- By CNI
- Category: နိုင်ငံရေး
- Hits: 561
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉
နစက ကျင်းပမည့်ရွေးကောက်ပွဲကို PR စနစ်တစ်ခုတည်းဖြင့်သာ လုပ်ဆောင်မည်ဆိုပါက ပြည်သူအတွက် ပွင့်လင်းမြင်သာမှုမရှိ၍ ပြည်သူမှ နိုင်ငံရေးပါတီများကို ယုံကြည်ရန်လိုကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
လာမည့် ရွေးကောက်ပွဲအား မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း လက်ရှိတွင် PR စနစ် တစ်ခုတည်းဖြင့်သာ လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထိုသို့ ရွေးကောက်ပွဲ တစ်ခုလုံးကို PR စနစ် တစ်ခုတည်းဖြင့် ပြုလုပ်သွားမည်ဆိုပါက မဖြစ်နိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။

နိုင်ငံရေးပါတီနဲ့ နစကဥက္ကဋ္ဌ တွေ့ဆုံစဉ်
၎င်းက “စနစ်တိုင်း စနစ်တိုင်းမှာ အားနည်းချက် အားသာချက်တော့ရှိတယ်။ အခု ကျနော်တို့ မြန်မာနိုင်ငံက ကျင့်သုံးမယ့် PR စနစ် closed list ဆိုတဲ့အခါ ပါတီကို မဲပေးတဲ့စနစ်ပေါ့။ ပါတီကိုပေးလိုက်ပေါ့ဗျာ closed list ဆိုတဲ့အခါကြ တော့ ပါတီကနေမှ ကိုယ်စားလှယ်လောင်းစာရင်းတွေ တင်သွင်းထားမယ် ကော်မရှင်မှာ။ ဘယ်နှ ယောက်ရတယ် ဆိုရင် သူက တာဝန်ထမ်းဆောင်ပေါ့လေ။ အဲဒါကတော့ ပြည်သူအတွက် ပွင့်လင်းမြင်သာမှု မရှိ ဘူးဆိုတဲ့ အခါကြတော့ ပြည်သူက ပါတီကိုယုံကြည်ဖို့တော့ လိုတယ်။ သူ့အားသာချက်ကတော့ ပါတီက စီမံခန့်ခွဲမှု ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကို ပါတီက ထိန်းလို့ရတယ်ပေါ့ PR နဲ့ပတ်သက်လာရင်။ ဘာလို့ဆို ဒီကိုယ်စားလှယ်က ပြည်သူ့အကျိုး မလုပ်ဘူး။ ပါတီကလည်း အားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ဆိုရင်တော့ ဒီကိုယ်စား လှယ်ကို ပြန်ငြင်းလို့ ရပါတယ်။ FPTP မှာကြတော့ ကိုယ်စားလှယ်ကို ပါတီက ဖြုတ်ချဖို့မလွယ်ပါဘူး။ သူက FPTP နဲ့ သွားတဲ့အခါကြတော့ ပါတီစကား နားထောင်ထောင်၊ မထောင်ထောင် သူလုပ်ချင်ရာ လုပ်လို့ရတာပေါ့ ကိုယ်စား လှယ် ဖြစ်သွားရင်။ ဒါကို ပါတီကလည်း သူနဲ့မကိုက်ညီဘူး မင်းနားတော့လို့ ပြောလို့မရဘူး။ PR မှာတော့ အဲဒီလို ပြောလို့ရတဲ့ အဆင့်လေးရှိတာပေါ့” ဟု ပြောသည်။
ရွေးကောက်ပွဲဥပဒေ မထွက်သေးသော်လည်း ကျင်းပမည့် စနစ်နှင့်ပတ်သက်၍ နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲမှုများ ရှိနေကြသည်။
FPTP စနစ်သည် မဲဆန္ဒနယ်တစ်ခု၌ ဆန္ဒမဲ အများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်း ကိုသာ ရွေးကောက် တင်မြှောက်ခြင်းဖြစ်ပြီး PR စနစ်သည် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီး ပုဂ္ဂလများ ရရှိသည့် ဆန္ဒမဲ အရေအတွက်အပေါ် မူတည်ကာ လွှတ်တော်ကိုယ်စားလှယ် နေရာများကို အချိုးကျ ခွဲဝေရရှိနိုင် သည်။
လက်ရှိ မြင်တွေ့နေရသည့် လုံခြုံရေးနှင့် အသက်အန္တရာယ် စိုးရိမ်စရာ အခြေအနေများကြောင့် ပါတီအားလုံး ကိုယ်စား ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) အနေဖြင့် ရွေးကောက်ပွဲကို PR စနစ်ဖြင့်သာ ကျင်းပစေချင်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဇူလိုင် ၂၈ ရက်က ပြုလုပ်သည့် ပါတီသတင်းစာ ရှင်းလင်းပွဲမှာ သတင်းဌာနများကို ပြောသည်။

မြန်မာနိုင်ငံ မြေပုံနဲ့ အမတ်များရဲ့ တရားမျှတခြင်းကို ပြသထားစဉ်
၎င်းက “အခုဆို နိုင်ငံရေးပါတီ နှစ်မျိုးနှစ်စား ရှိပါတယ်။ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ယှဉ်ပြိုင်မယ့် ပါတီရယ်၊ ပြီးရင် တိုင်းနဲ့ပြည်နယ်တစ်ခု သို့မဟုတ် တစ်ခု ထက် ပိုပြီးတော့မှ မှတ်ပုံတင်ပြီးတော့မှ ယှဉ်ပြိုင်မယ့်ပါတီတွေ ဖြစ်တယ်။ ဒီလိုပါတီမျိုးတွေလည်း အခွင့်အလမ်း ပိုရတာ ဖြစ်ပါတယ်။ ပါတီအသေးတွေလည်း ပိုပြီးတော့မှ ရွေးကောက်ပွဲမှာ ဝင်လာနိုင်မယ်၊ အောင်နိုင်မယ်ပေါ့နော်။ ပြီးရင် လွှတ်တော်ကလည်း အရောင်အသွေး စုံလင်မယ် ပေါ့။ ပါတီအကုန်လုံးကို ကိုယ်စားပြုပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်လာရင် ပိုပြီးတော့မှ အရောင်အသွေးစုံလင်တဲ့ လွှတ်တော်ဖြစ်မှာပေါ့နော်။ အဲဒါက အားကောင်းတဲ့ အချက်ဖြစ်တယ်။ ပြီးရင် နိုင်ငံရေး ပါတီတွေ အနေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားပြီးတော့ ကိုယ်စားလှယ်လောင်းတွေနဲ့ ပါဝင်ကြတဲ့ လူတစ်ဦးချင်းစီ နိုင်ငံသားတစ်ဦးချင်းစီ လုံခြုံရေးကို ကာကွယ်ပြီးသား ဖြစ်တာပေါ့” ဟု ပြောသည်။
PR စနစ်သည် ကိုယ်စားလှယ်လောင်း မည်သူမည်ဝါဖြစ်ကြောင်း မသိရဘဲ ပါတီကိုသာ မဲပေးကာ ရွေးချယ်ရခြင်း ဖြစ်သည့်အတွက် အကောင်း၊အဆိုး နှစ်မျိုးစလုံးရှိသည့် စနစ်တစ်ခုလည်း ဖြစ်သည်။
