CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၆

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုစည်းမျဉ်း (PSR) ကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ အကယ်ဒမီထွက် ကစားသမားတွေကို ရောင်းချနေရတာလို့ ပြောလိုက်ပါတယ်။

မာရက်စ်ကာက “အခုဖြစ်ပျက်နေတာက ချယ်လ်ဆီးရဲ့ ပြဿနာမဟုတ်ပါဘူး။ ပရီးမီးယားလိဂ်စည်းမျဉ်း ပြဿနာ ပါ။ ဒီစည်းမျဉ်းတွေကြောင့်ပဲ ကလပ်အသင်းတွေဟာ အကယ်ဒမီထွက် ကစားသမားတွေကို ရောင်းချဖို့ လုပ် ဆောင်နေရတာပါ။ ဒါက ကျနော်တို့တင် မဟုတ်ပါဘူး။ ကလပ်အသင်းတွေ အားလုံးဖြစ်နေတာပါ”လို့ ပြောခဲ့တာ ပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နှစ်အ နည်းငယ်အတွင်းမှာ အကယ်ဒမီထွက် ကစားသမားအချို့ကို ရောင်းချခဲ့ရပြီး ဒီအပြောင်းအရွှေ့မှာလည်း ကွင်းလယ်လူ ဂယ်လာဂါကို အသလက်တီကိုအသင်းထံ ရောင်းချဖို့ ရှိနေတာ ဖြစ်ပါ တယ်။

ဂယ်လာဂါဟာ ချယ်လ်ဆီးအသင်းကို အသက် ၈ နှစ် အရွယ်ကတည်းက ရောက်ရှိခဲ့ပြီး လာမယ့်ရာသီ အကုန်မှာ စာချုပ်ကုန်ဆုံးတော့မှာပါ။ 

ဂယ်လာဂါဟာ ချယ်လ်ဆီးအသင်းရဲ့ စာချုပ်သက်တမ်း တိုးကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာကြောင့် လန်ဒန်ကလပ် ဟာ အခုအပြောင်းအရွှေ့မှာ သူ့ကို ရောင်းချဖို့လုပ်ဆာင်နေတာ ဖြစ်ပါတယ်။

မာရက်စ်ကာကို တွေ့ရစဉ်

ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းဖြစ်တဲ့ PSR ကြောင့် ကလပ်အသင်းတွေဟာ အရေးယူမှုခံရတာကနေ လွတ်မြောက်ဖို့အတွက် အကယ်ဒမီထွက် ကစားသမားတွေကို ရောင်းချပြီး အဖြေရှာနေကြတာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ နောက်ထပ် အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ ချာလိုဘက်ကို ရောင်းချဖို့လည်း စီစဉ်နေပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် မတိုင်ခင် ရာသီကြို ခြေစမ်းပွဲတွေအဖြစ် ရီးရယ်လ်၊ အင်တာမီလန်အသင်းတို့နဲ့ ဆက်ပြီးယှဉ်ပြိုင်ဖို့ ရှိနေတာပါ။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရာသီကြို ခြေစမ်းပွဲမှာ တွေ့ဆုံခဲ့တုန်းက မန်စီးတီးအသင်းက ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

Source: CNA