- By CNI
- Category: နိုင်ငံရေး
- Hits: 575
CNI International News
တိုင်ပေ၊ ဇွန်လ ၁၁
ထိုင်ဝမ်ရှိ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က အမေရိကန်နှင့်ဂျပန် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးများနှင့်အတူ ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
တရုတ်ပြည်မကြီးက တိုက်ခိုက်လာသည့် အချိန်မျိုးတွင် ထိုင်ဝမ်၏ ကာကွယ်ရေးကို သရုပ်ဖော် လေ့ကျင့်သည့် အနေဖြင့် Taipei School of Economics and Political Science (TSE) ဖောင်ဒေးရှင်းက အမေရိကန်၊ ဂျပန် စစ်ဗိုလ်ချုပ်ကြီးဟောင်းများနှင့် စားပွဲဝိုင်းထိုင်ပြီး စစ်ရေးလေ့ကျင့်မှု (tabletop exercise) ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စားပွဲဝိုင်းထိုင်ပြီး စစ်ရေးလေ့ကျင့်မှုသည် ကွင်းဆင်းစစ်ရေး လေ့ကျင့်မှုနှင့်မတူကြောင်း၊ စစ်သားများနှင့် လက်နက် များ မပါဝင်ဘဲ စစ်ဖြစ်နေသည့် အချိန်တွင် ခေါင်းဆောင်များက စားပွဲဝိုင်းထိုင်ပြီး စစ်ပွဲကို ကြီးကြပ်ကွပ်ကဲခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ အမိန့်ပေးခြင်းတို့ ပြုလုပ်ရသည့် လေ့ကျင့်မှုပုံစံဖြစ်သည်။
ထိုလေ့ကျင့်မှုသည် ထိုင်ဝမ်၏ ကာကွယ်ရေးကဏ္ဍတွင် လိုအပ်ချက်များနှင့်ပတ်သက်ပြီး အစိုးရကို အကြံပြုရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း TSE ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။

စားပွဲဝိုင်းထိုင် စစ်ရေးလေ့ကျင့်မှုကိုတွေ့ရစဉ်
Taiwan Defence TTX အမည်ရှိ ထိုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်တွင် အရပ်ဖက်အဖွဲ့က ပြုလုပ်သည့် ပထမဆုံး စစ်ဆင်ရေးအဆင့် စစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်ပြီး ဇွန်လ ၁၀ ရက်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ထိုင်ဝမ်၊ အမေရိကန်နှင့် ဂျပန်တို့မှ အငြိမ်းစား ဗိုလ်ချုပ်ကြီး ၉ ဦးနှင့် အငြိမ်းစားဒုဗိုလ်ချုပ်ကြီး ၈ ဦး ပါဝင်ခဲ့သည်။
၎င်းတို့အနက် အမေရိကန်၏ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့၏ ဥက္ကဋ္ဌဟောင်း မိုက်ကယ်မူလန် (Michael Mullen) ၊ အမေရိကန်အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးဟောင်း ဒန်းနစ်ဘလဲ (Dennis Blair) တို့ပါဝင်ကြောင်း Central News Agency က ဖော်ပြခဲ့သည်။
ထို့ပြင် ဂျပန်ရေတပ်၏ စစ်ဦးစီးချုပ်ဟောင်း တာကီ တိုမိုဟီဆာ (Takei Tomohisa) နှင့် လေတပ်ဗိုလ်ချုပ်ကြီး ဟောင်း ရှီဂီရူ အိုင်ဝါဆာကီတို့လည်း (Shigeru Iwasaki) ပါဝင်ခဲ့သည်။
၂၀၃၀ ပြည့်နှစ်တွင် တရုတ်က ထိုင်ဝမ်ကို အင်အားသုံး လာနိုင်မည့် အခြေအနေကို တုန့်ပြန်ရန်အတွက် ထိုင်ဝမ် စစ်တပ်၏ မဟာဗျူဟာနှင့် စစ်ဆင်ရေး အယူအဆများကို ဆွေးနွေးရန် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခြင်းဖြစ် ကြောင်း TSE က ထုတ်ပြန်ခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 800
CNI International News
ဘန်ကောက်၊ ဇွန်လ ၁၁
ထိုင်းနိုင်ငံ၏ အူဘွန် ရတ်ချာသာနီ (Ubon Ratchathani) ပြည်နယ် ချွန်းဘော့ (Chong Bok) ဒေသအတွင်းသို့ ကျူးကျော်ဝင်ရောက်၍ တပ်စွဲထားခဲ့သည့် ကမ္ဘောဒီးယားစစ်သားများ၏ လှုပ်ရှားမှုများကို ရိုက်ကူးထားသော ဝေဟင်ဓာတ်ပုံများကို ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယား စစ်သားများသည် ဧပြီလအတွင်းက ချွန်းဘော့ဒေသသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ထိုဒေသတွင် မေလအတွင်းက တပ်စွဲထားခဲ့သည်။
