- By CNI
- Category: အားကစား
- Hits: 806
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉
စပိန်အမျိုးသမီးကစားသမားတွေဟာ နိုင်ငံအသင်းရဲ့နောက်ဆုံးထုတ်ပြန်တဲ့ လူစာရင်းမှာ ခေါ်ယူခြင်း ခံထားရပေမယ့် ဆက်ပြီးသပိတ်မှောက်တယ်လို့ ပြောလိုက်ပါတယ်။
စပိန်အသင်းဟာ ပြီးခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းလူစာရင်းထဲက ၁၅ ဦးကို လာမယ့်နေရှင်းလိဂ်ပြိုင်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့လူစာရင်းမှာ ထည့်သွင်းခဲ့တာပါ။ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီးမှာ ရူဘီယာလက်စ်က ဟာမိုဆိုကို နမ်းခဲ့တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းကို ကစားသမား ၈၁ ဦးပါတဲ့ အစုအဖွဲ့က သပိတ်မှောက်မှုတွေ စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရူဘီယာလက်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမား ၂၃ ဦးထဲက ၂၁ ဦးအပါအဝင် ကစားသမားစုစုပေါင်း ၃၉ ဦးဟာ စပိန် ဘောလုံးအဖွဲ့ချုပ်ကို ပြောင်းလဲမှုတွေမလုပ်မချင်း သပိတ်မှောက်မှုကို ဆက်လက်ပြုလုပ်သွားမယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောထားခဲ့တာပါ။ စပိန်အမျိုးသမီးအသင်းဟာ လာမယ့်နေးရှင်းလိဂ်ပွဲတွေအတွက် ထုတ်ပြန်ခဲ့တဲ့ ကစားသမားစာရင်းထဲမှာ ဟာမိုဆိုကို ချန်လှပ်ခဲ့တာဖြစ်ပါတယ်။
စပိန်အသင်းရဲ့လူစာရင်းထွက်ပေါ်လာပြီးနောက် ကစားသမားတွေက သပိတ်မှောက်မှုဟာ ဆက်ပြီး တည်ရှိ နေဦးမှာ ဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ စပိန်အမျိုးသမီးအသင်းကို နည်းပြသစ်အဖြစ် မွန်ဆီတိုမဲက ကိုင်တွယ်နေတာဖြစ်ပြီး သူမဟာ စပိန်အမျိုးသမီးအသင်းကို ကိုင်တွယ်တဲ့ ပထမဆုံးအမျိုးသမီးနည်းပြအဖြစ် လည်း မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က ကစားသမားတွေအနေနဲ့ လက်ရွေးစင်အသင်းထံ ပြန်သွားဖို့ တိုက်တွန်းခဲ့ပြီး ကစားသမားတွေအနေနဲ့ ရွေးချယ်ခံရမယ်ဆိုရင် ကစားပေးဖို့ တာဝန်ရှိတယ်လို့ ပြောထားခဲ့တာပါ။စပိန်အသင်း ဟာ နေရှင်းလိဂ်ပွဲစဉ်တွေအဖြစ် စက်တင်ဘာ ၂၂ ရက်မှာ ဆွီဒင်၊ ၂၆ ရက်မှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 867
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉
ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းအတွက် ဆုဖလားကို ကာကွယ်ရတာက ပထမဆုံးအကြိမ် ရယူတာထက် ပိုပြီးလွယ်ကူတယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောလိုက် ပါတယ်။
ဂွာဒီယိုလာက “ ပထမဆုံးအကြိမ် ဆုဖလားကို ရယူဖို့က ခက်ခဲတာဖြစ်ပြီး ကာကွယ်ဖို့ကတော့ ပိုပြီးလွယ်ကူပါ တယ်။ ကျနော်တို့ကလပ်အတွက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့တာက မယုံနိုင်စရာပါပဲ။ ချန်ပီယံလိဂ်ဖလားကို ၁ ကြိမ်ပဲ ရယူနိုင်ခဲ့တဲ့ အသင်းတွေကလည်း အများကြီးပါပဲ။ တစ်ကြိမ်ပဲ ရယူတာနဲ့ ဒီပြိုင်ပွဲမှာ ထူးထူးခြားခြား လုပ်နိုင်တယ်လို့ မဆိုချင်ပေမယ့် ကျနော်တို့အတွက် အလွန်ဂုဏ်ယူရပါတယ်”လို့ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားကို အသင်းသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။

မန်စီးတီးအသင်းကို တွေ့ရစဉ်
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဖလား အပါအဝင် ပရီးမီးယားလိဂ်နဲ့ FA ဖလားကိုပါ ရယူနိုင်ခဲ့တာ ကြောင့် တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရယူနိုင်ခဲ့တဲ့ ဒုတိယမြောက် အင်္ဂလန်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်ပြီးကြည့်ရှုခဲ့ခြင်း မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းနောက်ခံလူ ဝေါလ်ကာက သူတို့ဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် အောင်မြင်မှုကို သာယာနေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဝေါလ်ကာက “ကျနော်တို့လုပ်ခဲ့တဲ့ ရာသီက ပြီးသွားပါပြီ၊ အခုရာသီသစ်ပါ။ နည်းပြက ကျနော်တို့ကို တောင်အောက်မှာ ထားခဲ့ပြီး တောင်ထပ်တက်ရမယ်လို့ ပြောခဲ့ပါတယ်”လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ အခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စု G မှာ ကာဗီနာ၊ လိုက်ပ်ဇစ်၊ ယန်းဘွိုင်းစ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 872
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈
ဘုန်းမောက်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အားပေးသူပရိသတ်တွေက ချယ်လ်ဆီး အသင်းကို လှောင်ပြောင်မှုတွေပြုလုပ်ပြီးနောက် နည်းပြ ပိုချက်တီနိုက ပရိသတ်တွေလုပ်ချင်တာ လုပ်နိုင်ပါ တယ်လို့ ပြောသွားခဲ့ပါတယ်။
ပိုချက်တီနိုက “ပွဲမှာ အနိုင်မရရင် ပရိသတ်တွေမပျော်ရွှင်တာကပုံမှန်ပါပဲ။ ဒါပေမယ့် ပရိသတ်တွေကို ပြောပြချင် တာက ဒီအမှန်တရားတွေကို ကျနော်တို့ ပြောင်းလဲလို့မရပါဘူး။ ကျနော်တို့မှာ ဒဏ်ရာရ ကစားသမားတွေ အလွန်များနေပြီး၊ သူတို့သာ ရှိနေမယ်ဆိုရင် အသင်းဟာ အင်အားတောင့်တင်းမယ့်အသင်းပါ။ အခုအချိန်မှာ ကျနော့်ဘက်က ပြောစရာမရှိပါဘူး။ ပရိသတ်တွေအနေနဲ့ သူတို့လုပ်ချင်တာကိုလုပ်နိုင်ပါတယ်။ ကျနော်တို့ဟာ ဘာလုပ်ရမလဲဆိုတာကို သိပြီး၊ ကျနော်တို့ရဲ့ ယုံကြည်ချက်တွေဟာ ခိုင်မာပါတယ်”လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာ ပြောင်းရွှေ့ကြေးပေါင် ၁ ဘီလီယံကျော်သုံးစွဲပြီး ကစားသမားသစ်တွေ အားဖြည့်ထားပေမယ့် ပရီးမီးယားလိဂ် ၅ ပွဲကစားအပြီးမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ဒီ ၅ ပွဲမှာ ရမှတ် ၅ မှတ်သာရရှိထားပြီး သွင်းဂိုးကလည်း ၅ ဂိုးပဲ သွင်းယူနိုင်ခဲ့တာကို အသင်းပရိသတ်တွေက စိတ်ပျက်နေပြီး ဘုန်းမောက်အသင်းနဲ့ ပွဲအပြီးမှာ လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တာပါ။
ပိုချက်တီနိုက ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာရရှိသူ ၁၂ ဦးအထိရှိပြီး၊ မာဒူကီ၊ ကူကူရယ်လ်လာနဲ့ ကိုင်စီဒိုတို့ပါ ဒဏ်ရာထပ်ရခဲ့တာကြောင့် ဘုန်းမောက်အသင်းနဲ့ ပွဲမှာ လူငယ်ကစားသမား ၄ ဦးနဲ့ ဂိုးသမား ၂ ဦးပါ အရန်စာရင်း ထဲထည့်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေနဲ့အတူ အသင်းကို ပြုပြင်မှုတွေ ပြုလုပ်ထားပေမယ့် ရလဒ်ဆိုးတွေကြောင့် နည်းပြ ပိုချက်တီနိုဟာ သူ့ရဲ့ရာထူးအတွက် ဖိအားတွေအောက် ကျရောက်နေပြီလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။
ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 900
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈
ဂီတာဖေးအသင်းနည်းပြ ဘော်ဒါလက်စ်က ဂရင်းဝုဒ်ရဲ့ အငှားပြောင်းရွှေ့မှုမှာ ရီးရယ်လ်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ် ပါဝင်ခဲ့တယ်ဆိုပြီး မှားယွင်းစွာ ပြောဆိုခဲ့မှုအတွက် တောင်းပန်သွားခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ်ရှိ ဘော်ဒါလက်စ်က ဂရင်းဝုဒ်ဟာ ဘယ်လင်ဂမ်နဲ့ ခင်မင်ရင်းနှီးမှုရှိပြီး စပိန်လာလီဂါမှာ လာကစားဖို့ အကြုံပြုခဲ့တယ်လို့ Radio Marca ကို ပြောခဲ့တာပါ။
ဘော်ဒါလက်စ်ရဲ့ ဒီလိုပြောဆိုမှုကို ဘယ်လင်ဂမ်နဲ့ ပတ်သက်တဲ့ သူတွေက မကျေမနပ် ဖြစ်နေတယ်လို့ သတင်း တွေမှာ ဖော်ပြထားပါတယ်။ အဲ့ဒါကြောင့် ဂီတာဖေးအသင်းနည်းပြက အိုဆာဆူနာအသင်းနဲ့ ပွဲအပြီးမှာ ဒါကို ပြန်လည် ဖြေရှင်းသွားခဲ့တာပါ။

ဂရင်းဝုဒ်၊ ဘော်ဒါလက်စ်၊ ဘယ်လင်ဂမ်တို့ကို တွေ့ရစဉ်
ဘော်ဒါလက်စ်က “ကျနော် နားလည်မှုလွဲခဲ့တာကို ပြန်ပြီးရှင်းပြချင်ပါတယ်။ ဂရင်းဝုဒ်က ဘယ်လင်ဂမ်နဲ့ စကား ပြောခဲ့တာကြောင့် ဂီတာဖေးကို ရောက်လာတယ်လို့ ကျနော်ပြောခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော် တောင်းပန်ပါတယ်။ ဂရင်းဝုဒ်က တခြားနည်းလမ်းနဲ့ ဒီကိုရောက်လာသလို ကျနော်တို့ကလည်း သူ့ကို စိတ်ဝင် စားခဲ့ပါတယ်။ သူတို့က ကျနော့်ကို ကမ်းလှမ်းခဲ့ပြီး ကျနော်တို့က အလွန်စိတ်ဝင်စားခဲ့ပါတယရှင်းရှင်းလေးပါပဲ။ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး”လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ယူနိုက်တက် အသင်းကနေ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အိုဆာဆူနာအသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေး အသင်းအတွက် ပွဲဦး ထွက်အဖြစ် လူစားဝင် ပါဝင်ကစားသွားခဲ့တာပါ။
ဘော်ဒါလက်စ်ကတော့ ဂရင်းဝုဒ်ရဲ့ စွမ်းဆောင်ရည်ကို သဘောကျတယ်လို့ ပြောခဲ့ပါတယ်။
ဘော်ဒါလက်စ်က “သူဟာ လပေါင်းများစွာ မကစားခဲ့ရတဲ့အတွက် ဒီနေ့က သူ့အတွက် အလွန်ထူးခြားတဲ့နေ့ပါ။ သူဟာ အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး ပရိသတ်တွေနဲ့ အသင်းဖော်တွေရဲ့ တုံ့ပြန်မှုကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သူ့အတွက် ကျနော်တို့ အလွန်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာပါ။
ဂီတာဖေးအသင်းဟာ လာမယ့်အပတ်မှာ စပိန်လာလီဂါပွဲစဉ်အဖြစ် ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲကို လည်း ဂရင်းဝုဒ်ဟာ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရဖွယ် ရှိနေပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1027
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈
ရိုးမားအသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူး လူကာကူအနေနဲ့ ပျော်ရွှင်ဖို့ လိုအပ်တယ်လို့ နည်းပြ မော်ရင်ဟိုက ပြောလိုက်ပါတယ်။
မော်ရင်ဟိုက “သူ ပျော်ရွှင်နေတာကို ကျနော်တွေ့ခဲ့ရပါတယ်။ သူပျော်ရွှင်ဖို့လိုသလို၊ အချစ်ခံရဖို့နဲ့ လိုအပ်တယ် ဆိုပြီးခံစားရဖို့တွေကလည်း သူ့အတွက်လိုအပ်ပါတယ်။ အသင်းက လူကာကူလို ကစားသမားမျိုးလိုအပ်ပြီး သူဟာ အနိုင်ရတာကို နှစ်သက်တဲ့သူပါ။ အင်တာမီလန်အနေနဲ့ လူကာကူနဲ့ ပတ်သက်ပြီး ဒေါသထွက်နေစရာ အကြောင်း မရှိပါဘူး။ လူကာကူကို လိုအပ်တဲ့ သူတို့ရဲ့ နည်းပြဟောင်းအတွက် သူတို့ပျော်ရွှင်ရမှာပါ”လို့ DAZN ကို ပြောခဲ့ တာပါ။
လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းကနေ ရိုးမားအသင်းထံ အခုနှစ် ဘောလုံး ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လူကာကူဟာ ရိုးမားအသင်းက အမ်ပိုလီ အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ရိုးမားအသင်းအတွက် ပွဲအစကတည်းက ပါဝင်ခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဒီဂိုးဟာ လူကာကူအတွက် ရိုးမားအသင်းကစားသမားဘ၀ ပထမဆုံးသွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့က အင်တာမီလန်၊ဂျူဗင်တပ်စ်အသင်းတို့နဲ့ အပြောင်း အရွှေ့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာ ရိုးမားအသင်းထံ ရောက်ရှိလာခဲ့တာပါ။ ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက လူကာကူအနေနဲ့ ကြံ့ခိုင်မှုအပြည့်အ၀ ရှိနေမယ်ဆိုရင် ထိပ်တန်းအဆင့်ရှိ တိုက်စစ်မှူးစာရင်းထဲ ပြန်လည်ရောက်ရှိနိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
ရိုးမားအသင်းဟာ အမ်ပိုလီအသင်းကို ဂိုးပြတ်အနိုင်မရခင်က စီးရီးအေအဖွင့်ပွဲစဉ် ၃ ပွဲမှာ ၁ မှတ်သာရရှိခဲ့ပြီး တန်းဆင်းဇုန်ထဲ ကျရောက်နေခဲ့တာပါ။ ဒါပေမယ့် အမ်ပိုလီအသင်းကို အနိုင်ရခဲ့ပြီးနောက် ရိုးမားအသင်းဟာ ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၀ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ရိုးမားအသင်းဟာ လာမယ့် ကြားရက်မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရှီရစ်ဖ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 680
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈
အာဆင်နယ်အသင်းနည်းပြ အာတီတာက အဲဗာတန်အသင်း အိမ်ကွင်းမှာ ၂၀၁၇ ခုနှစ်ကတည်းက နိုင်ပွဲမရတာကို အဆုံးသတ်ပြီး နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်တယ်လို့ ပြောလိုက်ပါတယ်။
အာတီတာက “ကျနော်တို့ဒီမှာ နိုင်ပွဲမရတာ ၆ နှစ်ကြာမြင့်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ သင်ယူမှုတွေ ပြုလုပ်ခဲ့ရပြီး ပိုကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ နိုင်ပွဲရတဲ့အတွက် ကျနော်ဝမ်းသာမိပါတယ်။ ကျနော်တို့ အနိုင်ရ အောင် ကစားတဲ့ပုံစံတွေ၊ ပွဲကိုလွှမ်းမိုးထားနိုင်မှုနဲ့ ကွင်းထဲမှာ ပြသခဲ့တဲ့ ကျနော်တို့ရဲ့ လုပ်ဆောင်ခဲ့မှုတွေကို ကျေနပ်ပါတယ်။ ကစားသမားတွေကလည်း ကောင်းမွန်ခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီးရခဲ့ပါတယ်။ ဒီပွဲ က ကျနော်တို့ အနိုင်ရဖို့ အပြည့်အဝ ထိုက်တန်ပါတယ်”လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ထရိုဆာ့တ်ရဲ့ ပွဲချိန် ၆၉ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် အဲဗာတန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းအထိ ရယူပြီး အဲဗာတန်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့သလို ဂိုးပေါက်ကန်သွင်းမှု ၁၃ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၄ ကြိမ်ရှိခဲ့တာပါ။

အာတီတာကို တွေ့ရစဉ်
အဲဗာတန်အသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၆ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၈ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသမားနေရာ အပါအဝင် ပွဲထွက် လူစာရင်း အချို့ကို အပြောင်းအလဲ ပြုလုပ်ပြီး အသုံးပြုသွားခဲ့တာပါ။
အာတီတာကတော့ သူ့ဆီမှာ ရှိနေတဲ့ ကစားသမားတွေဆီကနေ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ လိုချင်တာကြောင့် ကစားသမားတွေကို အလှည့်ကျ အသုံးပြုသွားမယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၅ ပွဲ ကစားအပြီးမှာ အာဆင်နယ်အသင်းဟာ ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာ မှာ ရပ်တည်နေပြီး အဲဗာတန်အသင်းက ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၈ နေရာမှာ ရပ်တည်နေတာ ပါ။
အာဆင်နယ်အသင်းဟာ စက်တင်ဘာ ၂၁ ရက်မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် ပီအက်စ်ဗွီအသင်းနဲ့ ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 952
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၇
အာဆင်နယ်အသင်းနည်းပြ အာတီတာက အဲဗာတန်အသင်း အိမ်ကွင်းမှာ ကာလကြာရှည်စွာ နိုင်ပွဲပျောက်ဆုံး နေတာကို အဆုံးသတ်သွားမယ်လို့ ပွဲမတိုင်ခင် ပြောလိုက်ပါတယ်။
အာတီတာက “ကျနော်ဒီပွဲအတွက် စိတ်လှုပ်ရှားနေပါတယ်။ ကျနော်တို့ အဲဗာတန်ကွင်းမှာ နိုင်ပွဲမရတာ ၆ နှစ်ကြာ ရှိပါပြီ။ အဲ့ဒါကြောင့် ကျနော်တို့ နိုင်ပွဲရယူပြီး ဒါကို အဆုံးသတ်ရတော့မှာပါ။ ကျနော်တို့ နိုင်ပွဲရယူနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားမယ်ဆိုတာကိုလည်း သိပါတယ်။ ကျနော်တို့ဟာ နိုင်ပွဲမရသေးတဲ့ နေရာတွေမှာ သွားရောက် ကစားခဲ့ပြီး နိုင်ပွဲတွေ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ဒီပွဲကို အကောင်းဆုံး လုပ်ဆောင်သွား မယ်”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ အဲဗာတန်အသင်း အိမ်ကွင်းမှာ ၂၀၁၇ ခုနှစ်ကတည်းက နိုင်ပွဲလုံးဝ မရရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အကောင်းဆုံးပုံစံနဲ့ စတင်နေပြီး ၄ ပွဲကစား အပြီးမှာ ရှုံးပွဲမရှိနဲ့ ရမှတ် ၁၀ မှတ် ရရှိထားတာ ဖြစ်ပါတယ်။
အဲဗာတန် အသင်းကတော့ ၄ ပွဲ ကစားအပြီးမှာ သရေ ၁ ပွဲနဲ့ ၃ ပွဲ ရှုံးနိမ့်ထားပြီး ရလဒ်တွေ ဆိုးရွားနေတာကြောင့် အာဆင်နယ်အသင်းနဲ့ ပွဲမှာ ရမှတ်ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
အာဆင်နယ်အသင်းဟာ ဒီပွဲအပြီးမှာ ၂၀၁၆-၁၇ ရာသီ နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ပထမဆုံးအကြိမ် ပြန်လည်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပီအက်စ်ဗွီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အာတီတာကတော့ ပွဲစဉ်တွေ ဆက်တိုက် ယှဉ်ပြိုင်ရမယ့် အပေါ်မှာလည်း အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ပြောခဲ့တာပါ။
