- By CNI
- Category: အားကစား
- Hits: 462
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉
ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်ကို ဝယ်ယူဖို့အတွက် ပြိုင်ဆိုင်မှုမှာ အနိုင်ရခဲ့ရင် ဆိုးလ်ရှားကို ကလပ်အသင်းရဲ့ အခန်းကဏ္ဍတစ်ခုမှာ နေရာပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်အသင်းကို ဝယ်ယူဖို့အတွက် နောက်ဆုံးအကြိမ် လေလံတင်သွင်းမှု ပြုလုပ် ခဲ့ပြီးနောက် အသင်းပိုင်ရှင် ဖြစ်လာဖို့ မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့ပါတယ်။
အစောပိုင်းက ရက်ကလစ်ဖ်ဟာ ဂလေဇာ မိသားစုကို အသင်းရဲ့ အစုရှယ်ယာရှင်အဖြစ် အသင်းမှာ ဆက်နေဖို့ အခွင့်အရေး ပေးတာကြောင့် အသင်းပိုင်ရှင်သစ် ဖြစ်လာဖို့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ရှိတ်ဂျာဆင်မ်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုဟာ ယူရို ၅ ဘီလီယံ ဝန်းကျင်ရှိတဲ့အတွက် ရေပန်းစားမှုဟာ ပြောင်းလဲသွားခဲ့ပါတယ်။
ကာတာဘဏ် လုပ်ငန်းရှင်ဟာ 92 ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး ဗြိတိန်ကုမ္ပဏီအဖြစ် ပြီးခဲ့တဲ့အပတ်က စာရင်းသွင်းခဲ့တာ ဖြစ်ပါတယ်။ ရှိတ်ဂျာဆင်မ်ဟာ ယူနိုက်တက်ကို ဝယ်ယူနိုင်ခဲ့ရင် အိုးထရက်ဖို့ဒ်မှာ ကလပ် အသင်းရဲ့ ဂန္တဝင်တွေ ပါဝင်နိုင်ဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။
ရှိတ်ဂျာဆင်မ်နဲ့ ရက်ကလစ်ဖ်ကိုတွေ့ရစဉ်
အဲဒါကြောင့် ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ ဆိုးလ်ရှားဟာ အသင်းထံ ပြန်လာဖို့ ရှိနေတယ်လို့ မေရာသတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
နော်ဝေလူမျိုး နည်းပြဟာ အသင်းရဲ့ ရလဒ်ပိုင်း ဆိုးရွားမှုကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ယူနိုက်တက် အသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ် ခံထားရတာပါ။
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့အချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင် နိုင်ခဲ့ပေမယ့် နောက်ဆုံးရာသီမှာတော့ ရလဒ်ပိုင်း ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းမှာ ကစားသမားအဖြစ် ၁၀ နှစ်ကြာရှိခဲ့ပြီး အသင်းရဲ့ ဂန္တဝင်အဖြစ် သတ်မှတ် ခံခဲ့ရတာပါ။
အသက် ၅၀ အရွယ်ရှိ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့လက The Athletic နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ယူနိုက်တက် အသင်းထံ ပြန်လာချင်တဲ့ သူ့ရဲ့ စိတ်ကူးကို ပြောခဲ့သေးပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းက ထုတ်ပယ်ခံရပြီးကတည်းက ဘယ်အသင်းကိုမှ မကိုင်တွယ် ရသေးတာ ဖြစ်ပါတယ်။
Source: Metro

- By CNI
- Category: အားကစား
- Hits: 564
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉
စပိန်အသင်းဟာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ခရိုအေးရှားအသင်းနဲ့ ကစားခဲ့တာမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။
ပွဲချိန်အတွင်းရော အချိန်ပိုမှာပါ ဂိုးမရှိ သရေကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့တာမှာ စပိန်အသင်းက ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပင်နယ်တီ အဆုံးအဖြတ်မှာ စပိန်အသင်းဘက်က လာပေ့ါ တစ်ဦးသာ ဂိုးမဝင်ခဲ့ဘဲ ခရိုအေးရှားအသင်း ဘက်မှာ တော့ မိုင်ယာနဲ့ ပတ်ကိုဗစ်တို့က ဂိုးမဝင်ခဲ့လို့ စပိန်အသင်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် စပိန်အသင်းဟာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။
စပိန်အသင်းအတွက်တော့ နေးရှင်းလိဂ်ဖလားကို ရယူနိုင်ခဲ့တာဟာ ယူရို ၂၀၁၂ နောက်ပိုင်း ၁၁ နှစ်အကြာမှ ပထမ ဆုံးအကြိမ် အဓိကဆုဖလားကို ပြန်လည် ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါအပြင် စပိန်အသင်းဟာ ပြင်သစ်အသင်း ပြီးနောက် ကမ္ဘာ့ဖလား၊ ဥရောပချန်ပီယံဖလားနဲ့ နေးရှင်းလိဂ်တို့ကို ရယူနိုင်တဲ့ ဒုတိယမြောက် အသင်းအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
စပိန်နဲ့ခရိုအေးရှား ယှဉ်ပြိုင်နေစဉ်
မန်စီးတီးအသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့ပြီး စပိန်အသင်းနဲ့လည်း နေးရှင်းလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ ရိုဒရီကတော့ အသင်းရဲ့ နိုင်ပွဲအတွက် ပျော်ရွှင်သလို လူငယ်မျိုးဆက် ကစားသမား တွေအတွက် ဒါဟာ ဆုဖလားအောင်မြင်မှု အစလို့ ပြောခဲ့ပါတယ်။
