- By CNI
- Category: အားကစား
- Hits: 932
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၇
ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ တိုက်စစ်မှူး အမ်ဘူမိုဟာ နွေရာသီမှာ ဘရန်ဖို့ဒ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အသင်းခေါင်းဆောင် နော်ဂတ်က ပြောခဲ့ပါတယ်။
နော်ဂတ်က “အမ်ဘူမိုက နွေရာသီမှာ ထွက်ခွာဖို့ ဖြစ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဝီဆာကိုတော့ လူတိုင်းက ဆက်နေနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကျနော်ကတော့ ဒီရာသီအတွက် ပျော်ရွှင်နေသလို သူတို့နှစ်ဦးအတွက်လည်း ပျော်ရွှင်ပါတယ်။ သူတို့နဲ့ အလွန်ထိုက်တန်မှုရှိပါတယ်”လို့ Sky Sports News ကိုပြောခဲ့တာပါ။
ကင်မရွန်း တိုက်စစ်မှူး အမ်ဘူမိုဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘရန်ဖို့ဒ်အသင်းအတွက် ခြေစွမ်းပြသ နေပြီး ၁၈ ဂိုး သွင်းယူထားပါတယ်။
အဲဒါကြောင့် အမ်ဘူမိုကို ခေါ်ယူဖို့ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ထိပ်တန်းကလပ် အသင်းအချို့က စိတ်ဝင်စားနေကြတာပါ။

အမ်ဘူမိုကို တွေ့ရစဉ်
ဘရန်ဖို့ဒ်အသင်းဟာ အမ်ဘူမိုနဲ့အတူ ဒီရာသီမှာ သွင်းဂိုးတွေ သွင်းယူပြီး ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူးဝီဆာကို လည်း လာမယ့်နွေရာသီမှာ ဆုံးရှုံးရနိုင်ပါတယ်။
ဘရန်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဝက်ကင်စ်၊ ဘန်ရာမာနဲ့ အိုင်ဗန်တိုနေး တို့ကို ဆုံးရှုံးခဲ့ပေမယ့် သူတို့ရဲ့ပုံစံကောင်းကို ပြသနေတာပါ။
ဘရန်ဖို့ဒ်အသင်းနဲ့ အမ်ဘူမိုတို့ရဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိရှိပြီး နောက်ထပ် တစ်နှစ်သက်တမ်း တိုးခွင့်ရှိနေပါတယ်။
ဘရန်ဖို့ဒ်အသင်းဟာ အမ်ဘူမိုအတွက် ပြောင်းရွှေ့ကြေး အများအပြား လိုချင်နေတယ်လို့ သိရပါတယ်။
ဘရန်ဖို့ဒ်အသင်းဟာ ပြီးခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ် အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့်(၉)နေရာမှာ ရပ်တည်နေတာပါ။
ဘရန်ဖို့ဒ်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်စဝှစ်ခ်ျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 617
CNI Sport News
၂၀၂၄ ခုနှစ်၊ မေလ ၇
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)ဟာ လစ်လပ်နေတဲ့ ဘရာဇီးလ်အသင်း နည်းပြရာထူးအတွက် နည်းပြသစ်ကို လာမယ့် အပတ်အကုန်မှာ နောက်ဆုံးထားပြီး ကြေညာဖွယ်ရှိနေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြဒိုရီဗယ်လ်ဂျူနီယာကို မတ်လ ၂၈ ရက်မှာ ထုတ်ပယ်ခဲ့ပြီးနောက် ဘရာဇီးလ်အသင်း နည်းပြသစ်ကို ရှာဖွေမှုတွေ ပြုလုပ်နေတာပါ။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် တာဝန်ယူမယ့် အချိန်နဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေရှိခဲ့ပါတယ်။
အဲဒါကြောင့် CBF ဟာ ရီးရယ်လ်အသင်း လာလီဂါ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပြီးတဲ့အထိ သူတို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို သက်တမ်းတိုးပေးခဲ့တာပါ။
CBF ရဲ့ နိုင်ငံအသင်းဒါရိုက်တာ ရိုဒရီဂိုက ဘရာဇီးလ်အသင်း နည်းပြသစ်ကို ရွေးချယ်ရတာဟာ နိုင်ငံအတွက် အရေးကြီးပြီး ကြီးမားတဲ့တာဝန်ကို ထမ်းဆောင်ရတယ်ဆိုတာ သိပေမယ့် လာမယ့်အပတ်အကုန်မှာ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ရည်ရွယ်ထားတယ်လို့ Sportv ကိုပြောခဲ့တာပါ။

