CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁

ဘာစီလိုနာအသင်းဟာ နည်းပြဟန်ဆီဖလစ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာကြောင့် ဂျာမန်လူမျိုးနည်းပြရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီနဲ့တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဒီရာသီနည်းပြ ဟန်ဆီဖလစ် လက်ထက်မှာ အကောင်းဆုံးပုံစံ ရရှိနေပြီး တတိယအကြိမ် အဖြစ် တစ်ရာသီအတွင်း ဆုဖလား ၃ လုံးစလုံး ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာပါ။

ပြီးခဲ့တဲ့ရာသီက နည်းပြဟောင်း ဇာဗီရဲ့ လက်ထက်မှာ ရလဒ်တွေဆိုးခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ နည်းပြ ဟန်ဆီဖလစ်ရဲ့ ဦးဆောင်မှုနဲ့ လာလီဂါပြိုင်ပွဲမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရပ်တည်နေသလို ကိုပါဒယ်ရေးဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

ဒါအပြင် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ၄ ဂိုး-ဂိုး မရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်နိုင်ဖို့သေချာနေတာပါ။ 

ဘာစီလိုနာအသင်းကို တွေ့ရစဉ်

စပိန်သတင်းစာ SPORT က ဘာစီလိုနာအသင်း အကြီးအကဲတွေဟာ နည်းပြဟန်ဆီဖလစ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့အတွက် အေးဂျင့်ဇဟာဗီနဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဘာစီလိုနာအသင်း အကြီးအကဲတွေဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းမှု မပြုလုပ်ခင်မှာ ဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့အတွက် ဇဟာဗီနဲ့ တွေ့ဆုံမှုပြုလုပ်ခဲ့တာပါ။ 

ဂျာမနီအသင်းကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့တဲ့ ဟန်ဆီဖလစ်နဲ့ အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိ သက်တမ်းရှိနေပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ နည်းပြဟန်ဆီဖလစ်ကို အသင်းကို ကာလကြာရှည် ဦးဆောင်နိုင်မယ့် စာချုပ် သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာပါ။ 

လာလီဂါ အမှတ်ပေးဇယားကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်ထားတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် လာလီဂါပွဲစဉ် အဖြစ် လီဂါနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal