- By CNI
- Category: အားကစား
- Hits: 653
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၁
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ဖိအားဒဏ်တွေ ခံစားနေရတဲ့ ဂိုးသမား အိုနာနာအနေနဲ့ အသင်းရဲ့ ဂန္ထဝင် ဂိုးသမားတွေဖြစ်တဲ့ ပီတာရှမိုက်ကယ်နဲ့ ဒီဂီယာတို့ဆီကနေ သင်ယူမှုတွေ ပြုလုပ်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကနေ ယုံကြည်မှုရယူနိုင်တယ်လို့ ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “ဒီဂီယာနဲ့ ပီတာရှမိုက်ကယ်တို့လို့ ယူနိုက်တက် ဂိုးသမားကြီးတွေကလည်း အစပိုင်းမှာ မကောင်း မွန်ခဲ့ပါဘူး။ အိုနာနာအနေနဲ့ ဒီသမိုင်းကြောင်းကို သိရတာကောင်းပါလိမ့်မယ်။ သူကသိသလို၊ ကျနော်တို့ကလည်း သိတဲ့အတွက် သူက အများကြီး ပိုကောင်းအောင် လုပ်ပါလိမ့်မယ်။ သူကလည်း ကြိုးစား နေတာ ဖြစ်တဲ့အတွက် ကျနော်တို့ဟာ သူနဲ့အတူ ပျော်ရွှင်မှုတွေ အများကြီး ရလာမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လကမှ ပေါင် ၄၇.၂ သန်းနဲ့ အင်တာမီလန် အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အိုနာနာဟာ ယူနိုက်တက် အသင်းမှာ ဝေဖန်မှုတွေ အပြင်းအထန် ခံနေရတာ ဖြစ်ပါတယ်။
ကင်မရွန်းဂိုးသမားဟာ ဒီရာသီအစပိုင်းမှာ ရလဒ်တွေဆိုးနေတဲ့ ယူနိုက်တက်အသင်းမှာ ပွဲတိုင်းလိုလို အမှားအယွင်းတွေ ပြုလုပ်ပြီး သွင်းဂိုးတွေ ခွင့်ပြုပေးနေရပါတယ်။
အိုနာနာဟာ ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးကတည်းက ပါဝင်ကစားထားတဲ့ ၁၁ ပွဲမှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်တာ ၃ ပွဲသာရှိခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်း ပရိသတ်တွေဟာ အိုနာနာကို ပွဲထွက်လူစာရင်းက ချန်လှပ်ပြီး ဒုတိယဂိုးသမား ကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖို့ တောင်းဆိုမှုတွေ ရှိနေကြပါတယ်။
နည်းပြ အဲရစ်တန်ဟတ်ကလည်း အိုနာနာရဲ့လက်ရှိပုံစံဟာ လုံလောက်မှု မရှိဘူးဆိုတာကို လက်ခံခဲ့ပေမယ့် မကြာခင်မှာ တိုးတက်မှုတွေ ရှိလာမှာ သေချာတယ်လို့ ပြောထားတာ ဖြစ်ပါတယ်။
ဒီရာသီပရီးမီးယားလိဂ် ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၁၂ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက် အသင်းဟာ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းမှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 827
ရီးရယ်လ်ကို ဂိုးသွင်းခဲ့ရင် ရာမို့စ်အောင်ပွဲခံမှာ မဟုတ်ဘူးလို့ ကာရက်စ်ကိုပြော
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀
ဆီဗီလာအသင်းဒုဥက္ကဋ္ဌ ကာရက်စ်ကိုက နောက်ခံလူ ရာမို့စ်အနေနဲ့ အသင်းဟောင်း ရီးရယ်လ်အသင်းဘက်ကို ဂိုးသွင်းခဲ့ရင် အောင်ပွဲခံမှာ မဟုတ်ဘူးလို့ထင်ကြောင်း ပြောခဲ့ပါတယ်။
ကာရက်စ်ကိုက “ကျနော်ကတော့ သူအောင်ပွဲခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျနော်သူ့ကို မမေးခဲ့ပေမယ့် ကျနော်ကတော့ သူအောင်ပွဲခံမှာ မဟုတ်ဘူးလို့ပဲ ထင်ပါတယ်။ သူဟာ ဆီဗီးလ်ကနေ ဒီမှာကြီးပြင်း လာခဲ့ပေမယ့် ဆီဗီလာနဲ့ ရီးရယ်လ်အသင်းက သူ့ရဲ့အိမ်နှစ်အိမ်ပါ”လို့ Radio Marca ကို ပြောခဲ့ပါတယ်။
ရာမို့စ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် အသင်း အများအပြားနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံးမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဆီဗီလာအသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းမှာ ရာမို့စ် ကစားခဲ့စဉ်
ရာမို့စ်ဟာ ရီးရယ်လ်အသင်းမှာ ၁၆ နှစ်ကြာ ကစားခဲ့ကာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေ အပါအဝင် ဆုဖလား အများအပြားကို ရယူနိုင်ခဲ့ပါတယ်။
ရာမို့စ်ဟာ ဒီနေ့မှာ ကစားမယ့် လာလီဂါပွဲစဉ်မှာတော့ အသင်းဟောင်း ရီးရယ်လ်အသင်းကို ဆီဗီလာအသင်းဂျာစီနဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာပါ။
ရာမို့စ်ဟာ ဆီဗီလာအသင်းထံ ပြန်ရောက်ချိန်မှာလည်း လျင်မြန်စွာ အသားကျခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ပွဲမှာ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာက လွဲပြီး ပါဝင်ကစားခွင့်ရတိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ပေးနေပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရာမို့စ်ဟာ အခုရာသီမှာ ဆီဗီလာအသင်းအတွက် ၄ ပွဲ ပါဝင်ကစားထားပါတယ်။
ဆီဗီလာအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ရလဒ်တွေဆိုးနေပြီး ၈ ပွဲကစားထားတာမှာ ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 676
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀
ဆော်ဒီဟာ ၂၀၃၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပချင်နေတယ်လို့ အမျိုးသမီးအသင်းရဲ့ နည်းစနစ် ဒါရိုက်တာက ပြောလိုက်ပါတယ်။
ဆော်ဒီအမျိုးသမီးအသင်း နည်းစနစ်ဒါရိုက်တာက “ဆော်ဒီမှာရှိတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အနာဂတ် က တောက်ပနေတယ်လို့ ယုံကြည်ပါတယ်။ သူတို့က အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပချင် နေတာ သိပါတယ်။ အဲ့ဒါကြောင့် ၂၀၃၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဘာကြောင့် မကျင်းပ နိုင် ရမှာလဲ။ အခုဆိုရင် ဒီပြိုင်ပွဲအတွက် အသင်းတစ်သင်း အဆင်သင့် ဖြစ်နေပြီ”လို့ ပြောခဲ့ပါတယ်။
ဆော်ဒီဟာ ၂၀၃၄ အမျိုးသား ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ထံ တရားဝင် လျှောက်လွှာတင်ထားပြီး ဖြစ်ပါတယ်။
လိင်တူလှုပ်ရှားမှုတွေကို တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ဆော်ဒီဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်တယ်ဆိုပြီး စွပ်စွဲခံထားရတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံအတွင်းမှာ အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ ရှိနေပါတယ်။

ဆော်ဒီ အမျိုးသမီးအသင်း လေ့ကျင့်နေစဉ်
ဆော်ဒီကတော့ ဝေဖန်မှုတွေ ခံနေရပေမယ့် ၂၀၂၆ AFC အမျိုးသမီး အာရှဖလားပြိုင်ပွဲကိုလည်း သြစတြေးလျနဲ့ အပြိုင် အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
ဆော်ဒီအမျိုးသမီး ဘောလုံးအသင်းကို ၂၀၂၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိသေးပါဘူး။
ဆော်ဒီအမျိုးသမီးအသင်းဟာ စက်တင်ဘာလက မလေးရှားအမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲကစားထားပြီး ၁ ဂိုး- ဂိုး မရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။