PR စနစ်အရ ရွေးကောက်ပွဲ ကျင်းပမည်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်ကို ပြည်သူက မဲပေးရွေးချယ်၍မရဘဲ ပါတီက ရွေးချယ်သွား၍ လူထုနှင့် ကိုက်ညီသူဖြစ်/မဖြစ် မသိရကြောင်း၊ ပါတီတွင်း အုပ်စုဖွဲ့၍ လွှတ် တော် ကိုယ်စားလှယ်များ ရွေးချယ်မှု ဖြစ်လာနိုင်ကြောင်း၊ ပြည်သူ့အကျိုးထက် ပါတီတွင် ကိုယ်စားလှယ်အဖြစ် ထောက်ခံပေးသူ၏ ဩဇာလွှမ်းမိုးခံဖြစ်သွားနိုင်ကြောင်း၊ အဂတိတရားများ ရှိလာနိုင်ကြောင်း နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်သော်လည်း နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဦးစား ပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်း UEC က CNI သတင်းဌာနသို့ ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 932
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈
ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲများအပေါ် ဝေဖန်မှုများနှင့် သဘောထား မှတ်ချက်များ မပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းက ဘယ်လို သဘောဆောင်လဲဆိုသည့်အပေါ် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကဲခတ်များကြား သုံးသပ်လျက်ရှိနေကြသည်။
နိုင်ငံတကာရှိ အမေရိကန်သံရုံးများ အနေဖြင့် ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲများအပေါ် ဝေဖန်ခြင်းနှင့် မှတ်ချက်ပေးခြင်းများ မလုပ်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် တားမြစ်ခဲ့သည်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပနိုင်ငံများ၏ ရွေးကောက်ပွဲနှင့်ပက်သက်ပြီး အပြင်းအထန်မှတ် ချက်ပေးခြင်း၊ ဝေဖန်ခြင်းများမလုပ်ရန် ညွန့်ကြားချက်သည်
အမေရိကန်၏ တားမြစ်ချက်သည် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကောင်းသည့်အချက်ဖြစ်ကြောင်း၊ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

သမ္မတထရမ့် အမိန့်အာဏာ လက်မှတ်ထိုးနေစဉ်
၎င်းက “အင်မတန်ကောင်းမွန်တဲ့ အချက်ပါနော်။ ဘာဖြစ်လို့လဲဆိုရင် သူက အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကိုက ဒါသူကိုယ်တိုင် ခံစားခဲ့ရတယ်လေ။ နိုင်ငံတကာ ကနေလာတဲ့ ဟိုဟာပေါ့နော် ကြိုတင်မဲတွေနဲ့ ရှုံးရတာတို့ ဘာတို့ သူကြုံခဲ့ရတယ်လေ။ အွန်လိုင်းကလာတဲ့ မဲတွေဘာတွေ အမျိုးမျိုးပေါ့ဗျာ။ အမေရိကန်စနစ်မှာ သူကိုယ်တိုင် ခံခဲ့ရတယ်ပေါ့။ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒ အရွှေ့ပေါ့။ အရွှေ့ဆိုတာက ဟိုးတုန်းက ကျနော်တို့ ကိုယ့်ပြည်တွင်းရေးကိုပဲ ကိုယ်ဂရုစိုက်တဲ့ ပေါ်လစီ ချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူက ဒီမူဝါဒကို လက်မလွှတ်သေးဘူး အမေရိကန်တွေ အနေနဲ့ကလည်း ဒါတွေက ကင်းလွတ်ပြီးတော့ သူ့ဘာသာသူပေါ့နော်။ သူ့ရဲ့နိုင်ငံ စီးပွားရေးကို ပြန်ပြီးတော့ တိုးတက်စေရမယ်။ ဒီလို သူတစ်ပါးရဲ့ နိုင်ငံရေးတွေမှာ ဝင်စွက်ပြီးတော့ ဒါတွေကို အမေရိကန်က ဝင်ရှုပ်တဲ့သဘောမျိုး မဖြစ်အောင် စစ်ရေးအရမှ ပတ်သက်တာမှ မဟုတ်ဘူး။ နိုင်ငံရေးအရလည်း ဝင်မစွက်နဲ့လို့ဆိုပြီး ဒါက သမ္မတကြီး ဒေါ်နယ်ထရမ့် ကနေပြီးတော့ ညွှန်ကြားချက်ဖြစ်ပါတယ်။ နိုင်ငံခြားရေးပေါ်လစီရဲ့ အရွှေ့ပြောင်း တစ်ခုဖြစ်သလို ပေါ့နော်။ အရွှေ့တစ်ခု ဖြစ်သလို ကျနော်တို့ မြန်မာနိုင်ငံလိုပေါ့။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ကလည်း ကောင်းတဲ့ အချက်ပါလို့ ကျနော်က ပြောချင်ပါတယ်”ဟု ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဒေါ်နယ်ထရမ့်ဆီ စာပေးပို့ပြီးနောက် နှစ်ပတ်အကြာမှာ အမေရိကန်က မြန်မာစီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးဂျွန်နသန် မျိုးကျော်သောင်း၊ ဦးအောင်လှိုင်ဦး၊ ဦးစစ်တိုင်းအောင်၊ ဒေါ်တင်လတ်မင်းတို့ကို ပိတ်ဆို့ အရေးယူမှု စာရင်းကနေ ပယ်ဖျက်ကြောင်း ၂၀၂၅ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။
ရွေကောက်ပွဲနှင့်ပက်သက်ပြီး ဘာမှမပြောရန် ညွန့်ကြားချက်သည် ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်းတွင် ထူးထူးခြားခြား ဖြစ်စဉ်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
