- By CNI
- Category: အားကစား
- Hits: 792
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁
ရီးရယ်လ်အသင်းက အတ္တလန်တာအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး ဘတ်ပီရဲ့ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်တယ်လို့ နည်းပြ အန်ဆယ်လော့တီက ပြောခဲ့ပါတယ်။
အန်ဆယ်လော့တီက “ဘတ်ပီဟာ သူ့ရဲ့ပေါင်မှာ မသက်မသာ ဖြစ်နေတယ်လို့ ခံစားခဲ့ရတာကြောင့် ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ပြင်းထန်တဲ့ပုံ မပေါ်ပေမယ့် အခြေအနေ အတိအကျကို ဆေးစစ်မှုပြုလုပ်ပြီးရင် ကျနော်တို့ သိရမှာပါ။ သူဟာ မပြေးနိုင်တော့တဲ့အတွက် စိတ်ပျက်ခဲ့ပြီး ဒါကြောင့်လည်း ကျနော်တို့သူ့ကို လူစားလဲခဲ့ရတာ”လို့ ပြောခဲ့တာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ပွဲချိန် ၁၀ မိနစ်မှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါ တယ်။
ဒီဂိုးဟာ ဘတ်ပီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၅၀ ပြည့်ခဲ့တဲ့ ဂိုးလည်းဖြစ်ခဲ့တာပါ။
ဒါပေမယ့် ဘတ်ပီဟာ ပွဲချိန် ၃၅ မိနစ်မှာ ဒဏ်ရာရရှိသွားခဲ့ပြီး ဆက်မကစားနိုင်တော့တဲ့အတွက် ရိုဒရီဂိုနဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ရီးရယ်လ်အသင်းအတွက် ဘတ်ပီရဲ့ဒဏ်ရာဟာ နောက်ထပ် ထိုးနှက်ချက် ဖြစ်ခဲ့တာပါ။

ဘတ်ပီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ အတ္တလန်တာအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ဆိုး နေတာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၈ နေရာ မှာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက ဒီနိုင်ပွဲဟာ သူတို့အတွက် အလွန်အရေးပါခဲ့ပြီး ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက် နိုင်ဖို့အတွက် လက်ကျန်ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရလဒ် ရယူသွားမယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ်တွေအဖြစ် ဆဲလ်ဘတ်၊ ဘရက်စ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်ပြီး နောက်တဆင့်တက်နိုင်ဖို့ မျှော်လင့်ချက်ရှိနေတာပါ။
လာလီဂါပြိုင်ပွဲမှာ အဆင့် ၂ နေရာ ရပ်တည်နေတဲ့ ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် ဗယ်လက်ကာနိုအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1287
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀
စပါးအသင်းရဲ့ အဓိကနောက်ခံလူ ရိုမဲရိုးဟာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူရဖွယ် ရှိနေပါတယ်။
အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးဟာ ဒဏ်ရာကြောင့် စပါးအသင်းရဲ့ ပြိုင်ပွဲစုံ ၅ ပွဲကို လွဲချော်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်မှ အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပြန်ပါဝင်လာခဲ့တာပါ။
ဒါပေမယ့် ရိုမဲရိုးဟာ ပွဲချိန် ၁၅ မိနစ်သာ ပါဝင်ကစားခဲ့ပြီးနောက် ဒဏ်ရာ ထပ်မံရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် စပါးအသင်းဟာ သူ့ရဲ့နေရာမှာ ဒရာဂူဆန်ကို လူစားလဲ ဝင်ရောက်စေခဲ့တာပါ။ ရိုမဲရိုးဟာ သူ့ရဲ့ ခြေချောင်း ဒဏ်ရာကို ပိုပြီးဆိုးရွားစေခဲ့တယ်ဆိုပြီး ကနဦး သံသယရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဂျာနယ်လစ် ဂတ်စတန်အီဒဲလ်က ရိုမဲရိုးဟာ ကြွက်သားဒဏ်ရာရရှိခဲ့ပြီး နောက်ထပ် ၆ ပတ်ကြာအထိ အနားယူရမယ်လို့ ဖော်ပြခဲ့တာပါ။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးကို တွေ့ရစဉ်
