CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၆

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ပေမယ့် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းဟာ ဒေါ့မွန်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ အက်စတွန်ဗီလာ အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ 

ဒါပေမယ့် ပထမအကျော့ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ၄ ဂိုး-ဂိုးမရှိနဲ့ ဒေါ့မွန်အသင်းကို အနိုင်ရခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ထဲမှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ပထမအကျော့ ပွဲစဉ်တုန်းက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၄ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ တာပါ။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် ရီးရယ်လ်နဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘာစီလိုနာအသင်းက အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: BBC