အန်ဆယ်လော့တီနဲ့ ဂျော့ချ်ဂျီးဆပ်ကို တွေ့ရစဉ်
ဒါအပြင် ရိုဒရီဂိုက ဘရာဇီးလ်အသင်း နည်းပြရာထူးအတွက် တိကျတဲ့ နာမည်တစ်ခုအကြောင်း ပြောရတာဟာ ခက်ခဲတယ်လို့လည်း ပြောခဲ့တာပါ။
ဘရာဇီးလ်အသင်းဟာ ဇွန်လထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီမတိုင်မီ လူစာရင်း ထုတ်ပြန်နိုင်ဖို့အတွက် နည်းပြသစ်ကို အမြန်ဆုံး ခန့်အပ်ချင်နေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ အန်ဆယ်လော့တီကို နည်းပြသစ်အဖြစ် အဓိက ပစ်မှတ်ထားနေပေမယ့် အယ်လ်ဟီလယ်အသင်း နည်းပြဟောင်း ဂျော့ချ်ဂျီးဆပ်ကိုလည်း သူတို့ရဲ့နည်းပြ စာရင်းထဲမှာ ထည့်သွင်းထား တာပါ။
ဂျော့ချ်ဂျီးဆပ်ဟာ ဒီရာသီ အယ်လ်ဟီလယ်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် မေလ ၃ ရက်က အသင်းနဲ့ လမ်းခွဲ ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)မှာ အမှတ်ပေးဇယားအဆင့် ၄ နေရာ ရပ်တည်နေတဲ့ ဘရာဇီးလ် အသင်းဟာ လက်ကျန်ခြေစစ်ပွဲ ၄ ပွဲမှာ ရလဒ်ကောင်း ရယူနိုင်တာနဲ့ ခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်မှာ ဖြစ်ပါ တယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 654
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၇
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုရဲ့ အကြီးဆုံးသားဖြစ်သူ ရော်နယ်ဒိုဂျူနီယာဟာ ခရိုအေးရှားနိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် ပေါ်တူဂီ ယူ-၁၅ အသင်း လူစာရင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
အသက် ၁၄ နှစ်အရွယ်ရှိ ရော်နယ်ဒိုဂျူနီယာဟာ ဖခင်ဖြစ်သူ ကစားနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာ အသင်းရဲ့ လူငယ်အသင်းမှာ ပါဝင်ကစားပြီး ခြေစွမ်းပြသနေတာပါ။
အဲဒါကြောင့် ပေါ်တူဂီ ယူ-၁၅ အသင်းနည်းပြ ဆန်းတို့စ်က ဂျူနီယာကို ကစားသမား ၂၂ ဦးစာရင်းထဲမှာ ရွေးချယ်ခဲ့ တာ ဖြစ်ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်ဒိုက သားဖြစ်သူ ပေါ်တူဂီ ယူ-၁၅ အသင်းမှာ ရွေးချယ်ခံရတာကြောင့် အလွန် ဂုဏ်ယူတယ်လို့ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ဂျူနီယာကို တွေ့ရစဉ်
ရော်နယ်ဒိုဟာ လွန်ခဲ့တဲ့ ၂၄ နှစ်ကျော်က ပေါ်တူဂီ ယူ-၁၅ အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး အခုအချိန်မှာ သူ့ရဲ့သား ဖြစ်သူဟာ ဖခင်ရဲ့ခြေရာကို လိုက်နင်းနိုင်ဖို့ ရွေးချယ်ခံခဲ့ရတာပါ။
ရော်နယ်ဒိုက သူဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားမယူမီမှာ သားဖြစ်သူနဲ့ အတူတွဲ ကစားချင် တယ်လို့ ဝန်ခံထားပါတယ်။
မေလ ၁၃ ရက်ကနေ ၁၈ ရက်အထိ ခရိုအေးရှားနိုင်ငံမှာ ကျင်းပမယ့် ယူ-၁၅ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ဂျပန်၊ ဂရိ၊ အင်္ဂလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဂျူနီယာဟာ ဖခင်ဖြစ်သူ ကစားခဲ့တဲ့ ရီးရယ်လ်၊ ဂျူဗင်တပ်စ်၊ ယူနိုက်တက်နဲ့ အယ်လ်နာဆာအသင်းတွေမှာ ပါဝင်ကစားပြီး သူ့ရဲ့လူငယ်ကစားသမားဘဝကို ဖြတ်သန်းနေတာပါ။
ဂျူနီယာဟာ ပေါ်တူဂီ ယူ-၁၅ အသင်းမှာ ရွေးချယ်ခံထားရပေမယ့် သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ အမေရိကန် ဒါမှမဟုတ် စပိန်အသင်းတွေမှာလည်း ကစားဖို့ ရွေးချယ်ခွင့်ရှိပါတယ်။
အဲဒါကြောင့် ဂျူနီယာအနေနဲ့ သူ့ရဲ့လက်ရွေးစင် ကစားသမားဘဝမှာ ဘယ်နိုင်ငံကို ကိုယ်စားပြုပြီးကစားဖို့ ရွေးချယ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 684
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၇
အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၇ ဂိုး-၆ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၃ နှစ်အတွင်း ဒုတိယအကြိမ်မြောက် တက်နိုင်ခဲ့ပါတယ်။
အင်တာမီလန်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ဟာ ပထမအကျော့ကလိုပဲ ၃ ဂိုးစီ သရေကျခဲ့တာပါ။
ဒီပွဲမှာ အင်တာမီလန်အသင်းဟာ လောတရိုမာတီနက်ဇ်၊ ချာဟာနိုဂလူးတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် အဲရစ်ဂါစီယာနဲ့ အော်လ်မိုတို့က ချေပဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မိနစ် ၉၀ ပြည့်ဖို့ မိနစ်အနည်းငယ်အလိုမှာ ရာဖင်ညာက ဘာစီလိုနာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ ပေမယ့် အဆာဘီက နာကျင်အချိန်ပိုမှာ အင်တာမီလန်အသင်းအတွက် အဖိုးတန်ချေပဂိုး သွင်းယူခဲ့တာပါ။

အင်တာမီလန်အသင်းနဲ့ ဘာစီလိုနာအသင်း ယှဉ်ပြိုင်နေစဉ်
အဲဒါကြောင့် ၃ ဂိုးစီ သရေကျပြီး နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုးစီ သရေကျနေတဲ့အတွက် အချိန်ပိုဆက်ပြီး ယှဉ်ပြိုင်ခဲ့ရပါတယ်။
အချိန်ပိုမှာတော့ ဖရက်တီဆီက အင်တာမီလန်အသင်း ဗိုလ်လုပွဲတက်စေမယ့် အနိုင်ဂိုး သွင်းယူပေးခဲ့တာကြောင့် အင်တာမီလန်အသင်းဟာ ဘာစီလိုနာအသင်းကို အနိုင်ရပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်နိုင်ခဲ့တာပါ။
ဒီပွဲမှာ အင်တာမီလန်အသင်း ဂိုးသမား ဆွန်းမားဟာ ဘာစီလိုနာအသင်းရဲ့ ဂိုးရနိုင်မယ့် ကန်သွင်းမှုတွေကို ကာကွယ်နိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီက ကစားသမားတွေဟာ သူတို့မှာရှိတဲ့ အရာအားလုံးကို ပေးခဲ့ကြပြီး သူတို့ရဲ့နည်းပြ ဖြစ်ရတာကို ပျော်ရွှင်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဒါပြင် အင်ဇာဂီက ဘာစီလိုနာအသင်းဟာ သန်မာတဲ့ အသင်းဖြစ်တဲ့အတွက် သူတို့ကိုလည်း ဂုဏ်ပြုတယ်လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ အင်တာမီလန်အသင်းကို မျက်နှာသာပေးတယ်လို့ ဝေဖန်မှုပြုလုပ်ခဲ့ပြီး လာမယ့်နှစ်မှာ ပရိသတ်တွေ ပျော်ရွှင်စေဖို့ ထပ်ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံးအကြိမ် ရယူနိုင်ခဲ့တဲ့ ၂၀၀၉-၁၀ ရာသီကလည်း ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်းကို ကျော်ဖြတ်ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
အဲဒါကြောင့် ဒီရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်းကို ကျော်ဖြတ်ခဲ့တဲ့ အင်တာမီလန်အသင်း အနေနဲ့ ချန်ပီယံဆုကို ထပ်ပြီး ရယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
အင်တာမီလန်အသင်းဟာ PSG နဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 667
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၆
မာဆေးလ်အသင်းဟာ ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချိတ်ဆက်မှုတွေရှိနေတဲ့ လိုင်လီအသင်း ကွင်းလယ်လူ အိန်ဂျယ်လ်ဂိုးမက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။
အိန်ဂျယ်လ်ဂိုးမက်စ်ဟာ ဒီရာသီကုန်ရင် လိုင်လီအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် မာဆေးလ်အသင်း ဟာ သူ့ရဲ့အခြေအနေကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ L'Equipe က ဖော်ပြထားတာပါ။
မာဆေးလ်အသင်းဟာ အလွတ်နဲ့ခေါ်ယူလို့ရမယ့် အင်္ဂလန်ကွင်းလယ်လူ အိန်ဂျယ်လ်ဂိုးမက်စ်ကို စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အိန်ဂျယ်လ်ဂိုးမက်စ်ဟာ လိုင်လီအသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုတာကြောင့် အသင်းရဲ့လူစာရင်းကနေ ချန်လှပ် ခြင်း ခံနေရတာပါ။
