- By CNI
- Category: နိုင်ငံရေး
- Hits: 1101
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃
လက်ရှိ ၂၀၂၃ ခုနှစ်အတွင်း နာဂလူငယ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က လူသစ်စုဆောင်းမှု ပိုမို လုပ်ဆောင်လာကြောင်း နာဂဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ယခုနှစ်အတွင်း လူသစ်စုဆောင်း ဖမ်းဆီးခံရမှုမှာ ၃၀၀ ကျော်ရှိကြောင်း၊ သို့သော်လည်း အကြောင်း အမျိုးမျိုး ကြောင့် ပြန်လည်လွတ်မြောက်လာခြင်းကြောင့် ၂၀၀ ကျော်ဝန်းကျင် ကျန်ရှိနေသေးကြောင်း ၎င်းက ပြောသည်။
နာဂဒေသခံတစ်ဦးက “သူတို့က ကျနော်တို့ သိရသလောက်ဆိုရင်တော့ ဖမ်းတာသည် ကျနော်တို့ ၂၀၂၃ ဖေဖော်ဝါရီကနေ စက်တင်ဘာအထိကတော့ စာရင်းအရတော့ အဲဒီလောက်တော့ရှိမယ် (၃၀၀)၊ ဒါပေမယ့် သူတို့ ဆီမှာ အဲဒီလောက်တော့ ကျန်မှာ မဟုတ်ဘူး။ တချို့ကြတော့ ပြေးကြတယ်၊ တချို့ကြတော့ ဒီလိုပေါ့၊ ဘယ်လို ပြောရမလဲ မိဘတွေက အဖွဲ့အစည်းတွေနဲ့ လိုက်ပြီးတော့ လွတ်ပေးတဲ့ဟာတွေလည်း အဲဒီတော့ ၃၀၀ တော့ သူတို့ဆီ မကျန်တော့ဘူး။ အဲဒီလိုတော့ ရှိမယ်၊ ၂၀၀ ဝန်းကျင်၊ ၂၀၀ ကျော်တော့ ရှိမယ်လို့ ခန့်မှန်းချေတော့ ရှိမယ်၊ အဲဒါကြတော့ နာဂရယ်ပဲ မဟုတ်ဘဲနဲ့ တိုင်းရင်းသားပေါင်းစုံပေါ့လေ၊ အဲဒီမှာတော့၊ ဒါပေမဲ့ ၉၀ ရာခိုင်နှုန်းကတော့ နာဂကလေးတွေ ဖြစ်တာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
KIA သည် နာဂလူမျိုးများအပေါ် ၂၀၂၁ ခုနှစ်က စတင်ကာ ပိုမိုလူသစ်စုဆောင်းလာခဲ့ပြီး ကချင်ပြည်နယ်အတွင်း နေထိုင်သော နာဂလူငယ်များ သာမက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း၊ ပန်ဆောင်၊ လဟယ်၊ ဒုံဟီး စသော မြို့နယ်များအထိ ဖမ်းဆီးမှုများ ရှိလာသည်ဟု သိရသည်။
အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ CNI က ဖုန်းဆက် သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
KIA အနေဖြင့် နာဂလူငယ်များကို ပြည်သူ့ကာကွယ်ရေးတပ် (PDF)ဆိုသော ခေါင်းစဉ်ဖြင့် လူသစ်စုဆောင်းခြင်း ဖြစ်ကြောင်း နာဂဒေသခံတစ်ဦးက ပြောသည်။

NSCN-K/YA အဖွဲ့ကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့ နားလည်မိတာက ဒီနိုင်ငံရေးကိုတော့ သူတို့ ဘယ်လိုကြောင့် ဆောင်ရွက်သလဲဆိုတာ လက် လှမ်း မမီနိုင်တာတွေလည်း ရှိတယ်၊ ဒါပေမဲ့ ဘယ်လိုပြောမလဲ ကျနော်တို့ရဲ့ ထင်မြင်ယူဆချက်ဆိုလို့ ရှိရင်တော့ ခုနပြောသလိုပဲ သူတို့ကတော့ ကချင်ပြည်နယ်မှာနေရင် ကချင်ပြည်နယ်ရဲ့ ကာကွယ်မှုက လုပ်ရမှာပေါ့ဆိုတဲ့ အဓိကတော့ သူတို့က PDF ဆိုတဲ့ ခေါင်းစဉ်နဲ့ အဓိကအဲဒါနဲ့ လုပ်နေတဲ့အပိုင်းမှာ ဒါပေမဲ့ ကျနော်တို့ သိထားရတာ ကတော့ PDF ဆိုပြီးမှ ဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ မြန်မာနိုင်ငံတစ်ပြည်နယ်လုံးမှာ ကြည့်ရင် PDF ဆိုတာက အတင်းအဓမ္မနဲ့ ခေါ်ဆောင်တာမရှိဘူး။ ပြောမယ်ဆိုလို့ရှိရင်တော့ သူတို့စိတ်ပါမှ ဆောင်ရွက်တာတွေ မြင်တွေ့နေ ရတယ်၊ အစောပိုင်းကတော့ ဒီနာဂကို ရည်ရွယ်ချက်ရှိရှိနဲ့ နာဂကလေး၊ နာဂလူငယ်လေးတွေကို ရည်ရွယ်ချက် ရှိ ရှိနဲ့ လုပ်နေတယ်လို့ ကျနော်တို့ ယူဆလို့ရတယ်၊ ဒါပေမဲ့ နောက်ပိုင်းကြတော့ ဒေသမှာတွေလည်း ပြောဆိုမှုတွေ က အရမ်းများလာတဲ့ အခါကြတော့ သူတို့က စက်တင်ဘာလထဲမှာတော့ တိုင်းရင်းသားပေါင်းစုံပဲ ကျန်တဲ့မျိုးနွယ် စု ကလေးတွေလည်း မချန်တော့ဘူး။ ဖမ်းတာပေါ့၊ ပထမပိုင်းကတော့ နာဂကလေးတွေပဲ အဓိက ပစ်မှတ်ထားပြီး ဖမ်းတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အင်းဖိုအင်းမ သရဏဂုံ ကျောက်စိမ်းလျောင်းတော်မှု ဘုရားကြီးအနီး အပန်းဖြေနေသော လူ ၂၀၀ ဝန်းကျင်အား KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၄၀ ကျော်ကို ခေါ်ဆောင်ထားကာ ကျန်သောသူများအား ပြန်လွှတ်ပေးခဲ့ကြောင်း မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။

NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊တပ်မဟာ (၂) လှုပ်ရှားလျက်ရှိကြောင်း သိရသည်။
နာဂအဖွဲ့အစည်းများနှင့် နာဂလူမျိုးများကတော့ ယခု KIA က နာဂလူမျိုး အများစုကို လူသစ်စုဆောင်းနေခြင်းမှာ NSCN-K ကနေ ထုတ်ပယ်ခံရသည့် လူဟောင်းများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမတ်ဖြစ်ခဲ့ဖူးသူများ က KIA အကူအညီဖြင့် နာဂလက်နက်ကိုင်အသစ် ထူထောင်ရန် ပြင်ဆင်နေသော နာဂအဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီး နေခြင်းဖြစ်ကြောင်း ပြောသည်။
လက်ရှိတွင် နာဂလူမျိုးများတွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN-K/YA)၊ နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ(NSCN-K/AM)၊ ENNO၊ နာဂ PDF တို့ ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1425
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တပ်မတာ် စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်လျက်ရှိကြောင်း သိရသည်။
KIA တပ်မဟာ(၆) လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့များသည် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့် အကွာရှိ နမ့်ကွတ်စခန်းကို နေရာ(၃)နေရာမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထို့နောက် ညနေ ၄ နာရီခွဲတွင် စခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်း ပြန်လည် ရရှိရေး အတွက် မြန်မာ့တပ်မတော်က KIA တပ်မဟာ(၆)နေရာကို လေကြောင်းနှင့် အမြောက်ပစ်ကူ၍ တိုက်ခိုက်ခဲ့ရာ KIA ၏ ကာကင်နေရာတစ်ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ KIA ဌာနချုပ် လိုင်ဇာ(ကချင်ပြည်နယ်)၏ ရှေ့ကာကင်နေရာဖြစ်သော မိုက်ဆာပါတွင် အခြေပြု လျက်ရှိသည့် KIA တပ်ဖွဲ့က ဝိုင်းမောက်မြို့နယ်၊ နန်ဆန်ယန်ရွာအနီးရှိ လဲလုံစခန်း (တပ်မတော်က ဗန်းမော်- ဝိုင်းမော် ကားလမ်းထိန်းစခန်းအဖြစ် ဆောင်ရွက်လျက်ရှိ)အား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈ ရက်မှ အောက်တိုဘာ ၂၀ ရက်နေ့အထိ (၈၁)ကြိမ်တိုင် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်လိုက်သည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မြန်မာ့တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 970
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရှေ့ဆက်သွားအောင် လုပ်ဆောင်သင့် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း တိုင်းပြည်များမှာ ဖွံ့ဖြိုးတိုးတက်သွားပြီး ဖြစ်ကြောင်း၊ လက်ရှိ လက်နက်ကိုင် ပဋိပက္ခ ကို ချုပ်ငြိမ်းနိုင်ရေး ရရှိပြီးသား NCA ကနေ လုပ်ဆောင်ရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာ အေးမောင်က “ကိုယ့်ပတ်ဝန်းကျင်မှာ အကုန်လုံး ရှေ့ကိုရောက်ပြီ ဖွံ့ဖြိုးတိုးတက်သွားကြပြီ၊ ကိုယ်တို့ နိုင်ငံပဲ ကျန်ခဲ့တာ အကြွေးပတ်လည်၊ သွေးပတ်လည်ပေါ့၊ ခင်ဗျား ဘယ်တော့ပြီးမလဲ၊ ဆိုင်းသံ၊ ဗုံသံ မဟုတ်တော့ ဘူး။ ဗုံးသံ၊ အမြောက်သံတွေနဲ့ မီးခိုးတစ်လူလူနဲ့ မီးရှို့ကြ၊ ပြေးကြ၊ ဒုက္ခသည်ပြဿနာ သိန်းချီတဲ့ ဒုက္ခသည် ပြဿနာ စစ်ဘေးကြောင့်ဖြစ်တာ ဘယ်လောက်သေကြ၊ ဘယ်လောက်ပျက်ကြပြီလဲ၊ အားလုံးသည် နိဂုံးချုပ်ရင် ဒီရပြီးသား NCA ကို ဘယ်လိုကောင်းအောင် လုပ်မှာလဲ၊ ဒီဟာကြီးကို ရှေ့ဆက်သွားအောင် ဘယ်လို ကျနော်တို့ ဝိုင်းဝန်းပံ့ပိုးပြီးမှ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်မှု တည်ဆောက်မလဲ၊ မြန်မာနိုင်ငံအသစ်ကို ဘယ်လို လှမ်းကြမှာလဲ အခြေခံဥပဒေအရ ဒါကလိုအပ်ချက်၊ ဒီကလှမ်းမှ ဖြစ်မှာပေါ့၊ အဲဒီတော့ ရပြီးသား လုပ်ပေးတဲ့ ဦးသိန်းစိန်တို့၊ ဦးအောင်မင်းတို့ကို ကျေးဇူးတင်တယ်၊ ဗိုလ်ချုပ်ကြီး မူတူးစေဖိုးတို့၊ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ အားလုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များကို ကျေးဇူးတင်ပါတယ်၊ ဒီရလဒ်တွေထဲ မှ ကောင်းမွန်တဲ့ ကျနော်တို့ အနာဂတ်သားသမီးတွေကို အမွေကောင်းပေးဖို့ အဲဒါက တည်ငြိမ်အေးချမ်းပြီးမှ ဖွံ့ဖြိုး တိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ရေရှည်တည်တံ့သွားဖို့ လိုပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA ၈ နှစ်မြောက် အခမ်းအနား ကျင်းပစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အာဏာရယူလိုက် သည်။
ထို့နောက် NCA မှာ ပျက်ပြယ်သွားပြီဟုဆိုကာ အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့(KNU- CNF- ABSDF တို့)က ဆန့်ကျင်တိုက်ခိုက်လျက် ရှိနေသည်။
ပဋိပက္ခဖြေရှင်းနိုင်ရေး ဆွေးနွေးပွဲဖြစ်ပေါ်ရန် မိမိတို့ ပြောဆိုထားမှုရှိကြောင်း၊ သို့သော်လည်း တိုင်းပြည် တစ်လျှောက်လုံး တပ်မတော်၏ အခန်းကဏ္ဍကြောင့် ဆင်းရဲသော နိုင်ငံအဖြစ် ရောက်ခဲ့ရကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA ၈ နှစ်မြောက် အခမ်းအနားကို တွေ့ရစဉ်
၎င်းက “ဟုတ်ကဲ့ ကျနော်တို့ ဒီအဖွဲ့ ၃ ဖွဲ့ပေါ့နော်၊ ABSDF၊ CNF၊ KNU ဒီ ၃ ဖွဲ့ကနေ ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ထားတာ ရှိပါတယ်၊ အဲဒီမှာ သေချာကြည့်ရင် သိသာပါတယ်၊ ဘာကြောင့် ကျနော်တို့ မတက်ဘူးလဲ၊ နောက်တစ်ခုက ဒီ NCA အပေါ်မှာ သဘောထား၊ ပြီးတော့ တိုင်းပြည်ဖြေရှင်းရမယ့် လမ်းကြောင်း၊ ဒီနေ့ စစ်တပ် ဆောင်ရွက်ရမယ့် ကိစ္စတွေ ဒီနေ့ တိုင်းပြည်မှာ ခံစားနေရတဲ့ ဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ ပဋိပက္ခတွေကို လျှော့ချ နိုင်ဖို့၊ ငြိမ်းချမ်းရေး ပြန်ပြီးတော့ တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ သေချာဖြစ်ပေါ်လာဖို့က ကျနော်တို့ ပြောထားတာ ရှိပါတယ်၊ အဲဒီထဲမှာ စစ်တပ်က အဓိကအခန်းကဏ္ဍကနေ စစ်တပ်သည် သူတို့ရဲ့ နိုင်ငံရေးအရ ဆောင်ရွက်ချက်၊ သူတို့ရဲ့ ရပ်တည်ချက်အပေါ်မှာ အများကြီး မူတည်ပါတယ်၊ တိုင်းပြည်တစ်လျှောက်လုံးမှာ လွတ်လပ်ရေး ရပြီးကတည်းက တစ်လျှောက်လုံးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကြောင့် တိုင်းပြည်ဟာ ဒုက္ခအဆင်း ရဲဆုံး နိုင်ငံအဖြစ်ကို ရောက်သွားတာ စစ်တပ်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဖြစ်ပါတယ်” ဟု ပြောသည်။
တပ်မတော်က အာဏာရယူလိုက်ခြင်းကြောင့် NCA အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်းဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA ကို အခြေခံသည့် လုပ်ငန်းစည်နှင့် ဆွေးနွေးပွဲလမ်းကြောင်းများ ရပ်တန့်သွားကြောင်း KNU၊ CNF နှင့် ABSDF တို့က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် NCA (၈) နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ တက်ရောက်ခဲ့သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1290
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉
ပါတီများကို မှတ်ပုံတင်ခွင့်နှင့် ပတ်သက်ပြီး ဆိုင်းငံ့ထားခြင်းက နိုင်ငံရေးကို အယုံအကြည် မဲ့သွားစေကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် မှတ်ပုံတင် မချပေးသည့်ပါတီများကို မည်သည့် အတွက်ကြောင့် မချပေးသေးသည်ကို အကြောင်းပြန်သင့်ကြောင်း ၎င်းက ပြောသည်။
ဦးကိုကိုကြီးက “လက်ရှိ ကော်မရှင်ရဲ့ နိုင်ငံရေးပါတီတွေ ဘယ်ပါတီတွေကို မှတ်ပုံတင်ချပေးတယ်၊ ဘာကြောင့် ချပေးသလဲ မှတ်ပုံတင်ချမပေးတဲ့ ပါတီတွေကိုလည်းပဲ ဘာကြောင့်ဆိုတာ ကျနော်တို့ကို ဘာမှ အကြောင်းပြတာ မျိုး ဆက်သွယ်တာမျိုး မရှိဘဲနဲ့ ဒီလိုလုပ်နေတာက ပြောရရင်တော့ နစကရဲ့ နိုင်ငံရေး လမ်းပြမြေပုံနဲ့ ပတ်သက်လို့ ကတော့ လူထုယုံကြည်ကိုးစားမှု ရလာအောင် လုပ်ဖို့က UEC ရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးတယ်၊ အဲဒီ တော့ နစကကို နာမည်တက်အောင် လုပ်နိုင်တာလည်း UEC ပဲ၊ နာမည်ပျက်အောင် လုပ်မှာလည်း UEC ပဲ၊ ဒါကြောင့်မို့လို့ အဲဒီရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ နိုင်ငံရေး အသိုင်းအဝိုင်းကြားထဲမှာ တော်တော့ကို ဝေဖန်စရာ ဖြစ်လာတယ်၊ အထူးသဖြင့် ထင်ရှားတဲ့ ပါတီတွေဖြစ်တဲ့ NLD တို့၊ SNLD တို့ မှတ်ပုံမတင်နိုင်သေးတဲ့ အချိန်မှာ ကျန်တဲ့ ဒီဘက်က ဒီမိုကရေစီအရေး ဖက်ဒရယ်အရေး ဆောင် ရွက်နေတဲ့ ပါတီတွေကိုပါ မှတ်ပုံတင်ခွင့်နဲ့ ပတ်သက်လို့ ဒီလို ဆိုင်းငံ့ထားတာပေါ့နော်၊ အဲဒါက နိုင်ငံရေးကို လုံးဝ အယုံအကြည်မဲ့ သွားစေတယ်လို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုးကို တွေ့ရစဉ်
မိမိတို့ ပြည်သူ့ပါတီ အနေဖြင့် မှတ်ပုံတင် တင်ထားသည်မှ ၇ လနီးပါး ရှိပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံရေးနည်းလမ်းအပေါ် ယုံကြည်မှု ကျဆင်းနေချိန်တွင် UEC ၏ လုပ်ဆောင်ချက်များမှ အယုံအကြည်မဲ့အောင် လုပ်သလိုဖြစ်နေကြောင်း ၎င်းက ပြောသည်။
UEC က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ခြင်းအား ပြန်လည် လုပ်ဆောင် ခိုင်းခဲ့သည်။
မိမိတို့ မွန်ညီညွတ်ရေးပါတီ (MUP) ကိုလည်း မည်သည့်အတွက်ကြောင့် မှတ်ပုံတင် မချပေးသလဲဆိုတာ နားလည် ရခက်နေကြောင်း MUP မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

UEC ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ နိုင်ငံရေးပါတီများကိုတွေ့ရစဉ်
၎င်းက “အဲဒါက ကျနော်တို့ ဘယ်လို နားလည်သလဲဆိုတော့ ပြောရတာတော့ ခက်တယ်ဗျ၊ ကျနော်တို့နဲ့အတူ တချို့ ပါတီတွေလည်း ကျနော်တို့နဲ့ အလားတူ မှတ်ပုံတင် မချတာလည်း ရှိတယ်၊ နောက်ပြီးတော့ ကျနော်တို့ အဓိက နောက်တစ်ခေါက်ပေါ့နော်၊ ပြီးခဲ့တဲ့ ၉ လပိုင်းတုန်းကပေါ့နော်၊ ပြန်လည် စစ်ဆေးတာပေါ့နော်၊ ပြန်လည် Recheck ပြန်လုပ်တယ်၊ ဒီ CEC အကုန်လုံးကို၊ ပြန် Check ကြတယ်၊ အဲဒါပြန်စိစစ် မေးမြန်းကြတာတော့ ရှိတယ်၊ တခြားပါတီတော့ ရှိသလား၊ မရှိသလားတော့ မသိဘူး။ ကျနော်တို့ MUP အနေနဲ့ကတော့ မေးတာ၊ မြန်းတာတော့ ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် ပြည်သူ့ပါတီ(PP)သည် ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထား သော်လည်း မှတ်ပုံတင် ချပေးခြင်း မရှိသေးကြောင်း သိရသည်။
အလားတူ ရခိုင်အမျိုးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ (MUP)ပါတီတို့သည် ပြည်နယ်အဆင့် မှတ်ပုံတင်ထား သော်လည်း ယနေ့အချိန်ထိ မှတ်ပုံတင် မချပေးသေးကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 910