၎င်းက “ဒီတစ်ခါကတော့ ထရမ့် တက်လာပြီးနောက်ပိုင်းမှာ ဒါတော်တော် ထူးထူးခြားခြား ဖြစ်စဉ်တွေပေါ့။ တောက်လျောက်က အမေရိကန်ရဲ့ ပုံသဏ္ဍာန်က အမြဲတမ်း သူက ဟိုဟာဖြစ်တာကို ရွေးကောက်ပွဲတွေ ဘယ် ရွေးကောက်ပွဲ ဘာဖြစ်တယ် ရွေးကောက်ပွဲ ဘယ်လိုဖြစ်တယ်ဆိုတာ သူတို့က အမြဲတမ်း ဒါမျိုးရှိတယ်။ ဒီတစ်ခါမှာကတော့ ဒါမျိုး လုံးဝမလုပ်ပါနဲ့ဆိုတဲ့ဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေ နိုင်ငံခြားရေးပေါ်လစီ ဒီဇိုင်းက တော်တော်ကို ချိန်းသွားပြီဆိုတဲ့ သဘောပေါ့။ ချိန်းသွားပြီးဆိုတဲ့ သဘောဖြစ်တဲ့ အခါကြတော့။ ဒါအစ်ကို တို့ တိုင်းပြည်အနေနဲ့ကတော့ တစ်ခုပိုကောင်း ကိုယ့်တိုင်းပြည် အတွက်ကတော့ ပိုကောင်းတာပေါ့။ အမြဲတမ်း ဒီရွေးကောက်ပွဲတွေက ဟိုလိုရှိတယ် ဒီလိုရှိတယ်ဆိုတာ အပြောခံရတဲ့ အနေအထားမျိုးရှိတဲ့ အခါကြ တော့ အခုက ဘာပဲဖြစ်ဖြစ် ဒါမျိုး ဘယ်တိုင်းပြည်ကိုမှ မလုပ်ပါနဲ့ဆိုတော့ ဒါကောင်းတဲ့ ကိုယ်တွေအတွက်တော့ ပိုကောင်းတဲ့ အခင်းအကျင်း ဖြစ်တယ်လို့တော့ ယူဆရမှာပေါ့”ဟု ပြောသည်။
နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၇ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရ သည့် နိုင်ငံရေးပါတီအား နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
လက်ရှိ မြန်မာပြည်သူလူထုသည် စစ်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ရောဂါဘေး စသည့် ကပ်ဘေး များကို ရင်ဆိုင်ကျော်ဖြတ်နေရသလို လူမူရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ပညာရေးတို့တွင်လည်း အလွန် နိမ့်ကျလာခြင်းကို ရင်ဆိုင်နေကြရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1042
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈
နစက ကျင်းပမည့် ရွေးကောက်ပွဲကို စနစ်နှစ်မျိုးဖြင့် လုပ်ဆောင်ခြင်းက ပြည်သူလူထုကို ခေါင်းရှုပ်စေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဇူလိုင် ၂၈ ရက်တွင် ပါတီသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်၍ ပါတီကြီးအချို့နှင့် တိုင်းရင်းသားပါတီများကြား သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောသည်။
၎င်းက “ကျမ အခုကြားတာပေါ့နော်။ ကျမကတော့ ပြီးခဲ့တဲ့ ၄ နှစ်က နစကမှာဆိုတော့ ကျမတို့ ပါတီအနေနဲ့တော့ UEC က ဖိတ်ကြားတဲ့ အစည်းအဝေးတွေကို တက်ရောက်ပါတယ်။ အဲဒီမှာ ပါတီတွေရဲ့အသံပေါ့နော်။ USDP က လွဲ၍ပေါ့ ဒါကျမရဲ့ နားလည်ချက်ပေါ့။ အတိအကျလည်း မှန်ချင်မှမှန်မယ်။ USDP ကတော့ FPTP ကို ကြိုက် တယ်။ ဒါပေမယ့် တခြားပါတီအငယ်တွေ၊ တိုင်းရင်းသားပါတီတွေက PR ကို ကြိုက်တယ်။ အဲဒီလိုမျိုး သဘော အသံတွေ ထွက်ကြပါတယ်။ အသံတွေ ထွက်ပြီးတော့မှ ကျမ အခုကြားနေတာပေါ့နော် မှန်ချင်လည်းမှန်မယ်၊ မှန်ချင်မှလည်း မှန်မယ်။ ပြည်သူ့လွှတ်တော်တစ်ခုကတော့ FPTP နဲ့သွားမယ်။ ကျန်တဲ့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကတော့ PR နဲ့သွားမယ်ဆိုပြီး ပြောမယ်ဆို Hybrid လိုပေါ့။ ဒီရွေးကောက်ပွဲစနစ် နှစ်ခု ကို တစ်ပြိုင်နက် ကျင့်သုံးတာ၊ ရောပြီးကျင့်သုံးတာ။ အဲဒါ ပြည်သူလူထုကို မျက်စိ၊ ခေါင်းရှုပ်စေမယ်လို့ ထင်ပါ တယ်။ ပြည်သူလူထု နားလည်မှု ပိုခက်မယ်လို့ ထင်ပါတယ်။ တကယ်လို့ PR လုပ်မယ်ဆို PR ပဲလုပ်လိုက်ပြီး PR ဆိုတာဘာလဲ ပါတီကိုမဲပေးရမယ်။ ပါတီရဲ့ကိုယ်စားလှယ်တွေကိုတော့ ပါတီက တာဝန်ယူပြီးတော့မှ ကိုယ့် ကိုယ်စားလှယ်တွေ ကောင်းဖို့အတွက် ပါတီက ရွေးချယ်ရမယ့် တာဝန်ရှိတယ်။ နောက်ကြောင်း ရာဇဝင်ရှင်းဖို့၊ ရာဇဝတ်မှု ကင်းရှင်းဖို့တို့၊ လိမ်လည်တာတွေ မရှိဖို့လိုအတွက်တော့ ပြည်ထဲရေးတို့ ဘာတို့ကနေ နောက်ကြောင်း ရာဇဝင်လိုက်ပြီးတော့ UEC က လုပ်ရမယ်ပေါ့” ဟု ပြောသည်။

နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
နစကမှ ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်က ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) က CNI သတင်းဌာနသို့ ပြောထားသည်။
သို့သော် လက်ရှိတွင် USDP အပါအဝင် တိုင်းရင်းသားပါတီအချို့တို့မှ လူပုဂ္ဂိုလ်များအပေါ် အသက်အန္တရာယ် စိုးရိမ်စရာ ကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံရေးပါတီများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြသည်။
ထို့ကြောင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲစနစ် နှစ်ခုထဲ၌ PR စနစ်တစ်မျိုးတည်းကိုသာ ကျင့်သုံးစေချင်သည့် နိုင်ငံရေးပါတီများလည်းရှိသည်။
PR စနစ်သည် ကိုယ်စားလှယ်လောင်း မည်သူမည်ဝါဖြစ်ကြောင်း မသိရဘဲ ပါတီကိုသာ မဲပေးကာ ရွေးချယ်ရခြင်း ဖြစ်သည့်အတွက် အကောင်း၊အဆိုး နှစ်မျိုးစလုံးရှိသည့် စနစ်တစ်ခုလည်း ဖြစ်သည်။
၂၀၁၅ ခုနှစ်က ကျင်းပသည့် ရွေးကောက်ပွဲ၌ FPTP စနစ်ဖြစ်သော်လည်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်းထက် NLD ပါတီကိုသာ ကြည့်၍ လူထုက မဲပေးခဲ့ကြသောကြောင့် ပါတီကိုမဲပေးခြင်းက လူထုအတွက် စဉ်စားဆုံးဖြတ်ရ ပို၍လွယ်ကူမည်ထင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။

နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
၎င်းက “ကောင်းတာနဲ့ မကောင်းတာ ဒွန်တွဲနေတာပေါ့နော်။ ကောင်းတာကတော့ ဘာရှိလဲဆိုရင် ရွေးကောက်ပွဲ အောင်မြင်ဖို့ ပိုများတယ်။ ပြီးတော့ လုံခြုံရေးအရ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးအရ ပိုကောင်းတယ်။ သို့သော်လည်း ပါတီက တာဝန်ပိုကြီးတယ်။ ပါတီက သူက ရွေးထားရတာကို။ ပြည်သူက ရွေးတာ မဟုတ်ဘဲ ပါတီက ရွေးထားတာဆိုတော့ ပါတီက တာဝန်ပိုကြီးတယ်။ ပြီးရင် ပါတီကတော့ အနည်းဆုံးတော့ သူ့ရဲ့ မူဝါဒတွေကို ပြောထားရမှာပေါ့။ ဘယ်သူပဲလာလာ၊ ဘယ်သူပဲ ကိုယ်စားလှယ်လောင်းအနေနဲ့၊ ကိုယ်စားလှယ် အနေနဲ့ ထည့်ထည့် ပါတီရဲ့မူဝါဒကိုပဲ တစိုက်မတ်မတ် အကောင်အထည် ဖော်ရမှာဆိုတော့ ပါတီက ပိုပြီးတာဝန် ကြီး သွားတယ်။ ပြည်သူလူထု အနေနဲ့ကြည့်ရင်ကြတော့ လူကိုတော့ ရွေးလို့မရတော့ဘဲနဲ့ ပါတီကိုပဲ ရွေးရတာ။ အဲဒီပါတီကို ဘာကို ကြည့်မလဲဆို ပါတီဦးဆောင်တဲ့သူ၊ ပါတီရဲ့မူဝါဒတွေကို ကြည့်ပြီး ရွေးရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ကလည်း အဲဒီလိုပဲ ဖြစ်ခဲ့တာလေ။ ၂၀၁၅ ကဆိုရင် NLD ကိုပဲ မဲပေးခဲ့ကြတာ၊ ကိုယ်စားလှယ် လောင်း ဖြူသည် မဲသည် မသိဘူးပေါ့။ ပါတီကိုပဲ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါ FPTP လိုမျိုး အချိန်မှာတောင် မှ ဒီလိုပဲ ပါတီကိုပဲကြည့်ပြီး မဲပေးခဲ့ကြတာပေါ့။ အဲဒါကြောင့် ပြည်သူလူထု အနေနဲ့ စဉ်းစားဆုံးဖြတ်ရတာ ပိုပြီး လွယ်ကူမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
FPTP စနစ်၏ သဘောကတော့ မဲဆန္ဒနယ်တစ်ခု၌ ဆန္ဒမဲအများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ ရွေးကောက်တင်မြှောက်သည့် စနစ်ဖြစ်ပြီး PR စနစ်သည် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီး ပုဂ္ဂလများရရှိသည့် ဆန္ဒမဲအရေအတွက်အပေါ် မူတည်ကာ လွှတ်တော်ကိုယ်စားလှယ် နေရာများကို အချိုးကျ ခွဲဝေရရှိနိုင်သည့် ရွေးကောက်ပွဲစနစ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်သော်လည်း နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဦးစား ပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်း UEC က CNI သတင်းဌာနသို့ ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1040
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၇
ဂွေထု/လဝါယန်ဌာနေပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးနော်လီသည် ဒုခေါင်းဆောင် ဦးအောင်ဂမ်ကို သတ်ဖြတ်၍ လေစီးကာ ထွက်ပြေးသွားသဖြင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စစ်ဆေးအရေးယူပေးရန် ဂွေထု/လဝါ ယန် ဌာနေပြည်သူ့စစ်အဖွဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့စွဲဖြင့် စာပေးပို့ တိုင်ကြားခဲ့သည်။
အဆိုပါ စာကို ဂွေထု/လဝါယန်ဌာနေပြည်သူ့စစ်အဖွဲ့၏ အောက်မြန်မာပြည်စီးပွားရေး(တာဝန်ခံ) ဗိုလ်မှူးချုပ် ဦးညွန့်စိန်က လက်မှတ်ထိုး၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စာပေးပို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

- By CNI
- Category: နိုင်ငံရေး
- Hits: 941
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅
မြန်မာနိုင်ငံသည် အမေရိကန်နှင့် သံတမန်ဆက်ဆံရေးကောင်းဖို့အတွက် နိုင်ငံရေးပွင့်လင်းမြင်သာမှုရှိရန် လိုအပ် သည်ဟု စီးပွားရေးနှင့်နိုင်ငံရေး အသိုင်းအဝန်းက ထောက်ပြကြသည်။
အမေရိကန်သည် နစက အဖွဲ့ဝင်များ၊ နစကနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များကို စီးပွားရေး ပိတ်ဆို့အ ရေးယူမှု စာရင်းထဲမှာ ထည့်သွင်းထားသလို ကုန်သွယ်ခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု ကြေညာထား သည်။
မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့်ဆက်ဆံရေး ကောင်းလာရေး နိုင်ငံရေးပွင့်လင်းမှုများ လိုအပ်ကြောင်း၊ အမေရိကန် လွှတ်တော်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကို နားလည်လာအောင် ကြိုးစားသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက“တရားစီရင်ရေး အပိုင်းရယ်၊ ဥပဒေပြုရေး အပိုင်းရယ်၊ အုပ်ချုပ်ရေး အပိုင်းရယ်ပေါ့။ ဒီသုံးခုကို ကျနော်တို့က ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုပါတယ်။ သို့သော် ဘာပဲပြောပြော အမေရိကန်လွှတ်တော်မှာ အများစုကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံရေးအခြေအနေကိုတော့ အုပ်ချုပ်ရေးအဖွဲ့လောက် ဂဃနဏ မသိဘူး။ နောက် တစ်ခုကတော့ သမ္မတကို ကျနော်တို့က ပြောရရင်တော့ ဆက်ဆံရေး ကောင်းမွန်တယ်လို့ ကောင်းမွန်ဖို့ အစပျိုး လာတယ်လို့ ယူဆရင် အမေရိကန်ကွန်ကရက် လွှတ်တော်ကလည်း ကျနော်တို့အပေါ်မှာ ဆက်ဆံရေး ကောင်း လာအောင် ကျနော်တို့ အနေနဲ့ ဘာပဲပြောပြော တစ်ခုခုလုပ်ပြဖို့ လိုတယ်။ လုပ်ပြရင်လည်း သူတို့က လက်ခံမယ့် သဘောရှိပါတယ်။ အဲတော့ ကျနော်တို့ အမေရိကန် လွှတ်တော်ပိုင်းကလည်း ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီးတော့ ပိုပြီးတော့ နားလည်လာအောင် ကျနော်တို့ဘက်က ကြိုးစားရမယ့် ဝတ္တရားရှိတယ် ကျနော်တို့ဘက်က နိုင်ငံရေး ပွင့်လင်းမှုတွေ ဥပမာ ရွေးကောက်ပွဲလိုပေါ့။ ဒါမျိုးတွေ လုပ်ပြဖို့ တာဝန်ရှိတယ်လို့ ကျနော်က ထင်ပါ တယ်။ ပိုကောင်းလည်း ကောင်းလာမှာပါလေ”ဟု ပြောသည်။

မြန်မာနိုင်ငံအလံကို တွေ့ရစဉ်
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခြင်းကို ဖြေလျော့ရုပ်သိမ်းပေးရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးပို့ခဲ့သည်။
နစကဥက္ကဋ္ဌ သမ္မတထရမ့်ဆီ စာပေးပို့ပြီးနောက် နှစ်ပတ်အကြာမှာ အမေရိကန်က မြန်မာစီးပွားရေးလုပ်ငန်းရှင် များဖြစ်သည့် ဦးဂျွန်နသန် မျိုးကျော်သောင်း၊ ဦးအောင်လှိုင်ဦး၊ ဦးစစ်တိုင်းအောင်၊ ဒေါ်တင်လတ်မင်းတို့ကို ပိတ်ဆို့ အရေးယူမှုစာရင်းကနေ ပယ်ဖျက်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။
လက်ရှိ အမေရိကန်သမ္မတသည် ၎င်းဖြစ်ချင်သည်ကို ဖြစ်အောင်လုပ်သည့် သရုပ်သဏ္ဍာန် စရိုက်ရှိသည့်အတွက် ၎င်းနှင့် ပြေလည်ရန် ကြိုးစားခြင်းမျိုး လုပ်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီ တောင်းဆိုနေကြစဉ်
၎င်းက ‘သူက အဓိက,က အုပ်ချုပ်ရေး အပိုင်းနဲ့ နောက်တစ်ခါ ဥပဒေပြုရေးအပိုင်းပေါ့။ သမ္မတ သူ့လုပ်ပိုင်ခွင့်နဲ့ ချက်ချင်း ဆုံးဖြတ်လို့ရတယ်။ သဘောတစ်ခုရှိတာက အခု ဒီလောလောဆယ် အနေအထားက ကြတော့ ဘာလဲဆို တော့ သမ္မတနဲ့ပြေလည်ဖို့လိုတယ်။ လောလောဆယ် အမေရိကန်နိုင်ငံရေး အခင်းအကျင်းကလေ အရင်လိုသူက စနစ်နဲ့သွားပြီး တွေးလို့မရဘူး။ လောလောဆယ်က သမ္မတရဲ့ သဘောတရား ဘယ်လိုခေါ်မလဲ။ သူဆုံးဖြတ်တဲ့ ဟာကို ဖြစ်အောင် အတင်းလုပ်နေတဲ့ သဘောရှိတာပေါ့။ ဒါကို ဘယ်လိုခေါ်မလဲ ကမ္ဘာ့စနစ်ကို ဘယ်လိုထိန်းချုပ်ထားလဲ သိဖို့လိုတာပေါ့။ သူနဲ့ကတော့ မပြေလည်လို့မရဘူး။ သူလုပ်ချင်ရင်ဖြစ်အောင် လုပ်တဲ့ စရိုက်လက္ခဏာ ရှိတာပေါ့။ လွှတ်တော်က ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အဲတော့ သူဘယ်လို ဘယ်လောက် အတိုင်းအတာထိ အောင်မြင်အောင် ချဉ်းကပ်နိုင်သလဲ၊ နားဝင်ဖို့ ပြောနိုင်လဲဆိုတာ အရေးကြီးတာပေါ့”ဟု ပြော သည်။
လက်ရှိတွင် နစကသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့၌ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ် နေပြီး အနိုင်ရရှိသည့် နိုင်ငံရေးပါတီအား နိုင်ငံတော်လွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။
ထို့နောက် အမေရိကန်ကလည်း နိုင်ငံတကာ ရွေးကောက်ပွဲများအပေါ် မည်သည့်မှတ်ချက်မှ မပေးကြရန် ထုတ်ပြန်ထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 984
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅
နစကလက်ထက် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်ထိ အစိုးရဌာနဆိုင်ရာများနှင့် လက်နက် ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများ အားလုံးသည် ကိုယ်ကျိုးစီးပွားကို ပိုမိုလုပ်ဆောင်လာကြကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ပြောသည်။
ဌာနဆိုင်ရာများအနေဖြင့် အာဏာကို အသုံးချကာ အကျိုးစီးပွားအတွက် လုပ်ဆောင်ကြသကဲ့သို့ လက်နက်ကိုင် များ အနေဖြင့်လည်း လက်နက်ကိုင်ဆောင်ကာ အကျိုးစီးပွားအတွက် လုပ်ဆောင်နေကြကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “SAC က အာဏာယူပြီး နောက်ပိုင်းမှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ့်အကျိုးစီးပွား၊ သူ့အကျိုးစီးပွား လက်နက်ကိုင်တဲ့သူ အားလုံးကိုက ကိုယ်ကျိုးစီးပွားပဲ ရှာနေကြတာ။ လက်နက်ကိုင်က သူတို့ ကိုယ်ကျိုးရှာတာတို့ ဘာတို့ရှိကြပြီဆိုရင် ကျနော်တို့ လွှတ်တော်ကနေမှ အော်နေပါတယ် ပြည်သူ့အသံတွေကို။ လွှတ်တော်ကပြောတဲ့ အခါကြတော့ အရေးယူတာတွေရှိတယ်။ လက်နက်ကိုင်တွေ ဒီလောက်ကြီး ရဲရဲတင်းတင်း မလှုပ်ရဲဘူးပေါ့။ အခုကျနော်တို့ ပြည်သူ့အသံတွေ ပြောမယ့် လွှတ်တော်လည်း မရှိတဲ့အခါကြတော့ အစိုးရနားထဲ ပေါက်အောင် ဗဟိုအစိုးရကို ရောက်အောင် မပြောနိုင်တဲ့အခါကြတော့ အောက်ခြေမှာ လုပ်ချင်တိုင်း လုပ်နေကြ တာပေါ့။ အရပ်သားအစိုးရခေတ်တုန်းက သူတို့ဒီလောက်ကြီး မလုပ်ရဲဘူး။ ဌာနဆိုင်ရာကအစပါ။ ဒီကနေ့ ဌာနဆိုင်ရာတွေကအစ အကုန်လုံး လက်နက်ကိုင်တွေရော တစ်ဖက်က အာဏာနဲ့လုပ်စားတယ်။ တစ်ဖက်ကနေ လက်နက်နဲ့လုပ်စားတာပေါ့။ အဲဒီပုံစံမျိုးလုပ်တဲ့အခါ ပြည်သူမှာ နင့်နေအောင် ခံနေရတာပေါ့” ဟု ပြောသည်။

