CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆

လူတန်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် နောက်ကျ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို နည်းပြ အာတီတာက ချီးကျူးသွားခဲ့ပါတယ်။

အာတီတာက “ဒီကလန်ရိုက်စ်ဟာ အသင်းအတွက် ကြီးမားတဲ့ သက်ရောက်မှုတွေ ပြုလုပ်ပေးနေပြီး ဒီလို အခိုက်အတန့်တွေက တကယ်ကို ထူးခြားပါတယ်။ သူ့မှာရှိတဲ့ အရည်အသွေးတွေ၊ အရှိန်အဝါတွေက ဒီလို အခိုက်အတန့်တွေကို ဖန်တီးပေးပြီး ဒါက သူ့ကို ပိုပြီးယုံကြည်မှု ပေးပါလိမ့်မယ်”လို့ Amazon Prime ကို ပြောခဲ့ပါ တယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဝက်စ်ဟမ်းအသင်းကနေ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဒီကလန်ရိုက်စ်ဟာ လူတန်အသင်းနဲ့ပွဲစဉ်ရဲ့ ပွဲချိန် ၉၇ မိနစ်မှာ အာဆင်နယ်အသင်း အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် အာဆင်နယ်အသင်းဟာ လူတန်အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရပြီး လီဗာပူးလ်အသင်း ပွဲမကစားခင် အချိန်အထိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၅ မှတ်အသာနဲ့ ဆက်လက် ဦးဆောင်နေခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ဒီပွဲမှာ အမှားအယွင်း ၂ ခုပြုလုပ်ခဲ့တဲ့ ဂိုးသမား ဒေးဗစ်ရာယာကို အပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ 

အာတီတာကို တွေ့ရစဉ်

အာဆင်နယ်အသင်း ပရိသတ်တွေက ဒေးဗစ်ရာယာရဲ့ အမှားတွေကြောင့် ရမ်စဒေးလ်ကို ပွဲထွက်ဂိုးသမားအဖြစ် ပြန်အသုံးပြုဖို့ ဆိုရှယ်မီဒီယာတွေကနေ တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။

အာတီတာက “အသင်းအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ကာကွယ်နိုင်ရပါမယ်။ ဒေးဗစ်ရာယာကို အပြစ်တင်သွားမှာ မဟုတ်ပါဘူး။ ကျနော်တို့အရင်က ဒီလိုမလုပ်ခဲ့သလို အခုလည်း လုပ်သွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ သွင်းဂိုး အများအပြားကို ပိုပြီးကောင်းမွန်အောင် ကာကွယ်နိုင်မယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့ပါ တယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ဒက်ကလန်ရိုက်စ် အနိုင်ဂိုး သွင်းယူပြီးနောက် အောင်ပွဲခံပုံကြောင့် အဝါကတ် ပြသခံခဲ့ရတဲ့အတွက် လာမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ကိုင်တွယ်လို့ ရမှာ မဟုတ်တော့ပါဘူး။ 

အာတီတာဟာ ဒီရာသီမှာ အဝါကတ် ၃ ကြိမ် ပြသခံခဲ့ရတာကြောင့် ၁ ပွဲပယ် ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

Source: The Athletic