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားပြီးနောက် ကျင်းပခဲ့ သော မြန်မာ့တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီ၊ အရပ်ဖက် အဖွဲ့အစည်း စသည့် လေးပွင့် ဆိုင် အလုပ်ရုံဆွေးနွေးပွဲက NCA အကောင်အထည်ဖော်မှုကို အားကောင်းလာစေနိုင်သည်ဟု သုံးသပ်နေကြသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၆ နာရီအထိ NCA နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေး ပွဲကို တပ်မတော်၊ EAOs၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်အဖွဲ့အစည်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
NCA အကောင်အထည်ဖော်မှု ပြန်လည် အားကောင်းလာစေရေး တပ်မတော်၊ အစိုးရ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း အားလုံးက တိုင်ပင်ဆွေးနွေးရမှာ ဖြစ်ကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အားလုံးက တိုင်ပင်ရမှာပေါ့၊ တပ်မတော်ရယ်၊ အစိုးရရယ်၊ တိုင်းရင်းသား EAO တွေရယ်၊ သူတို့ တိုင်ပင်ရ မှာပေါ့၊ နောက်ပြီးတော့ ဘေးကနေပြီးတော့ လုပ်တဲ့လူတွေကလည်း အားပေးတိုက်တွန်းရမှာပေါ့၊ အဲဒီလိုမျိုး ပုံစံ ပေါ့၊ အမြင်ချင်းဖလှယ်ပြီးတော့ အဓိက အခြေခံဥပဒေပဲ၊ ဖက်ဒရယ်ကိုသွားမယ်လို့ ပေါ်လစီချထားပြီးသားလေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတာ ဖက်ဒရယ်က ကမ္ဘာမှာ ဖက်ဒရယ်က အမျိုးမျိုးလေ၊ ကျနော်တို့ နိုင်ငံနဲ့ သင့်တော်ဆုံး EAO တွေရော၊ တိုင်းရင်းသားတွေရော၊ ပါတီတွေရော၊ တပ်မတော်ရော၊ အစိုးရ ရော အကုန်လုံး သဘောတူနိုင်တဲ့ ဖက်ဒရယ်ပုံစံမျိုးသွားမှ ဖြစ်မယ်လေ” ဟု ပြောသည်။

NCA ၈ နှစ်မြောက် အခမ်းအနားကိုတွေ့ရစဉ်
NCA ပျက်ပြယ်သွားပြီးဟု အငြင်းပွားမှုများ ပေါ်ပေါက်နေစဉ်မှာပဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA လက်မှတ်ထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့သည်။
ထို့နောက် NCA လုပ်ငန်းများ ပြန်လည် အကောင်အထည်ဖော်နိုင်ရေးနှင့် စာချုပ်ပါ သဘောတူညီချက်များ အကောင်အထည်ဖော်နိုင်ရေး လေးပွင့်ဆိုင် အလုပ်ရုံဆွေးနွေးပွဲ တစ်ရက်ကို ဆက်လက် ကျင်းပခဲ့ကြသည်။
စာချုပ်များ၊ ပဋိညာဉ်များ မည်မျှပင် ကောင်းစေကာမှု လူက အလုပ်မလုပ်ပါက သက်ရောက်မှုမရှိကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “NCA အလုပ်မဖြစ်ဘူးဆိုတာတော့ ဘယ်လောက်ပဲ စာချုပ်ကောင်းကောင်း၊ လူက မလုပ်ဘူးဆိုရင်တော့ အလုပ် မဖြစ်ဘူးဗျ၊ အခုက NCA စာချုပ် ချုပ်လိုက်တယ်၊ စပြီး လုပ်ခဲ့တာက KIA၊ KIA, KIO လိုင်ဇာမှာ စပြီးမှ NCA စာချုပ် လုပ်မယ်ဆိုပြီးမှ ဦးအောင်မင်းနဲ့ တိုင်ပင်ပြီးမှ စလုပ်ခဲ့ကြတယ်၊ သူတို့ လုပ်ခဲ့ပြီးမှ စာချုပ်ပြီးခါနီးအထိကို သူတို့ ပါဝင်ခဲ့တယ်၊ စာချုပ်လက်မှတ် ရေးထိုးတော့မယ်ဆိုတဲ့ အခါကြတော့ KIA ဟာ မပါလာတော့ဘူး။ ဘာ ကြောင့် မပါသလဲဆိုတာ အဖြေတစ်ခုတော့ ရှာသင့်တာပေါ့လေ၊ သူမပါရခြင်း အကြောင်းအရင်းပေါ့၊ ဘာကြောင့် မို့လဲဆိုတဲ့ အခါကြတော့ NCA အလုပ်မဖြစ်ဘူးလို့ ဝိုင်းပြီးမှ ပြောနေကြတယ်၊ ခုနက ကျနော်ပြောသလိုပဲ စာချုပ် ဆိုတာက သဘောတူညီချက် တစ်ခုပါ။ ဒီအတိုင်းကို ကျနော်တို့ လုပ်ကြမယ်ဆိုတော့ ဒီအတိုင်း မလုပ်ကြဘူးဆို ရင် တစ်ယောက်ယောက်က ဖောက်သွားပြီဆိုရင် ဘာကြောင့် ဖောက်သလဲဆိုတာ အဖြေပြန်ရှာပြီးမှ ကျနော်တို့ ဆွေးနွေးညှိနှိုင်းရပါမယ်၊ အဲဒီလိုမျိုး မလုပ်ဘူးဆိုရင်တော့ အလုပ်မဖြစ်ဘူးပေါ့လေ” ဟု ပြောသည်။

NCA ၈ နှစ်ပြည့် အခမ်းအနားမှာ နိုင်ငံရေးပါတီနဲ့လက်နက်ကိုင် ကိုယ်စားလှယ်များကို တွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်တော်က NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အာဏာရယူလိုက် သည်။
