CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းက ရေပန်းအစားဆုံးလို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ပရီးမီးယားလိဂ်ဖလားကိုရဖို့ လီဗာပူးလ်က ရေပန်းအစားဆုံးပါ။ ဒုတိယက အာဆင်နယ်ဖြစ်ပြီး တတိယက ကျနော်တို့ပါ။ အဲဒါကြောင့် ဒါက ကျနော်တို့ရဲ့ လက်ထဲမှာ ရှိမနေပါဘူး။ အခုအချိန်မှာ ကျနော်တို့ လုပ်နိုင်တာက ဗီလာအသင်းနဲ့ ကစားရမယ့်ပွဲကို တွေးဖို့ပါ။ လိဂ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေမယ်ဆိုရင် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးပါပဲ”လို့ ပြောပါတယ်။

မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ လီဗာပူးလ်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။ 

လီဗာပူးလ်အသင်း တိုက်စစ်မှူး ဆာလတ်ကို တွေ့ရစဉ်

အာဆင်နယ်အသင်းနဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်းလိဂ်ပွဲစဉ်မှာ ဂိုးမသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းမစားတော့တာပါ။ ပြီးခဲ့တဲ့ပွဲ ရလဒ်တွေကြောင့် လီဗာပူးလ်အသင်းဟာ ချန်ပီယံဖြစ် ဖို့ အခွင့်အရေး ၁၂ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး မန်စီးတီးအသင်းက ၁၂ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်။ 

Opta က လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား ရယူဖို့ ၄၈ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးနေရာ ဦးဆောင် နေပြီး မန်စီးတီးအသင်းက ၃၄ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ အာဆင်နယ်အသင်းက ၁၈ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရပ်တည်နေတယ်လို့ ဖော်ပြထားတာပါ။

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ ၂ ပွဲစလုံး ပေးဂိုးမပေးရ အောင် ကစားသွားနိုင်ခဲ့တာကြောင့် နည်းပြ အာတီတာက အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပါတယ်။ 

လာမယ့်ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းက အက်စတွန်ဗီလာ၊ အာဆင်နယ်အသင်း က လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN/BBC