CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂
လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုဟာ အန်ဆယ်လော့တီရဲ့ နေရာမှာ အစားထိုးဝင်ရောက်ပြီး ရီးရယ်လ်အသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ရင် ဆိုစီဒက်အသင်းက ဇူဘီမန်ဒီနဲ့ လေဗာကူဆင်အသင်းက ဖလော်ရီယန်ဗစ်ဇ်တို့ကို ခေါ်ယူချင်နေတယ်လို့ AS က ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာမှာဖြစ်လို့ ဇာဘီအလွန်ဆို ဟာ စပိန်ကလပ် အသင်းနည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။
အဲဒါကြောင့် ဇာဘီအလွန်ဆိုဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ခဲ့ရင် ဥရောပထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင် စားမှုကို ရရှိနေတဲ့ ဇူဘီမန်ဒီနဲ့ ဖလော်ရီယန်ဗစ်ဇ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီကစားသမား ၂ ဦးကို ကင်းထောက်တွေ စေလွှတ်ပြီး အချိန်အတော်ကြာ စောင့်ကြည့်မှု တွေ ပြုလုပ်နေခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ တိုနီကရူးစ် မရှိတော့တဲ့ ကွင်းလယ်နေရာအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ တန်ကြေးရှိတဲ့ ဇူဘီမန်ဒီကို အစားထိုးဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဇာဘီအလွန်ဆိုကို တွေ့ရစဉ်
ဒါအပြင် ကွင်းလယ်ကနေ တိုက်စစ်လမ်းကြောင်းတွေကို ဖန်တီးနိုင်ဖို့ ဖလော်ရီယန်ဗစ်ဇ်ကို ပစ်မှတ်ထားနေပါ။
ဂျာမန်ကစားသမားရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၁၀၀ ကျော်ပြီး သူ့ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီး အသင်းတို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဇာဘီအလွန်ဆိုဟာ လေဗာကူဆင်အသင်းမှာ လက်တွဲနေတဲ့ နောက်ခံလူ ဂျိုနသန်တက်ကိုလည်း ရီးရယ်လ် အသင်းအတွက် ခေါ်ယူချင်နေတဲ့ စာရင်းထဲမှာ ထည့်သွင်းထားတာပါ။
ဂျိုနသန်တက်ဟာ လေဗာကူဆင်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။
ဂျိုနသန်တက်ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ရီးရယ်လ်အသင်းကို ပြောင်းရွှေ့လာဖို့လည်း တံခါးဖွင့်ထားနိုင်တာပါ။
ဇာဘီအလွန်ဆိုဟာ လက်ရှိအချိန်မှာ လေဗာကူဆင်အသင်း အတွက်သာ အာရုံစိုက်နေပြီး ရာသီကုန်မှသာ သူ့ရဲ့ အနာဂတ်ကို ကြေညာဖွယ်ရှိနေတာ ဖြစ်ပါတယ်။
Source: Goal