ဆော်ဒီဘောလုံးအဖွဲ့ချုပ် အကြီးအကဲက ၂၀၃၁ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရနိုင်ဖို့ စဉ်းစားနေတယ်လို့ ပြီးခဲ့တဲ့မေလက The Times ကို ပြောထားပါတယ်။
ဒါပေမယ့် ၂၀၂၇ ပြိုင်ပွဲကို ဂျာမနီ၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် အစီအစဉ် အောင်မြင်ခဲ့ရင်တော့ ၂၀၃၅ ပြိုင်ပွဲမှ အိမ်ရှင်အဖြစ် ကျင်းပနိုင်ဖို့ ဆော်ဒီအနေနဲ့ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 902
CNI Sport New
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀
ယူနိုက်တက်အသင်းရဲ့ပူးတွဲဥက္ကဋ္ဌ ဂျိုရယ်လ်ဂလေဇာဟာ အသင်းရဲ့ အစုရှယ်ယာအနည်းစုကို ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်ကို ရောင်းချပြီးရင်လည်း ဘောလုံးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေအပေါ် သြဇာလွှမ်းမိုးမှုရှိမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ရက်ကလစ်ဖ်နဲ့ သူ့ရဲ့ INEOS အစုအဖွဲ့ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၃ ဘီလီယံပေးချေ ဝယ်ယူပြီး အားကစားဘက်အခြမ်းကို တာဝန်ယူဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ဂျိုရယ်လ်ဂလေဇာဟာ ရက်ကလစ်ဖ်၊ INEOS အားကစားဒါရိုက်တာတို့နဲ့အတူ လူ ၃ ဦးကော်မတီမှာ ပါဝင်ကာ အသင်းရဲ့ ဆုံးဖြတ်ချက် တွေမှာ ဆက်လက်ပါဝင်ဖို့ ရှိနေတယ်လို့ The Times က ဖော်ပြထားပါတယ်။
ရက်ကလစ်ဖ်ရောက်ရှိလာတာနဲ့ အသင်းရဲ့ အားကစားဆိုင်ရာဆုံးဖြတ်ချက်တွေမှာ ပါဝင်နေတဲ့ ဂလေဇာမိသားစု ကို ဖယ်ရှားဖို့ မျှော်လင့်နေတဲ့ ယူနိုက်တက်အသင်းပရိသတ်တွေအတွက်တော့ ဒီသတင်းဟာ စိတ်ပျက်စရာ ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် ရက်ကလစ်ဖ်နဲ့ သူ့ရဲ့အဖွဲ့ရောက်ရှိလာမှုကြောင့် ဂလေဇာမိသားစုရဲ့ သြဇာလွှမ်းမိုးမှု တွေဟာ လျော့ကျသွားလိမ့်မယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာအနည်းစုကို ဝယ်ယူကြောင်း အဆိုပြုချက်ကို လာမယ့် ရက်ပိုင်းအတွင်း အတည်ပြုနိုင်မယ်လို့ မျှော်လင့်နေတာပါ။ ဒီလိုသာဖြစ်ခဲ့မယ်ဆိုရင် INEOS ဟာ ဇန်နဝါရီမှာ ယူနိုက်တက်အသင်းရဲ့ အားကစားဆိုင်ရာကိစ္စရပ်တွေကို စတင်ပြီး ထိန်းချုပ်လို့ ရမှာဖြစ်ပါတယ်။ ရက်ကလစ်ဖ် ဟာ အိုးထရက်ဖိုဒ့်ကွင်းကို ပြန်လည်တည်ဆောက်ရေးအတွက် ငွေကြေးတွေသုံးစွဲသွားဖို့ ရှိနေပြီး အားကစားကွင်း ကို ပရိသတ်ဦးရေ ၇၇,၀၀၀ ဝင်ဆံ့တာကနေ ၉၀,၀၀၀ ဝန်းကျင်အထိ တိုးချဲ့နိုင်ဖို့လည်း ရည်မှန်းထားတာပါ။
ရက်ကလစ်ဖ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းပရိသတ်တွေ သဘောကျ နှစ်သက်မယ့် အပြောင်းအရွှေ့တွေပြုလုပ်ပေးဖို့ အစီအစဉ်ရှိနေပြီး နောက်ပိုင်းမှာ အသင်းကို အလုံးစုံဝယ်ယူကာ ဂလေဇာမိသားစုထွက်ခွာသွားအောင်လုပ်ဖို့ ရှိနေတယ်လို့ ESPN က ဖော်ပြထားပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 709
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၀
အင်္ဂလန်အသင်း ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆု ကို နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့ပြီးနောက် အသင်းပရိတ်သတ်တွေရဲ့ အားပေးမှုကို ချီးကျူးသွားခဲ့ပါတယ်။