ယူနိုက်တက် အကယ်ဒမီထွက် အိန်ဂျယ်လ်ဂိုးမက်စ်ကို ခေါ်ယူဖို့ အသင်းဟောင်း ယူနိုက်တက်အသင်း အပါအဝင် လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ကလည်း ချိတ်ဆက်မှုတွေ ရှိနေပေမယ့် မာဆေးလ်အသင်းဟာ အလျင်အမြန် လက်ဦးမှုရယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

အိန်ဂျယ်လ်ဂိုးမက်စ်ကို တွေ့ရစဉ်
မတ်လ ၁ ရက်ကတည်းက လိုင်လီအသင်းအတွက် ပါဝင်ခွင့် မရတော့တဲ့ အိန်ဂျယ်လ်ဂိုးမက်စ်ဟာ မာဆေးလ် အသင်းထံ ပြောင်းရွှေ့ခဲ့ရင် ယူနိုက်တက်အသင်းဖော်ဟောင်း ဂရင်းဝုဒ်နဲ့ ပြန်ပြီးတွဲဖက်ကစားလို့ရရှိမှာပါ။
အသက် ၂၄ နှစ်အရွယ်ရှိ အိန်ဂျယ်လ်ဂိုးမက်စ်ဟာ လိုင်လီအသင်းအတွက် ပြိုင်ပွဲစုံ ၁၃၄ ပွဲ ပါဝင်ကစားထားပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟာ ဒီရာသီမှာ လိုင်လီအသင်းအတွက် ပွဲပေါင်း ၂၀ သာ ပါဝင်ကစားခွင့်ရထားပြီး လက်ကျန် ပွဲတွေမှာလည်း အသင်းအတွက် ပါဝင်ခွင့်ရဖို့ မရှိပါဘူး။
အိန်ဂျယ်လ်ဂိုးမက်စ်ဟာ အင်္ဂလန်အသင်းကြီးအတွက် ၄ ပွဲ ပါဝင်ကစားထားပြီး အင်္ဂလန် ယူ-၁၇ အသင်းနဲ့ ကမ္ဘာ့ဖလား ၁ ကြိမ်၊ အင်္ဂလန် ယူ-၂၁ အသင်းနဲ့ ဥရောပချန်ပီယံဆု ရရှိထားပါတယ်။
လိုင်လီအသင်းဟာ ဒီရာသီ လီဂူး-၁ ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၅ နေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိနိုင်ဖို့ မျှော်လင့်ချက်ရှိနေကာ လာမယ့်ပွဲစဉ်အဖြစ် ဘရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 575
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၆
အာဆင်နယ်အသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ နွေရာသီမှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းထံ မပြောင်းမရွှေ့မီ အသင်းနဲ့ ၃ နှစ်အကြို စာချုပ်ချုပ်ခဲ့တယ်လို့ Globo က ဖော်ပြထားပါတယ်။
ဂျော်ဂျင်ဟိုဟာ ဒီရာသီကုန်ရင် အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ဖလာမင်ဂိုအသင်းထံ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပြီး ၂၀၂၈ ခုနှစ်အထိရှိမယ့် အကြိုစာချုပ်ချုပ်ခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးအသင်းကနေ ၁၈ လစာချုပ်နဲ့ ပြောင်းရွှေ့လာပြီးကတည်းက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၇၈ ပွဲပါဝင်ကစားကာ ၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုကို တွေ့ရစဉ်
အီတလီကွင်းလယ်လူဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းအတွက် ၉ ပွဲသာ ပွဲထွက် လူစာရင်း ပါဝင်ခဲ့ရတာပါ။
ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျော်ဂျင်ဟိုဟာ ဧပြီက ဘရန်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားထားပါတယ်။
အီတလီအသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ ဖလာမင်ဂိုအသင်းထံ ပြောင်းရွှေ့ခဲ့ရင် နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိမှာပါ။
ဖလာမင်ဂိုအသင်းဟာ ဒီပြိုင်ပွဲမှာ တူးနစ်၊ ဂျော်ဂျင်ဟိုရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
ဖလာမင်ဂိုအသင်းဟာ ဒီရာသီ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ၇ ပွဲ ကစားထားပြီး ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေး ဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။