အာတီတာက “ ကျနော်တို့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း တစ်ပတ်ထဲကို ၃ ပွဲ ကစားခဲ့ရပါတယ်။ ဒါပေမယ့် ချန်ပီယံ လိဂ်က မျှော်မှန်းချက်တွေနဲ့တော့ သိသိသာသာ ကွဲပြားနေပြီး ကျနော်တို့ ဒီပြိုင်ပွဲနဲ့ ဝေးကွာနေတာကြာပါပြီ။ အခု ပြန်ကစားရတော့မှာဖြစ်လို့ စိတ်လှုပ်ရှားနေပေမယ့် ဒီနေရာမှာ ကျနော်တို့ ရှိချင်နေတာပါ”လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။
Source: Besoccer
- By CNI
- Category: အားကစား
- Hits: 877
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၆
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး နေမာဟာ အယ်လ်ရီယက်ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားသွားခဲ့ပါတယ်။
နေမာဟာ အယ်လ်ဟီလယ်အသင်းက အယ်လ်ရီယက်ဒ်အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်ရဲ့ ပွဲချိန် ၆၄ မိနစ်မှာ လူစားဝင် ကစားသမားအဖြစ် သူ့ရဲ့ ပထမဆုံးပွဲကို စတင်ခဲ့တာပါ။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၈၇ မိနစ်မှာ အယ်လ်ဟီလယ်အသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် နေမာက မကန်သွင်း ခဲ့တာကြောင့် ပွဲဦးထွက်မှာ သွင်းဂိုးရရှိမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။
ဒါပေမယ့် နေမာဟာ အသင်းဖော် မယ်လ်ကွန်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ပွဲဦးထွက်မှာ ခြေစွမ်းပြသ နိုင်ခဲ့တာပါ။

နေမာကို တွေ့ရစဉ်
နေမာက “အယ်လ်ဟီလယ် အသင်းနဲ့အတူ ပွဲဦးထွက်မှာ နိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်ပါတယ်။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဆော်ဒီပရိုလိဂ် ၆ ပွဲ ကစားအပြီးမှာ ၅ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
ဒုတိယနေရာမှာတော့ ဘန်ဇီမာ၊ ကန်တီတို့ ကစားနေတဲ့ အယ်လ်အစ်တီဟတ်အသင်းက အယ်လ်ဟီလယ် အသင်း ထက် ရမှတ်တစ်မှတ် လျော့နည်းကာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အယ်လ်ဟီလယ်အသင်းဟာ လိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၀ အထိ သွင်းယူထားပြီး သွင်းဂိုး အများဆုံး အသင်းအဖြစ် လည်း ရှိနေတာပါ။
အယ်လ်ဟီလယ်အသင်းဟာ စက်တင်ဘာ ၁၉ ရက်မှာ အာရှချန်ပီယံလိဂ် အုပ်စုပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် ဒါမက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 805
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅
နည်းပြ အယ်လီဂရီနဲ့ အဆင်မပြေမှုတွေကြောင့် ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဘိုနူချီဟာ အီတလီကလပ်ကို တရားဥပဒေအရ အရေးယူသွားတော့မှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့တဲ့ အသက် ၃၆ နှစ်အရွယ်ရှိ ဘိုနူချီဟာ အသင်းရဲ့ အမေရိကန်ရာသီ ကြို ခရီးစဉ်နဲ့ စီးရီးအေ အဖွင့်ပွဲစဉ်မတိုင်ခင် အိမ်ကွင်းမှာကစားခဲ့တဲ့ ခြေစမ်းပွဲတွေရဲ့ အသင်းလူစာရင်းမှာ ချန်လှပ် ခံခဲ့ရတာပါ။
အဲ့ဒါကြောင့် ဝါရင့်နောက်ခံလူ ဘိုနူချီဟာ ဂျာမန်ဘွန်ဒစ်လီဂါကလပ် ယူနီယံဘာလင်အသင်းထံ ပြောင်းရွှေ့တာမှာ အဆင်ပြေစေဖို့ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

