- By CNI
- Category: အားကစား
- Hits: 931
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က အီတလီအသင်းကို အနိုင်ရပြီး ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပြီးနောက် သူတို့ဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။
ဆောက်ဂိတ်က “ကျနော်တို့ဟာ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့အတွက် စွမ်းဆောင်နိုင်စွမ်းရှိတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ အကြီးမားဆုံးအရာတွေဖြစ်တဲ့ စိတ်ဓါတ်ပိုင်း၊ နည်းစနစ်ကောင်းမွန်တဲ့ကစားသမားတွေ၊ ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာတွေရှိရမှာဖြစ်ပေမယ့် ဒီလိုမျိုးပွဲကြီးပွဲကောင်းတွေကို ဆက်ပြီးအနိုင်ယူနိုင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဆီကနေ ဒီထက်လာဖို့ ရှိပါသေးတယ်။ လူတွေကတော့ ကျနော်တို့ဟာ ထိပ်တန်း အသင်းတွေကို လုံလောက်စွာအနိုင်ယူခဲ့ခြင်းမရှိဘူးလို့ ဝေဖန်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အလွန် ကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဝင်ဘာလေမှာ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ အီတလီအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင် ရခဲ့တာဖြစ်ပြီး ယူရို ၂၀၂၀ ဗိုလ်လုပွဲက ရှုံးကြွေးကိုပြန်ပြီးဆပ်နိုင်ခဲ့တာပါ။ ဒီပွဲမှာ အီတလီအသင်းက ဦးဆောင်ဂိုး စတင်ရရှိခဲ့တာဖြစ်ပြီး ဆကာမာကာက သွင်းယူခဲ့တာဖြစ်ပေမယ့် အင်္ဂလန်အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုး တွေကို ဟာရီကိန်းက ၂ ဂိုး၊ ရက်ရှ်ဖိုဒ့်က ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဒီနိုင်ပွဲကြောင့် ယူရို ၂၀၂၄ ခြေစစ်ပွဲ ၆ ပွဲကစားအပြီးမှာ ရမှတ် ၁၆ မှတ်ရရှိခဲ့ပြီး ပွဲစဉ် ၂ ပွဲ ကစားဖို့ ကျန်ရှိသေးပေမယ့် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ အီတလီအသင်းကတော့ ဒီပွဲရှုံးနိမ့်ခဲ့ပေမယ့် လက်ကျန်ပွဲစဉ်ကစားဖို့ ၂ ပွဲကျန်ရှိနေသေးသလို အနည်းဆုံးပလေးအောဖ့်အဆင့်ကစားခွင့်ရဖို့ ရှိနေတာကြောင့် ယူရို ၂၀၂၄ ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်တွေရှိနေသေးတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက ခြေစစ်ပွဲတွေမှာ ပြသခဲ့တဲ့အရာတွေကြောင့် အင်္ဂလန်အသင်းဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ နိုဝင်ဘာလထဲမှာ ယူရို ၂၀၂၄ ခြေစစ်ပွဲလက်ကျန် ၂ ပွဲဖြစ်တဲ့ မောလ်တာ၊ မြောက်မက်ဆီဒိုးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 691
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈
ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာဟာ ဥရုဂွေးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်ရဲ့ ပထမပိုင်းမပြီးခင်မှာ ပြင်းထန်တဲ့ဒူးဒဏ်ရာရရှိသွားခဲ့ပါတယ်။
နေမာဟာ သူ့ရဲ့ဘယ်ဘက်ဒူးကိုကိုင်ကာ ငိုကြွေးနေခဲ့တာဖြစ်ပြီး ကွင်းထဲမှာ မိနစ်အနည်းငယ်ကြာ သေးကုသမှု ခံယူပြီးနောက် ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရတာပါ။ ဘရာဇီးလ် FA သတင်းရင်းမြစ်တွေက နေမာဟာ ဘယ်ဘက် ဒူးအဆစ်ပြင်းထန်တဲ့ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပြီး အရွတ်ပျက်စီးခြင်းရှိ၊မရှိဆုံးဖြတ်ဖို့အတွက် စမ်းသပ် စစ်ဆေးမှု တွေပြုလုပ်ရမယ်လို့ ပြောထားတာဖြစ်ပါတယ်။

နေမာအနေနဲ့ ဒဏ်ရာပြင်းထန်မယ်ဆိုရင် ကာလရှည်ကြာအနားယူရမှာဖြစ်တဲ့အတွက် ဘရာဇီးလ်အသင်းနဲ့ အယ်လ်ဟီလယ်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်တာပါ။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီး အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ နေမာဟာ ဆော်ဒီကလပ် အတွက် ၅ ပွဲပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိ နေမာဟာ ဘရာဇီးလ်အသင်းအတွက် ၁၂၇ ပွဲကစားထားပြီး ၇၉ ဂိုးသွင်းယူကာ နိုင်ငံရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာပါ။
ဘရာဇီးလ်အသင်းဟာ ဒီပွဲစဉ်မှာ ဥရုဂွေးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ၂ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး အာဂျင်တီးနားအသင်းက ထိပ်ဆုံးနေရာက ဦးဆောင်နေကာ ဥရုဂွေးအသင်းက ဒုတိယနေရာမှာ ရှိနေတာပါ။
ဘရာဇီးလ်အသင်းဟာ လာမယ့်နိုဝင်ဘာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် ကိုလံဘီယာ၊ အာဂျင်တီးနားအသင်း တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Reuters
- By CNI
- Category: အားကစား
- Hits: 779
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇
မြောက်အိုင်ယာလန် အသင်းရဲ့ နောက်ခံလူ အီဗန်စ်က ဒဏ်ရာတွေ နှိပ်စက်မှုကြောင့် ယူနိုက်တက်အသင်းထံ ပြန်မလာခင် ပြီးခဲ့တဲ့ရာသီအကုန်က ကစားသမားဘဝက အနားယူဖို့ စဉ်းစားခဲ့တယ်လို့ ပြောလိုက်ပါတယ်။
အီဗန်စ်က “ဒဏ်ရာတွေကြောင့် ကစားသမားဘဝကို အဆုံးသတ်ဖို့ ကျနော်စဉ်းစားခဲ့ပါတယ်။ ဒဏ်ရာတွေကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ပြန်လာတဲ့အချိန်တိုင်း ကြေကွဲနေရပါတယ်။ ဒါပေမယ့် ကျနော်ဟာ လုပ်နိုင်စွမ်းရှိတဲ့ အကြောင်းကို ကိုယ်တိုင် သက်သေပြသ နိုင်ခဲ့ပါတယ်။ ကျနော် အများကြီး လေ့ကျင့်ပြီး ပွဲတွေကို ပြီးမြောက် အောင် ကစားနိုင်ခဲ့ပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကို အတည်ပြုရပြီး ဒီလုပ်ငန်းစဉ်ကို ဖြတ်ကျော်နိုင်ခဲ့ တာကြောင့် ကျေနပ်မိတယ်”လို့ ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိ အီဗန်စ်ဟာ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ရာသီက လက်စတာအသင်းအတွက် ၁၄ ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပြီး ရာသီအကုန်မှာ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

အီဗန်စ်ကို တွေ့ရစဉ်
ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ အီဗန်စ်ဟာ လက်စတာအသင်းကနေ ထွက်ခွာပြီးနောက် အသင်းဟောင်းမှာ လာရောက် လေ့ကျင့်မှုပြုလုပ်ရင်း ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အီဗန်စ်ရဲ့ ခြေစွမ်းကို သဘောကျခဲ့တာကြောင့် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ရာသီအကုန်ထိ စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။
အီဗန်စ်ဟာ အသင်းဖော် နောက်ခံလူတွေရဲ့ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းအတွက် ဒီရာသီမှာ ပွဲစဉ် ၄ ပွဲ အထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
အီဗန်စ်ဟာ ယူနိုက်တက်အသင်းမှာ ပထမဆုံးအကြိမ် ကစားခဲ့တုန်းက ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ ချန်ပီယံ လိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ပါတယ်။
ဒီရာသီမှာတော့ ယူနိုက်တက်အသင်းဟာ ရလဒ်တွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာ ရပ်တည်နေပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီအပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 790
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇
ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုအရ ပါလက်စတိုင်း လက်ရွေးစင်အသင်းရဲ့ လာမယ့်ပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ အယ်လ်ဂျီးရီးယားက ပြောပါတယ်။
ပါလက်စတိုင်းအသင်းဟာ နိုဝင်ဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်(အာရှဇုန်) ပွဲစဉ်တွေကို ယှဉ်ပြိုင်ရတော့မှာပါ။
ပထဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၆ ရက်မှာ လက်ဘနွန်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၁ ရက်မှာ ကစားမယ့် သြစတြေးလျအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ကို အယ်လ်ဂျီးရီးယားမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်ဟာ ပါလက်စတိုင်းနေထိုင်မှုနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ပေးသွားမယ်လို့လည်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါလက်စတိုင်းအသင်း ယှဉ်ပြိုင်နေစဉ်
ဒေသတွင်းမှာ ပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် သြစတြေးလျအသင်းနဲ့ ပွဲကို ကြားကွင်းမှာ ကျင်းပဖို့ အာရှ ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားတဲ့အတွက် ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ်ဟာ ပြင်ပအကူအညီတွေကို ရယူခဲ့ရတာ ဖြစ်ပါတယ်။
ပါလက်စတိုင်းအသင်းရဲ့ ပွဲစဉ်တွေကို လက်ခံကျင်းပဖို့ အယ်လ်ဂျီးရီးယားရဲ့ သဘောတူညီမှုဟာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)ဆီကနေ ခွင့်ပြုချက်ရယူဖို့ လိုအပ်နေသေးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အစ္စရေးနဲ့ ပဋိပက္ခတွေ ပြင်းထန်လာတဲ့ ပါလက်စတိုင်းဟာ မလေးရှားမှာ ကျင်းပခဲ့တဲ့ Merdeka ဖလားပြိုင်ပွဲ ကနေ နုတ်ထွက်ခဲ့ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ ပြင်ဆင်မှုတွေဟာ ထိခိုက်ခဲ့ရတာ ဖြစ်ပါတယ်။
အစ္စရေးအသင်း ကစားဖို့ ရှိနေတဲ့ ဆွစ်ဇာလန်၊ ကိုဆိုဗို အသင်းတို့နဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကိုလည်း ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)က ရွှေ့ဆိုင်းခဲ့ပါတယ်။
အစ္စရေးအသင်းဟာ ခြေစစ်ပွဲ ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၁ မှတ်နဲ့ အုပ်စုတွင်းအဆင့် ၃ နေရာမှာ ရပ်တည် နေပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကို ပလေးအော့ဖ်ကနေ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 634
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇
ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ဘော့စနီးယားအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ၂ ဂိုးသွင်းယူပြီးနောက် ၂၀၂၃ ခုနှစ်ထဲမှာ ဂိုးအများဆုံးသွင်းတဲ့ကစားသမားအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ၂၀၂၃ ခုနှစ်ထဲမှာ သူ့ရဲ့ သွင်းဂိုးဟာ ၄၀ အထိရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းကို ၁ ဂိုးအသာ ရရှိသွားခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၇ ပွဲကစားအပြီးမှာ ၉ ဂိုးအထိသွင်းယူထားပြီး ဘယ်လ်ဂျီယံအသင်းတိုက်စစ်မှူး လူကာကူနဲ့ အတူ ခြေစစ်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပူးတွဲဦးဆောင်နေတာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဘော့စနီးယားအသင်းနဲ့ ပွဲမှာ ပင်နယ်တီကနေ တစ်ဂိုးသွင်းယူခဲ့တာကြောင့် သူ့ရဲ့ ကစားသမား ဘ၀ ပင်နယ်တီသွင်းဂိုး ၁၆၀ ပြည့်သွားခဲ့တယ်လို့ သိရတာပါ။ ဒါ့အပြင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝသွင်းဂိုး ၉၀၀ အထိသွင်းယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ၈၅၉ ဂိုးအထိသွင်းယူထားပြီး ဖြစ်ပါ တယ်။

ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှ ကစားသမားဘဝက အနားယူဖို့ စဉ်းစားနေတာကြောင့် သွင်းဂိုး ၉၀၀ ကိုကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာနေတယ်လို့ သုံးသပ်နေကြတာပါ။ ဘော့စနီးယားအသင်းနဲ့ ပွဲမတိုင်ခင် ကတည်းက ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း ၈ ပွဲကစားအပြီးမှာ ၈ ပွဲစလုံး အနိုင်ရရှိကာ အုပ်စုပထမနေရာရရှိဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ၈ ပွဲမှာ ၃၂ ဂိုးအထိသွင်းယူထားပြီ ပေးဂိုး ၂ ဂိုးသာခွင့်ပြုထားရတာပါ။ ပေါ်တူဂီအသင်းဟာ လာမယ့် နိုဝင်ဘာလမှာ ယူရို ၂၀၂၄ ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွေအဖြစ် လက်ချင်စတိန်း၊ အိုက်စလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အိမ်ရှင်ဂျာမနီအသင်းအပြင် ယူရို ၂၀၂၄ ပြိုင်ပွဲကို ပေါ်တူဂီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ စကော့တလန်၊ တူရကီနဲ့ သြစတြီးယားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီဖြစ်ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 731
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇
ဘရပ်ဆဲလ်မှာ ဆွီဒင်ပရိသတ်နှစ်ဦး ပစ်သတ်ခံရပြီးနောက် လုံခြုံရေးအကြောင်းပြချက်ကြောင့် ဘယ်လ်ဂျီယံနဲ့ ဆွီဒင်အသင်းတို့ရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲကို ပထမပိုင်းအပြီးမှာ ဖျက်သိမ်းခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ပွဲမစတင်ခင် နာရီပိုင်းအလို အားကစားကွင်းနဲ့ ၃ မိုင်အကွာမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အွန်လိုင်း မှာတင်ထားတဲ့ ဗွီဒီယိုအရ ISIS အဖွဲ့နဲ့ ချိတ်ဆက်မှုရှိတဲ့သူက လက်စားခြေတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တာလို့ ဖော်ပြ ထားတာပါ။ ကစားသမားတွေဟာ ပထမပိုင်းအပြီးမှ ဒီအဖြစ်အပျက်ကိုသိရှိခဲ့တာကြောင့် ပွဲကစားဖို့ ငြင်းဆန် ခဲ့တာဖြစ်ပြီး UEFA ကလည်း ဒီပွဲကို ဖျက်သိမ်းတယ်လို့ အတည်ပြုခဲ့ပါတယ်။
ပွဲကိုဖျက်သိမ်းခဲ့ပေမယ့် ကစားသမားတွေနဲ့ ပရိသတ်တွေဟာ ဘေးကင်းရာကို မရွှေ့ပြောင်းခင် ကွင်းထဲမှာ အချိန်အကြာကြီးရှိနေခဲ့တာပါ။ ဆွီဒင်အသင်းပရိသတ်တွေဟာ မြို့ထဲကို ရဲတပ်ဖွဲ့နဲ့အတူ ထွက်ခွာသွားခဲ့သလို ဆွီဒင်အသင်းကလည်း ရဲတပ်ဖွဲ့ရဲ့ အစောင့်အကြပ်နဲ့ လေဆိပ်ကို သွားခဲ့ရတာဖြစ်ပါတယ်။