ဖလာမင်ဂိုအသင်းဟာ လာမယ့် ဘရာဇီးလ်လိဂ်ပွဲစဉ်အဖြစ် ဘာဟီရာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 689
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၆
ရီးရယ်လ်အသင်းဟာ အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ပါဝင်စေဖို့ ဆန္ဒရှိတာကြောင့် လီဗာပူးလ်အသင်းနဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
အာနိုးလ်ဟာ ဒီရာသီကုန်မှာ နှစ်ပေါင်း ၂၀ ကြာ ကစားခဲ့တဲ့ လီဗာပူးလ်အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာထားတာပါ။
လီဗာပူးလ်အသင်းကလည်း အာနိုးလ်ဟာ စာချုပ်ကုန်ဆုံးမယ့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ထွက်ခွာမယ်လို့ အတည်ပြုထားပါတယ်။
အာနိုးလ်ဟာ ရီးရယ်လ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး စာချုပ်ထဲမှာပါဝင်တဲ့ နောက်ဆုံး အသေးစိတ် အချက်အလက်တွေကိုသာ အပြီးသတ်ဖို့ ကျန်ရှိတော့တာပါ။
ရီးရယ်လ်အသင်းဟာ အာနိုးလ်ကို ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးချိန်မှာ အသင်းထံ လာရောက်ပူးပေါင်းနိုင် ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ဆိုရင် စတင်မှာဖြစ်ပြီး ရီးရယ်လ် အသင်းဟာ အာနိုးလ်ကို အသင်းလူစာရင်းထဲ ထည့်သွင်းနိုင်ဖို့ ဆန္ဒရှိနေတာပါ။
ဒါပေမယ့် အာနိုးလ်ရဲ့ လီဗာပူးလ်အသင်းနဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်မှ ကုန်ဆုံးမှာဖြစ်ပါတယ်။
အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ အာနိုးလ်ကို စာချုပ်မကုန်ဆုံးမီမှာ ခေါ်ယူခွင့် ရနိုင်ဖို့အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးပေးကာ လီဗာပူးလ်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ ဆွေးနွေးမှုပြုလုပ်ချင်နေတာပါ။

အာနိုးလ်ကိုတွေ့ရစဉ်
လီဗာပူးလ်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ရင် ရီးရယ်လ်အသင်းဟာ အာနိုးလ်ကို ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ လူစာရင်းထဲ ထည့်ပြီး အမေရိကန်နိုင်ငံကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
ရီးရယ်လ်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အယ်လ်ဟီလယ်၊ ပါချူကာ၊ ဆဲလ်ဘတ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဇွန်လ ၁၈ ရက်မှာ အယ်လ်ဟီလယ်အသင်းနဲ့ အဖွင့်ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။
အာနိုးလ်က ကစားသမားတစ်ဦး အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ပါ စိန်ခေါ်မှုအသစ်အတွက် ပြောင်းလဲမှု အသစ် လိုအပ်တယ်လို့ ခံစားရတာကြောင့် လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာလို့ ပြောခဲ့ပါတယ်။
အသက် ၆ နှစ် အရွယ်ကတည်းက လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့တဲ့ အာနိုးလ်ဟာ ငယ်ဘဝကလပ်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ FA ဖလားနဲ့ လိဂ်ဖလား တို့ကို ၁ ကြိမ်စီ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 777
CNI International News
နယူးဒေလီ၊ မေလ ၆
အိန္ဒိယနှင့် ပါကစ္စတန်သည် ၂၀၁၉ ခုနှစ်က တိုက်ပွဲဖြစ်ပွားပြီးကတည်းက နှစ်နိုင်ငံစစ်ရေး စွမ်းဆောင်ရည်များကို မြှင့်တင်ခဲ့ကြသဖြင့် စစ်ပွဲဖြစ်ပွားနိုင်သည့် အန္တရာယ်သည် မြင့်တက်လာခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိ ဟောင်းများနှင့် စစ်ရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လက အိန္ဒိယနိုင်ငံ၊ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ပြီးနောက် အိန္ဒိယသည် စစ်ရေးအရ ကျူးကျော်ဝင်ရောက်ရန် ပြင်ဆင်နေသည်ဟု ပါကစ္စတန်က ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) က တိုက်ခိုက်သူများကို ရေဆုံးမြေဆုံး လိုက်လံရှာဖွေပြီး အပြစ်ပေး သွားမည်ဟု ကတိပြုခဲ့သည်။
