- By CNI
- Category: အားကစား
- Hits: 889
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆
တောင်ကိုရီးယားကလပ် ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းဟာ ပရီးမီးယားလိဂ် ကစားသမားဟောင်းဖြစ်တဲ့ ပိုယက်ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းဟာ ကေလိဂ်-၁ အမှတ်ပေးဖလားကို စံချိန်တင် ၉ ကြိမ်အထိ ရယူနိုင်ခဲ့ ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ရုန်းကန်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ရာသီက ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းဟာ အသင်း ၁၂ သင်းရှိတဲ့ ကေလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာ ရပ်တည်ခဲ့တာကြောင့် တန်းဆင်းရမယ့် အခြေအနေကနေ ရှောင်နိုင်ဖို့ ပလေးအော့ဖ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းဟာ ပလေးအော့ဖ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ကေလိဂ်-၁ ပြိုင်ပွဲမှာ ဆက်ပြီးရှိနေခဲ့တာပါ။
ကေလိဂ်အသင်းဟာ လာမယ့် ရာသီသစ် မတိုင်ခင်မှာ နည်းပြ အတွေ့အကြုံ အများအပြားရှိတဲ့ ပိုယက်ကို နည်းပြ သစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဂျောင်ဘွတ်ဟွန်ဒိုင်းမော်တာစ်အသင်းကို တွေ့ရစဉ်
ပိုယက်ဟာ ဂရိလက်ရွေးစင်အသင်းကို မတ်လက နောက်ဆုံး တာဝန်ယူပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ် ရခြင်းမရှိသေးတာပါ။
ချယ်လ်ဆီးနဲ့ စပါးအသင်း ကွင်းလယ်လူဟောင်း ပိုယက်ဟာ နည်းပြဘဝမှာ ဘရိုက်တန်၊ ဆန်းဒါးလန်း၊ အေအီကေအေသင်၊ ဘက်တစ်၊ ရှန်ဟိုင်းရှန်ဟွာ၊ ဘော်ဒိုး၊ ကာတိုလီကာနဲ့ ဂရိအသင်းတွေကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။
ပိုယက်ဟာ နည်းပြဘဝမှာ အင်္ဂလန်၊ ဂရိ၊ စပိန်၊ တရုတ်၊ ပြင်သစ်၊ ချီလီတို့မှာ နည်းပြခဲ့ပြီးနောက် တောင်ကိုရီးယား နိုင်ငံဟာ သူနည်းပြမယ့် ၇ နိုင်ငံမြောက် ကလပ်အသင်းလည်း ဖြစ်ခဲ့တာပါ။
ကေလိဂ်ရာသီသစ်ကို မတ်လမှ ပြန်လည် စတင်မှာဖြစ်ပြီး ပိုယက်အနေနဲ့ ဂျောင်ဘွတ်ဟွန်ဒိုင်း မော်တာစ်အသင်း ကို ရလဒ်ကောင်းတွေ ရရှိအောင် ကိုင်တွယ်ပေးရတော့မှာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 640
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ချယ်လ်ဆီးအသင်း ကစားသမားဟောင်း အော်စကာဟာ အသင်းဟောင်း ဆော်ပေါ်လိုအသင်းထံ ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တယ်လို့ ဘရာဇီးလ် စီးရီးအေကလပ်က အတည်ပြုခဲ့ပါတယ်။
အော်စကာဟာ ၈ ရာသီကြာ ကစားခဲ့တဲ့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းပေါ့အသင်းကနေ ထွက်ခွာပြီးနောက် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့တဲ့ ဆော်ပေါ်လိုအသင်းထံ ပြန်လည်ပြောင်းရွှေ့လာခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ အော်စကာဟာ ရှန်ဟိုင်းပေါ့အသင်းအတွက် ပွဲပေါင်း ၂၄၈ ပွဲ ကစားခဲ့ပြီး ၇၇ ဂိုး သွင်းယူ ကာ တရုတ်စူပါလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား ၅ ခု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အော်စကာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က ရှန်ဟိုင်းပေါ့အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ တာပါ။

အော်စကာကို တွေ့ရစဉ်
အော်စကာက “ကျနော်ဟာ ဘရာဇီးလ်ကိုပြန်လာပြီး ကစားသမားဘဝ စတင်ခဲ့တဲ့ ဆော်ပေါ်လိုအသင်းမှာ ကစားခွင့်ရမှာဖြစ်လို့ ပျော်ရွှင်ပါတယ်။ ဆော်ပေါ်လိုဟာ ကျနော်အခြေချခဲ့တဲ့ နေရာနဲ့ ကြီးပြင်းလာခဲ့တဲ့ နေရာ”လို့ ပြောခဲ့ပါတယ်။
