဂတ်မြန်မာနိုင်ငံတော် ပုံဖော်ရာတွင် လူထုကို ဦးတည်သော မူဝါဒများဖြင့် လုပ်ဆောင်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
လူထုကိုဗဟိုပြုသော မူဝါဒ၊ လူထုကို ဦးတည်သော အခန်းကဏ္ဍအား မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
နစက ဥက္ကဌနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ရစဥ်
၎င်းက "နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုရင်တော့ သေချာတာကတော့ မြေပြင်အခြေနေ တည်ငြိမ်ဖို့လိုတယ်။ ခုန ပြောသလို လူထုကိုဦးတည်မယ်ဆိုတဲ့အပိုင်းက လူထုသည် အရေးပါတာပေါ့။ ဘာလို့လဲဆိုတော့ ဒီလူထုရှိလို့ပဲ အုပ်ချုပ်သူလူတန်းစားနဲ့ ခုနအစိုးရတို့ ဘာတို့ တိုင်းပြည်တို့ လုပ်လို့ရတာကိုး။ လူထုမပါဘဲနဲ့တော့ ဒါတွေလုပ်ဖို့က၊ နောက်တစ်ခါကျတော့ လူထုကို စွဲဆောင်ပြီး တစ်နေရာကို တွန်းပို့ဖို့ဆိုတာလည်း ပြောရရင်တော့ ရည်ရွယ်ချက် သိပ်ကောင်းပြီးတော့ ဦးဆောင်တဲ့သူက အရမ်းတော်နေရင်တော့ တစ်မျိုးဖြစ်မှာပေါ့။ ဒါပေမယ့် ခုနပြောသလို မဖြစ်မနေလုပ်တော့မယ်၊ အတင်းအကျပ် စစ်ရေး၊ နိုင်ငံရေး ထူထောင်တယ်။ လူတွေကို ကိုယ့်ရဲ့ဝါဒအောက် အတင်းသွပ်သွင်းတာမျိုးက ရေရှည်မှာတော့ ကောင်းမွန်တဲ့ရလဒ် ထွက်စရာတော့ အကြောင်းမရှိဘူး။ အဲတော့ လူထုကို တကယ်တမ်း ဗဟိုပြုနိုင်မယ်ဆိုရင် အောက်ခြေလူထုမှာ ဘာပြဿနာရှိလဲ၊ သူတို့ပြဿနာတွေ ဘယ်လို ဖြေရှင်းလဲ။ ခုနပြောတဲ့ ဆွေးနွေးပွဲတွေကလည်း အဲဒီပြည်သူလူထုအတွက် ဘယ်လိုမျိုး အာမခံချက်ပေးလဲ၊ အနည်းဆုံးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး စားသောက်နေထိုင်တယ်။ စီးပွားရေး တိုးတက်အောင်၊ ပြေလည်အောင်၊ အဲကနေ ဖွံ့ဖြိုးတိုးတက်မှုတွေ ရလာအောင် အဲလိုမျိုး ရည်ရွယ်ချက်တွေကို ဦးတည်တဲ့ ဆွေးနွေး ပွဲမျိုး လုပ်ဆောင်မှုမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့။ အဲတော့ သေချာတာကတော့ ပြည်သူလူထုကို ဦးတည်ရ မယ့် အပိုင်းကတော့ မဖြစ်မနေ လုပ်ရမယ့် အပိုင်းဖြစ်တယ်"ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ စတင်ကာ ယနေ့အချိန်ထိ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး ဖြေရှင်းနိုင်သည့် နည်းလမ်းများ မရှာဖွေနိုင်သေးဘဲ ဖြစ်နေသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 4875
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၉ နှစ်ပြည့် နှစ်ပတ် လည် အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့သည်။
ထိုအခမ်းအနားတွင် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဗွီဒီယိုမိန့်ခွန်း ပေးပို့ခဲ့သည်။ ထိုမိန့်ခွန်း အပြည့်အစုံကို အောက်ပါအတိုင်း တွေ့ရသည်။
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)တို့ လက်မှတ်ထိုး ထားကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 1928
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄
လာမည့် ၂၀၂၅ ခုနှစ်တွင် နစက ကျင်းပမည့် ရွေးကောက်ပွဲ၌ တရုတ်နိုင်ငံအနေဖြင့် မည်ကဲ့သို့ ပါဝင်လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေး၊ နိုင်ငံရေးအကဲခတ်များအကြား ဆွေးနွေးမှုများ ရှိနေကြသည်။
