- By CNI
- Category: အားကစား
- Hits: 846
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁
ယူရို ၂၀၂၈ ပြိုင်ပွဲကို ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမယ်လို့ ဥရောပဘောလုံး အဖွဲ့ချုပ်(UEFA)က အတည်ပြု လိုက်ပါတယ်။
ယူရို ၂၀၃၂ ပြိုင်ပွဲကို အီတလီနိုင်ငံနဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ တူရကီနိုင်ငံက နုတ်ထွက်ခဲ့ပြီးနောက် ဆွစ်ဇာလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ UEFA အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ယူရို ၂၀၂၈ ပြိုင်ပွဲကို ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာကို အတည်ပြုခဲ့ပါတယ်။
ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတို့ဟာ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် မျှော်လင့်ချက် အဆုံးသတ်ခဲ့ပြီးနောက် ယူရို ၂၀၂၈ ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။
ဝေးလ်စ်အသင်း ခေါင်းဆောင်ဟောင်း ဂါရတ်ဘေးလ်က ယူရို ၂၀၂၈ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ကို ကာဒစ်ဖ်မှာ ကျင်းပ စေချင်နေပြီး အားကစားကွင်းနဲ့ အခြေခံ အဆောက်အဦတွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။

ယူရို ၂၀၂၈ နဲ့ ၂၀၃၂ ပြိုင်ပွဲကျင်းပရေး မဲခွဲစဉ်
အိုင်ယာလန်၊ မြောက်အိုင်ယာလန်နဲ့ ဝေးလ်စ်နိုင်ငံတို့ဟာ ဘောလုံးပြိုင်ပွဲကြီးတွေရဲ့ အဓိကပြိုင်ပွဲတွေကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ဖူးခြင်း မရှိပါဘူး။
ယူရို ၂၀၂၈ ပြိုင်ပွဲကို ဝင်ဘာလေ၊ ဟမ်ဒန်ပါ့ခ်၊ အေဗီဗာတို့ အပါအဝင် ကွင်း ၁၀ ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါ တယ်။
အင်္ဂလန်နိုင်ငံဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကို စကော့တလန်နိုင်ငံနဲ့အတူ ကျင်းပခွင့်ရခဲ့တဲ့ နိုင်ငံ ၁၁ နိုင်ငံထဲမှာ ပါဝင်ခဲ့သလို ၁၉၉၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂလန်နိုင်ငံဟာ ၂၀၂၂ အမျိုးသမီး ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၃၂ ပြိုင်ပွဲကိုတော့ အီတလီနဲ့ တူရကီနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာပါ။
အီတလီနိုင်ငံဟာ ၁၉၆၈ ၊ ၁၉၈၀ ယူရိုပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပခဲ့သလို ယူရို ၂၀၂၀ ပြိုင်ပွဲကိုလည်း ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
တူရကီနိုင်ငံကတော့ ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာပါ။ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကိုတော့ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 943
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁
ယူနိုက်တက်အသင်း တောင်ပံကစားသမား ဆန်ချိုဟာ အသင်းဖော် အန်တိုနီကို နည်းပြ အဲရစ်တန်ဟတ် မျက်နှာ သာ ပေးတယ်လို့ ထင်မြင်နေပြီး သူ့အပေါ် ဆက်ဆံပုံတွေကို စိတ်ပျက်နေတယ်လို့ ဂျာနယ်လစ်တစ်ဦးက ဖွင့်ချ လာခဲ့ပါတယ်။
ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေ ဖြစ်နေတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်း အရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်နေပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ တောင်ပံကစားသမားဟာ အသင်းကြီးနဲ့ ပတ်သက်ခွင့် ပိတ်ပင်ခံထားရပြီး အကယ်ဒမီ အသင်းနဲ့သာ လေ့ကျင့်မှုတွေ ပြုလုပ်နေရတာ ဖြစ်ပါတယ်။
ဆန်ချိုဟာ အာဆင်နယ် အသင်းနဲ့ပွဲမှာ သူ့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်ကို ဝေဖန်ခဲ့လို့ ယူနိုက်တက် အသင်းအတွက် ပါဝင်ကစားခွင့် မရတော့ဘဲ ဖြစ်နေပါတယ်။
ဆန်ချိုအနေနဲ့ ယူနိုက်တက် လူစာရင်းထဲမှာ ပြန်ပါဝင်ခွင့်ရဖို့က သူ့အပေါ်မှာပဲ မူတည်တယ်လို့ ဒတ်ချ်လူမျိုး နည်းပြက ပြီးခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ပြောထားပါတယ်။

အန်တိုနီနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်
အင်္ဂလန်ကစားသမားဟာ နည်းပြ အဲရစ်တန်ဟတ်ကို ပြန်ပြီးတောင်းပန်မယ်ဆိုရင် အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြန်ပြုလုပ်ပြီး ပွဲကစားခွင့် ရနိုင်ပေမယ့် သူကတော့ ဒီလိုလုပ်ဖို့ကို ဆန္ဒမရှိဘဲ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ထွက်ခွာသွားဖို့ အစီအစဉ်ရှိနေပါတယ်။
ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ တယ်လ်ဘော့က ဆန်ချိုဟာ အသင်းအတွင်းပိုင်း ပြဿနာတွေကို ဖြေရှင်းတာမှာ အန်တိုနီကို သူ့ထက် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံမှုတွေ ပြုလုပ်နေတဲ့ ဒတ်ချ်လူမျိုးနည်းပြကို စိတ်ပျက်နေတယ်လို့ ပြောခဲ့ပါတယ်။
အိမ်တွင်း အကြမ်းဖက်မှု စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အန်တိုနီကို နည်းပြက သူ့လိုအကဲဖြတ်မှု ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ဆန်ချိုက ယုံကြည်နေပါတယ်။
အဲ့ဒါကြောင့် အန်တိုနီအနေနဲ့ အမှားအယွင်းတွေ၊ ပြဿနာတွေကို ပြုလုပ်ခဲ့မယ်ဆိုရင်တောင် နည်းပြ အဲရစ်တန်ဟတ်ရဲ့ မျက်နှာသာပေးမှုကြောင့် ဘာမှဖြစ်မှာ မဟုတ်ဘူးလို့ အင်္ဂလန်ကစားသမားက ထင်မြင်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာမယ့် ဆန်ချိုကို ခေါ်ယူဖို့ ဂျူဗင်တပ်စ်၊ အသင်း ဟောင်း ဒေါ့မွန်တို့အပြင် အသင်းအချို့က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဆန်ချိုဟာ ယူနိုက်တက် အသင်းအတွက် ၈၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူထားပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 856
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀
ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် ဂီတာဖေးအသင်းနဲ့ ကစားသမားဘဝကို ပြန်လည် စတင်နေတဲ့ ဂရင်းဝုဒ်ဟာ ဂျမေကာလက်ရွေးစင် အသင်းအတွက် ကစားပေးဖွယ်ရှိနေပါတယ်။
ဂရင်းဝုဒ်ဟာ ဆယ်လ်တာဗီဂိုးအသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဂီတာဖေးအသင်း ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဒီဂိုးဟာ သူ့အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း ပထမဆုံးသွင်းဂိုး ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ကလပ်အသင်း ကစားသမားဘဝကို အကောင်းဆုံးပုံစံနဲ့ ပြန်လည် စတင် နေခဲ့ပေမယ့် အင်္ဂလန်လက်ရွေးစင် အသင်းမှာတော့ သူ့ရဲ့ အနာဂတ်ဟာ ရေရာမှု မရှိပါဘူး။

အင်္ဂလန်အသင်းအတွက် ဂရင်းဝုဒ် ကစားပေးစဉ်
ဒီအချိန်မှာ ဂျမေကာအသင်းနည်းပြ ဟယ်လ်ဂရင်ဆမ်က ဂရင်းဝုဒ်ကို သူ့အသင်းရဲ့ လူစာရင်းထဲ ကြိုဆိုမှာ ဖြစ်တယ်လို့ ပြောထားခဲ့ပါတယ်။
ဟယ်လ်ဂရင်ဆမ်က “ကျနော်တို့အသင်းမှာ အကောင်းဆုံး အရည်အချင်းရှိတဲ့ သူတွေကို လိုချင်ပါတယ်။ ဂရင်းဝုဒ် အနေနဲ့ သူ့ရဲ့ အရင်ကြံ့ခိုင်မှုနဲ့ အရင်ပုံစံတွေသာ ပြန်ရခဲ့မယ်ဆိုရင် သူဟာ ဂျမေကာကို ကူညီဖို့ အဆင်သင့် ဖြစ်နေ မယ်ဆိုတာ အသေအချာပါပဲ”လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းအတွက် ၁ ပွဲ ပါဝင်ကစားထားပေမယ့် ဂျမေကာနွယ်ဖွား ဖြစ်တာကြောင့် ဖီဖာရဲ့ စည်းမျဉ်းတွေအရ ဂျမေကာနိုင်ငံသားအဖြစ် ပြောင်းလဲခံယူကာ လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားလို့ ရမှာ ဖြစ်ပါတယ်။
ဂျမေကာဘောလုံး အဖွဲ့ချုပ်အနေနဲ့ ဂရင်းဝုဒ်ကို သူတို့နိုင်ငံ အသင်းအတွက် ကစားပေးချင်တယ်ဆိုရင် ဖီဖာထံ တရားဝင် အယူခံဝင်ရမှာ ဖြစ်ပါတယ်။
ဂျမေကာအသင်းမှာ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ အန်တိုနီယို၊ ဂရေး၊ ပင်နော့ခ်တို့ အပါအဝင် ၇ ဦး အထိ ပါဝင်ကစားနေပါတယ်။
ဂျမေကာအသင်းဟာ ကွန်ကာကပ်ဖ်နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် ဂရီနာဒါ၊ ဟေတီအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 762
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀
အေစီမီလန်အသင်းတိုက်စစ်မှူး ဂီရောဒ့်ဟာ ဂျီနိုအာအသင်းနဲ့ ပွဲစဉ်မှာ ဂိုးသမားအဖြစ် အရေးပါတဲ့ ကာကွယ်မှု ပြုလုပ်ခဲ့တာကြောင့် စီးရီးအေတစ်ပတ်တာအကောင်းဆုံးအသင်းမှာ ဂိုးသမားအဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။
ဂျီနိုအာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အေစီမီလန်အသင်းဂိုးသမား မိုင်ဂနန်ဟာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဂီရောဒ့်ဟာ အသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူခဲ့ရတာပါ။ ဂီရောဒ့်ဟာ ဒီပွဲစဉ်ရဲ့ နာကျင်အချိန် ပိုမှာ ဂျီနိုအာအသင်းဂိုးရနိုင်မယ့်အခွင့်အရေးကို ကာကွယ်မှုပြုလုပ်နိုင်ခဲ့ပြီး အေစီမီလန်အသင်းကို အဖိုးတန် ၃ မှတ် ရယူပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် စီးရီးအေက တစ်ပတ်တာအကောင်းဆုံးအသင်းမှာ ဂီရောဒ့်ကို သူ့ရဲ့ တိုက်စစ်မှူး နေရာထက် ဂိုးသမားနေရာမှာ ရွေးချယ်သွားခဲ့တာပါ။ အေစီမီလန်အသင်းကလည်း သူတို့ရဲ့ ဂိုးသမားစာရင်းထဲမှာ ဂီရောဒ့်ရဲ့ နာမည်ကို ထည့်သွင်းခဲ့ကာ ပရိသတ်တွေကို ဂီရောဒ့်ရဲ့ နာမည်နဲ့ နံပတ်ပါ ဂိုးသမားဝတ်စုံတွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းပရိသတ်တွေဟာ ဂီရောဒ့်ရဲ့ ဂိုးသမားဂျာစီကို အမှတ်တရသိမ်းဆည်း ထားချင် တာကြောင့် အမြန်ဆုံးရောင်းချလို့ကုန်သွားခဲ့တယ်လို့ သိရပါတယ်။
ဂီရောဒ့်က “ကျနော့်ကစားသမားဘဝမှာ ဒီလိုမျိုးအတွေ့အကြုံမျိုးတစ်ကြိမ်မှ မကြုံတွေ့ဖူးပါဘူး။ အသင်း တစ်သင်းလုံးအတွက်ဂုဏ်ယူစရာဖြစ်ခဲ့ပြီး ကျနော်တို့ဟာ ခြင်္သေ့တွေလို တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဂိုးပေး ရနိုင်မယ့်အခွင့်အရေးကို ကျနော်ကောင်းမွန်စွာ ကာကွယ်နိုင်ခဲ့ပါတယ်” လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ ဂျီနိုအာအသင်းကို အနိုင်ရခဲ့တဲ့အတွက် စီးရီးအေပြိုင်ပွဲအမှတ်ပေးဇယားကို ၂ မှတ် အသာနဲ့ ဦးဆောင်နေပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ဂျူဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goal