ဆွီဒင်အသင်းနည်းပြ အန်ဒါဆန်က “ကျနော်တို့ ပထမပိုင်းအပြီးဥမင်ထဲကို ရောက်ရှိလာချိန်မှာ ဒီသတင်းအချက် အလက်တွေကို ရရှိခဲ့တာပါ။ ဒါက လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ခဲ့ပေမယ့် အဝတ်လဲခန်းထဲမှာ အသင်းနဲ့ စကားပြော ခဲ့ပါတယ်။
သေဆုံးခဲ့တဲ့သူတွေနဲ့ သူတို့ရဲ့မိသားစုကို လေးစားမှုထားတဲ့အနေနဲ့ ဒီပွဲကို မကစားဖို့ ကျနော်တို့ ၁၀၀ ရာခိုင်နှုန်း သဘောတူခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။
၁ ဂိုးစီသရေကျခဲ့တဲ့ ပထမပိုင်းအပြီးမှာ ဒီပွဲကို ဖျက်သိမ်းခဲ့တာဖြစ်ပြီး ဆွီဒင်အသင်းခေါင်းဆောင် လင်ဒီလော့ဖ် ကတော့ ဘယ်လ်ဂျီယံအသင်းဟာ ခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်ပေမယ့် သူတို့အတွက် အခွင့်အရေး မရှိတော့ တာကြောင့် ဒီပွဲကို ပြန်ကစားဖို့ မလိုတော့ဘူးလို့ ပြောခဲ့ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 696
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ် ဟာ စပိန်ကလပ်တွေရဲ့ စိတ်ဝင်စားမှုကြောင့် စပိန်လာလီဂါထံ အပြီးသတ် ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ ဗြိတိန် မီဒီယာတွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းကနေ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခဲ့တဲ့ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ဂီတာဖေးအသင်းထံ အခုရာသီ အကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ၅ ပွဲ ပါဝင်ကစားခဲ့ပြီးနောက် ဆယ်လ်တာဗီဂိုအသင်းနဲ့ ၂ ဂိုးစီ သရေကျ ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေး အသင်းကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဂီတာဖေးအသင်းမှာ ပြသနေတဲ့ ဂရင်းဝုဒ်ရဲ့ စွမ်းဆောင်ရည်ကို လာလီဂါကလပ် အများအပြားက စောင့်ကြည့် နေကြပြီး ဒီအထဲမှာ ဆီဗီလာအသင်းက အဓိက စိတ်ဝင်စားနေပါတယ်။
ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်း ရှိနေတာကြောင့် ဆီဗီလာအသင်းဟာ ဒီအခြေအနေကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ဆီဗီလာအသင်းအနေနဲ့ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ ဂီတာဖေးအသင်းနဲ့ ပြိုင်ဆိုင်ရဖွယ် ရှိနေပါတယ်။

ဂရင်းဝုဒ်ကို တွေ့ရစဉ်
ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းမှာ ပျော်ရွှင်နေပြီး အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ နွေးထွေးစွာကြိုဆိုမှုကို ခံခဲ့ရတာကြောင့် ဂီတာဖေးအသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။
ယူနိုက်တက်အသင်းကလည်း ဂရင်းဝုဒ်ကို ရာသီအကုန်မှာ ပြန်ခေါ်ယူပြီး အသင်းရဲ့ လူစာရင်းမှာ ပြန်ထည့်သွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် ဂရင်းဝုဒ်ကတော့ အင်္ဂလန်ကို မပြန်ချင်တော့ဘဲ စပိန်မှာပဲ သူ့ရဲ့ကစားသမားဘဝကို ဖြတ်သန်းဖို့ အစီအစဉ်ရှိနေပါတယ်။
ဒီရာသီ စပိန်လာလီဂါပြိုင်ပွဲ ၉ ပွဲ ကစားထားပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ဂီတာဖေး အသင်းဟာ နိုင်ငံတကာပွဲစဉ်အပြီးမှာ ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 824
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
