- By CNI
- Category: အားကစား
- Hits: 1079
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၈
ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ယူနိုက်တက်၊ စပါးနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ဘက်အသင်းတွေကို အနိုင်ယူကျော်ဖြတ်ပြီး ဥရောပပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို တက်ခဲ့ကြပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ လိုင်ယွန်အသင်း နဲ့ပွဲစဉ်မှာ အချိန်ပိုအထိယှဉ်ပြိုင်ခဲ့ရပြီး ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပွဲချိန်မိနစ် ၉၀ အတွင်းမှာ ယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် လိုင်ယွန်အသင်းရဲ့ ချေပဂိုး ၂ ဂိုးကြောင့် ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်သင်းရဲ့ ပထမအကျော့ ပွဲစဉ်ကလည်း ၂ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုးစီ သရေကျ နေခဲ့လို့ အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရတာပါ။

အချိန်ပိုမှာ ကစားသမား တစ်ဦးလျော့နဲ့ ယှဉ်ပြိုင်နေတဲ့ လိုင်ယွန်အသင်းက ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူခဲ့တာ ကြောင့် ယူနိုက်တက်အသင်း အခက်ကြုံတွေ့ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးတွေနဲ့ အနိုင်ဂိုး ဆက်တိုက် သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ လိုင်ယွန်အသင်းကို ၅ ဂိုး-၄ ဂိုး၊ နှစ်ကျော့ပေါင်းရလဒ် ၇ ဂိုး-၆ ဂိုးနဲ့ အနိုင်ယူပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
စပါးအသင်းက ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဖရန့်ဖတ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင် ရခဲ့တာပါ။

ပထမအကျော့ပွဲစဉ်မှာ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး-၁ ဂိုးနဲ့ စပါးအသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
စပါးအသင်းဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ဘိုဒိုဂီလင့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ချယ်လ်ဆီးအသင်းကတော့ ကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လီဂီယာဝါဆောအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ပထမအကျော့ပွဲစဉ်မှာ လီဂီယာဝါဆောအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထား တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်မှာ ယာဂါးဒန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဖီအိုရင်တီးနားနဲ့ ဘက်တစ်အသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
Source: BBC
#ချယ်လ်ဆီးအသင်း #စပါးအသင်း #ယူနိုက်တက်အသင်း #အားကစား #နိုင်ငံတကာ #CNISport #CNImyanmar
- By CNI
- Category: အားကစား
- Hits: 1101
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၇
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ နိုင်ပွဲရယူထားတဲ့ အာဆင်နယ်နဲ့ အင်တာမီလန်အသင်း တို့ဟာ ဒုတိယအကျော့မှာ ရလဒ်ကောင်းတွေ ထပ်မံရယူပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် ကစားခဲ့တဲ့ပွဲတွေမှာ အာဆင်နယ်အသင်းက ရီးရယ်လ် အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အင်တာမီလန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ၂ ဂိုးစီသရေကျခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပထမအကျော့ကလည်း ရီးရယ်လ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရထားတဲ့အတွက် နှစ်ကျော့စလုံး အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ပြန်တက်နိုင်ခဲ့ တာပါ။