အဲဒါကြောင့် ချယ်လ်ဆီးအသင်းနဲ့ပွဲစဉ်ဟာ ရိုမဲရိုးအတွက် ၂၀၂၄ ခုနှစ်မှာ နောက်ဆုံး ပါဝင်ကစားခဲ့တဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။
ရလဒ်တွေဆိုးနေတဲ့ စပါးအသင်းအတွက်တော့ ရိုမဲရိုးရဲ့ ဒဏ်ရာသတင်းဟာ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။
စပါးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးပြီး အမှတ်ပေးဇယား အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။
နည်းပြ ပိုစတီကိုဂလူး အတွက်လည်း စပါးအသင်း အနာဂတ် မရေမရာဖြစ်သွားခဲ့ပြီး လာမယ့်ပွဲတွေမှာ ရလဒ် ကောင်း မရယူနိုင်ရင် ထုတ်ပယ်ခံရနိုင်တယ်လို့ ဗြိတိန်မီဒီယာ အများအပြားက ဖော်ပြထားတာပါ။
ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် စပါးအသင်း ပရိသတ်တွေနဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေရှိခဲ့ပါတယ်။
စပါးအသင်းဟာ လာမယ့် ပွဲစဉ်တွေအဖြစ် ရိန်းဂျားစ်အသင်းနဲ့ ယူရိုပါလိဂ်၊ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1537
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀
မာဆေးလ်အသင်း ကွင်းလယ်လူ ရာဘီယော့က အသင်းလက်မဲ့ဖြစ်နေတဲ့ ပေါ့ဘာနဲ့ အတူတွဲ ကစားရတာကို နှစ်သက်ပြီး ပြင်သစ်ကလပ်မှာ သူ့ကိုကြိုဆိုမယ်လို့ ပြောခဲ့ပါတယ်။
ရာဘီယော့က “ကျနော် ပေါလ်နဲ့ ကစားရတာကို နှစ်သက်ပါတယ်။ ကျနော်တို့ ဂျူဗင်တပ်စ်မှာ အချိန်အတော်ကြာ အတူတူ ဖြတ်သန်းခဲ့ပေမယ့် ကွင်းထဲမှာ မျှဝေခံစားခွင့် မရခဲ့ပါဘူး။ သူ့ကို မာဆေးလ်အသင်းမှာ ကြိုဆိုပါတယ်”လို့ ပြောခဲ့တာပါ။
တားမြစ်ဆေးသုံးစွဲမှုကြောင့် ချမှတ်ခံထားရတဲ့ ပွဲပယ်ပြစ်ဒဏ်ကို လျှော့ချပေးလိုက်တဲ့အတွက် ပေါ့ဘာဟာ ၂၀၂၅ ခုနှစ်၊ မတ်လမှာ ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲတွေထံ ပြန်လာခွင့်ရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပေါ့ဘာဟာ ပြီးခဲ့တဲ့လက ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီးနောက် အသင်းသစ် ရှာဖွေမှုတွေကို ပြုလုပ်နေတာပါ။
ပေါ့ဘာဟာ ဥရောပပြင်ပ ကလပ်အသင်းတွေရဲ့ ချိတ်ဆက်မှုတွေကို ခံနေရပြီး မေဂျာလိဂ်နဲ့ ဆော်ဒီပရိုလိဂ် အသင်းတွေက သူ့ကိုခေါ်ယူနိုင်ဖို့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

ပေါ့ဘာနဲ့ ရာဘီယော့ကို တွေ့ရစဉ်
ဒီအချိန်မှာ ရာဘီယော့က သူ့ရဲ့အသင်းဖော်ဟောင်း ပေါ့ဘာကို မာဆေးလ်အသင်းထံ လာရောက်ကစားဖို့ ပြောခဲ့တာပါ။
ပေါ့ဘာဟာ ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားဖြစ်ပေမယ့် ပွဲပယ်ပြစ်ဒဏ်ကြောင့် ဘောလုံးလောကနဲ့ ကာလရှည် ဝေးကွာနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရာဘီယော့က ပေါ့ဘာအနေနဲ့ မာဆေးလ်အသင်းထံ လာရောက်ခဲ့ရင် သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်နိုင်တယ်လို့ အကြံပြုထားတာပါ။
အသက် ၂၉ နှစ်အရွယ်ရှိ ရာဘီယော့ဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ပြီးခဲ့တဲ့နွေရာသီက မာဆေးလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ရာဘီယော့ဟာ မာဆေးလ်အသင်းအတွက် ၉ ပွဲ ပါဝင်ကစားထားပြီး စိန့်အန်တီယန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းယူခဲ့တာပါ။
မာဆေးလ်အသင်းဟာ ဒီရာသီ ပြင်သစ် လီဂူး-၁ ပွဲစဉ် ၁၄ ပွဲ ကစားအပြီးမှာ ရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 1357
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ဝက်စ်ဟမ်းအသင်းက ဝုလ်ဗ်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်း အတွက် ဂိုးတွေသွင်းခဲ့ကြတဲ့ ဆိုချက်ခ်နဲ့ ဘိုဝင်တို့ဟာ အသင်းဖော် အန်တိုနီယိုအတွက် ရည်ညွှန်းတဲ့ အောင်ပွဲခံမှု တွေ ပြုလုပ်ခဲ့ကြပါတယ်။
အန်တိုနီယိုဟာ ပြီးခဲ့တဲ့ စနေနေ့က ထိတ်လန့်ဖွယ်ကောင်းတဲ့ ယာဉ်မတော်တဆမှုမှာ ပါဝင်ခဲ့ပြီးနောက် ခွဲစိတ်မှု ခံယူထားရတာပါ။
ဝက်စ်ဟမ်းအသင်း ကစားသမားတွေဟာ ဝုလ်ဗ်စ်အသင်းနဲ့ ပွဲမစတင်ခင် သွေးပူလေ့ကျင့်ခန်း ပြုလုပ်တဲ့အချိန်မှာ အန်တိုနီယိုရဲ့ နာမည်နဲ့ နံပါတ်ပါ အင်္ကျီတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။
ဒီပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းအတွက် ပွဲချိန် ၅၄ မိနစ်မှာ အဖွင့်ဂိုးသွင်းခဲ့တဲ့ ဆိုချက်ခ်ဟာ အသင်းဖော် အန်တိုနီယို ဝတ်ဆင်တဲ့ ကျောနံပါတ် ၉ ကို ရည်ညွှန်းပြီး လက်ချောင်း ၉ ချောင်းထောင် အောင်ပွဲခံခဲ့တာပါ။
ဝက်စ်ဟမ်းအသင်းအတွက် ပွဲချိန် ၇၂ မိနစ်မှာ အနိုင်ဂိုးသွင်းခဲ့တဲ့ အသင်းခေါင်းဆောင် ဘိုဝင်ကလည်း အန်တိုနီယို ရဲ့ အင်္ကျီကို ကိုင်မြှောက်ပြီး အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်း ဂိုးသွင်းနေစဉ်
ဝက်စ်ဟမ်းအသင်း ကွင်းလယ်လူ ဆိုချက်ခ်ဟာ ပွဲအပြီး အင်တာဗျူးမှာ သူသွင်းယူခဲ့တဲ့ သွင်းဂိုးက အန်တိုနီယို အတွက်လို့ ပြောခဲ့ပြီး အန်တိုနီယိုဟာ ကြီးမားတဲ့ ကစားသမားဖြစ်ကာ သူ့ရဲ့နှလုံးသားထဲမှာရှိတယ်လို့ ပြောခဲ့ တာပါ။
အန်တိုနီယိုဟာ ခွဲစိတ်မှုကြောင့် ဒီရာသီအကုန်ထိ ဝက်စ်ဟမ်းအသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်သလို ပြန်လည်ကောင်းမွန်နိုင်ဖို့အတွက် အနည်းဆုံး တစ်နှစ်ကြာအထိ အချိန်ယူရဖွယ်ရှိနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေတဲ့ ဝက်စ်ဟမ်းအသင်းဟာ ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေ တာပါ။
ဝုလ်ဗ်စ်အသင်းကတော့ ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 828
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀
ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က အသင်းဟာ ချန်ပီယံလိဂ် အရေးကြီးပွဲစဉ်ဖြစ်တဲ့ ဆဲလ်ဘတ် အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ယူနိုင်တယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။
လူးဝစ်အင်းနရစ်က “ဘယ်ပြိုင်ပွဲမှာပဲဖြစ်ဖြစ် လွယ်ကူတဲ့ အဝေးကွင်းပွဲဆိုတာ မရှိပါဘူး။ ဆဲလ်ဘတ်အသင်းနဲ့ပွဲက ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ကျနော်တို့ဟာ ပြိုင်ဘက်တွေထက် အခွင့်အရေး ပိုဖန်တီးရမှာ ဖြစ်ပြီး အကြိမ်အရေအတွက် အများကြီး ဖန်တီးနိုင်ရင် ပိုကောင်းပါတယ်။ ပြီးတော့ ပြိုင်ဘက်ကိုလည်း အခွင့် အရေး အနည်းငယ်ပဲ ပေးနိုင်အောင် လုပ်ရပါမယ်။ ကျနော်တို့ရဲ့ ယုံကြည်မှုကို ထိန်းထားဖို့လိုတယ်”လို့ ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်သာရရှိကာ အမှတ်ပေးဇယားအဆင့် ၂၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပလေးအော့ဖ် အပြင်ဘက်ကို ရောက်ရှိနေတာကြောင့် လက်ကျန်ပွဲတွေမှာ ရလဒ် မကောင်းရင် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာရနိုင်တာပါ။