မက်ဆီဦးဆောင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ လာမယ့်နိုဝင်ဘာလထဲ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲ ၂ ပွဲ ကစားသွားမယ်လို့ ကြေညာသွားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပလေးအောဖ့်ဝင်ခွင့်လွဲချော်ခဲ့ပြီးနောက် အောက်တိုဘာ ၂၁ ရက်မှာ ချားလော့တ်အသင်းနဲ့ ကစားပြီး သူတို့ရဲ့ မေဂျာလိဂ်ရာသီကို အဆုံးသတ်မှာပါ။ အင်တာမိုင်ယာမီအသင်းဟာ နိုဝင်ဘာလထဲမှာ ပွဲကစားဖို့ မရှိတော့ပေမယ့် မက်ဆီအပါအဝင် ကစားသမားအချို့ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွေကစားဖို့ ရှိနေတာကြောင့် သူတို့ရဲ့ပုံစံကိုဆက်ပြီးထိန်းသိမ်းနိုင်ဖို့အတွက် မေဂျာလိဂ်ကလပ်က ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ တရုတ်စူပါလိဂ်အသင်းတွေဖြစ်တဲ့ Qingdao Hainiu၊ Chengdu Rongcheng အသင်းတို့နဲ့ နိုဝင်ဘာလ ၅ ရက်၊ ၈ ရက်တွေမှာ ခြေစမ်းပွဲယှဉ်ပြိုင်သွားမှာပါ။ အင်တာမိုင်ယာမီအသင်းကတော့ နယ်မြေသစ်မှာ သူတို့ရဲ့ လက်လှမ်းမီမှုကို ဆက်ပြီးချဲ့ထွင်နိုင်ဖို့အတွက် အလွန်စိတ်လှုပ်ရှားနေတယ်လို့ ပြောထားပါတယ်။
အင်တာမိုင်ယာမီအသင်းစီးပွားရေးအရာရှိချုပ် ဇာဗီယာက “ကျနော်တို့ ကလပ်အသင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ လက်လှမ်းမီမှုကို ဆက်ပြီးချဲ့ထွင်နိုင်ဖို့ အလွန်စိတ်လှုပ်ရှားနေပါတယ်။ ပရိသတ်အသစ်တွေထံရောက်ရှိပြီး ကျနော်တို့ရဲ့ စွန့်စားခန်းအသစ်ကို စတင်နိုင်ဖို့ စောင့်မျှော်နေပါတယ်”လို့ ပြောခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းကို မက်ဆီရောက်ရှိလာခဲ့တဲ့ ပြီးခဲ့တဲ့ဇူလိုင်လကတည်းက အသင်းရဲ့ ဆိုရှယ် မီဒီယာ တွေမှာ Followers တွေဟာ သိသိသာသာကို တိုးလာခဲ့သလို လိဂ်ဖလားချန်ပီယံဆုကိုလည်း ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် အင်တာမိုင်ယာမီအသင်းဟာ ပွဲဆက်တွေများလာပြီး မက်ဆီကလည်း ဒဏ်ရာတွေကြောင့် ပွဲ အများအပြားလွဲချော်ခဲ့လို့ ပလေးအောဖ့်ဝင်ခွင့်ဆုံးရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
Source:ChannelNewsAsia
- By CNI
- Category: အားကစား
- Hits: 867
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
စပိန်အသင်းဟာ နော်ဝေအသင်းနဲ့ ကစားခဲ့တဲ့ခြေစစ်ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲမှာ စပိန်အသင်းအတွက် တစ်လုံးထဲသော သွင်းဂိုးကို ဂါဗီက ပွဲချိန် ၄၉ မိနစ်မှာ သွင်းယူခဲ့တာပါ။ စပိန်အသင်း ဟာ ဒီနိုင်ပွဲကြောင့် ခြေစစ်ပွဲ ၆ ပွဲကစားအပြီးမှာ ရမှတ် ၁၅ မှတ်နဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ စပိန်အသင်းရဲ့ နိုင်ပွဲကြောင့် စကော့တလန်အသင်းလည်း ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာပါ။
နော်ဝေအသင်းအတွက်တော့ ခြေစစ်ပွဲအောင်မြင်နိုင်ဖို့အတွက် ပလေးအောဖ့်အဆင့်ကနေသာ မျှော်လင့်လို့ ရတောမှာ ဖြစ်ပါတယ်။ နော်ဝေအသင်းဟာ ယူရို ၂၀၀၀ ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ပြီးကတည်းက အဓိက ပြိုင်ပွဲတွေနဲ့ ဝေးကွာနေတာပါ။ နော်ဝေအသင်းအနေနဲ့ ပလေးအောဖ့်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရဖို့အတွက် အုပ်စု တတိယနေရာမှာ ဆက်ပြီးရပ်တည်ရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ခြေစစ်ပွဲအောင်မြင်နိုင်မယ့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။