အော်စကာဟာ ရှန်ဟိုင်းပေါ့အသင်းထံ မပြောင်းရွှေ့ခင် ချယ်လ်ဆီးအသင်းမှာ ၄ ရာသီခွဲကြာ ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတို့ကို ရရှိခဲ့တာပါ။
ဆော်ပေါ်လိုအသင်း လူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တဲ့ အော်စကာဟာ ဆော်ပေါ်လို အသင်းကြီးအတွက် ၂၀၀၈ ခုနှစ်မှာ ပွဲဦးထွက်ခွင့်ရခဲ့ပြီး ပွဲပေါင်း ၁၄ ပွဲကစားကာ ၂၀၁၀ ခုနှစ်မှာ အင်တာနေစီယွန်နယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။
အော်စကာဟာ ဘရာဇီးလ်အသင်းအတွက် ၂၀၁၁ ကနေ ၂၀၁၆ ခုနှစ်အထိ ၄၈ ပွဲပါဝင်ကစားပြီး ၁၂ ဂိုးသွင်းယူကာ ဖီဖာကွန်ဖက်ဒရေးရှင်းဆုဖလား တစ်ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 810
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “အရင်က ကျနော်ပြောခဲ့တုန်းက လူတွေက ရယ်မောခဲ့ကြပြီး ချန်ပီယံလိဂ်ဝင်ခွင့်က ကြီးကြီး မားမား အောင်မြင်မှု မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာရှိနေတဲ့ ကလပ်အသင်းတွေဟာ ဒီလိုမျိုး တွေ ဖြစ်ပျက်နေတာကြောင့် ကျနော်သိပါတယ်။ သူတို့တွေဟာ နှစ်ပေါင်းများစွာ ကြီးစိုးထားနိုင်ခဲ့ပေမယ့် နှစ်ပေါင်းများစွာလည်း ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ပါဘူး။ အခုအချိန်မှာ ကျနော်တို့ အတွက်လည်း အန္တရာယ်ရှိနေ တယ်ဆိုတာ သေချာပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင် ကျနော်တို့နဲ့ မထိုက်တန်လို့ပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၄ ရာသီ ဆက်တိုက် ယှဉ်ပြိုင်ခွင့် ရရှိထားပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲ ကစားအပြီးမှာ အမှတ်ပေးဇယားအဆင့် ၇ နေရာ ရပ်တည်နေတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ အဆင့် ၄ နေရာက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ၄ မှတ်၊ အဆင့် ၅ နေရာက ဘုန်းမောက်အသင်းနဲ့ ၁ မှတ်ကွာဟနေတာပါ။

မန်စီးတီးအသင်း ကစားသမားတွေကို တွေ့ရစဉ်
အင်္ဂလန်ဟာ UEFA ရဲ့ ဥရောပစွမ်းဆောင်ရည် အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ခွင့် ၅ နေရာကို ရရှိနိုင်တာဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းဟာ လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုအရ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိနိုင်မှာ မဟုတ် ပါဘူး။
မန်စီးတီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁ ပွဲသာအနိုင်ရပြီး ၉ ပွဲ အရေးနိမ့်ခဲ့တဲ့အထိ ရလဒ်တွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ ယူနိုက်တက်၊ အာဆင်နယ်၊ လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့ မှတ်တမ်းတွေရှိတာကြောင့် မန်စီးတီးအသင်းလည်း လွဲချော်နိုင်တယ်လို့ ဂွာဒီယိုလာက ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ပြီးရင် ဒီဇင်ဘာ ၂၉ ရက်မှာ လက်စတာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 774
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄
နယ်သာလန်ကစားသမား ဒီပိုင်းဟာ နေမာကို ကိုရင်သီယန်အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပေမယ့် နေမာ ကတော့ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှုမရှိတာဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး အနာဂတ်မရေမရာဖြစ်နေတဲ့ နေမာဟာ ဘရာဇီးလ်ထံ ပြန်လည်ပြောင်းရွှေ့ဖို့ ကာလရှည်ကြာချိတ်ဆက်မှုတွေခံနေရတာပါ။
နေမာဟာ ဆန်းတို့စ်အသင်းမှာ ပရော် ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့တာကြောင့် ဘရာဇီးလ်မှာ ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့ရင် ဆန်းတို့စ်အသင်း ထံသာ ပြန်သွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီပိုင်းက နေမာနဲ့ ကိုရင်သီယန် အသင်းမှာ အတူတွဲကစားချင်တယ်လို့ ပြောခဲ့တာကြောင့် ကိုရင်သီယန်အသင်းဟာ နေမာအတွက် နောက်ထပ် ရွေးချယ်စရာအသင်းအဖြစ် ရှိလာခဲ့တာပါ။

နေမာက “ဆန်းတို့စ်အသင်းဟာ အရာအားလုံးထက်ကြီးပါတယ်။ ကျနော်ဟာ ကိုရင်သီယန်အသင်းကို လေးစားမှု ရှိပါတယ်။ ဒါပေမယ့် ဆန်းတို့စ်အသင်းကိုတော့ အများကြီးလေးစားရမှာပါ။ ဆန်းတို့စ်က ကျနော့်ရဲ့ အနှစ် သက်ဆုံးအသင်းပါ”လို့ ကိုရင်သီယန်အသင်းထံ ပြောင်းရွှေ့မယ့် သတင်းတွေနဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။
နေမာဟာ ဒဏ်ရာကနေအမြန်ဆုံးသက်သာအောင်လုပ်ဆောင်နေပြီး ဒုတိယရာသီဝက်တစ်လျှောက်လုံးမှာ ကြံ့ခိုင်မှုအပြည့်ရှိနေဖို့ မျှော်လင့်နေတာပါ။
နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပေမယ့် နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နေမာကို ခေါ်ယူဖို့ ဘရာဇီးလ်ကလပ်အသင်းတွေအပြင် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကလည်း ချိတ်ဆက်မှု တွေပြုလုပ်နေတာပါ။
အားလပ်ရက်ရရှိနေတဲ့ အယ်လ်ဟီလယ်အသင်းဟာ ဇန်နဝါရီ ၈ ရက်မှာ ဘုရင့်ဖလားပွဲစဉ်အဖြစ် အယ်လ်အစ်တီ ဟတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 548
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄
အီတလီအသင်းကို ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြမန်ချီနီဟာ ဆော်ဒီ လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ အီတလီအသင်းကနေ ထွက်ခွာခဲ့တဲ့အတွက် နောင်တရတယ်လို့ ဝန်ခံခဲ့ပါ တယ်။
မန်ချီနီက “အနောက်ကို ပြန်သွားလို့ရရင် ကျနော် အီတလီအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အီတလီအသင်းကို ကိုင်တွယ်ရတာဟာ အလှပဆုံးပါပဲ။ ကျနော်နဲ့ အီတလီ FA အကြီးအကဲ တို့အကြား တစ်ဦးနဲ့တစ်ဦး နားမလည်ခဲ့တာ ဖြစ်နိုင်သလို ခက်ခဲတဲ့ကာလကို ဖြတ်သန်းခဲ့တာလည်း ဖြစ်နိုင်ပါ တယ်။ ဒါပေမယ့် ကျနော်သူ့ကို ဆန့်ကျင်တာ ဘာမှမရှိဘူး”လို့ Rai ကို ပြောခဲ့တာပါ။
မန်ချီနီဟာ ၂၀၂၃ ခုနှစ်၊ သြဂုတ်မှာ အီတလီအသင်း နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဆော်ဒီအသင်းကို နည်းပြသစ်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် မန်ချီနီဟာ ဆော်ဒီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၁၄ လကြာ ကာလအတွင်းမှာ ရလဒ်တွေ ဆိုးရွားမှုကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာက ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။

မန်ချီနီကို တွေ့ရစဉ်
မန်ချီနီဟာ ဆော်ဒီအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ တစ်နှစ်ကို ဒေါ်လာ ၂၅ သန်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ခဲ့တာ ဖြစ်ပါတယ်။
မန်ချီနီဟာ ဆော်ဒီအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပွဲပေါင်း ၂၀ မှာ ၈ ပွဲသာ အနိုင်ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တာပါ။
အီတလီလူမျိုးနည်းပြ မန်ချီနီဟာ ရာသီအကုန်မှာ ရိုးမားအသင်းကို ကိုင်တွယ်ဖို့ ချိတ်ဆက်မှုတွေ ခံနေရတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
မန်ချီနီကတော့ သူဟာ ဘယ်သူနဲ့မှ ဆက်သွယ်မှု ပြုလုပ်ထားခြင်း မရှိဘူးလို့ ပြောထားတာပါ။
မန်ချီနီဟာ သူ့ရဲ့နည်းပြဘဝမှာ ဖီအိုရင်တီးနား၊ လာဇီယို၊ အင်တာမီလန်၊ မန်စီးတီး၊ ဂါလာတာစာရေးနဲ့ ဇင်းနစ် အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 881