အဲဒါကြောင့် ဆဲလ်ဘတ်အသင်းနဲ့ ကစားမယ့်ပွဲစဉ်ဟာ ပီအက်စ်ဂျီအသင်းအတွက် အလွန်အရေးကြီးတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကို တွေ့ရစဉ်
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ် ၂ ပွဲအဖြစ် မန်စီးတီး၊ စတုဂတ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ဆဲလ်ဘတ်အသင်းဆီကနေ အမှတ်ရယူနိုင်ဖို့ လိုအပ်နေတာပါ။
ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က ဆဲလ်ဘတ်အသင်းနဲ့ပွဲစဉ် အပါအဝင် နောက်ထပ် ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲစလုံးကိုလည်း အနိုင်ရယူနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် အသင်းတွေထဲမှာ အသက်အငယ်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေထဲက တစ်သင်းလည်းဖြစ်ပါတယ်။
နည်းပြလူးဝစ်အင်းနရစ်က သူ့ရဲ့လူငယ် ကစားသမားတွေဟာ အတွေ့အကြုံရှိတဲ့ သူတွေဖြစ်ပြီး ဆဲလ်ဘတ် အသင်းနဲ့ ပွဲစဉ်အတွက် အသင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်လို့ ပြောခဲ့တာပါ။
ဆဲလ်ဘတ်အသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၃ မှတ်နဲ့ အဆင့် ၃၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1658
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉
ပလိုင်းမောက်အသင်းနည်းပြ ဝိန်းရွန်နီဟာ ရလဒ်တွေဆိုးနေတဲ့ အသင်းကို အကူအညီပေးနိုင်ဖို့အတွက် မိုက်ဖီလန်ကို လက်ထောက်နည်းပြအဖြစ် ခေါ်ယူခဲ့ပါတယ်။
မိုက်ဖီလန်ဟာ ယူနိုက်တက်အသင်းမှာ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြအဖြစ် နှစ်ပေါင်းများစွာကြာ တာဝန်ယူခဲ့သလို ဆိုးလ်ရှား ကိုင်တွယ်ချိန်တုန်းကလည်း လက်ထောက်နည်းပြအဖြစ် ယူနိုက်တက်အသင်းထံ ပြန်ရောက်ရှိလာခဲ့တာပါ။
အခုအချိန်မှာတော့ မိုက်ဖီလန်ဟာ ယူနိုက်တက်အသင်း ဂန္ထဝင်ကစားသမား ဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ပလိုင်းမောက်အသင်းထံ လက်ထောက်နည်းပြအဖြစ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီက “ကျနော် ယူနိုက်တက်မှာ ကစားသမားအဖြစ်ရှိချိန်က မိုက်နဲ့အတူတွဲ အလုပ်လုပ်ဖူးတဲ့အတွက် သူ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ သူဟာ ဘောလုံးလောကရဲ့ အမြင့်ဆုံးအဆင့်မှာ အတွေ့အကြုံတွေ အများကြီးရှိတဲ့သူပါ။ သူ့ကို ပလိုင်းမောက်ထံ ခေါ်ဆောင်နိုင်ခဲ့လို့ အလွန်ဝမ်းသာပါတယ်”လို့ ပြောခဲ့တာပါ။

ဝိန်းရွန်နီနဲ့ မိုက်ဖီလန်ကို တွေ့ရစဉ်
မိုက်ဖီလန်ကလည်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဝိန်းရွန်နီနဲ့ ပြန်လည်လက်တွဲရမယ့်အတွက် ဝမ်းသာပြီး စိန်ခေါ်မှု အသစ်ကို စောင့်မျှော်နေတယ်လို့ ရေးသားကာ သူတို့နှစ်ဦးရဲ့ ပုံအချို့ကို တင်ထားခဲ့တာ ဖြစ်ပါတယ်။
ဝိန်းရွန်နီဟာ ပလိုင်းမောက်အသင်းမှာ ကြီးမားတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ချန်ပီယံရှစ်ပွဲစဉ် ၁၈ ပွဲ ကစား အပြီးမှာ အသင်းဟာ ရမှတ် ၁၇ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၂၂ နေရာမှာ ရပ်တည်နေတာပါ။