အင်တာမီလန်အသင်းဟာ ပထမအကျော့တုန်းက ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဲဒါကြောင့် အင်တာမီလန်အသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင် ခဲ့တာပါ။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် ပီအက်စ်ဂျီနဲ့ အာဆင်နယ်၊ အင်တာမီလန်နဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 810
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၆
ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ပေမယ့် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ကြပါတယ်။
ဘာစီလိုနာအသင်းဟာ ဒေါ့မွန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ အက်စတွန်ဗီလာ အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။
ဒါပေမယ့် ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ၄ ဂိုး-ဂိုးမရှိနဲ့ ဒေါ့မွန်အသင်းကို အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ထဲမှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့ ပွဲစဉ်တုန်းက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ တာပါ။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် ရီးရယ်လ်နဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘာစီလိုနာအသင်းက အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 674
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅
ပရီးမီးယားလိဂ် နည်းပြဟောင်း တစ်ဦးဖြစ်တဲ့ ဆမ်အလာဒိုက်စ်က ၂ နှစ်ကျော်ကြာ ဝေးကွာနေတဲ့ ဘောလုံး လောကထဲပြန်လာဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။
ဆမ်အလာဒိုက်စ်က “ကျနော်ဟာ ဘယ်သူ့ကိုမဆို အကူအညီပေးမှာပါ။ မန်နေဂျာတစ်ဦး အနေနဲ့လား ဒါမှမဟုတ် အခြားအခန်းကဏ္ဍနဲ့လားဆိုတာတော့ ကျနော် မသိပါဘူး။ ဒါပေမယ့် ဒီအရာက ကြီးမားတဲ့ ပရောဂျက်တစ်ခု ဖြစ်ရပါမယ်။ ဘောလ်တန်မှာ ပြန်တွေ့ရမယ်လို့တော့ မထင်ပါဘူး။ သူတို့သာ ကျနော့် အကူအညီကို လိုချင်ရင် သူတို့လိုချင်တဲ့ အချိန်တိုင်း ဖုန်းခေါ်ဆိုနိုင်ပါတယ်”လို့ BBC ကိုပြောခဲ့တာပါ။
အသက် ၇၀ နှစ်အရွယ်ရှိ ဆမ်အလာဒိုက်စ်ဟာ ၂၀၂၂-၂၃ ရာသီကုန်ခါနီးမှာ လိဒ်စ်အသင်းကို ၄ ပွဲ ကိုင်တွယ် ပြီးနောက် နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ခြင်း မရှိသေးတာဖြစ်ပါတယ်။

ဆမ်အလာဒိုက်စ်ကိုတွေ့ရစဉ်
အင်္ဂလန်၊ နယူးကာဆယ်၊ ဝက်စ်ဟမ်းနဲ့ အဲဗာတန်အသင်းတို့ အပါအဝင် ပရီးမီးယားလိဂ် ကလပ် အများအပြားကို ကိုင်တွယ်ခဲ့တဲ့ ဆမ်အလာဒိုက်စ်ဟာ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်နိုင်မယ့်လမ်းကို ရှာဖွေနေ တာပါ။
ဆမ်အလာဒိုက်စ်ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဘောလ်တန်အသင်းဟာ လိဂ်ဝမ်းအမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ဖို့အတွက် ပလေးအော့ဖ် ယှဉ်ပြိုင် ခွင့်ရဖို့ မျှော်လင့်နေပါတယ်။
ဆမ်အလာဒိုက်စ်ဟာ နည်းပြဘဝမှာ ပွဲပေါင်း ၁,၀၀၀ ကျော် ကိုင်တွယ်ခဲ့ပြီး ၃၈.၆ အနိုင်ရာခိုင်နှုန်း ရရှိထား တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 767
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅
ကိုမိုအသင်းကွင်းလယ်လူ ဒယ်လီအလီဟာ အင်္ဂလန်အသင်း လူစာရင်းမှာ ပြန်လည်ခေါ်ယူခံရမယ်လို့ ယုံကြည်နေ ပြီး သူ့ရဲ့၂၀၂၆ ကမ္ဘာ့ဖလား အိပ်မက်ကို စွန့်လွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒယ်လီအလီက “ကျနော်က အလွန်ရည်မှန်းချက်ကြီးမားတဲ့ သူတစ်ဦးဖြစ်သလို အရင်ကထက် ပိုပြီးဆာလောင် နေပါတယ်။ ကျနော့်ရဲ့ အနီးစပ်ဆုံး ရည်မှန်းချက် ပန်းတိုင်တစ်ခုက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူစာရင်းထဲ ပါဝင်ဖို့ဆိုတာ ရှင်းလင်းပါတယ်။ ဒါက ကျနော့်ရဲ့ ရည်မှန်းချက်အဖြစ် ရှိနေဆဲပါပဲ”လို့ ကိုမိုအသင်းရဲ့ မီဒီယာအဖွဲ့ကို ပြောခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ဒယ်လီအလီဟာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုး သွင်းယူထားပေမယ့် ၂၀၁၉ ခုနှစ် နောက်ပိုင်း ပါဝင်ခွင့်မရရှိတော့တာ ဖြစ်ပါတယ်။
ဒယ်လီအလီဟာ ဒီနောက်ပိုင်း ကွင်းတွင်း၊ကွင်းပြင်မှာ ခက်ခဲတဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရတာပါ။
ဒယ်လီအလီဟာ လက်ရှိအချိန်မှာ ကိုမိုအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ပြီးနောက် သူ့ရဲ့အပြုံးတွေကို ပြန်လည် ရှာဖွေနိုင်ခဲ့ပါတယ်။

ဒယ်လီအလီကို တွေ့ရစဉ်
ဒယ်လီအလီဟာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးပွဲစဉ်အဖြစ် ပြီးခဲ့တဲ့လက အေစီမီလန်အသင်းနဲ့ စီးရီးအေပွဲစဉ်မှာ ကိုမိုအသင်း ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာပါ။
ဒါပေမယ့် ဒယ်လီအလီဟာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ကိုမိုအသင်း ကစားသမားဘဝအစကို ကောင်းမွန်စွာ မစတင်နိုင်ခဲ့ပါဘူး။
ဒယ်လီအလီဟာ လာမယ့် ကိုမိုအသင်းရဲ့ပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့ရင် အကောင်းဆုံး ခြေစွမ်းပြသပြီး နည်းပြ တူချယ်လ်ရဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်နိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဒယ်လီအလီအနေနဲ့ စပါးအသင်းမှာ ကစားခဲ့ချိန်တုန်းက ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကို ပြန်ပြသနိုင်ခဲ့ရင် အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်ခွင့်ရဖို့ အခွင့်အရေး ရရှိနိုင်တာပါ။
ဒယ်လီအလီဟာ အင်္ဂလန်အသင်းအတွက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၁၈-၁၉ နေးရှင်းလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 721
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက်တိုးပြီး ၆၄ သင်းနဲ့ကျင်းပဖို့ တရားဝင် အဆိုပြုခဲ့ပါတယ်။
ဒီပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်တွေကို အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးနိုင်ငံတို့က အိမ်ရှင်အဖြစ် ကျင်းပပြီးနောက် စပိန်၊ မော်ရိုကိုနဲ့ ပေါ်တူဂီနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာပါ။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၄၈ သင်းနဲ့ ပထမဆုံးအကြိမ် ကျင်းပသွားမှာ ဖြစ်ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဖြစ်တဲ့ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအရေအတွက် ထပ်ပြီး တိုးပြီးကျင်းပဖို့ CONMEBOL က ဆန္ဒရှိနေတာဖြစ်ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဟာ ဒီအဆိုပြုချက်ကို သုံးသပ်မှုတွေ ပြုလုပ်သွားဖို့ရှိနေတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအရေအတွက် ၄၈ သင်းအထိ တိုးပြီးကျင်းပဖို့ကို ဖီဖာကွန်ဂရက်မှာ မဲခွဲခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဖီဖာရဲ့၇၅ ကြိမ်မြောက် ကွန်ဂရက်ကို မေလ ၁၅ ရက် ပါရာဂွေးနိုင်ငံမှာ ကျင်းပသွားဖို့ရှိနေပြီး ဒီကွန်ဂရက်မှာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ အဆိုပြုချက်ကို ဆွေးနွေးမှုတွေ ပြုလုပ်သွားနိုင်တာပါ။