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ သည်းခြေခွဲစိတ်မှု အောင်မြင်ပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ တူရကီကလပ် ဖီနာဘာချီအသင်းက ထုတ်ပြန်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးပွဲစဉ် ကိုင်တွယ်ခဲ့ပြီးနောက် ပေါ်တူဂီနိုင်ငံကို ပြန်လာကာ ခွဲစိတ်မှုခံယူခဲ့တာပါ။
မော်ရင်ဟို ကိုယ်တိုင်ကလည်း ခွဲစိတ်မှုခံယူပြီးနောက်မှာ ကစားသမားတွေနဲ့ အလုပ်အတူ ပြန်တွဲလုပ်ဖို့အတွက် မကြာခင်မှာ တူရကီနိုင်ငံကို ပြန်လာမယ်လို့ အတည်ပြုပြီးသား ဖြစ်ပါတယ်။
ဖီနာဘာချီအသင်းက နည်းပြမော်ရင်ဟို အမြန်ဆုံး ပြန်ကောင်းလာစေဖို့ ဆုတောင်းကြောင်း သူတို့ရဲ့ ထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားတာပါ။
ဖီနာဘာချီအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ သရေကျခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုဟာ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် စိတ်ပျက်ပြီး အားလပ်ရက်အတွက် မပျော်ရွှင်ဘူးလို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုကို တွေ့ရစဉ်
မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းကို ကိုင်တွယ်တဲ့ ပွဲဦးထွက်ရာသီမှာ သူ့ရဲ့ ကစားသမားတွေနဲ့ တူရကီရှိ ဒိုင်လူကြီး တာဝန်ရှိသူတွေမကြာခဏ ဝေဖန်မှုတွေ ပြုလုပ်နေခဲ့တာပါ။
ဖီနာဘာချီအသင်းဟာ ဒီရာသီ တူရကီလိဂ်ပွဲစဉ် ၁၆ ပွဲ ကစားအပြီးမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာက ဂါလာတာစာရေးအသင်းနဲ့ ၈ မှတ်အကွာအဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ဖီနာဘာချီအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၆ ပွဲ ကစားထားပြီး ရမှတ် ၈ မှတ်နဲ့ အဆင့် ၂၁ နေရာမှာ ရပ်တည်နေ တာပါ။
ဖီနာဘာချီအသင်းအနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ နောက်တဆင့်ကို တိုက်ရိုက် တက်နိုင်ဖို့အတွက် လက်ကျန်ပွဲစဉ် ၂ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာပါ။
ဖီနာဘာချီအသင်းဟာ လာမယ့် ပွဲစဉ်အဖြစ် ဇန်နဝါရီ ၅ ရက်မှာ ဟာတေစပေါ်အသင်းနဲ့ တူရကီလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 687
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄
အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာဟာ ပဲလေ့စ် အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ရက်သတ္တပတ် အများအပြား အနားယူရမယ်လို့ နည်းပြအာတီတာက အတည်ပြုခဲ့ပါတယ်။
အာတီတာက "ဆာကာ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ အတိအကျတော့ မသိပေမယ့် ရက်သတ္တပတ် ပေါင်းများစွာ ကြာပါလိမ့်မယ်။ သူဟာ အသင်းအတွက် အရေးပါတဲ့သူဖြစ်တာကြောင့် ကြီးမားတဲ့ ထိုးနှက်ချက်ပါ။ ဒါပေမယ့် ဒါက နောက်ထပ် စိန်ခေါ်မှုတစ်ခုကို ကျော်ဖြတ်ဖို့ ကျနော်တို့အတွက် ကြီးမားတဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်လာမှာပါ"လို့ ပြောခဲ့တာပါ။
ဆာကာဟာ ပဲလေ့စ်အသင်းနဲ့ပွဲအပြီးမှာ ကွင်းအတွင်းကနေ ချိုင်းထောက်နဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ဒီရာသီမှာ တတိယအကြိမ်မြောက် တံကောက်ကြော ဒဏ်ရာကို ခံစားခဲ့ရတဲ့ ဆာကာဟာ အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင်ကစားထားတာမှာ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ထားတာပါ။

ဆာကာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ဒီရာသီအတွင်းမှာ ဆာကာနဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်တို့ အပါအဝင် အဓိက ကစားသမားအချို့ကို ဒဏ်ရာတွေကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် အတွေ့အကြုံ အများအပြား ရရှိထားတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းမှာ ဆာကာအပြင် ချယ်လ်ဆီးအသင်းကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ တောင်ပံ ကစားသမား စတာလင်လည်း ဒူးဒဏ်ရာကို ခံစားနေရတာပါ။
အာဆင်နယ်အသင်း နည်းပြအာတီတာက စတာလင်ဟာ ရက်သတ္တပတ် အနည်းငယ် အနားယူရမယ်လို့ ပြောခဲ့ပါ တယ်။
အာဆင်နယ်အသင်းဟာ တောင်ပံကစားသမား ၂ ဦးရဲ့ဒဏ်ရာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဈေးကွက်ထဲကို ဝင်ရောက်ဖို့ ရှိနေတာပါ။
အာဆင်နယ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အစ်စဝှစ်ချ်အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 825
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ဆီဗီလာအသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပါဝင် ကစားခွင့်မရခဲ့တဲ့ တိုက်စစ်မှူး အန်းဒရစ်အနေနဲ့ နှစ်သစ်မှာ အခွင့်အရေးရမယ်လို့ ကတိပေးခဲ့ပါတယ်။
အန်ဆယ်လော့တီက “သူ့ကိုအသုံးမပြုခဲ့တာနဲ့ပတ်သက်ပြီး ကျနော့်မှာ ရှင်းပြဖို့ အချိန်မရှိပါဘူး။ သူတို့တွေ နားလည်သဘောပေါက်ကြမယ်လို့ ကျနော်ထင်ပါတယ်။ ပြီးသွားတဲ့ ပွဲတစ်ပွဲကို ပြန်မဖွင့်ချင်ပါဘူး။ ၂၀၂၅ မှာ သူတို့အခွင့်အရေးတွေရပါလိမ့်မယ်” လို့ ပြောခဲ့တာပါ။
အသက် ၁၈ နှစ်အရွယ်ရှိ အန်းဒရစ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားထားပေမယ့် ကွင်းထဲမှာ ၁၆၀ မိနစ်သာ ကစားခွင့်ရရှိထားတာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ တိုက်စစ်ပိုင်းမှာ ဗီနီ စီးယက်စ်၊ရိုဒရီဂိုနဲ့ ဘတ်ပီတို့ကိုသာ ဦးစားပေးအသုံးပြုတဲ့အတွက် အန်းဒရစ်ဟာ ပွဲကစားချိန်မိနစ်တွေ ရရှိဖို့ ရုန်းကန်နေရတာပါ။

အန်းဒရစ်ဟာ ရီးရယ်လ်အသင်းက ဆီဗီလာအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲရဲ့ လူစာရင်းထဲပါဝင်ခဲ့ပေမယ့် ပွဲကစားခွင့်မရခဲ့တာ ဖြစ်ပါတယ်။
အန်းဒရစ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ ရီးရယ်လ်အသင်းကနေ အငှားနဲ့ထွက်ခွာဖို့ ချိတ်ဆက်မှုတွေလည်း ခံနေရတာပါ။
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကတော့ အန်းဒရစ်ကို ၂၀၂၅ ခုနှစ်ထဲမှာ ပွဲကစားချိန် မိနစ်တွေပိုပြီးပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဆီဗီလာအသင်းကို အနိုင်ရရှိခဲ့တာ ကြောင့် လာလီဂါပွဲစဉ် ၁၈ ပွဲကစားအပြီးမှာ အမှတ်ပေးဇယားအဆင့် ၁ နေရာက အသလက်တီကိုအသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
ရီးရယ်လ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၃ ရက်မှ ဗလင်စီယာအသင်းနဲ့ လာလီဂါအဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 771
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃
တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းကနေ ထွက်ခွာခဲ့တဲ့ ချယ်လ်ဆီးအသင်း ကြယ်ပွင့်ဟောင်း အော်စကာဟာ ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းထံ ပြောင်းရွှေ့ဖို့ အပြီးသတ် လုပ်ဆောင်နေပါတယ်။
အသက် ၃၃ နှစ်အရွယ်ရှိ အော်စကာဟာ ရှန်ဟိုင်း SIPG အသင်းမှာ ၂၀၁၇ ကနေ ၂၀၂၄ ခုနှစ်အထိ ကစားခဲ့ပြီး ဒီဇင်ဘာ ၃ ရက်က နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့တာပါ။