ပါကစ္စတန်နိုင်ငံကမူ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုခဲ့ပြီး မိမိတို့ကို တိုက်ခိုက်လာမည်ဆိုပါက တုံ့ပြန်တိုက်ခိုက်သွားမည်ဟု သတိပေးခဲ့သည်။

အိန္ဒိယတိုက်လေယာဉ်ကို တွေ့ရစဉ်
၂၀၁၉ ခုနှစ်က ကက်ရှ်မီးယားဒေသရှိ အိန္ဒိယစစ်တပ်၏ မော်တော်ယာဉ်တန်း ဗုံးခွဲခံခဲ့ရပြီးနောက် အိန္ဒိယသည် ပါကစ္စတန်နိုင်ငံအတွင်းသို့ ဝင်ရောက်ကာ လေကြောင်းတိုက်ခိုက်ခဲ့သည်။
အိန္ဒိယကမူ ၎င်းတို့ တိုက်ခိုက်ခဲ့သည့် ပစ်မှတ်များသည် အကြမ်းဖက်သမားများ၏ စခန်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်ကလည်း အိန္ဒိယကို တုံ့ပြန်သည့် အနေဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အိန္ဒိယလေယာဉ်တစ်စင်းကို ပစ်ချခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ၁၉၄၈ ခုနှစ်၊ ၁၉၆၅ ခုနှစ်၊ ၁၉၇၁ ခုနှစ်တို့ကလည်း စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်ရေးနှင့်ပတ်သက်ပြီး နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ မရေမတွက်နိုင်အောင် ဖြစ်ပွားခဲ့သည်။
၁၉၉၀ ပြည့်နှစ်က နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ခဲ့ကြသည့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ကမ္ဘာပေါ် တွင် စစ်ပွဲဖြစ်ပွားနိုင်ခြေ အများဆုံး နယ်မြေများထဲ၌ ပါဝင်နေသော ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ကြောင်း ၂ နိုင်ငံစလုံးက ကြေညာထားကြသည်။
လက်ရှိ အခြေအနေအရ အိန္ဒိယနှင့် ပါကစ္စတန်တို့သည် နျူကလီးယားလက်နက်များ အသုံးပြုလိမ့်မည် မဟုတ် သော်လည်း ကန့်သတ်စစ်ပွဲတစ်ခု ဖြစ်နိုင်ခြေ အလွန်မြင့်မားနေကြောင်း စစ်ရေးကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: အားကစား
- Hits: 466
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၆
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင် စားနေပေမယ့် ယူနိုက်တက်အသင်းဟာ သူတို့ရဲ့အသင်း ခေါင်းဆောင်ကို ရောင်းချဖို့ ရည်ရွယ်ထားခြင်း မရှိတာ ဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ နွေရာသီမှာ ကြယ်ပွင့် ကစားသမားတစ်ဦးကို ခေါ်ယူဖို့အတွက် ငွေကြေး အများအပြား သုံးစွဲဖို့ စီစဉ်နေတာပါ။
အရှေ့အလယ်ပိုင်း သတင်းတွေမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ကိုယ်စားလှယ်တွေဟာ တနင်္လာနေ့က အယ်လ်ဟီလယ် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းနဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဆက်သွယ်မှုတွေ ရှိခဲ့ ကြတာပါ။

ဘရူနိုဖာနန်ဒက်စ်နဲ့ အာမိုရင်ကို တွေ့ရစဉ်
ဒါပေမယ့် ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပြီး စာချုပ် ကုန်ဆုံးချိန်မှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်နေတာဖြစ်ပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၁၉ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၈ ကြိမ် ပြုလုပ်ထားတာပါ။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ အသင်းကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေတာကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းရောင်းချဖွယ်မရှိတဲ့ ကစားသမား အနည်းငယ်ထဲက တစ်ဦးဖြစ်ပါတယ်။
