CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈

မန်စီးတီးအသင်းဟာ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့ပေမယ့် နည်းပြဂွာဒီယိုလာက ဒီရာသီဟာ သူတို့အတွက် ကောင်းမွန်တဲ့ ရာသီမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာက “ကျနော်တို့ဟာ လီဗာပူးလ်အသင်း အနောက်မှာ ရမှတ်အများကြီး ပြတ်နေပြီး ဒါက မကောင်း သလို ချန်ပီယံလိဂ်မှာလည်း ကောင်းမွန်မှု မရှိပါဘူး။ ကျနော်တို့က အမြဲတမ်း စက်တစ်လုံးဖြစ်ပြီး ကောင်းမွန်စွာ မလုပ်နိုင်ပေမယ့် ပျက်ဆီးမှုက အသေးအဖွဲ့ပါ။ အသင်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချရမှာဖြစ်တာ ကြောင့် လာမယ့်ရာသီမှာ ပိုပြီးကောင်းမွန်လာမှာပါ”လို့ ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသလို ချန်ပီယံလိဂ် ပြိုင်ပွဲကနေလည်း စောစီးစွာ ထွက်ခွာခဲ့ရပါတယ်။

 မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ် 

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာ ရပ်တည်နေပြီး လာမယ့် ရာသီချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေသလို FA ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ 

ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ချန်ပီယံလိဂ်ဝင်ခွင့်ရပြီး FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့ရင် လည်း အသင်းအတွက် ကောင်းမွန်တဲ့ ရာသီမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ FA ဖလား ဗိုလ်လုပွဲကို ၃ ရာသီ ဆက်တိုက် တက်နိုင်ခဲ့တဲ့ တစ်နေ့တည်းမှာ လီဗာပူးလ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းကို ဂုဏ်ပြုခဲ့ပြီး သူတို့နဲ့ ထိုက်တန်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ FA ဖလား ဗိုလ်လုပွဲအဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို မေလ ၁၇ ရက် ဝင်ဘာလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ 

Source: ESPN