ဇွန်လ ၉ ရက် ညပိုင်းက ထိုင်းစစ်တပ်၏ လူမှုမီဒီယာ ချန်နယ်များတွင် တင်ခဲ့သည့် ၆ မိနစ်ကြာ ဗွီဒီယိုတစ်ခုတွင် လည်း ထိုင်းစစ်တပ်၌ ၁၉၅၅ ခုနှစ်ကတည်းက ထိုဒေသကို ရိုက်ကူးခဲ့သည့် ဝေဟင်ဓာတ်ပုံများစွာရှိနေသည်။
ထိုအချိန်က ထိုင်းနိုင်ငံအတွင်းရှိ ချွန်းဘော့ဒေသသည် သိမ်းပိုက်ခံခဲ့ရခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု အမျိုးသမီး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ကျူးကျော်တယ်ဆိုပြီး ထိုင်းစစ်တပ် ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံကို တွေ့ရစဉ်
ထိုဓာတ်ပုံများအရ အိမ်နီးချင်းနိုင်ငံသည် ချွန်းဘော့ဒေသကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သိမ်းပိုက် ထားသည်ဆိုသော အချက်သည် မှန်ကန်မှုမရှိသည်ကို သက်သေပြရာ ရောက်သည်ဟု အဆိုပါ အမျိုးသမီးက ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံကို ရည်ညွှန်းပြောဆိုခဲ့သည်။
ယခုနှစ်တွင် ရိုက်ကူးခဲ့သည့် ဝေဟင်ဓာတ်ပုံများ၌ ကမ္ဘောဒီးယားတပ်ဖွဲ့များသည် ဧပြီ ၂၀ ရက်က ထိုဒေသသို့ စတင် ဝင်ရောက်ခဲ့ပြီး မေလ ၂၄ ရက်တွင် သစ်ပင်များကိုခုတ်ကာ ရှည်လျားသည့် ကတုတ်ကျင်းကိုတူး၍ စစ်စခန်း တစ်ခုနှင့် ၄ မီတာမှ ၆ မီတာအကျယ်ရှိ ကွန်ကရစ်လမ်းတစ်ခုအား ဖောက်လုပ်ခဲ့သည်ကို မြင်တွေ့ရသည်။
“ကတုတ်ကျင်း တူးတယ်ဆိုတာ စစ်ပွဲရဲ့ မဟာဗျူဟာတစ်ခုပါ။ ဘာလို့များ တူးရတာပါလိမ့်”ဟု ထိုင်းစစ်တပ် ဌာနချုပ်၏ အစီအစဉ် တင်ဆက်သူ အမျိုးသမီးက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား ကျူးကျော်တယ်ဆိုပြီး ထိုင်းစစ်တပ် ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံကို တွေ့ရစဉ်
ဗွီဒီယိုထဲတွင် ထိုအမျိုးသမီး၏ အမည်ကို ရှင်းလင်းစွာ ဖော်ပြမထားသော်လည်း စစ်ယူနီဖောင်း ဝတ်ဆင်ထား သည်ကို မြင်တွေ့ရသည်။
ထိုကဲ့သို့ စခန်းတည်ဆောက်မှုနှင့် လမ်းဖောက်လုပ်မှုတို့သည် ထိုင်းနှင့်ကမ္ဘောဒီးယားကြား ပိုင်ဆိုင်မှု အငြင်းပွား နေသည့် ဒေသများတွင် ပူးတွဲအသုံးပြုမှု၊ ကင်းလှည့်မှုတို့နှင့်ပတ်သက်ပြီး ၂၀၀၀ ပြည့်နှစ်က လက်မှတ်ရေးထိုး ခဲ့သော နားလည်မှုစာချွန်လွှာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ထိုအမျိုးသမီးက ပြောကြားခဲ့သည်။
ထိုင်းစစ်တပ်သည် ထိုကဲ့သို့ ကျူးကျော် ဝင်ရောက်မှုကို ဆန့်ကျင်ကြောင့် မကြာခဏ ကန့်ကွက်ပြောကြားခဲ့ သော်လည်း အရာမထင်ခဲ့ဘဲ ယခုကဲ့သို့ စစ်ရေးအရ ကျူးကျော်မှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ရေးသားထား သည့် ပေးစာတစ်စောင်ကို ကမ္ဘောဒီးယားနိုင်ငံအား ပေးပို့ခဲ့သည်ဟုလည်း ထိုင်းအမျိုးသမီးအရာရှိက ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 533
CNI International News
လော့စ်အိန်ဂျလိစ်၊ ဇွန်လ ၁၁
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ် (Los Angeles) မြို့တွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှု များကို နှိမ်နင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)က အမျိုးသားအစောင့်တပ်ဖွဲ့ကို စေလွှတ် ခဲ့သဖြင့် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူဆမ် (Gavin Newsom) သည် နိုင်ငံရေး အကျပ် အတည်းနှင့် ကြုံတွေ့လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ထရမ့်က နယူဆမ်ကို ဖုန်းခေါ်ခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက် ၎င်းတို့ ၂ ဦးကြား ဆွေးနွေးမှုများသည် အလွန်လှိုက်လှဲဖော်ရွေခဲ့ကြောင်း နယူဆမ်က ပြောသည်။