ဘယ်လင်ဂမ်က “ပရိသတ်တွေနဲ့ ဆက်ဆံရေးက အလွန်ထူးခြားပြီး သူတို့အတွက် ကစားရတာကို ဝမ်းသာပါ တယ်။ သူတို့တွေရဲ့ သီဆိုမှုတွေနဲ့ အော်ဟစ်သံတွေကို ကြားရတာနှစ်သက်ပြီး သူတို့တွေက ခွန်အားတွေ အများ ကြီးပေးပါတယ်။ ကျနော်ပုံစံကောင်းတွေနဲ့ စတင်ခဲ့တာကလည်း ဒီအကြောင်းရင်းကြောင့်ဖြစ်နိုင်ပါတယ်။ ကျနော် တို့ အတူတကွ အမှတ်တရ ကောင်းတွေကို ဆက်ပြီးဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ကလပ်ရဲ့ မီဒီယာကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီက ဒေါ့မွန်အသင်းကနေ ယူရို ၁၀၃ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်း အတွက် ကစားထားတဲ့ ၁၀ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။

ဘယ်လင်ဂမ်ကို တွေ့ရစဉ်
ဘယ်လင်ဂမ်ဟာ ဒီလိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ရီးရယ်လ်အသင်းရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့ပါတယ်။
ဘယ်လင်ဂမ်က သူ ဒီလိုခြေစွမ်းပြသနိုင်ခဲ့တာဟာ အသင်းပရိသတ်တွေရဲ့ သက်ရောက်မှုကြောင့်လို့ ဆုယူအပြီး မှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဘယ်လင်ဂမ်က ဘာနေဗျူးမှာ ကစားရတာကို အလွန်နှစ်သက်ပြီး သူ့ရဲ့ အိပ်မက် အမှန်တကယ် ဖြစ်ခဲ့တယ်လို့ ထပ်ပြီးပြောခဲ့ပါတယ်။
ဘယ်လင်ဂမ်က “ဒီအိပ်မက်က အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။ ဒီမှာကစားရတာက ကျနော်တွေးထားတာ ထက်ကို ပိုပြီးကောင်းပါတယ်။ လေ့ကျင့်ရေးနဲ့ ပွဲကစားချိန်တွေမှာလည်း အချိန်တိုင်းပျော်ရွှင်နေပြီး ဒီအတိုင်း ဆက်ရှိနေဖို့လည်း မျှော်လင့်တယ်”လို့ ပြောခဲ့ပါတယ်။
ဒီရာသီ လာလီဂါပြိုင်ပွဲရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ ရီးရယ်လ်အသင်းဟာ အောက်တိုဘာ ၂၁ ရက်မှာ ဆီဗီလာအသင်းနဲ့ လိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲအပြီးမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စပို့တင်းဘရာဂါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 647
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉
ချယ်လ်ဆီးနဲ့ ရီးရယ်လ်အသင်းကစားသမားဟောင်း ဟာဇက်က ဘောလုံးကစားရတာမပျော်ရွှင်တော့သလို ပိုက်ဆံအတွက်တခြားနေရာမှာ သွားကစားလိုခြင်းမရှိတော့တဲ့အတွက် ကစားသမားဘဝက အနားယူခဲ့တာလို့ ပြောလိုက်ပါတယ်။
ဟာဇက်က “ဘောလုံးကစားရတာ မပျော်ရွှင်တော့ဘူးဆိုရင် ရပ်လိုက်မယ်လို့ ကျနော်အမြဲတမ်းပြောခဲ့ဖူးပါတယ်။ ပိုက်ဆံရဖို့အတွက်တခြားနေရာကို သွားပြီးလည်းမကစားချင်တော့ပါဘူး။ ဒါဟာ အကောင်းဆုံးဖြေရှင်းချက် ဖြစ်ခဲ့ပါတယ်။ လေ့ကျင့်ရတာမပျော်ရွှင်တော့တဲ့အတွက် ကစားလည်းမကစားချင်ပါဘူး။ ဒါကရိုးရှင်းတဲ့ ဆုံးဖြတ်ချက်ပါ။ အရာရာကိုရှင်းပြလို့မရပါဘူး” လို့ L'Avenir ကို ပြောခဲ့တာပါ။
အသက် ၃၂ နှစ်အရွယ်ရှိ ဟာဇက်ဟာ ရီးရယ်လ်အသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို နှစ်ဦးသဘောတူ တစ်နှစ် စောပြီးဖျက်သိမ်းကာ ပြီးခဲ့ရာသီအကုန်မှာ စပိန်ကလပ်ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဟာဇက်ဟာ ရီးရယ်လ် အသင်းက ထွက်ခွာခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုတွေခံခဲ့ရပေမယ့် ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဟာဇက်ဟာ ကစားသမားဘဝက အနားယူခဲ့ပြီးနောက် ပရဟိတပွဲတစ်ပွဲမှာ ဝင်ရောက်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဟာဇက်ဟာ ရီးရယ်လ်အသင်းမှာ ကစားခဲ့တဲ့ ၄ ရာသီအတွင်း ပွဲပေါင်း ၇၆ ပွဲသာပါဝင်ကစားနိုင်ခဲ့ပြီး ၇ ဂိုးသွင်းယူခဲ့ကာ ပွဲကစားချိန်ထက် ဒဏ်ရာကြောင့် အနားယူခဲ့ရတာက ပိုပြီးများခဲ့တာပါ။ အသက် ၃၂ နှစ်အရွယ်ရှိ ကစားသမားဟာ ရီးရယ်လ်အသင်းနဲ့အတူ လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကိုပါဒယ်ရေးဖလားတို့ကို ၁ ကြိမ်စီရယူနိုင်ခဲ့ပါတယ်။