အဲဒါကြောင့် ဝိန်းရွန်နီဟာ အတွေ့အကြုံ အများကြီးရှိတဲ့ မိုက်ဖီလန်ကို လက်ထောက်နည်းပြအဖြစ် ခေါ်ဆောင် ကာ အသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။
ပလိုင်းမောက်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံရှစ်ပွဲစဉ်အဖြစ် ဆွမ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1717
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉
ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တဲ့ ပေါ်တူဂီတောင်ပံ ကစားသမားဟောင်း နာနီဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ အနားယူလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ နာနီဟာ စပို့တင်းလစ္စဘွန်းအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ် မှာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။
နာနီဟာ ၂၀၁၄ ခုနှစ်မှာ စပို့တင်းလစ္စဘွန်း အသင်းထံ အငှားနဲ့ ပြန်ကစားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဖီနာဘာချီအသင်း ထံ အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
နာနီဟာ သူ့ရဲ့ ၁၉ နှစ်ကြာ ကစားသမားဘဝမှာ အသင်းပေါင်း ၁၀ သင်းကစားခဲ့ပြီး ဒီအထဲမှာ အမေရိကန်နဲ့ သြစတြေးလျလိဂ် ကလပ်တွေလည်း ပါဝင်ခဲ့တာပါ။
နာနီဟာ ၂၀၂၄ ခုနှစ်အစပိုင်းမှာ သူ့ရဲ့မွေးရပ်မြေကလပ် အက်စ်ထရီလာအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး ၁၀ ပွဲ ပါဝင်ကစားကာ ၁ ဂိုး သွင်းယူခဲ့ပါတယ်။

နာနီကို တွေ့ရစဉ်
နာနီဟာ နိုဝင်ဘာ ၁ ရက်က စပို့တင်းလစ္စဘွန်း အသင်းနဲ့ပွဲစဉ်မှာ အက်စ်ထရီလာ အသင်းအတွက် နောက်ဆုံး ပွဲစဉ်အဖြစ် ပါဝင် ကစားပေးခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူကြောင်း ကြေညာ ခဲ့တာပါ။
နာနီက “လူတိုင်းသိတဲ့အတိုင်း အရာအားလုံးက ပြီးဆုံးသွားပါပြီ။ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန်ယူ ခဲ့ရပါတယ်။ နှုတ်ဆက်ရမယ့် အချိန်ကို ရောက်လာပါပြီ၊ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦးအနေနဲ့ ကျနော့်ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ရည်မှန်းချက် အသစ်တွေနဲ့ အိပ်မက်တွေကို အာရုံစိုက် ရတော့မှာပါ”လို့ ပြောခဲ့ပါတယ်။
ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ နာနီဟာ ကစားသမားဘဝ တလျှောက် နိုင်ငံနဲ့ ကလပ်အသင်းအတွက် ပွဲပေါင်း ၇၀၀ ကျော်ကစားခဲ့ပြီး ဂိုးပေါင်း ၁၅၀ ကျော် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 932
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉
ရီးရယ်လ်အသင်းတိုက်စစ်မှူး ဘတ်ပီဟာ ပြီးခဲ့တဲ့ ပြင်သစ်အသင်းရဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာ လူစာရင်းတွေမှာ ချန်လှပ်ခြင်း ခံခဲ့ရပေမယ့် နိုင်ငံအသင်းအတွက် ဆက်ပြီးကစားပေးဖို့ ကတိပြုခဲ့ပါတယ်။
ဘတ်ပီက “ပြင်သစ်ဘောလုံးအသင်းက ဘောလုံးမှာ အမြဲတမ်း အမြင့်ဆုံးဖြစ်ပြီး ဒါက နိုင်ငံအသင်းပါ။ ပြင်သစ် ထက် ပိုပြီးအရေးကြီးတာ ဘာမှမရှိဘူးဆိုပြီး ကျနော် အမြဲတမ်း ပြောဖူးပါတယ်။ ပြင်သစ်အသင်းအပေါ် ကျနော့်ရဲ့ ချစ်ခြင်းတွေက ဘယ်တော့မှ မပြောင်းလဲဘဲ နိုင်ငံအသင်းအတွက် ဆက်ပြီးကစားသွားမယ်”လို့ Canal+ ကို ပြောခဲ့ တာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြင်သစ်အသင်းအတွက် ၈၆ ပွဲ ပါဝင်ကစားထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သလို အာဂျင်တီးနားအသင်းကို အရေးနိမ့်ခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်း ခေါင်းဆောင် ဘတ်ပီဟာ ဒဏ်ရာကနေ သက်သာပြီးနောက် ကြိုတင်ကာကွယ်မှုအဖြစ် အောက်တိုဘာက နိုင်ငံအသင်း လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။