သို့သော် ၂၄ နာရီအကြာတွင် ထရမ့်က ထောင်နှင့်ချီသည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ချထား ခဲ့သဖြင့် နယူဆမ်က ထရမ့်၏ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့သည်။

အမျိုးသားအစောင့်တပ်ဖွဲ့ကို တွေ့ရစဉ်
အမေရိကန်၏ လူနေအထူထပ်ဆုံး ပြည်နယ်ဖြစ်သည့် ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး နယူဆမ်သည် ၂၀၂၈ သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ရန် အလားအလာ ကောင်းနေသူဖြစ်သည်။
သို့သော် ထရမ့်၏ နိုင်ငံရေးရွှေ့ကွက်ကြောင့် လက်ရှိတွင် နယူဆမ်သည် နိုင်ငံရေး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ ရသည်။
ထရမ့်၏ ပထမသက်တမ်းနှင့် ယခု ဒုတိယသက်တမ်းတွင် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် ရီပတ်ဘလစ်ကန် သမ္မတဖြစ်သည့် ထရမ့်နှင့် ဆက်ဆံရေးများ အဆင်ပြေရန် ရုန်းကန်ခဲ့ရသည်။
အတိတ်ကာလကလည်း နယူဆမ်နှင့် ထရမ့်ကြား ထိပ်တိုက်တွေ့မှုများရှိခဲ့ပြီး ထရမ့်က နယူဆမ်အား နယူးစ်ကမ်း (Newscum) ဟု ခေါ်ဆိုခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး နယူဆမ်ကို တွေ့ရစဉ်
Newscum ၏ အဓိပ္ပာယ်မှာ New သည် နယူဆမ်၏ ရှေ့စာလုံးကို ယူထားခြင်းဖြစ်ပြီး scum သည် ဆန်ကုန် မြေလေးဟု အဓိပ္ပာယ်ရသဖြင့် နယူဆန်ကုန်မြေလေးဟု အဓိပ္ပာယ်ဖော်နိုင်သည်။
ထရမ့် ရွေးကောက်ပွဲ နိုင်ခဲ့ပြီးနောက် နယူဆမ်ကလည်း ထရမ့်၏ လွှမ်းမိုးမှုကင်းသည့် ကယ်လီဖိုးနီးယားပြည်နယ် ("Trump-proof" California) ဖြစ်စေရမည်ဟု ကြေညာခဲ့သည်။
“ကျနော်က အမေရိကန်သမ္မတနဲ့ လေးစားမှုရှိရှိ၊ တာဝန်ခံမှုရှိရှိ အမြဲတမ်း ချဉ်းကပ်လုပ်ဆောင်ချင်တဲ့ ဆန္ဒရှိပါ တယ်။ ဒါပေမယ့် သမ္မတတစ်ဦး အနေနဲ့မဟုတ်ဘဲ ကိုယ်ကျိုးအတွက်ပဲ လုပ်နေတာတွေ ရှိပါတယ်။ အဲဒါကြောင့် ကျနော်က ဒေါ်နယ်ထရမ့်အတွက် ဘယ်တော့မှ အလုပ်လုပ်ပေးမှာ မဟုတ်ပါဘူး” ဟု နယူဆမ်က ပြောကြားခဲ့ သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 517
CNI International News
အိုက်ဇော၊ ဇွန်လ ၁၁
မီဇီုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူ လာဒူဟိုမာ (Pu Lalduhoma) သည် အိုက်ဇော(Aizawl) မြို့တော်တွင် ဇွန်လ ၉ ရက်က မီဇိုရမ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို သဘာပတိအဖြစ် ဦးဆောင် ပြုလုပ်ခဲ့သည်ဟု India Today သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
မီဇိုရမ်ပြည်နယ်၏ နယ်စပ်ဒေသများနှင့် ပြည်နယ်လုံခြုံရေးကို ကာကွယ်ရန် မတူကွဲပြားသည့် အစိုရဌာနများနှင့် အေဂျင်စီများကြား ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်စေရန် ထိုကော်မတီကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
ထိုအစည်းအဝေးတွင် အိန္ဒိယ-မြန်မာနယ်စပ်၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသများရှိ လုံခြုံရေး အခြေအနေ များကို အဓိကထား ဆွေးနွေးခဲ့သည်။
မဏိပူရပြည်နယ်၏ နယ်စပ်များအတွင်း အိမ်နီးချင်းနိုင်ငံမှ လက်နက်ကိုင်အဖွဲ့များ ဝင်ရောက် လှုပ်ရှားနေသည့် ကိစ္စများနှင့် ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး မှောင်ခိုကူးမှုသည် အကြီးမားဆုံး ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာ လုံခြုံရေးအစည်းအဝေး ကျင်းပနေစဉ်