ဟာဇက်ဟာ ကစားသမားဘဝမှာ ရီးရယ်လ်အသင်းအပြင် ချယ်လ်ဆီးနဲ့ လိုင်လီအသင်းတွေမှာ ကစားခဲ့ပြီး ဒီအသင်းတွေမှာလည်း ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တာပါ။ ဘယ်လ်ဂျီယံကစားသမားဟောင်းဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် ၂ ကြိမ်စီ၊ FA ဖလား၊ လိဂ်ဖလားတို့ကိုရယူနိုင်ခဲ့ပြီး လိုင်လီအသင်းနဲ့ လီဂူးဝမ်း၊ ပြင်သစ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 693
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉
လီဗာပူးလ်နဲ့ အီဂျစ်တိုက်စစ်မှူး ဆာလတ်က အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ ဂါဇာကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ချက်ချင်းပေးဖို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ တောင်းဆို သွားခဲ့ပါတယ်။
ဆာလတ်က “ဒီလိုအချိန်မှာ ပြောရတာက မလွယ်ကူပါဘူး။ ဘဝအားလုံးဟာ မြင့်မြတ်ပြီး ကာကွယ်ရမှာပါ။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့လိုအပ်ပြီး မိသားစုတွေဟာ ပြိုကွဲနေကြပါတယ်။ ဂါဇာကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ချက်ချင်းပေးရမယ်ဆိုတာ ရှင်းနေပါတယ်။ လူတွေက ကြောက်စရာကောင်းတဲ့ အခြေအနေမှာရှိနေပြီး ဆေးရုံမြင်ကွင်းတွေကလည်း တကယ်ကို ကြောက်ဖို့ ကောင်းပါ တယ်။ ဂါဇာမှာရှိတဲ့ လူတွေအတွက် စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်”လို့ ပြောခဲ့ပါတယ်။
အင်္ဂါနေ့ညက ဂါဇာရှိ ဆေးရုံတစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောထားပါတယ်။
Al-Ahli Arab ဆေးရုံမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်တယ်လို့ ပါလက်စတိုင်းဘက်က ပြောခဲ့တာ ဖြစ်ပါတယ်။

ဂါဇာတိုက်ခိုက်ခံရမှုကို တွေ့ရစဉ်
ဂါဇာမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၄,၀၀၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဆာလတ်က ကမ္ဘာ့ခေါင်းဆောင်တွေ အတူတကွစည်းလုံးပြီး အပြစ်မဲ့တဲ့သူတွေကို နောက်ထပ် သတ်ဖြတ်ခြင်းကနေ တားဆီးပေးဖို့နဲ့ လူသားဆန်မှုကသာ အောင်နိုင်ရမယ်လို့ ထပ်ပြီး ပြောခဲ့ပါတယ်။
ဒီတစ်ပတ်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဒီအဖြစ်အပျက်တွေကြောင့် သေဆုံးခဲ့ကြတဲ့ အပြစ်မဲ့သူတွေကို ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် အနက်ရောင်လက်ပတ်ကို ကစားသမားတွေက ဝတ်ဆင်သွားကြမှာပါ။
ပရီးမီးယားလိဂ်ကတော့ အပြစ်မဲ့တဲ့ သူတွေအပေါ် ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
Source: Daily Mail
- By CNI
- Category: အားကစား
- Hits: 1101
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉
ဘရာဇီးလ်အသင်းတိုက်စစ်မှူး နေမာဟာ ဒူးအရွတ်ဒဏ်ရာနဲ့ ဘယ်ဘက်ဒူးအတွင်းအရိုးနုကို ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တဲ့အတွက် အခုရာသီအကုန်ထိ အနားယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။
