CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းတပ်နယ်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဗန်းမောက် မြို့ မြနန္ဒာပြည်သူ့စစ်(ဌာနေ)အဖွဲ့ကို လက်နက်များ ပေးအပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ လက်နက် တပ်ဆင်အပ်နှင်းပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့က ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်းလေ တပ်စခန်းဌာနချုပ်မှာ ပြုလုပ်ခဲ့သည်။

ထိုလက်နက်များ ပေးအပ်ခြင်းကို ဟုမ္မလင်းတပ်နယ် တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ အမှတ်(၃) ရှေ့ တန်း အခြေချဗျူဟာမှူး၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်နိုင်ကျော်နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဟုမ္မလင်းတပ်နယ်မှာ ပြည်သူ့စစ်များကို လက်နက်ပေးနေစဉ်

မြန်မာ့တပ်မတော်သည် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် ပြည်သူ့စစ်မဟာဗျူဟာကို ဖွဲ့စည်းသွားမည်ဟု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။

သို့သော် မြန်မာ့တပ်မတော်မှ တပ်ဆင်ပေးသော သေနတ်များသည် ဟောင်းနွမ်းနေခြင်း၊ ပစ်အား မကောင်း ခြင်း၊ တိုက်ပွဲအတွင်း ဂျမ်းဖြစ်ခြင်း၊ ကျည်ဆံ အလွယ်တကူ ဝယ်မရဘဲ ကပစထုတ် ကျည်ကိုသာ အသုံးပြု၍ ရနေခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရာမှာ ထိထိရောက်ရောက် အသုံးမပြုနိုင်ဘဲ ဖြစ်နေ သည်ကို တွေ့ရသည်ဟု စစ်ရေးအကဲခတ်များက ထောက်ပြကြသည်။

ထို့ကြောင့် ပြည်သူ့စစ်များနှင့် မဟာမိတ်အဖွဲ့အစည်းများကို ဖမ်းဆီးရမိထားသော လက်နက်ခဲယမ်းများ သို့မဟုတ် M-22 လိုသေနတ်များကို ထောက်ပံ့ပေးသင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။