စပိန်အသင်းနောက်ခံလူ ကာဗာဂျဲလ်က ယူရိုလက်မှတ်နဲ့အတူ အိမ်ကို ပြန်ရမှာဖြစ်တဲ့အတွက် ပျော်ရွှင်တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောခဲ့တာပါ။
ကာဗာဂျဲလ်က “ကျနော်တို့ ဒီကို အနိုင်ရဖို့လာခဲ့တာဖြစ်ပြီး အလွန်ပြီးပြည့်စုံတဲ့ပွဲတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်။ သူတို့က ကျနော်တို့ကို အခွင့်အရေးပေးခဲ့ပြီး ယူရိုလက်မှတ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်အိမ်ပြန်ကြတော့မှာပါ။ ဟာလန်းဘောလုံးလက်ခံတဲ့အချိန်မှာလည်း သက်သောင့်သက်သာရှိတဲ့ပုံစံမျိုးမဖြစ်အောင် ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဗဟိုခံစစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျနော်ချီးကျူးပါတယ်”လို့ပြောခဲ့ပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲကို အိမ်ရှင် ဂျာမနီအသင်းအပါအဝင် ဘယ်လ်ဂျီယံ၊ ပေါ်တူဂီ၊ ပြင်သစ်၊ စပိန်၊ စကော့တလန်နဲ့ တူရကီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိနေပြီဖြစ်ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1411
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆
ဘာစီလိုနာအသင်းက အပြီးသတ်ဝယ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာ တိုက်စစ်မှူး ဂျာအိုဖီးလစ်က စပိန်ကလပ်မှာ ကစားရတာပျော်ရွှင်တယ်လို့ ပြောလိုက်ပါတယ်။
ဂျာအိုဖီးလစ်က “ခင်ဗျားတို့ မြင်တွေ့နေရသလို ကျနော် ဘာစီလိုနာမှာပျော်ရွှင်တယ်၊ ကောင်းမွန်တဲ့ ခံစားမှုတွေ ရတယ်၊ ယုံကြည်မှုအပြည့်နဲ့ ကောင်းမွန်တဲ့အခိုက်အတန့်တွေကို ဖြတ်သန်းနေရတယ်လို့ ခံစားနေရပါတယ်။ ကျနော့်အတွက် အခက်အခဲဆုံးအရာက ကောင်းမွန်တဲ့အဆင့်ကို ဆက်ပြီးထိန်းထားနိုင်ဖို့ပါ။ ကျနော်ဟာ နေ့တိုင်း အလုပ်လုပ်နေပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ အရာတွေကိုပေးဖို့ အမြဲတမ်းကြိုးစားနေပါတယ်။ ကျနော် ဘာစီလိုနာ မှာ ပျော်ရွှင်နေပါတယ်”လို့ ပြောခဲ့တာပါ။
ဂျာအိုဖီးလစ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အသလက်တီကိုအသင်းကနေ ဘာစီလိုနာ အသင်းထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိ ကစားသမားဟာ ဘာစီလိုနာအသင်းအတွက် ၈ ပွဲပါဝင်ကစားထားအပြီးမှာ ၃ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့တာပါ။ ပေါ်တူဂီကစားသမားဟာ ဘာစီလိုနာအသင်းမှာကစားချင်တဲ့အတွက် လုပ်ခလစာအများကြီး လျှော့ယူပြီး လာရောက်ကစားနေတာဖြစ်ပါတယ်။

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီမှာ ဂျာအိုဖီးလစ်ကို အပြီးသတ်ဝယ်ယူနိုင်ဖို့အတွက် အသလက်တီကိုအသင်းထံ သင့်လျော်တဲ့ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ် လို့ ဖော်ပြထားတာပါ။ ဂျာအိုဖီးလစ်ဟာ ဘာစီလိုနာအသင်းထံ အပြီးသတ်ပြောင်းရွှေ့ချင်နေတာကြောင့် ဘာစီလိုနာအသင်းဟာ အသလက်တီကိုအသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းပြီး အဆင်ပြေရင် အပြီးသတ် ဝယ်ယူ နိုင်မှာဖြစ်ပါတယ်။
စပိန်လာလီဂါလက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ထိပ်ဆုံးနေရာက ရီးရယ်လ်အသင်းနဲ့ ၃ မှတ် အကွာ တတိယနေရာမှာ ရပ်တည်နေတာပါ။ ဘာစီလိုနာအသင်းဟာ အောက်တိုဘာ ၂၂ ရက်မှာ လာလီဂါ ပွဲစဉ်အဖြစ် ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:Goal
