- By CNI
- Category: အားကစား
- Hits: 651
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်နဲ့ရင်းနှီးတဲ့ မိတ်ဆွေ မီရိုဆလပ်ဗ်တန်ဂါက ဂျာမနီလူမျိုးနည်းပြဟာ ရီးရယ်လ်နဲ့ ဂျာမနီလက်ရွေးစင်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။
မီရိုဆလပ်ဗ်တန်ဂါက “လီဗာပူးလ်အသင်းကနေ ထွက်ခွာချိန်မှာ ကလော့ပ်က ဂျာမနီနိုင်ငံအသင်းနဲ့ ရီးရယ်လ် အသင်းမှာ နည်းပြဖြစ်ချင်တဲ့ သူ့ရဲ့ဆန္ဒနှစ်ခုကို ပြောခဲ့ပါတယ်။ ဒါတွေက အမှန်တကယ် ဖြစ်လာနိုင်မလား ဆိုတာ တော့ ကျနော်မသိပါဘူး။ သူဟာ ရီးရယ်လ်အသင်းရဲ့ နည်းပြစာရင်းထဲမှာ ပါဝင်နေပေမယ့် အခုအချိန်မှာ ဒါတွေက ထင်ကြေးပေးမှု သက်သက်ပါပဲ။ လီဗာပူးလ်အသင်းကလွဲရင် သူဟာ အင်္ဂလန်မှာ ဘယ်အသင်းကိုမှ ကိုင်တွယ်မှာ မဟုတ်သလို စီးရီးအေ ဒါမှမဟုတ် ပြင်သစ်ကိုလည်း သူသွားမှာ မဟုတ်ပါဘူး။ တချိန်ချိန်မှာတော့ သူဟာ ဂျာမနီ နည်းပြဖြစ်လာမယ်လို့ ကျနော်ထင်ကြောင်း” AS ကို ပြောခဲ့တာပါ။
ကလော့ပ်ဟာ ပြီးခဲ့တဲ့နွေရာသီက လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီးနောက် အခုအချိန်မှာ ရက်ဘူးလ် အစုအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ကလော့ပ်ဟာ နည်းပြရာထူးထဲကို ပြန်လည်ဝင်ရောက်ဖို့ မရှိသေးပေမယ့် သူ့ကိုခေါ်ယူဖို့ အသင်းအချို့က ချိတ်ဆက်မှုတွေရှိနေကြတာပါ။
ရီးရယ်လ်အသင်းဟာ ရာသီကုန်မှာ ထွက်ခွာမယ့် နည်းပြအန်ဆယ်လော့တီရဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်ထားတဲ့ နည်းပြစာရင်းထဲမှာ ကလော့ပ်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီအချိန်မှာ ကလော့ပ်နဲ့ မိန့်ဇ်အသင်းမှာ အသင်းဖော်တွေအဖြစ် လက်တွဲခဲ့ဖူးတဲ့ တန်ဂါက သူ့ရဲ့မိတ်ဆွေဟာ ရီးရယ်လ်နဲ့ ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောလာခဲ့တာပါ။
ကလော့ပ်ဟာ နည်းပြရာထူးနဲ့ပတ်သက်ပြီး သတင်းတွေ ထွက်နေပေမယ့် သူ့ရဲ့အေးဂျင့်က ရက်ဘူးလ် အစုအဖွဲ့ မှာပဲ ဆက်ရှိမယ်လို့ အတည်ပြုထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 659
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်အသင်းကို အသာရပြီး ဥရုဂွေးကွင်းလယ်လူ အူဂါတေးကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပူပူနွေးနွေး ရရှိထားတဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဆိုစီဒက်အသင်း ကွင်းလယ်လူ ဇူဘီမန်ဒီကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အလွန်နီးစပ် ခဲ့ပေမယ့် ကစားသမားက နောက်ဆုံးမိနစ်မှာ စိတ်ပြောင်းသွားပြီး ဆီုစီဒက်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ သူလိုချင်တဲ့ နံပါတ် ၆ ကစားသမားအသစ်ကို မရရှိခဲ့တာကြောင့် ဂရာဗန်ဘာ့ချ်ကို ဒီနေရာမှာ ထားအသုံးပြုခဲ့တာပါ။
ဂရာဗန်ဘာ့ချ်ဟာ နံပါတ် ၆ နေရာမှာ အကောင်းဆုံး ခြေစွမ်းပြသပြီး အသင်း ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
The Athletic က လီဗာပူးလ်အသင်းဟာ ဇူဘီမန်ဒီကို မခေါ်ယူနိုင်ခဲ့ပြီးနောက် PSG အသင်းကွင်းလယ်လူ အူဂါတေးကို ဝယ်ယူဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ ဖော်ပြထားတာပါ။
ဒါပေမယ့် လီဗာပူးလ်အသင်းနဲ့ နည်းပြ အာနီဆလော့တို့ဟာ အူဂါတေးကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ အူဂါတေးကို ပေါင် ၄၂ သန်းနဲ့ PSG အသင်းကနေ ခေါ်ယူခဲ့တာပါ။
အူဂါတေးဟာ စပို့တင်းလစ္စဘွန်းအသင်း နည်းပြဟောင်း အာမိုရင်နဲ့ ယူနိုက်တက်အသင်းမှာ အတူပြန်လက်တွဲခဲ့ ပေမယ့် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဂန္ထဝင် ဂရေမီဆောင်းနက်စ်က တိုမီနေးကို ရောင်းပြီး အူဂါတေးကို ခေါ်ယူခဲ့တဲ့ ယူနိုက်တက် အသင်းကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ အူဂါတေးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၄၀ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 855
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
အက်စတွန်ဗီလာအသင်းဟာ တံကောက်ကြော ဒဏ်ရာကြောင့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ရာသီကုန်အထိ အနားယူရမယ့် အခြေအနေကို စိုးရိမ်နေတယ်လို့ ESPN က ဖော်ပြထားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာကြောင့် အက်စတွန်ဗီလာအသင်းက ပဲလေ့စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။
အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီက ရက်ရှ်ဖို့ဒ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တယ်လို့ အတည်ပြု ခဲ့ပြီး သူ့ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အသုံးပြုလို့ရနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဒဏ်ရာကို စစ်ဆေးမှုတွေအရ ရက်ရှ်ဖို့ဒ်ဟာ တစ်လခန့် အနားယူရနိုင်တယ်လို့ ဖော်ပြထားတာပါ။
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်ကစားဖို့ ၄ ပွဲသာ ကျန်ရှိတော့ပြီး နောက်ဆုံးပွဲစဉ်မှာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
အဲဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာကနေ အချိန်မီ ပြန်ကောင်းလာရင်တောင် သူ့ရဲ့မိခင်ကလပ် ယူနိုက်တက် အသင်းနဲ့ တွေ့ဆုံမယ့်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းအတွက် ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။
လက်ရှိအချိန်မှာ အက်စတွန်ဗီလာနဲ့ ယူနိုက်တက်အသင်း ဆေးအဖွဲ့ဝင်တွေဟာ ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာ အခြေအနေ အတွက် ချိတ်ဆက်ပြီး အလုပ်လုပ်နေတယ်လို့ သိရပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ လာမယ့်ဇွန်လ နိုင်ငံတကာပွဲစဉ်တွေမှာ အင်္ဂလန်အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။
အက်စတွန်ဗီလာအသင်းဟာ အငှားကစားချိန်မှာ ခြေစွမ်းပြသနေတဲ့ ရက်ရှ်ဖို့ဒ်ကို ရာသီကုန်ဆုံးချိန်မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့် ရှိနေပါတယ်။
ဒါပေမယ့် အက်စတွန်ဗီလာအသင်းဟာ ရာသီကုန်ချိန်မှသာ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူဖွယ်ရှိ/မရှိ ဆုံးဖြတ်ဖွယ် ရှိနေတာပါ။
ယူနိုက်တက်အသင်းနဲ့ ၂၀၂၈ ခုနှစ် နွေရာသီအထိ စာချုပ်ရှိနေတဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်းပြအာမိုရင် လက်အောက်မှာ ထပ်ကစားဖွယ်မရှိဘဲ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့်အသင်းထံ ပြောင်းရွှေ့ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 681
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၉
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က အမ်းမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲ မတိုင်မီ အာဆင်နယ်အသင်းကို သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။
