CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၆

ပီအက်စ်ဂျီအသင်းဟာ ဆယ်ကျော်သက် ပေါ်တူဂီကွင်းလယ်လူ ဂျော်အိုနေးဗက်စ်ကို ဘင်ဖီကာအသင်းကနေ ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ဂျော်အိုနေးဗက်စ်အတွက် ဘင်ဖီကာအသင်းကို ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ ပေးခဲ့ရပြီး နောက်ထပ် ယူရို ၁၀ သန်းထပ်ပြီးပေးချေရဖို့ရှိနေတာပါ။ 

ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမား တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျော်အိုနေးဗက်စ်ဟာ ဆေးစစ်မှုအောင်မြင်ပြီးနောက် ပီအက်စ်ဂျီ အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ 

ဥရောပထိပ်သီးအချို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ဂျော်အိုနေးဗက်စ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားခဲ့တာပါ။

ဂျော်အိုနေးဗက်စ်က “ပီအက်စ်ဂျီအသင်းဟာ ရည်မှန်းချက်တွေမြင့်မားတဲ့ လူငယ်အသင်းဖြစ်ပြီး လူငယ် ကစားသမားတွေနဲ့ ကလပ်ကို ပိုပြီးကောင်းမွန်အောင်လုပ်ဖို့ ကြိုးစားတာက ကောင်းမွန်တဲ့ ပရောဂျက်လို့ ထင်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့အတူ စံချိန်အများအပြားကို ပိုင်ဆိုင်ထား ပါတယ်။ ဒီကိုပြောင်းရွှေ့နိုင်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ဂျော်အိုနေးဗက်စ်ဟာ ဘင်ဖီကာအသင်းလူငယ်စီမံကိန်းက ထွက်ပေါ်လာတဲ့သူဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ အသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရခဲ့တာပါ။ 

အသက် ၁၉ နှစ်အရွယ်ရှိ ဂျော်အိုနေးဗက်စ်ဟာ ဘင်ဖီကာအသင်း အတွက် ပွဲပေါင်း ၇၅ ပွဲကစားခဲ့ပြီး ၄ ဂိုးသွင်းယူကာ ဆုဖလားအောင်မြင်မှုအချို့ကို ရယူနိုင်ခဲ့ပါတယ်။ 

ဂျော်အိုနေးဗက်စ်ဟာ ပီအက်စ်ဂျီအသင်းမှာ ပေါ်တူဂီအသင်းဖော်တွေဖြစ်တဲ့ ဂွန်ကာလိုရာမို့စ်၊ ဗီတင်ဟာ၊ နူနိုမန်ဒက်စ်၊ဒါနီလိုတို့နဲ့အတူ လက်တွဲလုပ်ဆောင်ရမှာပါ။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘတ်ပီ၊နေမာ၊မက်ဆီ၊ရာမို့စ်တို့လို နာမည်ကြီးကစားသမား တွေကို ခေါ်ယူခဲ့ပေမယ့် အောင်မြင်မှုတွေရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ 

အဲဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ သူတို့ တွေထွက်ခွာအပြီးမှာ လူငယ်ကစားသမားတွေနဲ့ အသင်းကို အောင်မြင်မှုရရှိဖို့ တည်ဆောက်နေတာပါ။ 

ပီအက်စ်ဂျီအသင်းဟာ သြဂုတ် ၁၈ ရက်မှာ ပြင်သစ်လီဂူး-၁ ပွဲစဉ်အဖြစ် လီဟာဗရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source:ESPN