ဘိုနူချီကို တွေ့ရစဉ်
ဘိုနူချီက “ကျနော်ကြီးမားစွာ ခံစားခဲ့ရပြီးနောက် ဂျူဗင်တပ်စ်အသင်းကို တရားဥပဒေအတိုင်း ပြုလုပ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ နည်းစနစ်ပိုင်း ရွေးချယ်မှု ဘယ်လိုပဲရှိရှိ အသင်းနဲ့ လေ့ကျင့်ခွင့် ပေးသင့်တယ်လို့ ကျနော်ထင်ပါ တယ်။ ကျနော့်ကို အသင်းနဲ့ လေ့ကျင့်ခွင့် မပြုခဲ့ပါဘူး။ ကျနော်အရာအားလုံးကို ကြေကွဲစွာ ခံစားခဲ့ရပြီး အရှက် လည်း ရခဲ့ပါတယ်”လို့ Sport Mediaset ကို ပြောခဲ့တာပါ။
အီတလီဝါရင့် နောက်ခံလူဟာ တရားဥပဒေအရ အနိုင်ရခဲ့မယ်ဆိုရင် ရရှိလာမယ့် ငွေကြေးတွေ အားလုံးကို လှူဒါန်းသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဘိုနူချီဟာ ကာလရှည်အသင်းနဲ့ လေ့ကျင့်မှု မပြုလုပ်ခဲ့ရတာကြောင့် နည်းပြသစ် စပယ်လက်တီရဲ့ အီတလီ လက်ရွေးစင်အသင်း လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။
ဘိုနူချီဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ယူနီယံဘာလင်အသင်းနဲ့ ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒီအသင်းမှာ ခြေစွမ်းပြသကာ အီတလီအသင်းရဲ့ လူစာရင်းမှာ ပြန်လည်အရွေးချယ်ခံရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 661
CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅
ရီးရယ်လ်အသင်းက လူငယ်ကစားသမား ၄ ဦးဟာ အရွယ်မရောက်သေးသူ ပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာ ဗွီဒီယိုကို မျှဝေခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီကစားသမားတွေရဲ့ မိုဘိုင်းဖုန်းထဲက အချက်အလက်တွေကို သိမ်းဆည်းပြီးနောက်မှာ မေးခွန်းတွေ မေးမြန်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သိရတာပါ။
ဗွီဒီယိုထဲမှာ ပါဝင်တဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မိန်းကလေးရဲ့ မိခင်ဖြစ်သူက တိုင်ကြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ကစားသမားတွေဟာ စက်တင်ဘာ ၁၄ ရက်က ကလပ်အသင်းရဲ့ လေ့ကျင့်ရေးစင်တာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်း ဘောလုံးကွင်းကိုတွေ့ရစဉ်
ရီးရယ်လ်အသင်းကတော့ အချက်အလက် အသေးစိတ်တွေကို သိရှိပြီးတာနဲ့ သင့်လျော်တဲ့ အရေးယူမှုတွေကို ပြုလုပ်သွားမယ်လို့ ပြောခဲ့တာပါ။ ကစားသမား ၄ ဦးထဲက ၃ ဦးဟာ ရီးရယ်လ် C အသင်းကဖြစ်ပြီး နောက်တစ်ဦး ကတော့ ကတ်စတီလာလို့ လူသိများတဲ့ ရီးရယ်လ် B အသင်းက ဖြစ်တယ်လို့ သိရပါတယ်။
“အရွယ်မရောက်သေးသူနဲ့ လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပါဝင်တဲ့ ဗွီဒီယိုကို ဖြန့်ဝေမှုသံသယနဲ့ သူတို့ဟာ ဖမ်းဆီးခံခဲ့ရတာပါ။ မိန်းကလေးဘက်က ဘယ်လိုလုပ်ရပ်ကိုမဆို သဘောတူတယ်လို့ ပြောခဲ့ပေမယ့် သူမရဲ့ သဘောတူညီချက် မပါဝင်ဘဲ မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး သူမ မသိတဲ့ ဖြန့်ဝေမှုတွေ ရှိနေတယ်”လို့ Guardia အရပ်ဖက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
ဒီဗွီဒီယိုကို WhatsApp ကနေ တစ်ဆင့် မျှဝေခဲ့တယ်လို့ BBC Sport က ဖော်ပြထားတာ ဖြစ်ပါတယ်။
Source: BBC