လူးဝစ်အင်းရစ်က “ကျနော်တို့ အာဆင်နယ်နဲ့ ထပ်ရင်ဆိုင်ရမှာဖြစ်ပြီး ဒီနေ့မှာတော့ ကျနော်တို့က ပိုပြီးကောင်းတဲ့ အသင်းပါ။ PSG လည်း ချန်ပီယံလိဂ် မရဖူးသလို အာဆင်နယ်လည်း မရဖူးသေးပါဘူး။ ကျနော်တို့ဟာ အမြင့်ဆုံး အဆင့်မှာ စွမ်းဆောင်မှုတွေကို ရပ်တန့်သွားမှာ မဟုတ်သလို လုပ်စရာရှိတဲ့အရာတွေကို ဆက်ပြီး အာရုံစိုက်သွား မှာပါ။ အာဆင်နယ်အသင်းဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နည်းပြအာတီတာနဲ့ နှစ်အတော်ကြာ လက်တွဲပြီး ထူးခြားတဲ့အလုပ်ကို လုပ်ဆောင်နေပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ PSV နဲ့ ရီးရယ်လ်အသင်းတို့ကို ကျော်ဖြတ် ပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ကာ PSG အသင်းက လီဗာပူးလ်နဲ့ အက်စတွန်ဗီလာအသင်းတို့ကို အနိုင်ယူကာ ဆီမီးဖိုင်နယ် တက်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ပီအက်စ်ဂျီအသင်း ယှဉ်ပြိုင်နေစဉ်
နှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားအောင်မြင်မှုကို ရယူနိုင်ခြင်းမရှိသေးလို့ ဒီရာသီမှာ ဆုဖလား ရယူကာ သူတို့ရဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်ဖို့ ပစ်မှတ်ထားနေကြတာပါ။
အာဆင်နယ်နဲ့ PSG အသင်းတို့ဟာ ဒီရာသီချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ပြီး ဒီပွဲမှာ အာဆင်နယ် အသင်းက ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
PSG အသင်းနည်းပြ လူးဝစ်အင်းနရစ်က သူတို့ဟာ အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့တုန်းကထက် ပိုပြီးကောင်းတဲ့ အသင်းဖြစ်တယ်လို့ ပြောပြီး အာဆင်နယ်အသင်းကို သတိပေးမှုပြုလုပ်ခဲ့တာပါ။
ဒါအပြင် လူးဝစ်အင်းနရစ်က ချန်ပီယံလိဂ် ပွဲမတိုင်မီ သူတို့အပေါ်မှာ အဆိုးမြင်မှုတွေရှိနေတဲ့ ပြင်သစ်မီဒီယာတွေ ကို ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းနည်းပြ အာတီတာက သူတို့ဟာ ဆီမီးဖိုင်နယ်ကို ကျော်လွန်နိုင်ဖို့ မျှော်လင့်ပြီး PSG အသင်းနဲ့ ပွဲစဉ်ဟာ သူတို့ရဲ့ အိမ်ကွင်းမှာ ကစားမယ့် အကြီးမားဆုံးပွဲစဉ်တွေထဲက တစ်ပွဲဖြစ်တယ်လို့ ပြောခဲ့တာပါ။
အာဆင်နယ်နဲ့ PSG အသင်းရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ဧပြီ ၃၀ ရက်မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: metro
- By CNI
- Category: အားကစား
- Hits: 736
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဘုန်းမောက်အသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူးဟော့ဂ်ျလန်းကို သွင်းဂိုး အများအပြားသွင်းယူဖို့ စိန်ခေါ်ခဲ့ပါ တယ်။
အာမိုရင်က “ဟော့ဂ်ျလန်း အနေနဲ့ အခုအချိန်မှာ နောက်ထပ်ဂိုးတွေ အများကြီးသွင်းဖို့ လိုအပ်ပါတယ်။ သူဟာ ဒီကလပ်မှာ သွင်းဂိုးတွေ ဘယ်လောက် သွင်းယူရမလဲဆိုတာကို သူသိပါတယ်။ ယူနိုက်တက်လို အသင်းကြီးမှာ ရှိချင်ရင် ကွင်းထဲကို ဝင်လိုက်တိုင်း တိုးတက်ဖို့လိုပါတယ်။ သူ့အပေါ် မျှော်မှန်းချက်တွေက မြင့်မားတဲ့အတွက် ဂိုးမသွင်းနိုင်ရင် ဂိုးသွင်းဖို့အတွက် ဘာလုပ်ရမလဲဆိုတာကို အာရုံစိုက်ရမယ်”လို့ ပြောခဲ့တာပါ။
ဟော့ဂ်ျလန်းဟာ ဒီရာသီမှာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဝေဖန်ခံနေရပြီး ဒီရာသီကုန်မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာ ရဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဟော့ဂျ်လန်းကို တွေ့ရစဉ်
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၄ ဂိုးသာ သွင်းယူထားတဲ့ ဟော့ဂ်ျလန်းဟာ စီးရီးအေထံ ပြန်ဖို့ ချိတ်ဆက်မှုတွေလည်း ခံနေရတာပါ။
နည်းပြအာမိုရင်ကတော့ ဟော့ဂ်ျလန်းကို သွင်းဂိုးတွေ ပိုသွင်းယူနိုင်ဖို့နဲ့ ပွဲအပေါ် အာရုံပိုပြီးစိုက်ဖို့ စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းက သွင်းဂိုးတွေရရှိဖို့ ရုန်းကန်နေရတာကြောင့် နွေရာသီမှာ တိုက်စစ်မှူးသစ် ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာပါ။