တရုတ်၏ သဘောထားမှာလည်း ရွေးကောက်ပွဲကျင်းပ၍ အစိုးရသစ်တစ်ရပ် ပေါ်ပေါက်ရေးကို ထောက်ခံသည့် အတွက် နစက ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးအရ ရပ်တည်ပေးခြင်းအပြင် ရုပ်ဝတ္တုပစ္စည်းအရ ကူညီ ပေးခြင်းများ ရှိနိုင်ကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နိုင်ငံရေးအရ ရပ်တည်ပေးလို့ ရပါတယ်။ ရွေးကောက်ပွဲကို အသိအမှတ်ပြုတာတို့၊ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အနိုင်၊ အရှုံးပေါ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတာတို့ အဲဒီလို လုပ်ပေးခြင်းအားဖြင့် ရွေးကောက်ပွဲ တရားဝင်မှုကို ကျားကန်ပေးနိုင်တယ်။ backup လုပ်နိုင်မယ်။ ဒါက နိုင်ငံရေးအရ ကူညီပေးတာပါ။ ရုပ်ဝတ္တုပစ္စည်းအရလည်းပဲ လိုအပ်ရင်တော့ နည်းပညာပိုင်းတို့၊ နောက်တော့ ရွေးကောက်ပွဲအတွက် ကုန်ကျစရိတ် တို့ ဘာတို့လည်း ကူညီနိုင်တာလည်း ရှိနိုင်ပါတယ်။ အဲဒီရုပ်ဝတ္တုပစ္စည်းထက်ကို နိုင်ငံရေးအရ ကူညီတာက ရပ်တည်ပေးတာကတော့ ပိုပြီးတော့ အကျိုးရှိတာပေါ့လေ။ ဒါလုပ်နိုင်မယ်လို့ ကျနော်ယူဆပါတယ်” ဟု ပြော သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်
မြန်မာနိုင်ငံသည် ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရတက်လာမှ တရုတ်နိုင်ငံ အနေဖြင့်လည်း ၎င်း၏ အကျိုးစီးပွားများကို ဆက်လက်လုပ်ကိုင်၍ ရမည်ဖြစ်သဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအပေါ် တွန်းအားပေး လျက်ရှိသည်။
ရွေးကောက်ပွဲ မကျင်းပခင်ကာလ၌ တိုင်းရင်းသား လက်နက်ကိုင်များ၊ အတိုက်အခံ အင်အားစုများ၊ နိုင်ငံရေး ပါတီများနှင့် နစကတို့ တွေ့ဆုံ၍ သွားချင်သည့်နိုင်ငံရေးပုံစံအား ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။
ထိုသို့ ဆွေးနွေးမှုကနေ အများစု ထောက်ခံသည့်အတိုင်း အကောင်အထည်ဖော်နိုင်ရေးကို ရွေးကောက်ပွဲမှတဆင့် ဆောင်ရွက်သင့်ကြောင်းလည်း ၎င်းတို့က ထောက်ပြကြသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ အနေအထားအရ ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးအရွေ့တစ်ခုကို သွားနိုင်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
ဝမ်ယိနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
၎င်းက “ရွေးကောက်ပွဲ မကျင်းပနိုင်သေးသရွေ့ကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်။ နယ်မြေဒေသ တည်ငြိမ် အေးချမ်းမှုတွေ မရှိဘဲ ဖြစ်နေမယ်။ သူတစ်လူ ငါတစ်မင်းပေါ့ လက်နက်ဆွဲကိုင်နေတဲ့ နယ်မြေချဲ့ထွင်တဲ့ ၁၈ ရာစု လောက်က အတွေးအခေါ်တွေ၊ ၁၇ ရာစုလောက်က အတွေးအခေါ်တွေ၊ ဒုတိယကမ္ဘာစစ်ထဲက အတွေးအခေါ် တွေနဲ့ ဆက်ပြီးတော့ မငြိမ်းမချမ်းတွေ ဖြစ်နေမှာပေါ့။ ရွေးကောက်ပွဲလုပ်ခြင်းသာ တိုင်းပြည်ရဲ့ အဓိက ထွက်ပေါက်တစ်ခုလို့ ကျနော့်အနေနဲ့ မပြောချင်ပေမယ့်လည်း လက်ရှိ ကျနော်တို့နိုင်ငံရဲ့ ကံကြမ္မာအရကတော့ သေချာပေါက် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အစိုးရတစ်ရပ် ပေါ်ပေါက်လာမှပဲ ဒီကိစ္စတွေကို ဖြေရှင်း နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
တရုတ် အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနှင့် UWSA တို့ တွေ့ဆုံဆွေးနွေးမှု ပေါက်ကြားလာမှုတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သဘောထားအမြင်များလည်း ပါဝင်နေသည်။
ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲကို ကူညီပေးသွား မည်ဖြစ်ကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်က မြန်မာနိုင်ငံခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ၍ ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား ထားသည်။