- By CNI
- Category: အားကစား
- Hits: 873
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀
မြန်မာအသင်းဟာ 2024 AFC Futsal Asian Cup ခြေစစ်ပွဲအုပ်စု ဒုတိယမြောက်ပွဲစဉ်အဖြစ် အိန္ဒိယအသင်းနဲ့ ကစားခဲ့တာမှာ ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာအသင်းအတွက် သွင်းဂိုးတွေကို မျိုးသက်အောင်က ၂ ဂိုး၊ သိုင်းဖွဲ့အောင်၊ လှိုင်မင်းထွန်းနဲ့ အိန္ဒိယအသင်း ဘက်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာပါ။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်တုန်းက ပါလက်စတိုင်းအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အုပ်စုတွင်း ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာ အသင်းရဲ့ အုပ်စုတွင်းပြိုင်ဘက် တာဂျစ်ကစ္စတန်အသင်းကလည်း ၂ ပွဲစလုံးအနိုင်ရထားတဲ့အတွက် မြန်မာအသင်း နဲ့အတူ 2024 AFC Futsal Asian Cup ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာပါ။
မြန်မာနိုင်ငံဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က “ဒီနိုင်ပွဲက မြန်မာဖူဆယ်လောက တစ်ခုလုံးကို ကိုယ်စားပြုပါတယ်။ အနယ်နယ်အရပ်ရပ်မှာ ရှိတဲ့ အသင်းပိုင်ရှင်တွေ၊ နည်းပြတွေ၊ ကစားသမားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

မြန်မာဖူဆယ်အသင်းနည်းပြချုပ်ကတော့ ပြိုင်ပွဲမစတင်ခင်ကတည်းက သူ့အသင်းဟာ ဒီပြိုင်ပွဲမှာ ခြေစစ်ပွဲ အောင်မြင်နိုင်မယ်လို့ ယုံကြည်မှုရှိနေခဲ့တာဖြစ်ပြီး အိန္ဒိယအသင်းကို အနိုင်ရခဲ့တဲ့အတွက် အားလုံးကို ကျေးဇူး တင်တယ်လို့ ပြောခဲ့တာပါ။
ဘန်လာ့တ်က “ကစားသမားတွေအားလုံး ကျနော့်ရဲ့ နည်းစနစ်အတိုင်း ကစားနိုင်ခဲ့ပြီး အကောင်းဆုံးပုံစံ ပြသ နိုင်ခဲ့တယ်။ ဒီနိုင်ပွဲအတွက် ကစားသမားတွေ၊ အသင်းက တာဝန်ရှိသူတွေနဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူး တင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
မြန်မာအသင်းဟာ 2024 AFC Futsal Asian Cup ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် တာဂျစ်ကစ္စတန် အသင်းနဲ့ အောက်တိုဘာ ၁၁ ရက်မှာ ယှဉ်ပြိုင်မှာပါ။ ဒီပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။
- By CNI
- Category: အားကစား
- Hits: 853
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉
တောင်ပံကစားသမား ဆာကာဟာ လာမယ့်နိုင်ငံတကာ ပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ အာဆင်နယ် အသင်းနည်းပြ အာတီတာက အတည်ပြု ပြောကြားလိုက်ပါတယ်။
အာတီတာက “သူဟာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းမှာ မဟုတ်ပါဘူး။ သူဟာ လေ့ကျင့်မှုတောင် ပြုလုပ်နိုင်ခြင်း မရှိသေးလို့ လက်ရှိအချိန်မှာ ဘောလုံးကစားဖို့ မဖြစ်နိုင်သေးဘူး”လို့ မန်စီးတီးအသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ဆာကာဟာ ဒဏ်ရာကြောင့် အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ်ကို မပါဝင်နိုင်ခဲ့ပါဘူး။
အသက် ၂၂ နှစ်အရွယ်ရှိ ဆာကာဟာ ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် မပါဝင်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၈၇ ပွဲဆက်တိုက် ပါဝင်ကစားထားတဲ့ မှတ်တမ်းကောင်းတစ်ခု ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။

ဆာကာကို တွေ့ရစဉ်
ဆာကာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး လန်းစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စောစီးစွာ လူစားလဲခံခဲ့ရပါတယ်။
အင်္ဂလန်အသင်းဟာ သြစတြေးလျနဲ့ ခြေစမ်းပွဲ၊ အီတလီအသင်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေအတွက် လူစာရင်းမှာ ဆာကာကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ဆာကာကို လူစာရင်းမှာ ရွေးချယ်ထားပေမယ့် စွန့်စားပြီး အသုံးပြုမှာ မဟုတ်ဘူးလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။
ဒါပေမယ့် အာဆင်နယ် အသင်းနည်းပြ အာတီတာရဲ့ ပြောစကားကြောင့် ဆာကာဟာ အင်္ဂလန်အသင်း လူစာရင်း ကနေ နုတ်ထွက်ဖွယ် ရှိနေပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၅ ပွဲ ကစားအပြီးမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၁၃ မှတ်နဲ့ ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 769
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉
ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဟာ ဒေသတွင်း တင်းမာမှုတွေ တိုးလာနေတဲ့ အခြေအနေတွေကြောင့် လာမယ့် နှစ်ပတ်အတွင်း အစ္စရေးမှာကစားဖို့ စီစဉ်ထားတဲ့ ပွဲစဉ်တွေအားလုံးကို ရွှေ့ဆိုင်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကတည်းက ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ခိုက်မှုတွေကြောင့် အစ္စရေးနိုင်ငံသား ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက ပြောထားပါတယ်။
အောက်တိုဘာ ၁၂ ရက်မှာ ကစားဖို့ ရှိနေတဲ့ အစ္စရေးနဲ့ ဆွစ်ဇာလန်တို့ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲဟာ လက်ရှိ လုံခြုံရေး အခြေအနေအရ ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ပြီး ဒီပွဲတွေ ပြန်ကစားမယ့် နေ့ရက်တွေကို ပြန်လည်ရေးဆွဲပေးမယ်လို့ UEFA က ပြောခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမာ့စ်ကြား စစ်ပွဲဖြစ်ပွားနေစဉ်
ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ်တွေကတော့ အောက်တိုဘာ ၁၂ ရက်နဲ့ ၁၇ ရက်မှာ ကစားမယ့် အစ္စရေးနဲ့ အက်စ်တိုးနီး ယား၊ အစ္စရေးနဲ့ ဂျာမနီအသင်းတို့ရဲ့ ဥရောပ ယူ-၂၁ ခြေစစ်ပွဲ၊ အောက်တိုဘာ ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမယ့် ဥရောပ ယူ-၁၇ ချန်ပီယံရှစ်ပွဲတို့ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာတော့ အစ္စရေး၊ ဘယ်လ်ဂျီယံ၊ ဂျီဘရောလ်တာနဲ့ ဝေးလ်စ်တို့ ပါဝင်မယ်လို့ သိရပါတယ်။
ကိုဆိုဗိုမှာ ကစားဖို့ ရှိနေတဲ့ အစ္စရေးအသင်းရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲကို ကျင်းပနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး လာမယ့် ရက်ပိုင်းအတွင်း ဒီအခြေအနေတွေကို အကဲဖြတ်သွားမယ်လို့လည်း UEFA က ပြောထားပါတယ်။
အစ္စရေးနိုင်ငံမှာ ကျင်းပနေတဲ့ ပြည်တွင်းလိဂ် ပွဲစဉ်တွေကိုလည်း လက်ရှိအချိန်မှာ ရွှေ့ဆိုင်းထားပြီး မက္ဘာဘီ တယ်လ် အဗစ်အသင်းကို ကိုင်တွယ်နေတဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ရော်ဘီကိန်းနဲ့ သူ့ရဲ့ လက်ထောက်နည်းပြ ဒီလပ်တို့ဟာ အစ္စရေးနိုင်ငံက ထွက်ခွာပြီး ဂရိနိုင်ငံကို ပြောင်းရွှေ့နေထိုင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 1080