ထို့နောက် ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါးများဆိုင်ရာအက်ဥပဒေ (POCSO Act) အောက်တွင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သောအမှု ၃၃၈ မှုရှိခဲ့သည်။
ယခုနှစ်အစမှ မေလကုန်အထိ မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့် အမှုပေါင်း ၁၁၄ ခု ရှိခဲ့ပြီး တရားမဝင် မူးယစ် ဆေးဝါး အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ထိုမူးယစ်ဆေးဝါးများအနက် ကာလတန်ဖိုး ရူပီး ၈၄ ကုဋေရှိသည့် မက်သာဖက်တမင်း ဆေးပြား ၆၄၈ ကီလိုဂရမ်၊ ကာလတန်ဖိုး ရူပီး ၁၅ ဒသမ ၅ ကုဋေရှိသော ခရစ္စတယ်မက်သ် ၅ ကီလိုဂရမ်ကျော် ပါဝင်ခဲ့သည်။
မူးယစ်ဆေးဝါးမှုနှင့်အတူ ကလေးသူငယ်များနှင့် လိမ်အကြမ်းဖက်မှုမှ ကာကွယ်ပေးထားသည့် POCSO Act အောက်တွင် လူမှောင်ခိုကူးမှုများ မြင့်တက်ခဲ့သည်ဟု ဆိုသည်။
၂၀၂၄ ခုနှစ်က လူမှောင်ခိုကူးမှု ၄၇ မှုရှိခဲ့ပြီး လူ ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယခုနှစ် အစပိုင်းမှ မေလကုန်ပိုင်း အထိ လူမှောင်ခိုကူးမှု ၃၄ မှုရှိခဲ့၍ လူ ၅၁ ဦး ဖမ်းဆီးခံခဲ့ရသည်။
Source: India Today
- By CNI
- Category: နိုင်ငံရေး
- Hits: 515
CNI International News
ကိုင်ရို၊ ဇွန်လ ၁၀
အီဂျစ်၏ အုပ်ချုပ်ရေးမြို့တော်သစ် တည်ဆောက်မှုတွင် ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်မှုနှင့် ပြုပြင် ထိန်းသိမ်းမှုများကို တရုတ်က အဓိက တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုအုပ်ချုပ်ရေး မြို့တော်သစ်သည် လက်ရှိမြို့တော် ကိုင်ရို (Cairo) ၏ အရှေ့ဘက် ၄၅ ကီလိုမီတာ (၂၈) မိုင် အကွာရှိ သဲကန္တာရအလယ်တွင် တည်ရှိမည်ဖြစ်သည်။
တရုတ်နိုင်ငံပိုင် ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သည့် (CSCEC) သည် ထိုမြို့တော်သစ် တည်ဆောက်မှုတွင် အဓိက ကန်ထရိုက်တာ တစ်ခုသာမကဘဲ တရုတ်နှင့်အီဂျစ်ကြား သဘောတူစာချုပ်ကိုလည်း ထိန်းသိမ်းသွားမည် ဖြစ်သည်။
၇၀၀ စတုရန်းကီလိုမီတာ (မိုင် ၂၇၀ စတုရန်းမိုင်) အကျယ်ရှိမည့် ထိုမြို့တွင် လူပေါင်း ခြောက်သန်းကျော် နေထိုင်မည်ဖြစ်ကာ ကိုင်ရိုမြို့တော်၏ လေထုညစ်ညမ်းမှုနှင့် ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချရန် ရည်ရွယ်ပြီး ထိုမြို့ကို တည်ဆောက်မည်ဖြစ်သည်။
သမ္မတနန်းတော်၊ လွှတ်တော်၊ အစိုးရရုံး အဆောက်အအုံများ၊ ပြည်ပနိုင်ငံများ၏ သံရုံးများ အပါအဝင် မြို့တော် သစ် တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်သည် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံ (ယွမ် ၂၉ ဒသမ ၈ ဘီလျံ) ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
CSCEC ၏ အီဂျစ်ရုံးခွဲက အဆိုပါ မြို့တော်သစ် တည်ဆောက်ရေး စီမံကိန်းအတွက် လုပ်ငန်းစဉ်များ၊ လုပ်ငန်း လည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့သည်။

တရုတ်က ဆောက်ပေးနေတဲ့ မြို့သစ်ပုံစံကိုတွေ့ရစဉ်
တရုတ်သည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ဝင်ရောက်မည့် ပတ်လမ်း၊ ရပ်ဝန်းစီမံကိန်း(BRI)တွင် အီဂျစ်မှ ဖြတ်သန်းရန် ရည်ရွယ်ထားပြီး ယခုစီမံကိန်းသည် တရုတ်ကုမ္ပဏီများက အီဂျစ်၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် အဓိကနေရာမှ ပါဝင်နေကြောင်း ကျွမ်းကျင်သူများက ယူဆ ထားသည်။