မန်ချက်စတာကလပ်ဟာ ဝုလ်ဖ်စ်အသင်း တိုက်စစ်မှူး ကွန်ညာ၊ အစ်စဝှစ်ခ်ျအသင်း တိုက်စစ်မှူး ဒီလပ်တို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ကြားရက်မှာ ဘီလ်ဘာအိုအသင်းနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ပွဲထွက် လူစာရင်းထဲ ပါဝင်လာဖို့ရှိနေတဲ့ ဟော့ဂ်ျလန်းဆီကနေ နောက်ထပ် သွင်းဂိုးတွေ ရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 697
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီး ဘရာဇီးလ် အသင်းကို နည်းပြသစ်အဖြစ် ကိုင်တွယ်တော့မှာ ဖြစ်ပါတယ်။
The Athletic က အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာဖို့ ရည်ရွယ်ထားတဲ့အကြောင်းကို အသင်းအဝတ်လဲခန်းထဲက အဖွဲ့ဝင်တွေအားလုံးကို အသိပေးထားပြီးဖြစ်တယ်လို့ ဖော်ပြထားတာပါ။
အန်ဆယ်လော့တီဟာ ဒီရာသီ ပြီးဆုံးတာနဲ့ ဇွန်လထဲမှာ ဘရာဇီးလ်အသင်း နည်းပြရာထူးကို ရယူမှာဖြစ်ပါတယ်။
အန်ဆယ်လော့တီဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်တဲ့ ဒုတိယမြောက်သက်တမ်းမှာ ချန်ပီယံလိဂ်၊ လာလီဂါ ဖလား အပါအဝင် ဆုဖလားအများအပြား ရယူပေးနိုင်ခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီရာသီ ပြည်တွင်းပြိုင်ပွဲတွေမှာ ဘာစီလိုနာအသင်းကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရတာကြောင့် အန်ဆယ်လော့တီလည်း ထွက်ခွာဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီကို တွေ့ရစဉ်
အန်ဆယ်လော့တီနဲ့ ရီးရယ်လ်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေပေမယ့် သူထွက်ခွာမယ့် သတင်းတွေဟာ ပြီးခဲ့တဲ့လတွေကတည်းက ထွက်ပေါ်နေခဲ့တာပါ။
အန်ဆယ်လော့တီဟာ ရာသီကုန်ရင် ထွက်ခွာမှာဖြစ်လို့ ရီးရယ်လ်အသင်းဟာ နွေရာသီမှာကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကိုင်တွယ်ဖို့အတွက် နည်းပြသစ် ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။
ရီးရယ်လ်အသင်းဟာ လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုကို နည်းပြသစ် အဖြစ်ခန့်အပ်ဖို့ ပြင်ဆင်နေပြီး ဂျာမန်ကလပ်ကလည်း သူ့ရဲ့အသင်းဟောင်း တစ်သင်းသင်းက ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ရင် ဆွေးနွေးမှုပြုလုပ် ကာ ထွက်ခွာခွင့်ပြုမယ်လို့ အတည်ပြုထားတာပါ။
ရီးရယ်လ်အသင်းဟာ လက်ရှိအချိန်မှာ လာလီဂါပြိုင်ပွဲ တစ်ခုတည်းကိုသာ အာရုံစိုက်ဖို့ရှိတော့ပြီး ထိပ်ဆုံးနေရာက ဘာစီလိုနာအသင်းနဲ့ ၄ မှတ်အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: goal
- By CNI
- Category: အားကစား
- Hits: 570
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
မန်စီးတီးအသင်းဟာ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပေမယ့် နည်းပြဂွာဒီယိုလာက ဒီရာသီဟာ သူတို့အတွက် ကောင်းမွန်တဲ့ ရာသီမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ကျနော်တို့ဟာ လီဗာပူးလ်အသင်း အနောက်မှာ ရမှတ်အများကြီး ပြတ်နေပြီး ဒါက မကောင်း သလို ချန်ပီယံလိဂ်မှာလည်း ကောင်းမွန်မှု မရှိပါဘူး။ ကျနော်တို့က အမြဲတမ်း စက်တစ်လုံးဖြစ်ပြီး ကောင်းမွန်စွာ မလုပ်နိုင်ပေမယ့် ပျက်ဆီးမှုက အသေးအဖွဲ့ပါ။ အသင်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချရမှာဖြစ်တာ ကြောင့် လာမယ့်ရာသီမှာ ပိုပြီးကောင်းမွန်လာမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသလို ချန်ပီယံလိဂ် ပြိုင်ပွဲကနေလည်း စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။

မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာ ရပ်တည်နေပြီး လာမယ့် ရာသီချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေသလို FA ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။
ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့ရင် လည်း အသင်းအတွက် ကောင်းမွန်တဲ့ ရာသီမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ FA ဖလား ဗိုလ်လုပွဲကို ၃ ရာသီ ဆက်တိုက် တက်နိုင်ခဲ့တဲ့ တစ်နေ့တည်းမှာ လီဗာပူးလ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းကို ဂုဏ်ပြုခဲ့ပြီး သူတို့နဲ့ ထိုက်တန်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ FA ဖလား ဗိုလ်လုပွဲအဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို မေလ ၁၇ ရက် ဝင်ဘာလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 736
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈
လီဗာပူးလ်အသင်းဟာ စပါးအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ ပြီးနောက် အသင်းခေါင်းဆောင် ဗန်ဒိုက်က သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အမှန်တကယ် ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။
ဗန်ဒိုက်က “ဒါက ထူးခြားပြီး ကျနော်တို့ လုပ်ခဲ့တဲ့အရာတွေက အံ့သြစရာကောင်းပါတယ်။ ပွဲမတိုင်မီ တစ်ပတ်လုံး အတွင်းမှာ စိတ်ခံစားမှုတွေ အများကြီးရှိခဲ့ပါတယ်။ ကျနော်တို့ဟာ အလုပ်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီး အင်္ဂလန်ချန်ပီယံဖြစ်ဖို့ အမှန်တကယ် ထိုက်တန်ပါတယ်။ ကမ္ဘာပေါ်မှာ အလှပဆုံး အသင်းအတွက် ကျနော်က တော့ ဒီအရာတွေအားလုံးနဲ့ ထိုက်တန်တယ်လို့ထင်ကြောင်း”Sky Sports ကို ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ စပါးအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကစားဖို့ ၄ ပွဲသာ ကျန်ရှိတော့ချိန်မှာ အမှတ်ပေးဇယားအဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ရမှတ် ၁၅ မှတ် ဖြတ် ထား နိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်း အောင်ပွဲခံနေစဉ်
အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ ထိပ်တန်းလိဂ် အမှတ်ပေးဖလားကို အကြိမ် ၂၀ မြောက် ရယူနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းနဲ့ အရေအတွက်ချင်း တူညီသွားခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို နှစ်ပေါင်း ၃၀ အကြာမှ ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်လို့ ကွင်းအတွင်းမှာ ပရိသတ်တွေမပါဘဲ အောင်ပွဲခံမှု ပြုလုပ်ခဲ့ရပါ တယ်။
အခုအချိန်မှာတော့ လီဗာပူးလ်အသင်းဟာ ပရိသတ်တွေရဲ့ အရှေ့မှာ အကြီးအကျယ် အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ ကြတာပါ။
လီဗာပူးလ်အသင်းကို ပထမဆုံး ကိုင်တွယ်တဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ အာနီဆလော့ဟာ နည်းပြဟောင်း ကလော့ပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကွင်းအတွင်းမှာ အောင်ပွဲခံချိန် သူ့ရဲ့နာမည်ကို သီဆိုမှုပြုလုပ်ခဲ့ပါတယ်။
ဒါအပြင် အာနီဆလော့က ပရီးမီးယားလိဂ် ဆုဖလားအတွက် အသင်းနဲ့ပတ်သက်တဲ့ သူတွေအားလုံးကို ဂုဏ်ပြု ခဲ့ပြီး ၃၅ နှစ်အတွင်း ဒုတိယမြောက် ဆုဖလားဆိုတာကို မေ့ထားကာ ၅ နှစ်အတွင်း ဒုတိယမြောက်ဖလား ဖြစ်တယ်လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မေလ ၄ ရက်မှာ ချယ်လ်ဆီးအသင်း အိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 841
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇
ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့ ပွဲစဉ်မှာ ဘာစီလိုနာအသင်း က အချိန်ပိုမှာ ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ၃၂ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