ဒါအပြင် ဘတ်ပီဟာ အကြောင်းပြချက် ရှင်းရှင်းလင်းလင်း မရှိဘဲ ပြင်သစ်အသင်းရဲ့ နိုဝင်ဘာ လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ဘတ်ပီဟာ ပြင်သစ်အသင်းအတွက် ၄၈ ဂိုး သွင်းယူထားပေမယ့် ၂၀၂၄ ခုနှစ်ထဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရုန်းကန် ခဲ့ရတာပါ။
ဘတ်ပီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နှာခေါင်းရိုးကျိုး ဒဏ်ရာနဲ့ ပွဲတွေကို ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဘတ်ပီကို ပြီးခဲ့တဲ့ နိုဝင်ဘာက ယှဉ်ပြိုင်ခဲ့တဲ့ နေးရှင်းလိဂ် ပွဲတွေအတွက်သာ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောထားတာပါ။
ဘတ်ပီက “နိုဝင်ဘာနဲ့ပတ်သက်ပြီး ကျနော် မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒါက နည်းပြရဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး သူပြောတဲ့ အနောက်ကို လိုက်ရမှာပါ။ သူကနည်းပြဖြစ်တဲ့အတွက် သူ့ရဲ့ဆုံးဖြတ်ချက်ကို ကျနော် အပြည့်အဝ လေးစားပါတယ်။ ကျနော်က သွားချင်ပေမယ့် ဘာကြောင့်လဲဆိုတာတော့ ကျနော်မပြောနိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။
နွေရာသီက ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာပြီး ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘတ်ပီဟာ စပိန်ကလပ် မှာ သူ့ရဲ့အကောင်းဆုံးပုံစံ မရရှိသေးပေမယ့် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားအပြီးမှာ ၁၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1350
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၉
ချယ်လ်ဆီးအသင်းဟာ စပါးအသင်းကို ၄ ဂိုး-၃ ဂိုးနဲ့ အနိုင်ရရှိကာ ပရီးမီးယားလိဂ် ချန်ပီယံဆုပြိုင်ဆိုင်မှုမှာ ရှိနေပြီးနောက် နည်းပြမာရက်စ်ကာက အသင်းပရိသတ်တွေ အိပ်မက်မက်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “အပြင်ဘက်ကနေကြည့်ရင် အလွန်ရှင်းတာကြောင့် ပရိသတ်တွေ အိပ်မက်မက်နိုင်ပါတယ်။ အထဲကို ကြည့်ရင်တော့ ကျနော်တို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒါပေမယ့် အရေးကြီးဆုံးက တစ်နေ့ပြီး တစ်နေ့ တိုးတက်ဖို့ပါပဲ။ အာဆင်နယ်၊ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ ကူကူရယ်လာ ခြေချော်လဲသလိုမျိုး ဖြစ်မှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုး ၂ ဂိုး ပေးခဲ့ရပေမယ့် အနောက်ကနေလိုက်ပြီး ချေပဂိုး တွေနဲ့ အနိုင်ဂိုးတွေ သွင်းယူကာ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး အနိုင်ရရှိကာ အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
ချယ်လ်ဆီးအသင်းဟာ အဆင့် ၁ နေရာက လီဗာပူးလ်အသင်းထက် ၁ ပွဲပို ကစားထားပြီး ရမှတ် ၄ မှတ်သာ ကွာဟတော့တာကြောင့် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုထဲမှာ ဆက်ပြီးရှိနေခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အသင်းဟာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုပါဝင်ဖို့ အဆင်သင့် ဖြစ်နေ တယ်ဆိုတာ မယုံကြည်သေးပေမယ့် ပရိသတ်တွေကိုတော့ အိပ်မက်မက်နိုင်တယ်လို့ ပြောခဲ့တာပါ။