ယူနိုက်တက် သတင်းရင်းမြစ်တွေက အသင်းဟာ ဘရူနိုဖာနန်ဒက်စ်အတွက် အယ်လ်ဟီလယ်အသင်းဆီကနေ တရားဝင် ကမ်းလှမ်းမှု မရရှိထားသလို ကမ်းလှမ်းခဲ့ရင်လည်း ရောင်းချဖွယ်မရှိဘူးလို့ ပြောထားတာပါ။
အခုရာသီအစောပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ဟာ ရာသီကုန်ရင် ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် နည်းပြအာမိုရင်က ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး သူ့ကိုထွက်ခွာ ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောထား ကြောင်း မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဖွင့်ဟခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလား မတိုင်ခင်မှာ နာမည်ကြီး ကစားသမားခေါ်ယူနိုင်ဖို့ ပစ်မှတ် ထားနေသလို ထွက်ခွာသွားတဲ့ နည်းပြဂျော့ချ်ဂျီးဆပ်ရဲ့ နေရာမှာ အစားထိုးဖို့ကိုလည်း အာရုံစိုက်နေတာပါ။
ယူနိုက်တက်အသင်းဟာ ဒီကြားရက်ထဲမှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘီလ်ဘာအိုအသင်းကို အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
- By CNI
- Category: အားကစား
- Hits: 683
CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၅
အာဆင်နယ်အသင်းနည်းပြဟောင်း အာဆင်ဝင်းဂါးက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိတဲ့ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးသင့်ဘူးလို့ ပြောလိုက်ပါတယ်။
အာဆင်ဝင်းဂါးက “သူတို့ကို ချန်ပီယံလိဂ် ဝင်ခွင့်မပေးသင့်ဘဲ ယူရိုပါလိဂ်ပြိုင်ပွဲကိုပဲ ထပ်ပြီးယှဉ်ပြိုင်ခွင့် ပေးသင့် ပါတယ်။ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့်ပေးဖို့ မလိုပါဘူး။ ပရီးမီးယားလိဂ်ဟာ လာမယ့် ရာသီဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာအထိ ရရှိထားပါတယ်။ UEFA အနေနဲ့ ဒါကိုစဉ်းစားပြီး ပြန်သုံးသပ်ရမှာပါ။ တခြားလူတွေကတော့ ယူရိုပါလိဂ်ကို အာရုံစိုက်ပြီး စိတ်ဝင်စားဖို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ပေးဖို့ လိုအပ်တယ်ဆိုပြီး ပြောကြမှာပါ”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရလဒ်ကောင်းတွေ ရရှိထားတာကြောင့် ဗိုလ်လုပွဲတက်ဖို့ အခြေအနေ ကောင်းနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရုန်းကန်နေရပြီး အဆင့် ၁၅ နဲ့ ၁၆ နေရာမှာ ရပ်တည်နေ တာပါ။
အဲဒါကြောင့် ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဟာ ၂၀၁၄ ခုနှစ်က စတင်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်တဲ့အသင်းကို လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ပေးဖို့ အတည်ပြုဆုံးဖြတ်ခဲ့တာပါ။
အာဆင်နယ်အသင်း နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ ဒါကို သဘောတူခြင်း မရှိပါဘူး။
ယူနိုက်တက်အသင်းဟာ နည်းပြဟောင်း မော်ရင်ဟို လက်ထက် ၂၀၁၇-၁၈ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်ခဲ့တာပါ။
ဒါပေမယ့် သူတို့ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ခဲ့ပါတယ်။
အာဆင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီးနောက် ဖီဖာရဲ့ကမ္ဘာ့ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီး လူကျွံဘော ဥပဒေပြောင်းလဲမှု အပါအဝင် ဘောလုံးလောကရဲ့ အပြောင်းအလဲ အများအပြားကို အဆိုပြုခဲ့တာဖြစ်ပါတယ်။
Source: BBC