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို ၈ နှစ်ကြာ နိုင်ပွဲမရယူနိုင်ခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာတီတာက သူတို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းကို အနိုင်ယူခဲ့ပြီလို့ ပြောလိုက် ပါတယ်။
အာတီတာက “သူတို့ကို အနိုင်မယူခဲ့တာ နှစ်ပေါင်းများစွာကြာပြီလို့ ခင်ဗျားတို့ ခံစားရနိုင်ပေမယ့် အခုပွဲမှာတော့ ကျနော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းကို အနိုင်ယူခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ဟာ မန်စီးတီးကို အနိုင် ယူဖို့အတွက် မှန်ကန်တဲ့ စိတ်ဆန္ဒတွေ၊ စိတ်ပိုင်းဖြတ်မှုတွေနဲ့ ယုံကြည်မှုတွေရှိကြောင်း ပြသခဲ့ပါတယ်။ ဒါကြောင့် ကျနော်တကယ်ကို ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင် တောင်ပံကစားသမား မာတင်နယ်လီက ပွဲချိန် ၈၆ မိနစ်မှာ အာဆင်နယ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါ တယ်။
ဒီနိုင်ပွဲဟာ အာဆင်နယ်အသင်းအတွက် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပထမဆုံးရရှိခဲ့တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကို တွေ့ရစဉ်
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဧပြီလက မန်စီးတီးအသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလား ရယူနိုင်မယ့် မျှော်လင့်ချက်တွေ အဆုံးသတ်ခဲ့ရပါတယ်။
ဒါပေမယ့် အခု မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့ ရင့်ကျက်မှုကို ပြသနိုင်ခဲ့တယ်လို့လည်း အာတီတာ က ထပ်ပြီး ပြောခဲ့ပါတယ်။
အာတီတာက “သူတို့ကို အနိုင်ယူဖို့အတွက်ဆိုရင် ကျနော်တို့ သူတို့ကို ရှုံးနိမ့်ရမှာပါ။ အီးတီဟတ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပုံစံ အတိုင်းကို ရှုံးရမှာပါ။ ပြီးခဲ့တဲ့ရာသီမှာ ကျနော်တို့ဟာ ပိုကောင်းတဲ့ ပုံစံနှစ်မျိုးနဲ့ သူတို့ကို အရေးနိမ့်ခဲ့ပါတယ်။ အတွေ့အကြုံတွေကနေ ထွက်ပေါ်လာတဲ့ အသင်းဟာ ဒီပွဲမှာ ရင့်ကျက်မှုကို ပြသနိုင်ခဲ့ပါတယ်။ တခါတရံမှာ ပိုကောင်းတဲ့ အသင်းဖြစ်နေဖို့ လိုအပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့အတွက် စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ စပါးနဲ့အာဆင်နယ် အသင်းတို့ဟာ ရမှတ် ၂၀ စီ ရရှိထားပြီး မန်စီးတီး အသင်းက ရမှတ် ၁၈ မှတ် ရရှိထားပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1428
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈
စပိန်လူမျိုးနည်းပြ အာတီတာက မန်စီးတီးအသင်းကို ကွန်မြူနတီဒိုင်းမှာ အနိုင်ရယူနိုင်ခဲ့တာက အာဆင်နယ် အသင်းကို ယုံကြည်မှုတွေ ပေးတယ်လို့ ပြောလိုက်ပါတယ်။
အာတီတာက “ဒါက ကျနော်တို့အတွက် အရေးပါတဲ့ အရာပါ။ မန်စီးတီးကို အနိုင်ရပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တာက အမြဲတမ်း တန်ဖိုးထားရမှာပါ။ ကျနော်တို့ လုပ်ခဲ့တဲ့ပုံစံက သူတို့ကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ပေးပါ တယ်”လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အခုရာသီသစ် မစတင်ခင် ကွန်မြူနတီဒိုင်းပွဲစဉ်မှာ မန်စီးတီးအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်နဲ့မန်စီးတီး ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် အာဆင်နယ်အသင်းဟာ ၂၀၁၅ ခုနှစ်ကတည်းက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်မှာ နိုင်ပွဲ မရယူနိုင်ခဲ့ပါဘူး။ အာတီတာကတော့ မန်စီးတီးအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဆိုးရွားခဲ့တဲ့ မှတ်တမ်းကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