ဇွန်လ ၈ ရက်က ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲကို တရုတ်၏ အိုးအိမ် ဒုတိယဝန်ကြီး တုံး ကျန်းကော် (Dong Jianguo) တက်ရောက်ခဲ့ပြီး ယခုစီမံကိန်းသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုအဖြစ် ချီးကျူးပြောကြားခဲ့သည်။
အဆိုပါ မြို့တော်သစ်တွင် အာဖရိကတိုက်၏ အမြင့်ဆုံး မိုးမျှော်တိုက် ဖြစ်လာမည့် ၃၈၅ ဒသမ ၈ မီတာ (၁၂၆၆ ပေ) အပြည့်ရှိ Iconic Tower ၊ ရုံးခန်းတာဝါ ၁၀ ခု၊ လူနေတာဝါ ၅ ခုနှင့် ဟိုတယ် ၁၀ လုံး ပါဝင်မည်ဖြစ်သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 565
CNI International News
ဘန်ကောက်၊ ဇွန်လ ၁၀
ထိုင်းအစိုးရသည် နိုင်ငံသားများကို ဖုန်း သို့မဟုတ် Line အက်ပလီကေးရှင်းမှတဆင့် ဆက်သွယ်ပြီး စစ်မှုထမ်းရန် တိုက်တွန်းနေသည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့ပြီး ကျားဖြန့်က လိမ်ညာနေခြင်းဖြစ်သည်ဟု ထိုင်းအစိုးရက ပြောကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထို့နောက် ပြည်သူများအနေဖြင့် အစိုးရက ထုတ်ပြသည့် တရားဝင် သတင်းများကိုသာ ယုံကြည်ကြရန် တိုက်တွန်းခဲ့သည်။
ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ်တွင် တင်းမာမှုများ မြင့်တက်နေချိန်၌ တရားမဝင် သတင်းရင်းမြစ်များမှ ထွက်ပေါ် လာသည့် အတည်မပြုနိုင်သော သတင်းများကို ယုံကြည်ခြင်းမပြုရန် အစိုးရအဖွဲ့ လက်ထောက် ပြောရေးဆိုခွင့် ရှိသူ အနူကူ ပရွတ်ဆန်နူဆက် (Anukool Pruksanusak) က ပြောကြားခဲ့သည်။
စစ်ဘက်ဆိုင်ရာ အေဂျင်စီများတွင် ပြည်သူများကို ဖုန်းခေါ်ဆိုခြင်း၊ Line အက်ပလီကေးရှင်းမှတဆင့် ဆက်သွယ် ခြင်း အစရှိသည့် မူဝါဒမျိုး မရှိကြောင်းလည်း အနူကူက အလေးထား ပြောဆိုခဲ့သည်။
“ထိုင်းတော်ဝင်စစ်တပ်က စစ်မှုထမ်းဖို့ မခေါ်ပါဘူး။ သတင်းအမှားတွေကို မယုံကြဖို့ ပြည်သူတွေကို တိုက်တွန်း ချင်ပါတယ်။ လက်ရှိ အခြေအနေကို အမြတ်ထုတ်ဖို့အတွက် အတင်းအမှားတွေ ဖြန့်နေကြတာပါ”ဟု အနူကူက ပြောကြားခဲ့သည်။

ထိုင်းစစ်မှုထမ်းများကို တွေ့ရစဉ်
ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုကလည်း ကျားဖြန့်ဂိုဏ်းများသည် စစ်မှုထမ်း စုဆောင်းသည့် ပုံစံမျိုးဖြင့် လိမ်ညာနေ ကြကြောင်း၊ ကျားဖြန့်များသည် ဖုန်းခေါ်ဆိုပြီး စစ်မှုထမ်းစာရင်းတွင် သင့်နာမည်ပါကြောင်း လိမ်ညာနေကြ သည်ဟု သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ထို့နောက် လူလိမ်များသည် ၎င်းတို့ ဆက်သွယ်သည့် လူများကို စစ်မှုထမ်းဆောင်ရန် ဆန္ဒမရှိပါက အရာရှိ တစ်ဦးနှင့် ဆက်သွယ် ပြောဆိုနိုင်သည်ဟုဆိုကာ Line အကောင့်တစ်ခုပေးခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။
ကျားဖြန့်ဂိုဏ်းများသည် ၎င်းတို့လိမ်မည့်လူ၏ ယုံကြည်မှုကို ရရှိရန် ထိုလူ၏ အမည်၊ မှတ်ပုံတင်နံပါတ်နှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များကိုပါ ပြသနိုင်ကြပြီး စစ်မှန်သည့် စစ်တပ်၏ အာဏာပိုင်များပုံစံအတိုင်း လိမ်ညာနေကြခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့နောက် လိမ်ညာမည့် သူများကို စစ်မှုထမ်းခြင်းနှင့်ပတ်သက်ပြီး ဖိအားပေးပြီး အကြောက်တရားများသွင်းကာ စစ်မှုမထမ်းလိုပါက ငွေကြေးပေးဆောင်ရမည့် ပုံစံအတိုင်း ခြိမ်းခြောက်လိမ်ညာ နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: နိုင်ငံရေး