ထို့နောက် NCA မှာ ပျက်ပြယ်သွားပြီဟုဆိုကာ အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့(KNU- CNF- ABSDF တို့)က ဆန့်ကျင်တိုက်ခိုက်လျက် ရှိနေသည်။
ထို့အတူ NCA အကောင်အထည်ဖော်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ လူသားချင်း စာနာထောက်ထားမှု အကူအညီသာ ပေးနိုင်တော့သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ NCA မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော စာချုပ်ဖြစ်သလို ပြည်တွင်း/ပြည်ပ အသိသက်သေများလည်း လက်မှတ်ထိုးထားခြင်းကြောင့် မည်သည့်အခါမှ ပျက်ပြည်မည် မဟုတ်ဟု ပြောသည်။
အလားတူ NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့ကလည်း NCA ပျက်ပြယ်ခြင်း မရှိ ကြောင်း ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 987
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ တပ်ဖွဲ့ဝင် ၃ ဦးကို တာဝန်ကနေ ရပ်ဆိုင်းခဲ့သော်လည်း ထုတ်ပယ်ခြင်း မဟုတ်ကြောင်း ABSDF ၏ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။
မိမိတို့ ABSDF အနေဖြင့် ဘက်ပေါင်းစုံကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ တာဝန်မှ ရပ်ဆိုင်း သော်လည်း တပ်ဖွဲ့ဝင်အနေဖြင့် ရှိနေမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
ရဲဘော် ဆန်နီက “မဟုတ်ပါဘူး။ ကျနော်တို့က သူတို့ရဲ့ နိုင်ငံရေးတာဝန်တွေ၊ စစ်ဖက်ဆိုင်ရာ တာဝန်တွေက ရပ် ဆိုင်းထားတာ ဖြစ်ပါတယ်၊ ကျနော်တို့ တပ်ဦးရဲ့ တပ်ဖွဲ့ဝင်အနေနဲ့ ဆက်လက်တည်ရှိနေတုန်း ဖြစ်ပါတယ်ဗျ၊ ဟုတ်ကဲ့ ဒါလည်း ကျနော်တို့ ထည့်သွင်းစဉ်းစားပါတယ်ဗျ၊ ဘက်ပေါင်းစုံက ထည့်သွင်းစဉ်းစားပြီးတော့ အဖွဲ့ အစည်း အနေနဲ့ ကျနော်တို့ စစ်ကောင်စီက ဖိတ်ကြားချက်ကိုလည်း လက်ခံရရှိတယ်၊ ကျနော်တို့လည်း အဖွဲ့ အစည်းရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီပဲ ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်၊ သို့ပေမဲ့ စစ်ကောင်စီဖက်ကို တွန်းပို့သလို ဖြစ်သလားဆိုတော့ ကျနော်တို့ အမြင်ကတော့ ကျနော်တို့ အဖွဲ့အစည်း ဆောင်ရွက်ချက်အရပါပဲ၊ အဲဒီလိုတော့ ဖြစ်မယ်လို့ ကျနော် မယူဆပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ABSDF အဖွဲ့ကိုတွေ့ရစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA ) ၈ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ သည့် ABSDF မှ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း အပါအဝင် ဗဟိုဦးဆောင်ကောင်မတီဝင်များ ဖြစ်ကြသည့် ရဲဘော် စောမောင်ဦး၊ ရဲဘော် မင်းဇော်တို့ ၃ ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကို ရုပ်သိမ်းကြောင်း ABSDF က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့သည်။
မိမိတို့တပ်ဖွဲ့မှ ချမှတ်ထားသော မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်၍ ၎င်းတို့၏ ဆန္ဒသဘောထား သက်သက်ဖြင့် တက်ရောက်ခဲ့သည်ကို တွေ့ရကြောင်း၊ ထို့အတူ ABSDF ၏ မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်သည်များကို ဆက်လက်ဆောင်ရွက်ခြင်း မပြုရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်ဖွဲ့ဝင်များကို တာဝန်မှ ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ သဘောထား သိရှိနိုင်ရေး ရဲဘော်မင်းဇော်ထံ CNI က ဖုန်းဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါဘူး။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်က NCA ၈ နှစ်ပြည့်အခမ်းအနား တက်ရောက်သူများကို တွေ့ရစဉ်