ဒီပွဲမှာ ပက်ဒရီက ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပြီး ဘတ်ပီနဲ့ ချူအာမန်နီက ရီးရယ်လ် အသင်းအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုး ပြန်သွင်းယူခဲ့တာပါ။
ဒါပေမယ့် ဖာရန်တောရက်စ်က ဘာစီလိုနာအသင်းအတွက် အဖိုးတန် ချေပဂိုး သွင်းယူခဲ့တာကြောင့် ဘာစီလိုနာနဲ့ ရီးရယ်လ်အသင်းတို့ဟာ ၂ ဂိုးစီသရေကျပြီး အချိန်ပို ဆက်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အချိန်ပိုမှာ ခွန်ဒဲက ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့အတွက် ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းကို အနိုင်ရပြီး ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိသွားခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ အချိန်ပိုပြီးခါနီးမှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့တဲ့ ရီးရယ်လ်အသင်းက ရူဒီဂါနဲ့ ဗတ်စ်ကွက်ဇ်တို့ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရသလို အားကစားမဆန်တဲ့ အပြုအမူကြောင့် ပွဲအပြီးမှာ ဘယ်လင်ဂမ်လည်း အနီကတ်ပြသခံခဲ့ရပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၃ ကြိမ်စလုံး အနိုင်ရလဒ်တွေ ရယူနိုင်ခဲ့တာပါ။
ဒီရာသီမှာဆုဖလား ၂ လုံး ရယူထားပြီးဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဆုဖလား ၄ လုံးရယူနိုင်မယ့် လမ်းကြောင်း ပေါ်မှာ ရှိနေတာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 689
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အငှားကစားနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ဟာ နွေရာသီမှာ အသင်းထံ ပြန်လာမှာဖြစ်ပြီး အငှားကစားချိန်မှာ ပြသနေတဲ့ သူတို့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။
အာမိုရင်က “ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီ အပါအဝင် အငှားကစားနေတဲ့ ကစားသမားတွေအားလုံး အသင်းထံ ပြန်လာ မှာပါ။ ရာသီကုန်မှသာ သူတို့ရဲ့အနာဂတ်ကို ကလပ်အသင်းက ဆုံးဖြတ်ချက် ချပါလိမ့်မယ်။ ကစားသမားတွေကို အငှားချတာဟာ သူတို့ရဲ့စွမ်းဆောင်ရည်ကို ပိုပြီးကောင်းစေချင်လိုပါ။ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ အငှားချထားတဲ့ ကစားသမားတွေဟာ အရည်အချင်းရှိပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ပြီး ဒါက ကျနော်တို့အတွက် လည်း ကောင်းပါတယ်”လို့ ပြောခဲ့တာပါ။
ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က အက်စတွန်ဗီလာနဲ့ ဘက်တစ်အသင်းတွေထံ အငှားသွားရောက်ပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထား သလို အန်တိုနီက ဘက်တစ်အသင်းအတွက် ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားတာပါ။

အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ် ကုန်ဆုံးချိန်မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေပါတယ်။
အက်စတွန်ဗီလာအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အသင်းအချို့က စောင့်ကြည့်မှု တွေ ပြုလုပ်နေကြတာပါ။
ဘက်တစ်အသင်းဟာ အန်တိုနီကို နောက်ထပ် တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာကို ယူနိုက်တက်အသင်းက ပယ်ချခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အငှားချထားတဲ့ ကစားသမားတွေကို အပြီးသတ် ရောင်းချဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် နည်းပြအာမိုရင်က သူတို့ဟာ နွေရာသီမှာ အသင်းထံ ပြန်လာမယ်လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ဧပြီ ၂၇ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