- Hits: 601
CNI International News
မော်စကို၊ ဇွန်လ ၁၀
ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် ရုရှားနိုင်ငံကို ကမ္ဘာ့ထိပ်သီး ရေတပ်အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်ထိန်းသိမ်းရန် ရည်ရွယ်ထားသည့် ရေတပ်မဟာဗျူဟာအသစ်ကို အတည်ပြုခဲ့သည်ဟု ကရင်မလင် နန်းတော်၏ လက်ထောက် နီကိုလိုင် ပက်ထရူးရှက်ဗ်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ရုရှားသည် တရုတ်နှင့် အမေရိကန်ပြီးလျှင် ကမ္ဘာ့တတိယမြောက် ရေတပ်အင်အားအကြီးဆုံး နိုင်ငံဖြစ်ကြောင်း အဆင့် သတ်မှတ်ချက်များတွင် ဖော်ပြထားပြီး ယူကရိန်းစစ်ပွဲ၌ ရုရှားရေတပ်သည် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
ဆိုဗီယက်ခေတ်က စိန့်ပီတာစဘတ်ချ် (St Petersburg) မြို့တွင် ပူတင်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် KGB သူလျှိုဟောင်း ပက်ထရူးရှက်ဗ်က “၂၀၅၀ ပြည့်နှစ်အထိ ရုရှားရေတပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” ဟု အမည်ပေးထားသည့် ရေတပ်မဟာဗျူဟာအသစ်ကို ပူတင်က မေလကုန်ပိုင်းတွင် အတည်ပြုပေးခဲ့သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

ရုရှားစစ်သင်္ဘောကို တွေ့ရစဉ်
“ရုရှားရဲ့ အနေအထားကို ကမ္ဘာ့အကြီးဆုံး ရေတပ်အင်အားတွေထဲမှာ ပါဝင်စေဖို့ တစ်ဆင့်ချင်းစီ လုပ်ဆောင်နေ ပါတယ်”ဟု ပက်ထရူးရှက်ဗ်က Argumenti i Fakti သတင်းစာနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့ သည်။
သမုဒ္ဒရာများထဲတွင် ဖြစ်ပွားနေသည့် အခြေအနေများ၊ ပြောင်းလဲလာသည့် စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများ အတွက် စိတ်မှန်းဖြစ်နိုင်ခြေများကို ရေရှည်အမြင်မရှိဘဲ ယခုကဲ့သို့ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း၊ ရုရှားရေတပ် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ရည်မှန်းချက်များ တိတိကျကျ မရှိပါကလည်း ယခုမဟာဗျူဟာကို လုပ်ဆောင် ရန် မဖြစ်နိုင်ကြောင်း ပက်ထရူးရှက်ဗ်က ပြောကြားခဲ့သည်။
ရုရှားသည် စစ်အေးကာလက ကာကွယ်ရေးနှင့် လုံခြုံရေးအဆင့်အထိ မြင့်တက်စေရန် စစ်အသုံးစရိတ်များကို မြှင့်တင်နေသည့်တိုင် ပက်ထရူးရှက်ဗ်က ရေတပ်၏ မဟာဗျူဟာ အသစ်နှင့်ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ရုရှားရေတပ်သားများကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တရုတ်ရေတပ်သည် ကမ္ဘာပေါ်၌ အင်အား အကြီးမားဆုံးဖြစ်ပြီး တရုတ်သည် ၂၀၃၀ ပြည့်နှစ် ရောက်ရှိချိန်၌ စစ်သင်္ဘော အစင်း ၄၆၀ အထိ မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထွက်ပေါ်နေသည့် သတင်းရင်းမြစ်များအရ ရုရှားတွင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ၁၄ စင်း အပါအဝင် ရေငုပ်သင်္ဘော ၇၉ စင်း၊ စစ်သင်္ဘော ၂၂၂ စင်းရှိပြီး ရုရှား၏ အဓိကစစ်သင်္ဘောအုပ်စုသည် ဘာရန့်ပင်လယ် (Barents Sea)၊ စီဗာရိုမော့စ် (Severomorsk) မြို့ရှိ မြောက်ပိုင်းစစ်သင်္ဘော အုပ်စုဌာနချုပ် ဖြစ်ကြောင်း ဖော်ပြထားသည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 428
CNI International News
လော့စ်အိန်ဂျလိစ်၊ ဇွန်လ ၁၀
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို နှိမ်နင်း ရန် ကယ်လီဖိုးနီးယားပြည်နယ်၏ အမျိုးသားအစောင့်တပ်ဖွဲ့များ ဖြန့်ကြက်ချခဲ့သည့် သမ္မတဒေါ်နယ်ထရမ့် (Donald Trump) ၏ ဆုံးဖြတ်ချက်သည် တရားမဝင်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက ဝေဖန်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဆန္ဒပြမှုများ၏ ၃ ရက်မြောက်နေ့ဖြစ်သည့် ဇွန်လ ၈ ရက်တွင် လမ်းများပေါ်၌ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ခိုက်ရန် ဖြစ်ပွားနေချိန်၌ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် လော့စ်အိန်ဂျလိစ်မြို့ထဲသို့ ဝင်လာခဲ့ကြသည်။
ဗွီဒီယိုတစ်ခုတွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များသည် အမိမြေလုံခြုံရေး တာဝန်ရှိသူများနှင့်အတူ လော့စ်အိန်ဂျလိစ် မြို့လယ်ခေါင်ရှိ မြို့တော်ခန်းမအနီး၌ ဆန္ဒပြသူများနှင့် ခိုက်ရန်ဖြစ်ပွားနေသည်ကို မြင်တွေ့ရသည်။
လော့စ်အိန်ဂျလိစ်မြို့ အရှေ့တောင်ဘက်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် အနီးတွင်လည်း အမျိုးသား အစောင့်တပ်ဖွဲ့များကို မြင်တွေ့ရသည်။

ဆန္ဒပြနေသူကို တွေ့ရစဉ်
ထိုနေရာသည် ဇွန်လ ၇ ရက်က ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများကြား ခိုက်ရန်ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။
မြို့လယ်ခေါင်တွင် ဖက်ဒရယ်အရာရှိများက ဆန္ဒပြလူအုပ်ကို လူစုခွဲရန် မျက်ရည်ယိုဗုံးများ အသုံးပြုခဲ့ပြီး ဆန္ဒပြ သူများကလည်း ရဲအရာရှိများကို ကွန်ကရစ် အပိုင်းအစများ၊ ပုလင်းများ၊ အခြားပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့သည်ဟု လော့စ်အိန်ဂျလိစ်ရဲစခန်းက ပြောကြားခဲ့သည်။
လူဝင်မှုနှင့် အကောက်ခွန်အရာရှိများသည် ရွှေ့ပြောင်းနေထိုင်သူများကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ဇွန် ၆ ရက် ညပိုင်းကစပြီး ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၇ ရက်တွင်ဆန္ဒပြသူများနှင့် ဖက်ဒရယ်လုံခြုံရေးအေဂျင့်များ ထိပ်တိုက်တွေ့ခဲ့ပြီး အမေရိကန်အစိုးရက လော့စ်အိန်ဂျလိစ်မြို့သို့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၀၀၀ စေလွှတ်မည်ဟု ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် (Pete Hegseth) ကလည်း အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားနေပါက တန်းပြည့်စစ်မှုထမ်းများကို စေလွှတ်ရန် ပင်တဂွန်က ပြင်ဆင်ထားကြောင်း သတိပေးခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးကမူ ထရမ့် အစိုးရအဖွဲ့ကို အမျိုးသားအစောင့်တပ်ဖွဲ့များ စေလွှတ် သည့် အမိန့်အား ပြန်လည်ရုပ်သိမ်းရန် ဇွန်လ ၈ ရက်က တောင်းဆိုခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 847
CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၉
တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းက မြန်မာနိုင်ငံအတွက် အခွင့်အလမ်းဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် နှစ်ပတ်လည်အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌက “ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ စီမံကိန်းများ အကောင်အထည်ဖော်သည့် နေရာတွင် အရေးပါသည့် ပထဝီအနေအထားတွင်ရှိပြီး ထိုစီမံကိန်းများ ကို ဆောလျင်စွာ အကောင်အထည် ဖော်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများ အတူတကွ စဉ်ဆက်မပြတ် သာယာဝ ပြော ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အခွင့်အလမ်းပေါင်းများစွာ ရရှိစေနိုင်မယ်လို့ ယုံကြည်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီ အားပေး ထောက်ခံမှု၊ မြေငလျင်ကြီး လှုပ်ခတ်မှုနှင့် ကိုဗစ်ကာလများတွင် ပံ့ပိုးကူညီလှူဒါန်း ဆောင်ရွက်ပေးခဲ့ မှုများနှင့် ပတ်သက်ပြီးတော့လည်း တရုတ်နိုင်ငံကို ကျေးဇူးတင်သည်”ဟု ပြောသည်။

တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ၇၅ နှစ်ပြည့် အခမ်းအနားကျင်းပနေစဉ်
ယခု တရုတ်၏ အနေအထားသည် ကမ္ဘာဦးဆောင်မှုကို ရောက်လာပြီဆိုသောကြောင့် မြန်မာနယ်စပ်အရေးနှင့် ပက်သက်လျှင် ထည်ထည်ဝင်ဝင် ကူညီခဲ့မှုများရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မျိုးချစ်အောင်ပွဲနေ့ ခေါ်မှာပေါ့ ရုရှားက ဖိတ်လို့သွားတက်တဲ့ပွဲမှာ ဗိုလ်ချုပ်မှူးကြီးနဲ့ မစ္စတာ ရှီကျင့်ဖျင် တို့ တွေ့ခွင့်ရခဲ့တာပေါ့။ အဲဒီမှာ မြန်မာ အချုပ်အခြာအာဏာ territorial integrity (နယ်မြေစိုးမိုးရေး)ကို တရုတ် က လက်ခံမယ် ပူပေါင်းဆောင်ရွက်မယ် ဆိုတာလေးတွေ အသေးစိတ်နီးပါးလောက် ဆွေးနွေးဖြစ်ခဲ့မယ်ထင်တယ်။ ဆိုတော့ မြန်မာ-တရုတ် ချစ်ကြည်ရေးရဲ့ အရေးကြီးပုံနော် သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွား အဲသလိုနဲ့ ဘုံ အကျိုးစီးပွား ထပ်တူကျမှုတော့ အများကြီးရှိတာပေါ့။ ဖြေရှင်းရင် ဖွံ့ဖြိုးတိုးတက်မှုဘက်ကို သွားမယ်ဆိုရင် အဲတော့ တရုတ်ရဲ့ ပူပေါင်းပါဝင်မှုနဲ့ မြန်မာရဲ့ လူ့ဘောင်အဖွဲ့အစည်း၊ မြန်မာနိုင်ငံ ရပ်တည်ချက်၊ တရုတ် ရပ်တည် ချက်ဖြစ်တဲ့ နှစ်နိုင်ငံယဥ်တွဲနေထိုင်မှု မူကြီး ၅ ချက် ဒါတွေက သံခင်းတမန်ခင်းမှာ အရေးကြီးတာပဲလေ အဲတာ ကြောင့်လည်း ရွှေမျိုးပေါက်ဖော် ချစ်ကြည်ရေးတို့ အေးအတူပူအမျှ အဲဒီက စီးပွားရေး နိုင်ငံရေးလမ်းတွေဖြစ်တဲ့ BRI တို့ အားလုံးပြောနေကြတဲ့ ကမ္ဘာလုံးဆိုင်ရာနော်။ ဒါ လုံခြုံရေးအစီအမံတို့၊ ယှဥ်ကျေးမှု အစီအမံတို့၊ ဖွံ့ဖြိုးတိုး တက်မှု အစီအမံတို့ဆိုတာ မစ္စတာရှိကျင့်ဖျင် ဘက်ကနော်။ ကမ္ဘာလုံးဆိုင်ရာ ကဏ္ဍာကြီးတွေကိုလည်း မြန်မာ ဘက်က အလေးနက်ထားပြီး ထောက်ခံသမှု ပြုကြတယ်ဆိုတဲ့ အခါကြတော့ ခဏက ပြောတဲ့ဟာတွေဖြစ်ဖို့များ တာပေါ့ GTI တို့ GSI တို့ အဲတာမျိုးကိုလည်း ထပ်တူကျတယ်လို့ပြောတာ ဖြစ်မှာပေါ့။ ပိုပြီးတော့ နီးစပ် ပိုပြီးတော့ ဆက်ဆံရေးက စိပ်လာမှာပေါ့” ဟု ပြောသည်။
တရုတ် -မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ်ပြည့် အချိန်ကို အခွင့်အကောင်းတစ်ခုအဖြစ် ခံယူကာ အရည်အသွေးမြင့် ပိုးလမ်းမစီမံကိန်း(BRI)ကို ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဟု သမ္မတရှီကလည်း ပြောထား သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်ကြီး လီကျားကို တွေ့ရစဉ်
လက်ရှိတွင် တရုတ်၏ ပိုးလမ်းမစီမံကိန်းအတွင်း ပါဝင်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းညီနောင်အဖွဲ့(MNDAA-TNLA-AA)တို့ကြား တိုက်ပွဲများကြောင့် အကောင်အထည်ဖော်နိုင်ရေး နှောင့် နှေးကြန့်ကြာလျက်ရှိနေသည်။
ထို့ကြောင့် မြန်မာ့တပ်မတော်နှင့် MNDAA-AA-TNLA တို့ကြား တွေ့ဆုံ ဆွေးနွေး၍ အပစ်ရပ်နိုင်ရေး တရုတ်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးလျက်ရှိနေသည်။
တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းမကြီးဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်တို့ကို MNDAA-TNLA-AA တို့က ထိန်းချုပ်ထားသည်။