ထို့ကြောင့် လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲသေချာပေါက် ကျင်းပနိုင်မည်ဟု ခန့်မှန်းထားကြသော်လည်း နယ်မြေမတည်ငြိမ်မှုများကြောင့် ရွေးကောက်ပွဲအား ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်းလည်း သုံးသပ်မှုများရှိသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 4659
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခများနှင့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လာမယ့် ၂၀၂၅ ခုနှစ်၌ ကျယ်ပြန့်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ ပေါ်ပေါက်လာနိုင်သလားဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေသည်။
မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်အနေဖြင့် ဟိုင်ဂင်ကဲ့သို့ ဆွေးနွေးမှုများ၌ လိုအပ်သည့်နေရာမှ ပါဝင်လာနိုင်သလို အိန္ဒိယ၊ ထိုင်းနှင့် အာဆီယံ တို့သည်လည်း ပါဝင်လာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "ကျနော်ထင်တာပြောရရင် မစ္စတာဝမ်ယိရဲ့ ခရီးစဥ်ဟာ တွေ့ဆုံမှု၊ သူတို့ရဲ့ ရပ်တည်ချက်က တရုတ် ကွန်မြူနစ်ပါတီရဲ့ မူဝါဒဖြစ်ဖို့များပါတယ်။ အဲတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းစေလိုတဲ့သဘောနဲ့ သွားပါလိမ့်မယ်။ နောက် အာဆီယံနဲ့ပတ်သတ်လို့လည်း အဲဒီလိုမျိုးသွားအောင် တစ်ဖက်က တွန်းတွန်းတိုက်တိုက် လုပ်လာနိုင် တယ်။ အခု ပေတုန်တန်ရဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးမှာ ဦးဆောင်မယ်ဆိုတာကို အာဆီယံကလည်း ပံ့ပိုးထောက် ခံမယ့်သဘော တွေ့နေတယ်။ အာဆီယံဘက်ကလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ပါလာနိုင်တယ်။ ဒီကြားထဲမှာ လာမယ့် ဒီဇင်ဘာလလောက်မှာ ထိုင်းဘက်က ဦးဆောင်ဆွေးနွေးမှုတွေ ဖြစ်လာနိုင်တယ်။ အဲတော့ အခု လာအိုရဲ့ ခရီးစဥ်ကိုကြည့်ရင် အာဆီယံရဲ့ကဏ္ဍဟာ အရေးကြီးလာလိမ့်မယ်”ဟု ပြောသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခနှင့် နိုင်ငံရေး ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် အင်ဒိုနီးရှား နိုင်ငံမှာ အောက်တိုဘာလ ၄ ရက်နှင့် ၅ ရက်နေ့များက မြန်မာအတိုက်အခံများ အပါအဝင် နိုင်ငံတကာ သံတမန်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို လာအိုနိုင်ငံမှာ အောက်တိုဘာ ၉ ရက်က ကျင်းပခဲ့ပြီး မြန်မာ့အရေးနှင့် တောင်တရုတ်ပင်လယ်အရေးကို အဓိက ဆွေးနွေးခဲ့ကြသည်။
တရုတ်၊ အိန္နိယ၊ ထိုင်း နိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့်အတွက် မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးနှင့် ကျယ်ပြန့်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာရေး ပံ့ပိုးလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုတွေ့ရစဉ်
ထို့နောက် ညီနောင်မဟာမိတ်သုံးဖွဲ့(MNDAA-AA-TNLA) ဦးဆောင်သော မဟာမိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ကိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ မြို့သိမ်းတိုက်ပွဲများ လုပ်ခဲ့သည်။
အဆိုပါ တိုက်ပွဲများ ရပ်တန့်ရေးအတွက် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ဟိုင်ဂင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှစတင်၍ ဟိုင်ဂင်သဘောတူညီချက် ပျက်ပြယ်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
စစ်ရေးဖြင့် ရေရှည်သွားလိုလျှင် ဆွေးနွေးမှုများ ပိုမိုခက်ခဲသွားနိုင်ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများအဖို့ ဂုဏ်သိက္ခာရှိသော အခြေခံမူများနှင့် အပေးအယူလုပ်လျှင် အဆင်ပြေနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
