တိုမီနေးက ယူနိုက်တက်မှာထက် ပိုပြီးပြည့်စုံတယ်လို့ ကွန်တီချီးကျူး 

CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၃

နာပိုလီအသင်းနည်းပြ ကွန်တီက ဒီရာသီ အသင်းစီးရီးအေ ထိပ်ဆုံးနေရာ ရပ်တည်နိုင်အောင် အဓိက စွမ်းဆောင်ပေးနေတဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ ကွင်းလယ်လူတိုမီနေးက ယူနိုက်တက်အသင်းမှာရှိခဲ့တဲ့ အချိန်တွေထက် ပိုပြီးပြည့်စုံတယ်လို့ ချီးကျူးခဲ့ပါတယ်။

ကွန်တီက “တိုမီနေးဟာ ပိုပြီးပြည့်စုံပြီး သူ့ဦးတည်ရာကို ဆုံးဖြတ်ဖို့လိုအပ်တဲ့ သူ့ကစားသမားဘဝရဲ့ အရေး ကြီးတဲ့ အဆင့်ကို ရောက်ရှိနေပါပြီ။ သူဟာ ယူနိုက်တက်အသင်းမှာ ဘယ်တုန်းကမှ အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ မပါဝင်ခဲ့ရပါဘူး။ သူ့ကို ကျနော်တို့က အရေးပါတဲ့ အရာတစ်ခုပေးခဲ့ပါတယ်။ သူဟာ အလုပ်ကို ကြိုးစားတဲ့ အတွက် အခုဆိုရင် ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်နေပါပြီ။ သူ့ရဲ့တိုးတက်မှုကို အသင်းတစ်သင်းလုံးက မျှဝေထား ပါတယ်”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အကယ်ဒမီထွက် တိုမီနေးဟာ ပြီးခဲ့တဲ့နွေရာသီက နာပိုလီအသင်းထံ အပြီးသတ် ပြောင်းရွှေ့လာခဲ့ တာ ဖြစ်ပါတယ်။ 

တိုမီနေးဟာ နာပိုလီအသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့တာ အပါအဝင် ဒီရာသီမှာ နာပိုလီအသင်းအတွက် စီးရီးအေသွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားတာပါ။ 

ပုံစာ- တိုမီနေးကို တွေ့ရစဉ်

တိုမီနေးဟာ နာပိုလီအသင်းမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ဦးလည်း ဖြစ်နေခဲ့ပါတယ်။ 

နာပိုလီအသင်းဟာ ဒီရာသီနည်းပြ ကွန်တီ လက်ထက်မှာ အကောင်းဆုံးပုံစံ ပြသနေပြီး စီးရီးအေ အမှတ်ပေး ဇယား ထိပ်ဆုံးနေရာမှာ ရမှတ် ၃ မှတ်အသာနဲ့ ရပ်တည်နေတာပါ။

နာပိုလီအသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ် လက်ကျန် ၄ ပွဲစလုံးနိုင်ပွဲ ရယူနိုင်ခဲ့ရင် ၃ ရာသီအတွင်း ဒုတိယမြောက် စီးရီးအေဆုဖလားကို ရရှိနိုင်မှာဖြစ်ပါတယ်။ 

ကွန်တီကတော့ ဆုဖလားရဖို့ ဘာအာမခံချက်မှ မရှိတဲ့အတွက် ပွဲတွေကိုသာ အာရုံစိုက်ဖို့ ပြောခဲ့တာပါ။ 

ကွန်တီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စီးရီးအေဖလား ၃ ကြိမ်၊ အင်တာမီလန်အသင်းနဲ့ ၁ ကြိမ်ရရှိထားပြီး နာပိုလီ အသင်းနဲ့ ဒီရာသီမှာ ရယူနိုင်ခဲ့ရင် သူ့ရဲ့နည်းပြဘဝမှာ စီးရီးအေဖလား ၅ ကြိမ်အထိ ရရှိမှာဖြစ်ပါတယ်။ 

Source: ESPN