နေမာဟာ ဘရာဇီးလ်အသင်းက ဥရုဂွေးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်)ပွဲစဉ်ရဲ့ ပထမပိုင်းမပြီးခင်မှာ ဒဏ်ရာရရှိသွားခဲ့တာပါ။ နေမာဟာ ခွဲစိတ်ကုသမှုကြောင့် ကာလရှည်ကြာအနားယူရဖွယ်ရှိတဲ့အတွက် ဘရာဇီးလ်အတွက်ရော အယ်လ်ဟီလယ်အသင်းအတွက်ပါ ကြီးမား တဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ နေမာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ ပီအက်စ်ဂျီအသင်းကနေ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ ဘရာဇီးလ်တိုက်စစ်မှူးဟာ အယ်လ်ဟီလယ်အသင်းအတွက် ၅ ပွဲသာပါဝင်ကစားပေးထားရတာဖြစ်ပြီး အခုအချိန်မှာ ခွဲစိတ်မှုခံယူရမှာဖြစ်လို့ အသင်းရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲနဲ့ အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး သူတို့ရဲ့ အဓိကတိုက်စစ်မှူး နေမာမပါဝင်ဘဲ ဒီပွဲစဉ် တွေကို ကစားရတော့မှာပါ။

နေမာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး ပီအက်စ်ဂျီအသင်းမှာကစားခဲ့တဲ့ နောက်ဆုံးနှစ် ရာသီမှာ မတူညီတဲ့ခြေကျင်းဝတ်ဒဏ်ရာတွေကြောင့် လပေါင်းများစွာ အနားယူခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် နေမာဟာ ဘရာဇီးလ်အသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ ရခဲ့တဲ့ဒဏ်ရာကြောင့် အုပ်စုနောက်ဆုံးနှစ် ပွဲကို လွဲချော်ခဲ့တာပါ။ နေမာဟာ ကစားသမားကောင်းတစ်ဦးဖြစ်ပေမယ့် ဒဏ်ရာတွေနှိပ်စက်မှုကြောင့် ကမ္ဘာ့ အကောင်းဆုံးဆုတွေနဲ့ ဝေးကွာနေရတာဖြစ်ပါတယ်။
နေမာအနေနဲ့ လက်ရှိဒဏ်ရာအခြေအနေကနေ အမြန်ဆုံးပြန်လည်မကောင်းမွန်လာဘူးဆိုရင် လာမယ့် နွေရာသီ မှာကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်နိုင်ဖို့ အခက်တွေ့နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source:DailyMail
- By CNI
- Category: အားကစား
- Hits: 916
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ ပီရူးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် အာဂျင်တီးနားအသင်းဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်ဖို့ နီးစပ်နေပြီလို့ အသင်းခေါင်းဆောင် မက်ဆီက ပြောလိုက်ပါတယ်။
မက်ဆီက “ဒီအသင်း မယုံနိုင်လောက်ဖွယ် ကောင်းမွန်ပြီး သူတို့ကစားတိုင်းမှာ သူတို့ဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးဖြစ်ဖို့ အလွန်နီးစပ်နေပါပြီ။ ကမ္ဘာ့ဖလားရယူပြီးနောက် ကျနော်တို့ဟာ ယုံကြည်မှုတွေ ပိုရှိလာသလို ပိုစည်းလုံးပြီး ခိုင်လည်းခိုင်မာလာခဲ့ပါတယ်။ ကျနော်တို့ ဆက်ပြီးတိုးတက်နိုင်ဖို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။
ပီရူးအသင်းနဲ့ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ၂ ဂိုးစလုံး သွင်းယူခဲ့တဲ့ မက်ဆီဟာ တောင်အမေရိကဇုန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲသမိုင်းမှာ ဂိုးအများဆုံး သွင်းယူထားသူအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

မက်ဆီနဲ့ အာဂျင်တီးနား အသင်းကစားဖော်တွေကိုတွေ့ရစဉ်