ဒီအဆိုပြုမှုကို အတည်ပြုခဲ့မယ်ဆိုရင် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲပေါင်း ၁၂၈ ပွဲအထိ မြင်တွေ့ရဖို့ရှိနေတာ ဖြစ်ပါတယ်။
ဥရောပဘောလုံးအဖွဲ့ချုပ်အကြီးအကဲ ဆီဖာရင်ကတော့ ဒီအဆိုပြုမှုဟာ ဆိုးရွားတဲ့ အတွေးအခေါ် ဖြစ်တယ်လို့ အခုလအစောပိုင်းက ပြောထားတာပါ။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီး ၃ တိုက်မှာ ပထမဆုံးအကြိမ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ဥရောပတိုက်က စပိန်နဲ့ပေါ်တူဂီ ၊အာဖရိကတိုက်က မော်ရိုကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပ သွားမှာပါ။
၁၉၃၀ ခုနှစ်က စတင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တောင်အမေရိကတိုက်က အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးတို့ဟာ အဖွင့်ပွဲစဉ် ၁ ပွဲစီကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 649
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၅
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းမှာ နောက်ထပ် တစ်နှစ်ကြာ ဆက်ရှိမယ့် စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု ရရှိဖို့နီးစပ်နေပြီဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နွေရာသီမှာ အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ ခဲ့တဲ့ မက်ဆီရဲ့လက်ရှိစာချုပ်ဟာ ၂၀၂၅ ခုနှစ်ရာသီကုန်ရင် ကုန်ဆုံးတော့မှာပါ။
ဒါပေမယ့် The Athletic က မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြထားပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၆ ခုနှစ်မှာ ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ ကွင်းသစ်ထံ ပြောင်းရွှေ့မှာဖြစ်ပြီး မက်ဆီအနေနဲ့ စာချုပ်သစ်ချုပ်ခဲ့ရင် သူလည်း ကွင်းသစ်ကြီးထဲမှာ ပါဝင်ကစားခွင့်ရရှိမှာပါ။
အင်တာမိုင်ယာမီအသင်းဟာ ပရိသတ်ဦးရေ ၂၅,၀၀၀ ဝင်ဆံ့တဲ့ Miami Freedom Park ကို ၂၀၂၆ ခုနှစ်ထဲမှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မက်ဆီကို တွေ့ရစဉ်
အင်တာမိုင်ယာမီအသင်းဟာ မက်ဆီကို ခေါ်ယူပြီးနောက် သူ့ရဲ့ ဘာစီလိုနာအသင်းဖော် ဟောင်းတွေဖြစ်တဲ့ ဘတ်စ်ကွက်၊ အယ်လ်ဘာနဲ့ ဆွာရက်ဇ်တို့ကို ခေါ်ယူထားသလို သူ့ရဲ့အာဂျင်တီးနားနဲ့ ဘာစီလိုနာအသင်း ဖော်ဟောင်း မာရှေယာနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ထားတာပါ။
အသက် ၃၇ နှစ်အရွယ်ရှိ မက်ဆီဟာ အင်တာမိုင်ယာမီအသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲ ပါဝင်ကစားထားပြီး ၄၂ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ်ထားပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းကို အသင်းသမိုင်း တစ်လျှောက် ပထမဆုံး ဆုဖလားအဖြစ် ၂၀၂၃ ခုနှစ်က လိဂ်ဖလား ရယူပေးခဲ့ပြီး မနှစ်ကရာသီမှာ Supporters' Shield ရယူပေးနိုင်ခဲ့တာပါ။
အင်တာမိုင်ယာမီအသင်းဟာ ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ရလဒ်ကောင်းတွေ ရရှိထားသလို ကွန်ကာကပ်ဖ် ချန်ပီယံများဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ ဧပြီ ၁၃ ရက်မှာ မေဂျာလိဂ်ပွဲစဉ်အဖြစ် ချီကာဂိုအသင်း အိမ်ကွင်းသွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 882
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
