လီဗာပူးလ်ကို Guard of honour နဲ့ ကြိုဆိုမယ်လို့ မာရက်စ်ကာ အတည်ပြု
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၄
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ချန်ပီယံလီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူတို့ဟာ လီဗာပူးလ်အသင်းကို Guard of honour နဲ့ ကြိုဆိုသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။
မာရက်စ်ကာက “ဒါက အစဉ်အလာဖြစ်ပြီး ကျနော်တို့ လီဗာပူးလ်အသင်းကို Guard of honour ပြုလုပ်သွားမှာပါ။ သူတို့ဟာ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပြီး ဒါက သူတို့နဲ့ထိုက်တန်ပါတယ်။ ကျနော်တို့လည်း မကြာခင်မှာ ချန်ပီယံဖြစ်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က စပါးအသင်းနဲ့ပွဲစဉ်မှာ အနိုင်ရခဲ့ပြီးနောက် ၂၀၂၄-၂၅ ရာသီ ပရီးမီးယား လိဂ် ချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်း ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေမှာ ပြိုင်ဘက် အသင်းတွေဟာ သူ့ကို Guard of honour နဲ့ ကြိုဆိုရမယ့် အစဉ်အလာရှိနေတာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက သူတို့ဟာ ဒီအစဉ်အလာအတိုင်း ပြုလုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
ပုံစာ- လီဗာပူးလ်အသင်းကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ အစောပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေ ရရှိတာကြောင့် ချန်ပီယံဆုပြိုင်ပွဲမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေ ကျဆင်းသွားခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၁၈ ပွဲမှာ ၇ ပွဲသာ နိုင်ပွဲရ ရှိခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂၀၁၇ ခုနှစ်က နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။
ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက သူတို့ဟာ အနာဂတ်မှာ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ဖို့ ပစ်မှတ်ထားကြောင်း ပြောခဲ့ပါတယ်။
ဒီရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းရယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်မယ့် မျှော်လင့်ချက်ကို ဆက်ပြီး ထိန်းသိမ်းချင်နေတာ ဖြစ်ပါတယ်။
Source: Goal