CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၁၈
အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျာမန်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် ဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အာတီတာက “ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ ၂ ရက်က လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ခဲ့ပါတယ်။ သူကိုကြည့်ရ တာ ကောင်းမွန်တဲ့ ပုံစံရှိနေပေမယ့် ဆေးအဖွဲ့ဝင်တွေက သူ့ရဲ့အခြေအနေကို ရှင်းပေးဖို့လိုပါတယ်။ သူပါဝင်ဖွယ် ရှိ၊မရှိ ကျနော်တို့ဆုံးဖြတ်မှာပါ”လို့ ပြောခဲ့တာပါ။
ကိုင်ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဒူဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး ခွဲစိတ်မှုခံယူခဲ့ရကာ ရာသီကုန်အထိ အနားယူရဖွယ် ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုင်ဟာဗက်ဇ်ဟာ မကြာသေးမီက အသင်းနဲ့အတူ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ကာ ဒီရာသီ လက်ကျန်ပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့ အခွင့်အရေးရှိလာခဲ့တာပါ။
လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ သေချာအောင် လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေမှာ ရလဒ်ကောင်း တွေ ရယူနိုင်ဖို့လိုအပ်တဲ့ အာဆင်နယ်အသင်းအတွက် ဟာဗက်ဇ် ပြန်ပါဝင်ကစားနိုင်မှာက သတင်းကောင်း ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရလဒ်ရယူနိုင်ရင် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှာပါ။
အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့ကြား ရမှတ်ကွာဟမှုက ၂ မှတ်သာရှိပါတယ်။
အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ယှဉ်ပြိုင်ပြီးရင် ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal