- By CNI
- Category: အားကစား
- Hits: 740
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီဟာ မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့ပေမယ့် သူ့ရဲ့ဒဏ်ရာဟာပြင်းထန်ခြင်းမရှိဘူးလို့ နည်းပြ အင်းနရစ်က အတည်ပြုခဲ့ပါတယ်။
အင်းနရစ်က “ဘတ်ပီရဲ့ ဒဏ်ရာကမပြင်းထန်ပါဘူး။ ဒါပေမယ့် နာကျင်မှုတော့ ရှိခဲ့ပါတယ်။ လူစားလဲလိုက်တာက ပိုပြီးကောင်းမယ်လို့ ကျနော်တွေးမိခဲ့တာပါ။ ဒါဟာ ထိုးနှက်ချက်ဖြစ်ပေမယ့်လည်း သူအဆင်ပြေပါတယ်” လို့ ဘတ်ပီရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။
ပီအက်စ်ဂျီအသင်းက မာဆေးလ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ ဘတ်ပီဟာ ပြိုင်ဘက်ကစားသမား ဘလာဒီရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကို ခံရပြီးနောက် ကွင်းအပြင်ထွက်ကာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ဘတ်ပီဟာ ဆေးကုသမှုခံယူအပြီးမှာ ပြန်ပြီးကစားဖို့အတွက် ကွင်းထဲဝင်ရောက်လာခဲ့ပေမယ့် ဆက်မကစားနိုင်တော့တာကြောင့် ဥမင်ထဲဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီရဲ့ဒဏ်ရာအခြေအနေကို ပီအက်စ်ဂျီအသင်းပရိသတ်တွေက စိုးရိမ်မှုတွေရှိနေကြပေမယ့် နည်းပြ အင်းနရစ်ကတော့ ဒဏ်ရာဟာ ထင်ထားသလို မပြင်းထန်ဘူးလို့ ပြောသွားခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို လူစားလဲခဲ့ပေမယ့် ဂွန်ကာလိုရာမို့စ်ရဲ့ ၂ ဂိုး၊ မူအာနီနဲ့ ဟာကီမီတို့ရဲ့ သွင်းဂိုး တွေကြောင့် မာဆေးလ်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနိုင်ပွဲကြောင့် ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ အဆင့် ၃ နေရာကို ရောက်ရှိလာခဲ့ပြီး ထိပ်ဆုံးနေရာက ဘရက်စ်အသင်းနဲ့ ၂ မှတ်ကွာဟ နေတာပါ။ ဘတ်ပီဟာ ဒီရာသီပြင်သစ်လီဂူးဝမ်းပြိုင်ပွဲမှာ ၇ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမား အဖြစ် ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတာဖြစ်ပါတယ်။
ဘတ်ပီအနေနဲ့ ဒဏ်ရာမပြင်းထန်ဘူးဆိုရင် စက်တင်ဘာ ၃၀ ရက်မှာကစားမယ့် ကလဲမောင့်အသင်းနဲ့ ပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 934
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ကွင်းလယ်တိုက်စစ် ကစားသမား ရာပီနိုးဟာ တောင်အာဖရိကအသင်းကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အမေရိကန် လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရာပီနိုးဟာ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်က NWSL လိဂ်ပြိုင်ပွဲ အဆုံးသတ်မယ့် အချိန်မှာ ကစားသမားဘဝကနေ အနားယူမယ်လို့ ကြေညာထားတာပါ။
၂၀၀၆ ခုနှစ်မှာ အမေရိကန်အသင်းအတွက် စတင်ပွဲဦးထွက်ခွင့်ရခဲ့တဲ့ ရာပီနိုးဟာ နိုင်ငံအသင်းအတွက် ၂၀၃ ပွဲ ပါဝင် ကစားခဲ့ပြီး ၆၃ ဂိုးသွင်းယူကာ ၂၀၁၅ နဲ့ ၂၀၁၉ ကမ္ဘာ့ဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရာပီနိုးက “တကယ်ကို အံ့သြစရာကောင်းပါတယ်။ ကောင်းမွန်တဲ့ အရာအားလုံးကို ကြားခဲ့ရပြီး လူအုပ်ကြီးရှေ့မှာ ပြန်ပြီးကစားရတာက ကောင်းပါတယ်။ ဒါကို အမြဲတမ်း လွမ်းနေမှာပါ။
ပြီးပြည့်စုံတယ်ဆိုပြီး ခံစားရတဲ့ အခိုက် အတန့် ရှိမယ်လို့ မထင်ပေမယ့် ဒါက တော်တော်လေး နီးစပ်ပါတယ်။ ဒီအင်္ကျီကို ဝတ်ဆင်ပြီး အံ့သြစရာကောင်း တဲ့ ကစားသမားတွေနဲ့ ကစားရတာကို အလွန်ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။

ရာပီနိုးကို နှုတ်ဆက်နေစဉ်
အမေရိကန်အသင်းက တောင်အာဖရိကအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ရာပီနိုးဟာ အမေရိကန် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
ရာပီနိုးကို လူစားလဲတဲ့ အချိန်မှာ ပွဲကို ခဏကြာ ရပ်တန့်ခဲ့ပြီး ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေ အားလုံးက မက်တပ်ရပ်ပြီး လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ ရာပီနိုးဟာ အမေရိကန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ် ပါဝင်ကစားခဲ့ပြီး နိုင်ငံအသင်းကို ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
ရာပီနိုးဟာ အောက်တိုဘာ ၁၅ ရက်မှာ ကစားမယ့် ချီကာဂိုရက်ဒ်စတားအသင်းနဲ့ ပွဲမှာ OL ရင်းအသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားပြီး သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။
ရာပီနိုးဟာ ဘောလွန်းဒီအော ၁ ကြိမ်၊ ဖီဖာတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးကစားသမားဆု ၁ ကြိမ် အပါအဝင် တစ်ဦးချင်း အောင်မြင်မှုတွေလည်း အများကြီး ရယူနိုင်ခဲ့ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 807
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက အသလက်တီကိုအသင်းကို မက်ဒရစ်ဒါဘီပွဲစဉ်မှာ အရေးနိမ့် ပြီးနောက် ဒီရှုံးပွဲအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။
အန်ဆယ်လော့တီက “ကျနော်တို့ဟာ ကောင်းမွန်စွာ မစတင်နိုင်ခဲ့သလို ခံစစ်ကလည်း ကောင်းမွန်ခဲ့ခြင်း မရှိပါ ဘူး။ အသလက်တီကိုအသင်းဟာ ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေတဲ့အချိန်မှာ သူတို့လိုချင်တဲ့ ပွဲကိုကစားသွားခဲ့ပါ တယ်။ အသလက်တီကိုအသင်းက ကျနော်တို့ထက် ပိုပြီးကောင်းခဲ့ပါတယ်။ ကျနော်တို့ ကစားသွားတဲ့ စနစ်က ပြဿနာမဟုတ်ဘဲ ခံစစ်ပိုင်းက ပြဿနာရှိခဲ့တာပါ။ အသင်းဟာ ကောင်းမွန်စွာ မလုပ်နိုင်ခဲ့လို့ ဒီအတွက် ကျနော့် မှာ တာဝန်ရှိပါတယ်။ ဒါက ကျနော့်ရဲ့ အမှားတွေပါပဲ”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ မက်ဒရစ်ဒါဘီပွဲစဉ်မှာ အသလက်တီကို အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အိမ်ရှင် အသလက်တီကို အသင်းအတွက် ဂိုးတွေကို မိုရာတာက ၂ ဂိုး၊ ဂရစ်ဇ်မန်းက ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပြီး ရီးရယ်လ်အသင်းအတွက် ချေပဂိုးကို တိုနီကရူးစ်က သွင်းယူခဲ့တာပါ။

အန်ဆယ်လော့တီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းဟာ ဒီရှုံးပွဲကြောင့် အခုနှစ် ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲ ရယူထားတဲ့ မှတ်တမ်းကောင်း ရပ်တန့်သွားခဲ့ရပါတယ်။
အသလက်တီကိုအသင်းဟာ ဒီပွဲစဉ်မတိုင်ခင် လာလီဂါပြိုင်ပွဲရဲ့ မက်ဒရစ်ဒါဘီပွဲစဉ်အရင် ၁၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပေမယ့် အခုပွဲမှာတော့ ဦးဆောင်ဂိုး ၂ ဂိုးကို စောစီးစွာ ရရှိခဲ့တာကြောင့် ရီးရယ်လ်အသင်းကို အနိုင် ရရှိခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီရှုံးပွဲကြောင့် လာလီဂါ အမှတ်ပေးဇယားအဆင့် ၁ နေရာကို လက်ရှိချန်ပီယံ ဘာစီလိုနာ အသင်းထံ ပြန်လွှဲပေးခဲ့ရပြီး အဆင့် ၃ နေရာကို ရောက်ရှိသွားခဲ့တာပါ။ အသလက်တီကို အသင်းကတော့ နိုင်ပွဲ ကြောင့် အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ စက်တင်ဘာ ၂၇ ရက်မှာ လက်စ်ပါးမတ်စ်အသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရယူကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည်ရောက်ရှိနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
Source: ESPN
- By CNI
- Category: အားကစား
- Hits: 905
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
ချယ်လ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အိမ်ကွင်းမှာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ပြီးနောက် အသင်းပိုင်ရှင်တွေ စိတ်ပျက်နေကြတယ်လို့ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံတာမှာ ပြောလိုက်ပါတယ်။
ပိုချက်တီနိုက “ပိုင်ရှင်တွေက အသင်းကို စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အစီအစဉ်တွေကို ပံ့ပိုးပေးဖို့တော့ လိုအပ်ပါတယ်။ ကျနော်တို့လူစာရင်းဟာ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် လိုအပ်နေတာ ကြောင့် သူတို့လိုအပ်တဲ့ အရာတွေကို ပေးရမှာပါ။ ကျနော်တို့ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ပေမယ့် ဂိုးပေါက် တော့ လွဲချော်နေပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားမယ့်ပွဲမှာတော့ ကျနော်တို့ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ပါ တယ်”လို့ ပြောခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်ကလပ်ဟာ အက်စတွန်ဗီလာအသင်းနဲ့ ပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တဲ့အပြင် နောက်ခံလူ ဂတ်စတို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ အဲ့ဒါကြောင့် ဝက်ကင်စ်က အက်စတွန်ဗီလာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပြီး ချယ်လ်ဆီးအသင်းကို ရှုံးပွဲကြုံတွေ့စေခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် အက်ဂ်ဘာလီကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းဟာ နည်းပြ ပိုချက်တီနိုလက်ထက် ပရီးမီးယားလိဂ် ၆ ပွဲ ကစားအပြီးမှာ ၁ ပွဲသာ အနိုင်ရထား ပြီး ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတာပါ။
ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဖိအားဒဏ်တွေကို စတင်ခံစားရနေရပြီ ဖြစ်ပါတယ်။
တော့ဒ်ဘိုလီ ဦးဆောင်တဲ့ ချယ်လ်ဆီးအသင်းပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ပေါင် ၁ ဘီလီယံ ကျော် သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ပေးခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ရလဒ်ပိုင်းတွေဟာ ပိုပြီးဆိုးရွား နေခဲ့တာပါ။
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် အက်ဂ်ဘာလီဟာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ပြီးနောက် ကစားသမား တွေနဲ့ တွေ့ဆုံဖို့အတွက် အဝတ်လဲခန်းထဲ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အက်ဂ်ဘာလီဟာ ကွင်းပြင်ပမှာရှိတဲ့ ပရိသတ်တွေရဲ့ မေးမြန်းမှုကို ဖြေဆိုလိုခြင်း မရှိတဲ့အတွက် ကားထဲ ပြေးဝင်သွားခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ချယ်လ်ဆီးအသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1564
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၄
စပါးအသင်းဟာ မြောက်လန်ဒန် ဒါဘီပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်အတွက် စမ်းသပ်မှုခံယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ နည်းပြ ပိုစတီကိုဂလူးက ပြောလိုက်ပါတယ်။
ပိုစတီကိုဂလူးက “ကျနော့်အမြင်အရ ကြည့်မယ်ဆိုရင် ခရီးစဉ်တစ်ခု စတင်နေတဲ့ ဘောလုံးအသင်းအတွက် ဒါက ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ထိပ်တန်းအသင်းတွေထဲက တစ်သင်းကို အဝေးကွင်းမှာ ကစားရတာထက် ပိုကြီးတဲ့ စမ်းသပ်မှုဆိုတာ မရှိတော့ပါဘူး။ လူအများအပြားက အာဆင်နယ်အသင်းနဲ့ ပွဲကို ကျနော်တို့ရဲ့ ပထမဆုံး စမ်းသပ်မှုအဖြစ် မြင်ကြပြီး ဒါကို ကျနော်လက်ခံပါတယ်။ ဒီပွဲက ကျနော်တို့ ဘယ်နေရာမှာ ရှိနေမလဲဆိုတာကို အကြီးမားဆုံး ညွှန်ပြမှု ပေးပါလိမ့်မယ်။ ကျနော်တို့ ဒီပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ”လို့ ပြောခဲ့ပါတယ်။
စပါးအသင်းဟာ ပိုစတီကိုဂလူး လက်အောက်မှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ပရီးမီးယားလိဂ် ၅ ပွဲ ကစားအပြီး မှာ ၄ ပွဲ အနိုင်ရရှိကာ အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။

စပါးအသင်း နည်းပြကို တွေ့ရစဉ်
စပါးအသင်းဟာ တိုက်စစ်မှူး ဟာရီကိန်း ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့သွားတာအပြင် နည်းပြသစ် ပိုစတီကိုဂလူး အနေနဲ့ ပရီးမီးယားလိဂ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ရုန်းကန်ရနိုင်တာကြောင့် ရလဒ်ကောင်းတွေရဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ကြပါတယ်။
ဒါပေမယ့် စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးအထိ သွင်းယူထားပြီး အကောင်းဆုံးပုံစံ တစ်ခုကို ပြသ ထားနိုင်ခဲ့တာပါ။
စပါးအသင်းဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အာဆင်နယ်အိမ်ကွင်းမှာ လိဂ်နိုင်ပွဲ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၂ ပွဲစလုံးကိုတော့ အာဆင်နယ်အသင်းက စပါးအသင်းကို အနိုင်ရရှိခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြ အာတီတာက “ သူတို့မှာ စိန်ခေါ်မှုအသစ်တွေ၊ အခွင့်အလမ်း အသစ်တွေ ရှိပါတယ်။ သူတို့မှာ နည်းပြကောင်းတစ်ဦးရှိနေပြီး သူက ကလပ်ပတ်ဝန်းကျင်က အငွေ့အသက်တွေကို မတူညီတဲ့ပုံစံနဲ့ ပြောင်းလဲနိုင်ခဲ့ပါတယ်။ ကျနော်သူ့ကို အလွန်သဘောကျပါတယ်။ ထိပ်တန်းနည်းပြတွေ၊ ပြိုင်ဆိုင်မှုတွေနဲ့ ပွဲတိုင်းက အလွန်ခက်ခဲပြီး ဒါတွေက လိဂ်ရဲ့အလှတွေပါ”လို့ ပြောခဲ့ပါတယ်။
Source: Besoccer
- By CNI
- Category: အားကစား
- Hits: 972
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃
အသင်းလက်မဲ့ဖြစ်နေတဲ့ လင်ဂတ်ဟာ စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ်အက်တီဖတ် အသင်းမှာ ၁ လကြာ လေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ ဆော်ဒီကလပ်က အတည်ပြုလိုက်ပါတယ်။
ယူနိုက်တက် အကယ်ဒမီထွက် လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
လင်ဂတ်ဟာ အစောပိုင်းက ဝက်စ်ဟမ်းအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ကမ်းလှမ်းမှု ပြုလုပ်ခြင်း မခံရတာကြောင့် အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်နေရင်း အယ်လ်အက်တီဖတ် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။
စတီဗင်ဂျရတ်အနေနဲ့ အယ်လ်အက်တီဖတ်အသင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်မယ့် လင်ဂတ်ရဲ့ စွမ်းဆောင်ရည် တွေကို နှစ်သက်တယ်ဆိုရင် စာချုပ်ချုပ်ဆိုဖို့အတွက် တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လာနိုင်တယ်လို့ အပြောင်း အရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားတာပါ။

လင်ဂတ်ကို တွေ့ရစဉ်
အယ်လ်အက်တီဖတ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဝစ်ချ်နယ်လ်ဒန်း၊ ဂရေးနဲ့ ဒမ်ဘီလီတို့ကို ခေါ်ယူထားတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လင်ဂတ်ကိုသာ ခေါ်ယူခဲ့မယ်ဆိုရင် အင်္ဂလန်ကစားသမားဟာ ဆော်ဒီကလပ်ရဲ့ ၅ ဦးမြောက် ပရီးမီးယားလိဂ် ကစားသမားဟောင်း ဖြစ်လာမှာပါ။
လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆော်ဒီပရိုလိဂ်ကို သွားရောက် ကစားဖွယ်ရှိတယ်လို့ ပြောထားပါတယ်။
လင်ဂတ်က “ဆော်ဒီဟာ ကြီးမားတဲ့အရာတွေကို လုပ်ဆောင်နေပြီး လာမယ့်နှစ် အနည်းငယ်အတွင်းမှာ သွားရ မယ့် နေရာတွေထဲက တစ်ခုဖြစ်လာမှာပါ။ ဒီနေရာဟာ ကျနော်စဉ်းစားရမယ့် အရာတစ်ခုဖြစ်ပေမယ့် ကျနော် မဆုံးဖြတ်ရသေးပါဘူး။ ကျနော်ဟာ ဆာလောင်နေဆဲဖြစ်ပြီး အောင်မြင်မှုတွေရဖို့ ကြိုးစားနေပါတယ်”လို့ ပြောခဲ့ တာပါ။
အယ်လ်အက်တီဖတ်အသင်းဟာ အခုနှစ်ဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေ ပြီး ထိပ်ဆုံးနေရာက အယ်လ်အစ်တီဟတ်အသင်းနဲ့ ၂ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 1075
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃
အယ်လ်နာဆာအသင်းက အယ်လ်အာလီအသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒို ဟာ အသင်းအတွက် ၂ ဂိုး သွင်းယူခဲ့ပြီး ခြေစွမ်းပြသ နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အယ်လ်နာဆာ အသင်းအတွက် နောက်ထပ်သွင်းဂိုး ၂ ဂိုးကို တယ်လီစကာက သွင်းယူခဲ့တာဖြစ်ပြီး အယ်လ်အာလီ အသင်းအတွက် ချေပဂိုးတွေကို ကတ်ဆီ၊ မာရက်ဇ်နဲ့ အယ်လ်ဘူရာခန်က သွင်းယူခဲ့တာပါ။
အယ်လ်နာဆာအသင်းဟာ ရာသီသစ်လိဂ်ပွဲစဉ် ပထမ ၂ ပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ရော်နယ်ဒိုကလည်း ဒီ ၅ ပွဲစလုံးမှာ အသင်းအတွက် အဖိုးတန် သွင်းဂိုးတွေ သွင်းယူပေး ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကို တွေ့ရစဉ်
အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးတွေကြောင့် ဒီရာသီ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး ၉ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။
ရော်နယ်ဒိုရဲ့ အသင်းဖော် မာနေး၊ အယ်လ်ဒေါစာရီ၊ မယ်လ်ကွန်နဲ့ ဒမ်ဘီလီတို့က ၆ ဂိုးစီနဲ့ ဒုတိယနေရာမှာ ရပ်တည် နေပါတယ်။
ရော်နယ်ဒိုဟာ အခုနှစ် ဘောလုံးရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၁၄ ပွဲ ကစားထားအပြီးမှာ ၁၅ ဂိုး သွင်းယူထားတာပါ။
ရော်နယ်ဒိုက "ဒီပွဲက အလွန်ကောင်းမွန်တဲ့ပွဲပါ။ အရမ်းခက်ခဲမယ်ဆိုတာ သိပေမယ့် ကျနော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ နိုင်ပွဲအတွက် အလွန်ပျော်ရွှင်ပြီး ကျနော်တို့အခုဆို အဆင့် ၅ နေရာကို ရောက်ရှိ လာခဲ့ပါပြီ။ ဒါကို ကျနော်တို့ ရှာဖွေနေတာပါ"လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အယ်လ်နာဆာအသင်းဟာ လိဂ်ပွဲစဉ် ၅ ပွဲ ဆက်တိုက် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက အယ်လ်အစ်တီဟတ်အသင်းနဲ့ ၃ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းဟာ မကြာသေးခင်က ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဆီပိုလစ်အသင်းကို ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရထားတာပါ။
အယ်လ်နာဆာအသင်းဟာ လာမယ့်ပွဲစဉ်တွေအဖြစ် စက်တင်ဘာ ၂၉ ရက်မှာ အယ်လ်တိုင်နဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်၊ အောက်တိုဘာ ၂ ရက်မှာ စတစ်ကောလ်အသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 940
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၃
ယူနိုက်တက်အသင်းဟာ ရာသီအစ ရလဒ်ပိုင်းတွေ ဆိုးရွားနေခဲ့ပေမယ့် အသင်းမှာရှိတဲ့ သူတွေအားလုံး စည်းစည်း လုံးလုံး ရှိနေကြတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ယူနိုက်တက်ကစားသမားတွေ၊ နည်းပြနဲ့ အဖွဲ့ဝင်တွေ၊ ဝန်ထမ်းအားလုံးဟာ စည်းစည်းလုံးလုံး ရှိနေကြပါတယ်။ ဒီနေရာမှာ အားလုံးက အနိုင်ရဖို့အတွက် တိုက်ပွဲဝင်နေကြတာပါ။ အဝတ်လဲခန်းထဲမှာ ရန်ပွဲဖြစ် ခဲ့တယ်ဆိုတဲ့အပေါ်မှာတော့ ကျနော့် ကစားသမားတွေရဲ့ စိတ်ထဲမှာ ပွဲတိုင်းအနိုင်ရချင်တာပဲ ရှိတယ်ဆိုတာ ကျနော် သိပါတယ်”လို့ ပြောခဲ့တာပါ။
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ၃ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်လက်ထက် ဒုတိယရာသီမှာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ၅ ပွဲ ကစားအပြီးမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားတာပါ။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ အိုနာနာ၊ ဟော့ဂျ်လန်း၊ မေဆင်မောင့်နဲ့ အမ်ရာဘတ်တို့ကို ခေါ်ယူထားပေမယ့် အသင်းဟာ ရာသီအစမှာ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ အဓိက ကစားသမားတွေ အများအပြား ဒဏ်ရာရနေသလို တောင်ပံကစားသမားတွေ ဖြစ်တဲ့ အန်တိုနီနဲ့ ဆန်ချိုရဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနေရတာပါ။
အန်တိုနီဟာ စွပ်စွဲခံထားရတဲ့ အမှုတွေကို ဖြေရှင်းလို့ မပြီးမချင်း ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းနိုင်ဦးမှာ မဟုတ် သလို ဆန်ချိုကလည်း နည်းပြ အဲရစ်တန်ဟတ်နဲ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့် သီးခြားလေ့ကျင့်မှုတွေ ပြုလုပ်နေရ ပါတယ်။
အဲရစ်တန်ဟတ်က “ဆန်ချိုက ဘန်လေနဲ့ ပွဲစဉ်အတွက် ကျနော်တို့ရဲ့ လူစာရင်းမှာ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါတွေ အားလုံးက သူ့အပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ဟာ ဘန်လေနဲ့ ပွဲအတွက် ပြင်ဆင်နေပြီး ဒါကိုပဲ အာရုံစိုက် ထားပါတယ်။ တခြားဘာမှမရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ် ဘန်လေအသင်းနဲ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1041
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာပါဝင်တဲ့ ၁ နှစ် သက်တမ်းတိုး မယ့် အချက်ကို အသက်သွင်းဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တဲ့ ဟာရီကိန်းကို ရောင်းချဖို့ တွန်းအားပေးခံခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်မျိုးကို ထပ်ပြီးမဖြစ်အောင် ရှောင်ရှားနိုင်ဖို့ လုပ်ဆောင်နေ တာပါ။
အဲ့ဒါကြောင့် စပါးအသင်းဟာ ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမယ့် ဆွန်ဟောင်မင်ရဲ့ စာချုပ်ကို နောက်ထပ် တစ်နှစ် ထပ်ပြီး သက်တမ်းတိုးဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ခြေစွမ်းပြသနေတဲ့ ဆွန်ဟောင်မင်ကို အဆုံးရှုံး မခံချင်တာကြောင့် အသင်းခေါင်းဆောင် လက်ပတ်ကိုပါ ပေးထားခဲ့တာပါ။

ဆွန်ဟောင်မင်နဲ့ နည်းပြကို တွေ့ရစဉ်
ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးအသင်းအတွက် ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟတ်ထရစ် ဂိုးသွင်းယူပေးထားပြီး အသင်းရလဒ်ကောင်းတွေ ရရှိအောင် ဦးဆောင်ပေးထား နိုင်ခဲ့ပါတယ်။
တောင်ကိုရီးယား ကစားသမားဟာ၂၀၁၅ ခုနှစ်က လေဗာကူဆင် အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၃၇၇ ပွဲမှာ ၁၄၈ ဂိုးအထိ သွင်းယူထားပါတယ်။
ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုရရှိတဲ့ ပထမဆုံး အာရှကစားသမား အဖြစ်လည်း စံချိန်တင်ထားပါတယ်။
စပါးအသင်းဟာ ဒီရာသီ နည်းပြ ပိုစတီကိုဂလူး လက်အောက်မှာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ၅ ပွဲ ကစားအပြီး ရှုံးပွဲမရှိရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။
စပါးအသင်းဟာ စက်တင်ဘာ ၂၄ ရက်မှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 703
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂
တိုက်စစ်မှူးမက်ဆီက အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိပြီးနောက် ပီအက်ဂျီအသင်းရဲ့ အသိအမှတ်ပြုခြင်းမခံခဲ့ရဘူးလို့ Olaga နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟသွားခဲ့ပါတယ်။
မက်ဆီက “ကျနော်ဟာ အာဂျင်တီးနားတစ်သင်းလုံးမှာ ကလပ်အသင်းရဲ့ အသိအမှတ်ပြုခြင်းမခံရတဲ့ တစ်ဦးတည်းသောကစားသမားပါ။ ဒါပေမယ့် အဆင်ပြေပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေရဲ့ မကောင်း တဲ့တုံ့ပြန်မှုတွေကိုလည်း ကျနော်နားလည်နိုင်ပါတယ်။ ကျနော်က အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံမှာ ရောက်နေတာကြောင့်ပါ။ ကျနော်တို့ကြောင့်လည်း ပြင်သစ်အသင်း နောက်ထပ် ကမ္ဘာ့ဖလား ဆုမရခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ အာဂျင်တီးနားအသင်းမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလား အောင်မြင်မှုရယူနိုင်ခဲ့ပြီးနောက် မက်ဆီဟာ ရာသီရဲ့ ဒုတိယရာသီဝက်ကစားဖို့ ပီအက်စ်ဂျီအသင်းထံ ပြန်ရောက်လာခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့ ခွင့်ပြုချက်မရဘဲ ဆော်ဒီခရီးစဉ်သွားရောက်ခဲ့လို့ အရေးယူမှုခံခဲ့ရသလို ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေလည်း ခံခဲ့ရတာပါ။

အဲဒါကြောင့် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချူပ်သက်တမ်းမတိုးတော့ဘဲ စာချုပ်ကုန်ဆုံးချိန်မှာ အင်တာမိုင်ယာမီအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ မက်ဆီက Olaga နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူနဲ့ ဘတ်ပီဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့လည်း ပြောသွားခဲ့တာပါ။ မက်ဆီဟာ ကစားသမားဘဝက အနားယူပြီးသွားရင် အားကစားဒါရိုက်တာလုပ်ဖို့နဲ့ ဘောလုံးအသိတွေကို ဖြန့်ဝေပေးချင်တဲ့ စိတ်ကူးတွေ ရှိတယ် လို့လည်း ပြောခဲ့ပါတယ်။
ဒါ့အပြင် မက်ဆီဟာ သူ့ရဲ့ခြေထောက်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေထဲမှာ ဘာစီလိုနာအသင်းရဲ့ တံဆိပ် ပါဝင်တာက သူဘာစီလိုနာအသင်းကို ဘယ်လောက်အထိချစ်လဲဆိုတာကို ပြသရာရောက်တယ်လို့ ပြောခဲ့သလို သူနဲ့ ဇနီးဖြစ်သူ အန်တိုနယ်လာတို့ နောက်ထပ်ကလေးတစ်ဦးထပ်မံယူဖို့ ဆန္ဒရှိတယ်လို့လည်း အင်တာဗျူးထဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။
Source:Metro