ဒါအပြင် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ဒီပွဲမှာ အသင်းအတွက် ပင်နယ်တီကနေ ၂ ဂိုးသွင်းပြီး ခြေစွမ်းပြသခဲ့တဲ့ ကိုးလ်ပါလ်မာဟာ ဘောလုံးကိုချစ်ပြီး နှိမ့်ချတဲ့သူဖြစ်ကာ သူ့အတွက် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကို ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြသနေတဲ့ ကိုးလ်ပါလ်မာဟာ ဒီပွဲမှာသွင်းခဲ့တဲ့ ပင်နယ်တီ သွင်းဂိုး ၂ ဂိုးကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပင်နယ်တီ လွဲချော်မှုမရှိဘဲ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ သူအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ကိုးလ်ပါလ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ပါဝင် ကစား ထားပြီး ၁၁ ဂိုး သွင်းယူထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကြားရက်ထဲမှာ ကွန်းဖရန့်လိဂ် ပွဲစဉ်အဖြစ် အက်စ်တာနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 1747
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကွင်းလယ်လူ ကိုင်စီဒိုဟာ အာဆင်နယ်အသင်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်၊ မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီတို့နဲ့ တူညီတဲ့အဆင့်မှာရှိတယ်လို့ ပြောခဲ့ပါတယ်။
မာရက်စ်ကာက “ကိုင်စီဒိုက ဒီအဆင့်မှာ ရှိတယ်ဆိုတာ သေချာပြီး သံသယဖြစ်စရာ မရှိပါဘူး။ အခုအချိန်မှာ ရိုဒရီက ဒဏ်ရာရရှိနေပြီး ဒီကလန်ရိုက်စ်က ကစားနေပါတယ်။ ကိုင်စီဒိုဟာ ဒီလိုကွင်းလယ် ကစားသမားမျိုးနဲ့ စားပွဲတစ်ခုမှာ အတူထိုင်နိုင်မယ်”လို့ ထင်ကြောင်းပြောခဲ့တာပါ။
၂၀၂၃ နွေရာသီ အပြောင်းအရွှေ့က ဘရိုက်တန်အသင်းကနေ ပေါင် ၁၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကိုင်စီဒိုဟာ နည်းပြ ပိုချက်တီနို လက်အောက်မှာ ခြေစွမ်းပုံမှန်ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုင်စီဒိုဟာ နည်းပြ မာရက်စ်ကာ လက်ထက်မှာတော့ အကောင်းဆုံး ခြေစွမ်းပြသနေပြီး ချယ်လ်ဆီး အသင်းရဲ့ အဓိက ကစားသမားတွေထဲက တစ်ဦးအဖြစ်ရှိနေတာပါ။

ကိုင်စီဒိုကို တွေ့ရစဉ်
အဲဒါကြောင့် မာရက်စ်ကာက ကိုင်စီဒိုဟာ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေမှာ အရေးပါတဲ့ သူတွေအဖြစ် ရှိနေတဲ့ ဒီကလန်ရိုက်စ်၊ ရိုဒရီတို့နဲ့ တူညီတဲ့အဆင့်မှာ ရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ အီကွေဒေါ ကစားသမားဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ၆၄ ပွဲ ပါဝင် ကစား ထားပြီး ၂ ဂိုး သွင်းယူထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိထားပေမယ့် နည်းပြ မာရက်စ်ကာကတော့ သူ့ရဲ့အသင်း ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုပြိုင်ပွဲမှာ မပါဝင်ဘူးလို့ ပြောထားပါတယ်။
ဒါပေမယ့် မာရက်စ်ကာက ချယ်လ်ဆီးအသင်းဟာ လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ပရီးမီးယားလိဂ်ကို ကြီးစိုးမယ်လို့ ပြောထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီဇင်ဘာ ၈ ရက်မှာ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