လက်နက်ကိုင်အဖွဲ့ကို တွေ့ရစဉ်
ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်၌ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲအချို့ကြောင့် ဝန်ထမ်းအချို့သည် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများရှိခဲ့သည့်အတွက် ၎င်းအကျိုးသက်ရောက်မှုကို ယခု နစက လက်ထက်တွင် ပြန်ခံစားလိုက်ရခြင်းဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ နစက လက်ထက်တွင်လည်း မဲမသမာမှုကိစ္စကို အဓိက ဦးတည်ထားပြီး နိုင်ငံရေးအရ အေးဆေးစွာ ဖြေရှင်း၍ရမည် အထင်ဖြင့် လုပ်ဆောင်လာရာတွင် တစ်ဖက်၌ လျော့ရဲမှုများဖြစ်သွားကာ ယခုအခြေအနေအထိ ရောက်သွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “အဓိက,က စနစ်ပါပဲ။ ဘယ်စနစ်ကို တည်ဆောက်မှာလဲ။ အဲဒီစနစ်ထဲမှာ ပါဝင်ပြီး လှုပ်ရှားမယ့် လူတွေက ဘယ်လို အရည်အချင်းတွေနဲ့ သတ်မှတ်ရမယ်။ အဲဒါကတော့ ရွေးကောက်ခံ ကိုယ်စားလှယ်ပေါ့။ နိုင်ငံရေးသမားတွေပေါ့။ အရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်ရေးယန္တရားပိုင်းက ဒီမိုကရက်တွေ ဒါတွေပေါင်းပြီးတော့ လုပ်သွားမယ်ဆိုရင် ကောင်းမွန်တဲ့ စနစ်ယန္တရားတစ်ခု အဲဒါကို တည်ဆောက်နိုင်မယ်ဆိုရင် ဒါက ပြန်ပြီးတော့ အဆင်ပြေသွားပါလိမ့်မယ်။ သို့သော် တစ်ခုတော့ ရှိတာပေါ့လေ။ တည်ဆောက်တဲ့ နေရာမှာ အကုန်လုံးက ကောင်းမွန်တဲ့ စနစ်တစ်ခု ရောက်အောင်သွားမယ်။ နိုင်ငံအတွက် အဆင်ပြေအောင် ဝိုင်းလုပ်ကြ မယ်ဆိုတဲ့ စိတ်လေးနဲ့ ဝိုင်းဝန်းပြီးတော့ ပူးပေါင်းပါဝင်ကြဖို့ လိုလိမ့်မယ်။ အဲဒီကြရင်တော့ ပြည်သူလူထုရဲ့ ကူညီမှု အပိုင်းတွေ အများကြီး လိုလာပါလိမ့်မယ်။ အဲဒါတွေ အကုန်စုံသွားပြီဆိုရင်တော့ လက်ရှိ အခြေအနေကနေ ပိုကောင်းတဲ့ အနေထားကို ရောက်သွားပါလိမ့်မယ်” ဟု ပြောသည်။

လေဆိပ်ကိုတွေ့ရစဉ်
နစက လက်ထက်၌ လေဆိပ်တွင် လွယ်ကူချောမွေ့စွာ ပြည်ပထွက်ခွာခွင့်ရရှိရန် အခကြေးငွေပေးရခြင်း၊ နိုင်ငံကူး လက်မှတ် ပြုလုပ်ရာ၌ မြန်ဆန်စွာရရှိစေရန် အခကြေးငွေပေးရခြင်း၊ ဧည့်စာရင်း တိုင်သည့်အခါတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို အခကြေးငွေ ပေးရခြင်း၊ သွင်းကုန်ပို့ကုန် လုပ်ငန်းများ အဆင်ပြေစေရေး စောင့်ရှောက်ပေးရန် နှင့် ခွင့်ပြုပေးရန်အတွက် ဂါရဝပြုမှုများလုပ်ရခြင်းတို့ရှိလာသည်။
အလားတူ အခြားဌာနဆိုင်ရာများနှင့် ဆောင်ရွက်ရာတွင်လည်း အခကြေးငွေ ပေးရခြင်းကိစ္စများ ပိုမိုများပြားလာ သည်။
ထို့ပြင် လက်နက်ကိုင်အင်အားစုများမှာ ယခင်ထက် ပိုမိုပေါများလာသည့်အပြင် ၎င်းတို့တပ်စွဲရာ ဒေသများ၌ အခွန်ကောက်ခံမှု အပါအဝင် ဒေသတွင်းရှိ သံယဇာတများ တူးဖော်ခွင့်ပြုခြင်း၊ သတ္တုတွင်းများ တူးဖော်ခြင်း၊ လက်နက်ရောင်းချခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းအပြင် အခြားသော အကျိုးစီးပွားများကိုလည်း တွင်ကျယ်စွာ လုပ်ဆောင်လာနေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 749
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄
ကရင်ပြည်နယ်အတွင်းက ကျုံဒိုး-ကော့ကရိတ်လမ်းကြောင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်ဟု မြန်မာ့တပ်မတော်မှ ထုတ်ပြန်ခဲ့သည်။
KNU-PDF ပူးပေါင်းတပ်ဖွဲ့သည် ဘားအံ- ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး အပါအဝင် ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့အား သိမ်းပိုက်နိုင်ရေး ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၃ ရက်မှစ၍ သာလွန်အင်အားဖြင့် လမ်းကြောင်း ၅ ကြောင်းကနေ ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထိုလမ်းကြောင်းများမှာ အောက်ဘိုတဲ-ရန်ကုတ်-ကော့ကရိတ် လမ်းကြောင်း၊ အောက်ဘိုတဲ-မြပတိုင်-အုန်းတပင်- အင်းကြီး-ကျုံဒိုးလမ်းကြောင်း၊ ဓိကလုံ-နောင်တမံ-တာဝါလဲ-နွားခြံကုန်း-ကျုံဒိုးလမ်းကြောင်း၊ တောင်ကြာအင်း- မြောက်ကြာအင်း- ကိုးတိုင်- ငါးတိုင် -လေးတိုင် လမ်းကြောင်း၊ စက္ကဝက်- အောင်လှိုင်- တမိုင်ကုန်း- ကော့ကရိတ် လမ်းကြောင်းများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းကြောင်းများကနေ ဝင်ရောက်လာပြီး KNU-PDF ပူးပေါင်းတပ်ဖွဲ့များက ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ပိတ်ဆို့၍ ကျုံဒိုးမြို့နှင့် ကော့ကရိတ်မြို့တို့အား အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဟု မြန်မာ့ တပ်မတော်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် တိုက်ပွဲကြီး ၇ ကြိမ်၊ ထိတွေ့တိုက်ပွဲ ၈၅ ကြိမ် ဖြစ်ပွားခဲ့နောက် ဇူလိုင် ၂၄ ရက်တွင် ကျုံဒိုး-ကော့ကရိတ် လမ်းကြောင်းကို လက်နက်မျိုးစုံ ၃၀ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး ပြန်လည်ထိန်းချုပ် နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မြဝတီမှတဆင့် အာရှလမ်းမကြီး ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေး ကျန်ရှိနေသည့် လမ်းပိုင်းအချို့အား အမြန်ဆုံး ဆက်လက်ရှင်းလင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့တပ်မတော်က ထုတ်ပြန်ခဲ့သည်။
ကော့ကရိတ်မြို့သည် ဘားအံ-မြဝတီကားလမ်းကြီးပေါ်တွင် တည်ရှိပြီး စီးပွားရေး အချက်အချာကျသော မြို့ဖြစ် ကြောင်း၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့် ၄၁ မိုင်ခန့်သာ ကွာဝေးပြီး ကူးသန်းရောင်းဝယ်ရေးအတွက် အဓိက ကျသည့် အာရှလမ်းမကြီးပေါ်တွင် တည်ရှိသည်။
ကော့ကရိတ်မြို့သည် မြဝတီမြို့- ဘားအံမြို့- မော်လမြိုင်မြို့နှင့် ကြာအင်းဆိပ်ကြီးမြို့များသို့ သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်းသော လမ်းဆုံမြို့တစ်မြို့ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 863
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄
နစက၊ တရုတ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အနေဖြင့် လာမည့် ဩဂုတ် ၂၀ ရက်နေ့တွင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြမည်ဟု ပြည်တွင်း/ပြည်ပ သံတမန်အသိုင်းအဝန်းကြား သတင်းများ ထွက်ပေါ်နေသည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဧပြီလ ၂၈ နှင့် ၂၉ ရက်က နစကနှင့် TNLA တို့ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပြီးနောက် တရုတ်ဖိအားကို ရင်ဆိုင်နေရကြောင်း၊ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို သြဂုတ်လအထိ ရွှေ့ထားကြောင်း TNLA က မေလ ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားခဲ့သည်။
မြန်မာ့တပ်မတော်နှင့် TNLA ဩဂုတ် ၂၀ ရက်တွင် တွေ့ဆုံမည်ဟု ကြားသိရကြောင်း၊ သို့သော် ဩဂုတ် ၂၀ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုအပေါ် TNLA ထဲ၌ သဘောထား ကွဲလွဲမှုများ ရှိနေကြကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဩဂုတ်လက ၂၀ ရက်နေ့လို့ ပြောတယ်။ အခုလောလောဆယ်မှာတော့ TNLA ထဲမှာလည်း ၂၀ ရက်နေ့ အစည်းအဝေး သွားမယ်၊ မသွားဘူးဆိုတာလည်း အခုလောလောဆယ် ငြင်းခုန်ဆဲပဲလို့ ပြောနေတာလည်း ရှိပါ တယ်။ ကျနော်တော့ အတိအကျ မသိပါဘူး” ဟု ပြောသည်။

နစကနဲ့ဆွေးနွေးပွဲ တက်ခဲ့တဲ့ TNLA ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးတားဂျုတ်ဂျာကို တွေ့ရစဉ်
လာမည့် ဩဂုတ် ၂၀ ရက်နေ့၌ တွေ့ဆုံဆွေးနွေးမည်ဟု သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်ခဲ့သော်လည်း လက်တလောတွင် ဆက်သွယ်၍ မရသေးပေ။
ဧပြီလ တွေ့ဆုံခဲ့မှုတွင် TNLA ဘက်မှ နှစ်ဖက်တပ်များ ရောက်ရှိသည့် နေရာ၌ ရပ်တန့်ကာ အပစ်အခတ်ရပ်စဲရန်၊ နှစ်ဖက် ထိုးစစ်မဆင်ရန်၊ လေကြောင်းဗုံးကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်းများ ရပ်ရန်၊ နှစ်ဖက်ထိန်းချုပ်နယ်မြေ ဒေသများရှိ ဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် ဆေးဝါးသယ်ယူပို့ဆောင် ရေးအတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် စသည့် အချက် ၃ ချက်ကို တောင်းဆိုခဲ့သည်။
ထို့နောက် နစကဘက်မှ TNLA အနေဖြင့် ၎င်းတို့သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့များရှိ တပ်များကို တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့များသို့ ပြန်ဆုတ် ခွာရန် တောင်းဆိုခဲ့ကြသည်။
အဆိုပါ တောင်းဆိုမှုအပေါ် TNLA က ပယ်ချခဲ့သဖြင့် အပစ်ရပ်ဆွေးနွေးပွဲမှာ အဖြေမရဘဲ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို သြဂုတ်လအထိ ရွှေ့ခဲ့ကြခြင်းဖြစ်သည်။
သို့သော် လက်ရှိတွင် TNLA သိမ်းပိုက်ထားသည့် မြို့များထဲမှ နောင်ချိုမြို့ကို မြန်မာ့တပ်မတော်က ဇူလိုင် ၁၆ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ကို ဇူလိုင် ၂၃ ရက်က ထိန်းချုပ် နိုင်ခဲ့ပြီဖြစ်သည်။