ချယ်လ်ဆီးအသင်းက လီဂီယာဝါဆောအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အကယ်ဒမီထွက် ဂျော့ချ်နဲ့ အခီပေါင်တို့ကို နည်းပြမာရက်စ်ကာက ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။
မာရက်စ်ကာက “ဂျော့ချ်က ကျနော်တို့ရဲ့ကောင်လေးတွေထဲက တစ်ဦးဖြစ်တဲ့အတွက် ပထမဆုံးအနေနဲ့ ချယ်လ်ဆီးအကယ်ဒမီအတွက် ပျော်ရွှင်မိပါတယ်။ သူဟာပထမပိုင်းမှာ အလွန်ကောင်းမွန်ခဲ့ပြီး အလယ်မှာ ကစားရတာ သူ့အတွက် ပိုကောင်းမယ်လို့ထင်ပါတယ်။ အခီပေါင်ရဲ့စွမ်းဆောင်ရည်ကို ကျနော်နှစ်သက်မိပါတယ်။ သူဟာ ချယ်လ်ဆီးအတွက် အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်နိုင်ပြီး သူဟာ မတူညီတဲ့နေရာတွေမှာ ကစားနိုင်တဲ့သူဆိုတာ ပြသခဲ့တယ်” လို့ ပြောခဲ့တာပါ။
ဒီပွဲစဉ်မှာ ဂျော့ချ်နဲ့ အခီပေါင်တို့ကို နည်းပြမာရက်စ်ကာက ချယ်လ်ဆီးအသင်းရဲ့ပွဲထွက်လူစာရင်းထဲ အသုံးပြု ခဲ့တာဖြစ်ပါတယ်။
ဂျော့ချ်ဟာ ကိုးလ်ပါလ်မာကို လူစားလဲခဲ့တဲ့အချိန်မှာ နံပတ် ၁၀ နေရာကို ပြောင်းလဲကစား ခဲ့ရပြီး မိနစ်အနည်းငယ်အကြာမှာ ချယ်လ်ဆီးအသင်းကြီးကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
ဂျော့ချ်က ချယ်လ်ဆီးအသင်းကြီးအတွက် ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လီဂီယာဝါဆောအသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်နိုင်ဖို့ အခြေအနေကောင်းနေပြီး ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူမယ့် အသင်းအဖြစ် အားလုံးရဲ့ သတ်မှတ်ခြင်းကို ခံထားရတာပါ။
ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲရင် လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်ရမှာ ဖြစ်ပေမယ့် သူတို့ရဲ့အဓိက ပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယား လိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာမှာရပ်တည်နေပေမယ့် အဆင့် ၇ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ၂ မှတ်သာကွာဟတာပါ။
ချယ်လ်ဆီးအသင်းဟာ အခုလာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်ဖို့ ရုန်းကန် နေတဲ့ အစ်စဝှစ်ချ်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 798
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
ဘာစီလိုနာအသင်းဟာ နည်းပြဟန်ဆီဖလစ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာကြောင့် ဂျာမန်လူမျိုးနည်းပြရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီနဲ့တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီနည်းပြ ဟန်ဆီဖလစ် လက်ထက်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး တတိယအကြိမ် အဖြစ် တစ်ရာသီအတွင်း ဆုဖလား ၃ လုံးစလုံး ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာပါ။
ပြီးခဲ့တဲ့ရာသီက နည်းပြဟောင်း ဇာဗီရဲ့ လက်ထက်မှာ ရလဒ်တွေဆိုးခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ နည်းပြ ဟန်ဆီဖလစ်ရဲ့ ဦးဆောင်မှုနဲ့ လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နေသလို ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒါအပြင် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ၄ ဂိုး-ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်နိုင်ဖို့သေချာနေတာပါ။

ဘာစီလိုနာအသင်းကို တွေ့ရစဉ်
စပိန်သတင်းစာ SPORT က ဘာစီလိုနာအသင်း အကြီးအကဲတွေဟာ နည်းပြဟန်ဆီဖလစ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် အေးဂျင့်ဇဟာဗီနဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဘာစီလိုနာအသင်း အကြီးအကဲတွေဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းမှု မပြုလုပ်ခင်မှာ ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့အတွက် ဇဟာဗီနဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့တာပါ။
ဂျာမနီအသင်းကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့တဲ့ ဟန်ဆီဖလစ်နဲ့ အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ နည်းပြဟန်ဆီဖလစ်ကို အသင်းကို ကာလကြာရှည် ဦးဆောင်နိုင်မယ့် စာချုပ် သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာပါ။
လာလီဂါ အမှတ်ပေးဇယားကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်ထားတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် လာလီဂါပွဲစဉ် အဖြစ် လီဂါနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 761
CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းအတွက် မူလာကို ခေါ်ယူချင်နေတာကြောင့် နွေရာသီမှာ တူရကီကို ပြောင်းရွှေ့လာအောင် ဆွဲဆောင်နိုင်ဖို့ စိတ်အားထက်သန် နေပါတယ်။
မူလာဟာ ဒီရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာတော့မှာပါ။
ဂျာမန်ဝါရင့်ကစားသမား မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ရှိချင်နေပေမယ့် ကလပ်အသင်းက သူ့ကို စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတဲ့အတွက် အခြားအသင်းတွေက သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
Sporx က ဖီနာဘာချီအသင်းဟာ မူလာရဲ့ လက်မှတ်ကို ရယူနိုင်ဖို့အတွက် အခြားအသင်းတွေထက် လက်ဦးမှု ရယူဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြထားတာပါ။
နည်းပြမော်ရင်ဟိုဟာ ဖီနာဘာချီအသင်း လူစာရင်းထဲကို အတွေ့အကြုံရှိပြီး ခေါင်းဆောင်နိုင်တဲ့ ကစားသမားကို ထည့်သွင်းချင်နေတာ ဖြစ်ပါတယ်။
ဖီနာဘာချီအသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ တာဒစ်နဲ့ ဂျက်ကိုတို့ဟာ ထွက်ခွာသွားနိုင်ဖွယ်ရှိနေလို့ နည်းပြ မော်ရင်ဟို ဟာ သူတိုရဲ့နေရာမှာ ထိပ်တန်းအဆင့် အစားထိုးမှုကို ရှာဖွေနေတာပါ။
တာဒစ်ဟာ ဒီရာသီမှာ ဖီနာဘာချီအသင်းအတွက် ၁၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ထားကာ ဂျက်ကို ကတော့ ၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ထားပါတယ်။

မူလာကိုတွေ့ရစဉ်
ဒီကစားသမား ၂ ဦးစလုံးကို လက်လွှတ်ခဲ့ရမယ်ဆိုရင် ဖီနာဘာချီအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ဖို့ ရှိနေတာပါ။
ဒါပေမယ့် မူလာလို ထိပ်တန်းအဆင့် ကစားသမားကို ခေါ်ယူခဲ့ရင် ဖီနာဘာချီအသင်းဟာ ပြည်တွင်းနဲ့ ဥရောပ ပြိုင်ပွဲတွေမှာ သူတို့ရဲ့ရည်မှန်းချက်ကို အချက်ပြသလို ဖြစ်သွားနိုင်ပါတယ်။
ဖီနာဘာချီအသင်းဟာ မူလာကို ၁ နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။ ဒါပေမယ့် စွမ်းဆောင်ရည်နဲ့ အပြန်အလှန် သဘောတူညီမှုကို အခြေခံပြီး ဒုတိယရာသီအတွက် စာချုပ်ကို သက်တမ်းတိုးဖို့ ရွေးချယ်ခွင့် ပါဝင်မှာဖြစ်ပါတယ်။
မူလာဟာ လက်ရှိအချိန်မှာ သူ့ရဲ့ ဘိုင်ယန်မြူးနစ်အသင်း ကစားသမားဘဝ နောက်ဆုံးရာသီကို ဆုဖလားရယူပြီး အဆုံးသတ်ဖို့ ရည်မှန်းထားတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၂ နေရာ ရပ်တည်နေတဲ့ လေဗာကူဆင် အသင်းကို ရမှတ် ၆ မှတ်ဖြတ်ပြီး ဦးဆောင်ထားကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အင်တာမီလန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ထားတာဖြစ်ပါတယ်။
Source: Goal
