CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၆
၁၃ နှစ်ကြာကစားခဲ့တဲ့ လက်စတာအသင်းကနေ ရာသီကုန်မှာ ထွက်ခွာမယ့် အသင်းခေါင်းဆောင်ဗာဒီက သူဟာ ပရီးမီးယားလိဂ်မှာ ကစားနိုင်သေးတယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
ဗာဒီက “ကျနော်ဟာ ထိပ်တန်းအဆင့်မှာ ၁၀၀ ရာခိုင်နှုန်း ဆက်ပြီးရှိချင်ပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ ရူးသွပ်ဖို့ကောင်းတဲ့ ကမ္ဘာပါ။ ဒါကြောင့် ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။ ကျနော် ဟာ နောက်လာမယ့် အရာအတွက် အမြဲတမ်း စိတ်လှုပ်ရှားနေပါတယ်။ ကျနော့် ခြေထောက်တွေ အဆင်ပြေနေတဲ့ အချိန်ထိ ဆက်ကစားသွားမယ်” လို့ Sky Sports ကိုပြောခဲ့တာပါ။
ဗာဒီဟာ လာမယ့် အစ်စဝှစ်ချ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ လက်စတာအသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားမှာ ဖြစ်ပါတယ်။
ဒီပွဲဟာ ဗာဒီအတွက် လက်စတာအသင်း ကစားသမားဘဝ ပွဲပေါင်း ၅၀၀ ပြည့်မယ့်ပွဲပါ။
ဗာဒီကို တွေ့ရစဉ်
လက်စတာအသင်းဟာ ရာသီပိတ် နောက်ဆုံးပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိသေးပေမယ့် ဗာဒီကို ဒီပွဲမှာ အသုံးပြုဖို့ မရှိတော့တာဖြစ်ပါတယ်။
လက်စတာအသင်းကနေ ထွက်ခွာမယ့် အသက် ၃၈ နှစ်အရွယ်ရှိ ဗာဒီကို ခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ်တွေ စိတ်ဝင်စားနေသလို မေဂျာလိဂ် ကလပ်အသင်း အချို့ကလည်း သူ့ကို ပစ်မှတ်ထားနေတာပါ။
ဒါပေမယ့် ဗာဒီကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲလို ထိပ်တန်းအဆင့်မှာ ပွဲတွေဆက်ပြီးကစားဖို့ အာရုံစိုက် နေတာဖြစ်ပါတယ်။
ဗာဒီဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်စတာအသင်းအတွက် ၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အသင်းကို တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ခြင်းမရှိတာပါ။
ဗာဒီဟာ သူ့ရဲ့ ၁၃ နှစ်ကြာ လက်စတာအသင်း ကစားသမားဘဝမှာ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ်စီ၊ ချန်ပီယံရှစ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: Dailymail