CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ကို ထိန်းချုပ်ထားသော တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော် ဦးဆောင်သည့်အဖွဲ့ အုပ်ချုပ်ရေး လုပ်ငန်းများ လည်ပတ်နိုင်ရေး သွားရောက်ကြည့်ရှိခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်တားဘုန်းကျော်နှင့်အတူ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်း နှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့လည်း ပါဝင်ကြောင်း PSLF/TNLA က ဇန်နဝါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။