အာတီတာက “ဒီပွဲတွေမှာ မတူညီတဲ့ ကစားသမားတွေ ပါဝင်နေတာကြောင့် ပြန်ပြီးကြည့်လို့ မရပါဘူး။ ဒါပေမယ့် သေချာတဲ့ အရာကတော့ ကျနော်တို့ဟာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ်ဆိုတာ သိပါတယ်။ ကျနော် တို့ဟာ နေရာတိုင်းမှာ မိနစ် ၁၀၀ အကောင်းဆုံး ဖြစ်နေရပါမယ်။ အဲ့ဒါမှလည်း ကျနော်တို့အတွက် အခွင့်အရေးရ မှာပါ”လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ လန်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့လို့ ပွဲချိန် အစောပိုင်းမှာတင် လူစားလဲခံခဲ့ရတဲ့ တောင်ပံ ကစားသမား ဆာကာဟာ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ဖွယ်ရှိတယ်လို့ နည်းပြ အာတီတာက ပြောထားပါတယ်။
ဆာကာဟာ ဒီလထဲ ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခံထားရ ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 776
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈
ဘိုင်ယန်မြူးနစ်အသင်းဟာ ပရိသတ်တွေရဲ့ ကန့်ကွက်မှုတွေကြောင့် နောက်ခံလူဟောင်း ဘိုတန်ကို ပြန်လည် ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။
အသင်းလက်မဲ့ဖြစ်နေတဲ့ ဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒဏ်ရာတွေ ကြောင့် အခက်အခဲဖြစ်နေတဲ့ အသင်းဟောင်းနဲ့ စာချူပ်ချုပ်ဆိုဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် ဘိုတန်ဟာ အိမ်တွင်း အကြမ်းဖက်မှုနဲ့ အမှုရင်ဆိုင် နေရတာကြောင့် ဒီကစားသမားကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ ဘိုတန်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် တနင်္ဂနွေနေ့မှာ ကစားမယ့် ဖရိုင်းဘတ်အသင်းနဲ့ ပွဲကို တက်ရောက်ကြည့်ရှုမှာ မဟုတ်ဘူးလို့ ပရိသတ်တွေက ကန့်ကွက် ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

နောက်ခံလူ ဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၁၀ နှစ်ကြာ ပွဲပေါင်း ၃၆၃ ပွဲ ပါဝင်ကစားခဲ့ကာ ဘွန်ဒစ်လီဂါ ဖလား ၉ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ဘိုတန်ဟာ ဂျာမနီ လက်ရွေးစင်အသင်းနဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆုကိုလည်း ရယူထားနိုင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ကင်မင်ဂျေးနဲ့ အူပါမီကာနိုတို့ဟာ ဒဏ်ရာကနေ သက်သာလာ ပြီဖြစ်လို့ မကြာခင် ပြန်ကစားနိုင်တော့မယ်လို့ အသင်းဘက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် သူတို့တွေဟာ နိုင်ငံတကာ ပွဲစဉ်အပြီးမှသာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပါဝင် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အခုရာသီ ဘွန်ဒစ်လီဂါ ၆ ပွဲ ကစားထားအပြီးမှာ ၄ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ အုပ်စုတွင်းပွဲစဉ် ၂ ပွဲစလုံး အနိုင်ရရှိထားပါတယ်။
Source: Goal