၎င်းတို့ ၃ ဦးအား တာဝန်မှ ရုပ်သိမ်းခြင်းမှာ ABSDF ဗဟိုကော်မတီဝင် အစည်းအဝေး တက်ရောက်သူ ၇၀ ရာခိုင်နှုန်းကျော်ပါက အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ NCA (၈) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့သူ ၃ ဦး အနေဖြင့် ABSDF ကိုယ်စားပြု၍ သွားရောက်ခြင်း မဟုတ်ကြောင်း ရဲဘော်ဆန်နီက ပြောသည်။
၎င်းက “အဲဒါတော့ ဘယ်လိုပုံစံ သွားလဲဆိုတာတော့ ကျနော်တို့ မသိပါဘူးဗျ၊ ကျနော်တို့ အဖွဲ့အစည်းတွေကို ကိုယ်စားပြုပြီးသွားတာ မဟုတ်တာ သေချာပါတယ်။ နောက်သူတို့ရဲ့ တစ်သီးပုဂ္ဂလ ဆန္ဒအရ သွားတယ်ဆိုပေမဲ့ ဘယ်လိုပုံစံ သွားတယ်ဆိုတာတော့ ကျနော်တို့ အတိအကျ မသိပါဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်က အာဏာရယူလိုက်ပြီးနောက် NCA က ပျက်ပြယ် သွားပြီဟုဆိုကာ တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်လျက် ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1039
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇
တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ထားသည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့(UWSA)မှ လူငယ် ခေါင်းဆောင် ၂ ဦးကို UWSA မှ ထုတ်ပယ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပယ်ခံရသူ နှစ်ဦးမှာ ပေါက်အိုက်ပန်း (ဆောက်လုပ်ရေးဌာနကြီးမှူး)နှင့် အိုက်ဟော်(မိုင်းလင်းခရိုင်မှူး)တို့ ဖြစ်သည်။
၎င်းတို့ နှစ်ဦး၏လုပ်ရပ်များသည် “ဝ”ဒေသ၏ နိုင်ငံတကာနှင့်သော်လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် သော်လည်းကောင်း ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း၊ “ဝ”ဒေသနှင့် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုနှင့် မိတ်ဖက် ဆက်ဆံရေးကိုလည်း ထိခိုက်စေခဲ့ကြောင်း UWSA က ထုတ်ပြန်ခဲ့သည်။

UWSA ရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ထို့နောက် အဆိုပါ ဖြစ်စဉ်ကို လေ့လာပြီးနောက် မိမိတို့၏ ဂုဏိသိက္ခာနှင့် ပတ်ဝန်းကျင် နိုင်ငံများနှင့် မိတ်ဝတ်မ ပျက် ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် ပေါက်အိုက်ပန်းနှင့် အိုက်ဟော်တို့ကို ရာထူးမှ ထုတ်ပယ်လိုက် သည်ဟု UWSA မှ ထုတ်ပြန်ခဲ့သည်။
၎င်းတို့နှစ်ဦးသည် တရုတ်အစိုးရမှ အပြင်းအထန် ဖမ်းဆီးအရေးယူနေသည့် ကျားဖြန့်(အွန်လိုင်း ငွေလိမ်လည် ခြင်းနှင့် အွန်လိုင်းလောင်းကစား)လုပ်ငန်းများနှင့် ပတ်သက်နေခြင်းကြောင့် တရုတ်အစိုးရ ဖမ်းဝရမ်းထုတ်ထား ခြင်းခံထားရသည်။
လက်ရှိတွင် UWSA သည် “ဝ” ဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို ဖမ်းဆီးပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးလျက်ရှိသလို ကိုးကန့်ဒေသအတွင်းမှာလည်း ပြည်သူ့စစ် အဖွဲ့များက ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၃၀၀ ကျော်ကို ဖမ်းဆီး၍ တရုတ်အစိုးရထံ လွှဲပြောင်းပေးထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1796
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇
မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ဖော်ထုတ်နိုင်သည့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကို မဖြစ်မ နေ ပြုလုပ်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ထိုးခြင်း ၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ ၎င်းက အထက်ပါအတိုင်း ပြော သွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ကျနော်တို့ အစိုးရအနေနဲ့ကတော့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေ ဆက်လက်လျှောက်လှမ်းမှာပဲ ဖြစ်ပါတယ်။ ဒီလိုလျှောက်လှမ်း နိုင်ဖို့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရေး လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ အခင်းအကျင်းတွေကို ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ မဲဆန္ဒရှင် ပြည်သူများရဲ့ ဆန္ဒမှန် ကို ထုတ်ဖော်နိုင်တဲ့ လွတ်လပ်တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမှာဖြစ် ကြောင်း အလေးအနက် ပြောကြားလိုပါတယ်”ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပနေစဉ်
ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမည်ဟုပြောသော်လည်း မည်သည့် အချိန်တွင် ကျင်းပသွားမည်ကို တော့ အတိအကျ မပြောသွားပေ။
၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ပြီး ပါက ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု နစကဥက္ကဋ္ဌက ပြောကြားထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီရေးကို ဆောင်ရွက်နေပါတယ် ဆိုသူတွေကိုယ်တိုင်က မဲမသမာမှု တွေ ဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီ နည်းလမ်းကျဖြေရှင်းခဲ့ခြင်းမရှိဘဲ လက်နက်ကိုင် အကြမ်းဖက် လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာကွယ်နေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံအချို့က လည်း ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီလက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်ဖြစ်စေ အားပေးတာတွေ၊ မြှောက်ထိုးပင့်ကော်ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါတွေဟာ မြန်မာပြည်သူ တွေ လူထုရဲ့ ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို နှောင့်နှေးစေတာ၊ ဒီမိုကရေစီအမည်ခံ အာဏာရှင် စနစ်ကို အားပေးနေတာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရ တက်လာခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲအား ဆက်လက် ကျင်းပခဲ့ရာမှာ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သော အရပ်သားအစိုးရ တက်လာခဲ့သည်။
ထို့နောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အစိုးရက မဲဆန္ဒအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူလိုက်သည်။
မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ ရယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်း ၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတို့ကို ဆောင်ရွက်နေသလို ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးနိုင်ရေး ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပပေးမည်ဖြစ်သလို ရွေးကောက် ပွဲ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ ပြန်လည်လွှဲပြောင်းပေးသွားမည်ဟု ပြောထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 968
CNI News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့ကို အောက်တိုဘာ ၁၆ ရက်နေ့တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သီးခြားစီ တွေ့ဆုံခဲ့သည်။
ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့အနက် ၇ ဖွဲ့မှ ခေါင်းဆောင်များနှင့်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံခဲ့သည်။

စောမူတူးစေးဖိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
အဆိုပါ တွေ့ဆုံမှုတွင် လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