အော်စကာဟာ တရုတ်ကလပ်အသင်းအတွက် ၂၄၈ ပွဲကစားပြီး ၇၇ ဂိုးသွင်းယူကာ အမှတ်ပေးလိဂ်ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား ၅ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အော်စကာဟာ ရှန်ဟိုင်း SIPG အသင်းထံ မပြောင်းရွှေ့ခင်က ချယ်လ်ဆီးအသင်းမှာ ၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့တာပါ။
အော်စကာဟာ ဆော်ပေါ်လိုအသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့ပြီး ၂၀၀၈ ကနေ ၂၀၁၀ ခုနှစ် အထိ ကစားခဲ့ကာ ၂၀၁၀ ကနေ ၂၀၁၂ ခုနှစ်အထိ အင်တာနေစီယွန်နယ်လ်အသင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။

အော်စကာကို တွေ့ရစဉ်
ဘရာဇီးလ် ကစားသမားဟောင်းဟာ လက်ရှိအချိန်မှာ ၁၄ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ ဆော်ပေါ်လို အသင်းထံ ပြောင်းရွှေ့မှုကို အပြီးသတ်နိုင်ဖို့ ပြင်ဆင်နေတာပါ။
အော်စကာအနေနဲ့ ဆော်ပေါ်လိုအသင်းထံ ပြန်ရောက်ချိန်မှာ သူရဲကောင်းသဖွယ် ကြိုဆိုမှုကို ခံရဖွယ်ရှိနေပါ တယ်။
ဆော်ပေါ်လိုအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘရာဇီးလ် စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၆ နေရာနဲ့ ရာသီ အဆုံးသတ်နိုင်ခဲ့တာပါ။
ဘရာဇီးလ်အသင်းအတွက် ၄၈ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူထားတဲ့ အော်စကာဟာ တရုတ်ကလပ် ရှန်ဟိုင်း SIPG အသင်းကို ပြောင်းရွှေ့ပြီးကတည်းက နိုင်ငံအသင်းမှာ ရွေးချယ်ခြင်းမခံရတော့တာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 589
CNI Sport News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃
လီဗာပူးလ်အသင်းက စပါးအသင်းကို ၆ ဂိုး-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူး ဆာလက်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်သစ် တင်နိုင် ခဲ့ပါတယ်။
ဆာလက်ဟာ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုကြောင့် ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ပွဲကစားအပြီးမှာ ၁၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ထားတာပါ။
အဲဒါကြောင့် ဆာလက်ဟာ ပရီးမီးယားလိဂ်ရာသီရဲ့ ခရစ္စမတ်မတိုင်ခင် သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ဂိုးအထက်ပြုလုပ်ထားတဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဆာလက်ဟာ ပရီးယားလိဂ်ဂိုးသွင်းအများဆုံးစာရင်းမှာလည်း မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းကို ၂ ဂိုး အသာနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။
ဆာလက်က “ပွဲမတိုင်ခင်မှာ ဒါကို ကျနော်မတွေးခဲ့ပါဘူး။ ဒါပေမယ့် ဒီမှတ်တမ်းက ကျနော့်ကို ပျော်ရွှင်စေပြီး ဂုဏ်ယူစေတဲ့အရာတစ်ခုပါ။ ကျနော်အလုပ်ကို ဆက်ပြီးကြိုးစားနေပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆာလက်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင်ကုန်ဆုံးမှာဖြစ်တဲ့အတွက် စာချုပ်နဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေအပေါ် ဆာလက်ဟာ နိုးလို့သာ ဖြေသွားခဲ့ပါတယ်။
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ဒီထက်ပိုပြီးဂိုးတွေသွင်းယူနိုင်ခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ ပွဲကစားအပြီးမှာ ရမှတ် ၃၉ မှတ်နဲ့ ထိပ်ဆုံးနေရာရပ်တည်နေပြီး အဆင့် ၂ နေရာက ချယ်လ်ဆီးအသင်းထက် ၁ ပွဲလျော့ ကစားထားကာ ရမှတ် ၄ မှတ်အသာ ရထားပါတယ်။
လီဗာပူးလ်အသင်းဟာ ကြားရက်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်စတာအသင်းကို အိမ်ကွင်းယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။
Source:ESPN