မက်ဆီဟာ အရင်က ဥရုဂွေးလက်ရွေးစင် အသင်းရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း ဆွာရက်ဇ်နဲ့ ၂၉ ဂိုးစီ တူညီ နေခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ပီရူးအသင်းနဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ၃၁ ဂိုးနဲ့ စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး ဥရုဂွေး၊ ဘရာဇီးလ်၊ ဗင်နီဇွဲလားအသင်းတို့ထက် ၅ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဟာ နိုဝင်ဘာလထဲမှာ ဥရုဂွေး၊ ဘရာဇီးလ်အသင်းတို့နဲ့ ခြေစစ်ပွဲတွေ ဆက်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မက်ဆီဟာ ပီရူးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ချားလော့အသင်းနဲ့ ကစားမယ့် အင်တာမိုင်ယာမီအသင်းထံ သွားရောက် ပူးပေါင်းရမှာပါ။
အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ရာသီ နောက်ဆုံးပွဲစဉ် ကစားအပြီး နိုဝင်ဘာလထဲမှာ တရုတ်နိုင်ငံကို သွားရောက်ကာ ခြေစမ်းပွဲ ၂ ပွဲကစားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
Source: Goal
- By CNI
- Category: အားကစား
- Hits: 889
CNI Sport News
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈
ဒတ်ချ်တောင်ပံကစားသမား အယ်လ်ဂါဇီဟာ အစ္စရေး-ဂါဇာ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ ပို့စ်ကြောင့် မိန့်ဇ်အသင်းက သူ့ကို ပွဲကစားခွင့်နဲ့ လေ့ကျင့်ခန်း ဆင်းခွင့် ဆိုင်းငံ့လိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ အယ်လ်ဂါဇီဟာ ဒီပို့စ်ကို ဖျက်ခဲ့ပေမယ့် မိန့်ဇ်အသင်းကတော့ ဒီလိုလုပ်ရပ်ကို လက်ခံနိုင် စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။
အယ်လ်ဂါဇီဟာ မိန့်ဇ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘွန်ဒစ်လီဂါပွဲစဉ် ၃ ပွဲ ပါဝင် ကစားထားတာ ဖြစ်ပါတယ်။
မိန့်ဇ်အသင်းဟာ အယ်လ်ဂါဇီကို ပွဲကစားခွင့်နဲ့ လေ့ကျင့်ခန်း ဆင်းခွင့်ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် မချခင်မှာ ကလပ်နဲ့ ကစားသမားတို့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

မိန့်ဇ်အသင်း ကစားသမား အယ်လ်ဂါဇီကို တွေ့ရစဉ်
ဒါ့အပြင် ဘိုင်ယန်မြူးနစ် အသင်းကလည်း ပါလက်စတိုင်းလိုလားတဲ့ ဗွီဒီယိုကို အင်စတာဂရမ်မှာ မျှဝေခဲ့တဲ့ မော်ရိုကို လက်ရွေးစင် မက်ဇာအိုရီနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ အင်စတာဂရမ်ပို့စ်ကြောင့် မက်ဇာအိုရီကို ချက်ချင်း ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး ကစားသမားဟာ နိုင်ငံအသင်းအတွက် ကစားပြီး ပြန်လာချိန်မှာ ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရဖို့ ရှိနေပါတယ်။
BBC Sport က ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဘိုင်ယန်မြူးနစ်နဲ့ မိန့်ဇ်အသင်းတို့ကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြင်သစ်လီဂူးဝမ်းကလပ် နိုက်စ်အသင်း နောက်ခံလူ ယူဆက်ဖ်ကလည်း အစ္စရေး-ဂါဇာ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဂျူးလူမျိုး ဆန့်ကျင်တဲ့ ဗွီဒီယိုဖိုင် တင်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရကာ လက်ရှိအချိန်မှာ ပြင်သစ် အစိုးရရှေ့နေတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရတာ ဖြစ်ပါတယ်။
Source: BBC