ထို့နောက် မိုးကုတ်မြို့သို့ စစ်ကြောင်းဆင်း၍ ပြန်လည်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များ သုံးသပ်နေကြသလို မိုးကုတ်မြို့ကနေ တရုတ်လုပ်ငန်းရှင်များ ပြန်လည်ထွက်ခွာနေကြ သည်။

သပိတ်ကျင်းမြို့ကို တပ်မတော်က ထိန်းချုပ်လိုက်စဉ်
ထို့ကြောင့် ဩဂုတ်လ တွေ့ဆုံဆွေးနွေးမှုတွင် TNLA အနေဖြင့် ယခင်ကကဲ့သို့ သဘောထား တင်းမာ၍မရတော့ သလို နစကဘက်မှလည်း စစ်ရေးအရ အရေးသာလာသဖြင့် ဆွေးနွေးပွဲတွင် စကားပြောသည့်အခါ ပို၍ ထိရောက် လာနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီအခင်းအကျင်းလည်း ကျနော်တို့လည်း သတင်းကြားတယ်။ ကြားတဲ့အခါကြတော့ ဒီအခင်းအကျင်း လည်း ကောင်းတဲ့ဘက်ကပဲပေါ့ တွေးထားတယ်ပေါ့။ ဘာကြောင့်ဆို တပ်မတော်ဘက်က စစ်ရေးအရ အရေး သာလာတဲ့ အပိုင်းလေးတွေရှိတာပေါ့။ နောင်ချို သိမ်းထားတယ်။ နောက်ပြီးတော့ ၂၂ ရက်နေ့ကဆို သပိတ်ကျင်း ကို ပြန်ထိန်းနိုင်တယ်ပေါ့။ ဒီဇူလိုင် ၇ ရက်နေ့ကစပြီးမှ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၁၀ ကျော်အတွင်းမှာ မြို့ ၃ မြို့ကို ပြန်ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ကိစ္စလေးက ရှိလာတဲ့အခါကြတော့ SAC ဘက်က စစ်ရေးအရ အရေးသာလာ တယ်ဆိုတော့ သူ့အနေနဲ့ ဆွေးနွေးပွဲ စကားပြောတဲ့အခါမှာ ပိုပြီးမှ ထိရောက်လာမယ်လို့ မြင်တယ်။ ကြားထဲက တရုတ်ကြီးကလည်း သူ့အကျိုးစီးပွား ထိခိုက်နေတဲ့ အခါကြတော့ သူ့အကျိုးစီးပွား မထိခိုက်အောင် ပြောမယ် ဆိုရင်တော့ ဆွေးနွေးပွဲလေးက ကောင်းတဲ့ရလဒ် ထွက်လာမယ်လို့ မျှော်လင့်နေတာပဲ။ TNLA ဘက်က သဘော ထားလေးက ဟိုတုန်းကလို သဘောထားတင်းမာလို့ မရတော့ဘူး။ ကျောက်မဲ ပြန်ပေးပါ၊ မိုးကုတ်ကနေ ပြန်ဆုတ် ပါတို့။ သူကတော့ မရဘူးဆိုရင်တော့ စစ်ဆင်ရေးနဲ့ သွားပါလိမ့်မယ်။ ဆွေးနွေးပွဲနဲ့ မရဘူးဆိုရင်ပေါ့လေ။ SAC ကတော့ TNLA ထိန်းချုပ်ထားတဲ့မြို့တွေ အားလုံးရအောင် သူပြန်လုပ်မှာပဲ။ နမ့်ဆန်တို့ မန်တုံတို့ကတော့ TNLA ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေဆိုတော့ အဲဒီမှာလည်း သူတို့ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေတော့ ပြန်တည်ဆောက် ကောင်း တည်ဆောက်လိမ့်မယ်။ အထူးဒေသလိုမျိုး “ဝ” လိုမျိုး မပေးဘဲနဲ့ပေါ့လေ။ TNLA ရဲ့ သဘောထားက တော့ ဘယ်လောက်ပဲ တင်းမာတင်းမာ ယနေ့ အချိန်မှာတော့ သူ့မှာလည်း အခက်အခဲ မြောက်များစွာ ရင်ဆိုင် နေရပြီလေ” ဟု ပြောသည်။
နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့များသည် နစက ထိန်းချုပ်မြို့နှစ်ခုကို ဆက်သွယ်ထားသည့် လားရှိုး - မန္တလေး အမြန်လမ်းပေါ်၌ တည်ရှိနေပြီး တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးအတွက် အခရာကျသည်။
ထိုမြို့များ၏ အရှေ့ခြမ်းတွင် တပ်မတော်က နေရာယူထားသည့် နမ့်ပေါင်၊ တန့်ယန်း၊ မိုင်းရယ်၊ နမ့်လန် စသည့် ဒေသများ ရှိနေသည်။
ထို့ကြောင့် TNLA သာ ပြန်ဆုတ်ခွာခဲ့ပါက လားရှိုး၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းက စစ်အင်အားများကို မြန်မာ့တပ်မတော်မှ ပြန်လည်စုစည်းပြီး စစ်ရေးလှုပ်ရှားမှုများ ပိုမိုအရှိန်မြှင့် လုပ်လာနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များ သုံးသပ်နေကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 672
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့အတွင်းက နေရာအများစုကို မြန်မာ့တပ်မတော်က ဇူလိုင် ၂၂ ရက်မှ စတင်ကာ ပြန်လည် ထိန်းချုပ်လိုက်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF)၊ ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA)နှင့် မိုးကုတ်ဗျူဟာတို့ ပူးပေါင်း၍ မြန်မာ့တပ်မတော်ထံမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၅ ရက်က ထိန်းချုပ်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်သည် သပိတ်ကျင်းမြို့၊ နောင်ချိုမြို့၊ မိုးဗြဲမြို့များကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက် လာခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်ထဲမှာ ကယားပြည်နယ်၊ မိုးဗြဲမြို့ကိုလည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကိုလည်းကောင်း၊ ဇူလိုင် ၂၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့ကိုလည်းကောင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
လက်ရှိတွင် မြန်မာ့တပ်မတော်သည် သပိတ်ကျင်းမြို့အတွင်းက မြို့ဦးတောင်ပေါ် ဘုရားကုန်၊ မြို့တော်ခန်းမ၊ ပြည်သူ့ဆေးရုံ အပါအဝင် အဓိက နေရာအများစုကို ထိန်းချုပ်ထားပြီဖြစ်သည်။