NCA လက်မှတ်ရေးထိုးထားသည့် ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့စဥ်
၎င်းက "နိုင်ငံရေးအရ ကိုယ်လိုချင်တဲ့ ရလဒ်ပေါ့လေ၊ နိုင်ငံရေးအရ ထွက်တယ်ဆိုရင်ပဲ တချို့ဟာတွေက ဒီအဖွဲ့အစည်းတွေအနေနဲ့ ပြန်ပြီးတော့ စစ်ရေးကို ပြန်သုံးသပ်လိမ့်မယ်လို့ ယူဆပါတယ်။ စစ်ရေးနဲ့ ယှဥ်ပြိုင် နေတာ ရေရှည်သွားလို့ရှိရင် ဆွေးနွေးဖို့ ပိုခက်သွားနိုင်တာပေါ့ဗျာ။ ဒါကြောင့် ကျနော်ထင်တယ် ပြဿနာ ကြီးကြီးမားမား ထပ်ပြီးတော့ မဖြစ်ခင်မှာ တွေ့ဆုံဆွေးနွေးရေး အများကြီး ပေါ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ် ဗျ။ ဒီသန်းခေါင်စာရင်းတွေ ဘာတွေ ကောက်ပြီးလို့ရှိရင်တော့ ကျနော်ထင်တယ် ဒီနှစ်ကုန် ပတ်ဝန်းကျင်မှာတော့ တွေ့ဆုံပွဲတွေ ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်ဗျ။ သူတို့ကြေညာချက်ထဲမှာလည်း ပါနေတာပဲ။ တရုတ်က တွေ့ဆုံ ဆွေးနွေးနိုင်အောင် ကြားဝင်ပေးပါ၊ ဦးဆောင်ပေးပါဆိုပြီး သူတို့ Request လုပ်ထားတာပဲ Request လုပ်ထားတဲ့ အတိုင်း တရုတ်ကလည်း လူကြီးလူကောင်းပုံစံနဲ့ ပြန်ဝင်ပေးမယ် ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ အဲတာဆိုရင် တော့ ညှိလို့ရသွားနိုင်ပါတယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်တွင် နစကသည် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဟု ကြေညာထားခြင်းကြောင့် ထိုနှစ်အတွင်းမှာ ကျယ်ပြန့်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 3741
CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၁
ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ အင်အားစု တချို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသော အဖွဲ့အနေဖြင့် PNLO-NCA/S ဆိုကာ ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာ ၉ ရက်နေ့စွဲဖြင့် ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။
PNLO သည် NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က တခြားသော တိုင်းရင်းသား လက်နက် ကိုင် ၇ ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအ လဲနှင့်အတူ PNLO သည် ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့် အဖွဲ့နှင့် ဗိုလ်မှူးကြီးခွန်သူရိန်(လက်ရှိ ဥက္ကဌ)ဦး ဆောင်သော အဖွဲ့ဆိုကာ ၂ ဖွဲ့ကွဲသွားသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာရဲ့ ထုတ်ပြန်ချက်ကိုတွေ့ရစဉ်
ထိုသို့ PNLO ၂ ဖွဲ့ကွဲသွားစဉ် ခွန်သူရိန် ဦးဆောင်သည့်အဖွဲ့က မြန်မာ့တပ်မတော်ကို တိုက်ခိုက်မည့် နွေဦးတော် လှန်ရေး အင်အားစုများအဖြစ် ရပ်တည်မည်ဖြစ်ကာ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သောအဖွဲ့က NCA လမ်းစဉ် အပေါ် ဆက်လက်ရပ်တည်မည် ဖြစ်သည်။
ပအိုဝ်းအမျိုးသားတို့၏ အေးချမ်းသာယာဖွံ့ဖြိုးမှု၊ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုတို့ကို ရှေ့ရှုလျက် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ဦးဆောင်နာယကသည် အရေးပေါ် အခြေအနေတွင် ဥက္ကဌအဖြစ် တာဝန်ယူလျက် PNLO-NCA/S ကို ပြန်လည်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ NCA လမ်းစဉ် နှင့်အညီ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။
ထို့နောက် လတ်တလောအခြေအနေအရ PNLO-NCA/S တွင် ဦးဆောင်အဖွဲ့မှာ ဥက္ကဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးခွန်မင်းသိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နန်းယဉ်ယဉ်စိုးတို့က အသီးသီး တာဝန်ယူကြမည်ဖြစ်သည်။