ရိုဒရီက “ဆုဖလား ရယူနိုင်ခဲ့လို့ အလွန်ပျော်ရွှင်ပေမယ့် ဒါဟာ ခက်ခဲလွန်းတဲ့ပွဲပါ။ ဒီလိုမျိုးလုပ်ဆောင်ရတာက အလွန်ခက်ပါတယ်။ ဒီမျိုးဆက်တွေက ကတိတွေ အများကြီး ပေးထားပါတယ်။ ကျနော်တို့ စိတ်ဓါတ်တွေ အလွန် သန်မာခဲ့ပြီး တိုးတက်မယ့် အရာတွေ ရှိပါသေးတယ်။ ဒါပေမယ့် နိုင်ပွဲရရှိတာက အမြဲတမ်းကောင်းမွန်ခဲ့ပြီး ကျနော်တို့ အောင်ပွဲခံရမယ်”လို့ ပြောခဲ့ပါတယ်။
ခရိုအေးရှားနဲ့ အသင်းခေါင်းဆောင် မိုဒရစ်တို့ အတွက်တော့ ဆုဖလားရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် မရယူနိုင်ခဲ့လို့ စိတ်ပျက်နေတာပါ။
ခရိုအေးရှား အသင်းဟာ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်မှာလည်း ဒုတိယနဲ့ တတိယသာ ရရှိခဲ့ပြီး အခု နေးရှင်းလိဂ်မှာလည်း ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ခရိုအေးရှားနည်းပြ ဒါလစ်ကတော့ အရေးနိမ့်ခဲ့ပေမယ့် သူတို့လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေအတွက် ဂုဏ်ယူရမယ်လို့ ပြောခဲ့ပါတယ်။
ဒါလစ်က “ကျနော်တို့ဟာ ဆုတံဆိပ်တစ်ခုပြီး တစ်ခု ရယူနိုင်ခဲ့ပါတယ်။ ဒါက တကယ့်ကို ကြီးကျယ်တဲ့အရာပါ။ ခရိုးအေးရှားအတွက် ဆုတံဆိပ် ၃ ခု ရယူနိုင်ခဲ့တာက အလွန်ကောင်းပါတယ်။ ဒါက ခရိုအေးရှားမှာ အလားအလာ တွေ အများကြီး ရှိတယ်ဆိုတာကို ပြသတာပါ။ ရှုံးလို့စိတ်ပျက်ပေမယ့် လုပ်နိုင်ခဲ့တဲ့အရာတွေအတွက် ဂုဏ်ယူသင့် တယ်”လို့ ပြောခဲ့ပါတယ်။
Source: BBC/ CNA
- By CNI
- Category: အားကစား
- Hits: 470
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇
ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားတဲ့ လူကာကူဟာ အင်တာမီလန်အသင်းထံ ဒုတိယအကြိမ်မြောက် အငှားနဲ့ သွားရောက်ကစားမှာကို ချယ်လ်ဆီးအသင်းက ပိတ်ပင်ထားတာကြောင့် ဒေါသထွက်နေတယ်လို့ သိရ ပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီးနောက် အင်တာမီလန်အသင်းထံ ဒုတိယအကြိမ်မြောက် အငှားနဲ့ပြောင်းရွှေ့ဖို့ မျှော်လင့်နေတယ်လို့ The Telegraph က ဖော်ပြထားတာပါ။ ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေဟာ လူကာကူကို ဆန်စီရိုထံ ပြန်လာခွင့်မပေးချင်တဲ့ ဆန္ဒ တွေကြောင့် ကစားသမားက စိတ်ပျက်ပြီး ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။
လူကာကူဟာ ပြီးခဲ့တဲ့ နွေရာသီက ချယ်လ်ဆီးအသင်းကနေ အင်တာမီလန်အသင်းထံ အငှားနဲ့ လာရောက် ကစား ခဲ့တာဖြစ်ပြီး စီးရီးအေကလပ်အတွက် ပြိုင်ပွဲစုံ ၁၄ ဂိုးသွင်းယူကာ အသင်းကို ကိုပါအီတာလီယာဖလား ချန်ပီယံနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အင်တာမီလန် အသင်းမှာပဲ ဆက်ပြီးကစားချင်ပေမယ့် လန်ဒန်ကလပ်က အင်တာမီလန်ဂိုးသမား အိုနာနာကို ခေါ်ယူချင်နေတာ ကြောင့် ရှုပ်ထွေးမှုတွေ ရှိလာနိုင်တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အခု နွေရာသီအပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဗီလာရီးရယ်လ်အသင်းက ဂျက်ဆင်ကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၅ သန်းပေးကာ ခေါ်ယူနိုင်ဖို့ နီးစပ်နေတာပါ။ အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ အသင်းက ထွက်ခွာချင်နေတဲ့ လူကာကူကို ထွက်ခွာခွင့်မပြုခင် ဗီလာ ရီးရယ်လ် ကစားသမားကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
လူကာကူဟာ သူ့ရဲ့ကစားသမားဘဝ အောင်မြင်မှုတွေရှိတဲ့ အင်တာမီလန်အသင်းထံပဲ ပြန်သွားချင်နေပြီး အီတလီ ကလပ်ကလည်း အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ချင်နေတာ ပါ။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရလဒ်တွေဆိုးခဲ့တာကြောင့် နည်းပြ ပိုချက်တီနိုဟာ အသင်းကို လာမယ့်ရာသီအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့အတွက် အသင်းက ကစားသမားအချို့ကို ရောင်းချဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
Source:Goal

- By CNI
- Category: အားကစား
- Hits: 452
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇
ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင် ယှဉ်ပြိုင်မယ့် မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် ကို သြဂုတ်လ ၆ ရက်မှာ ကျင်းပသွားမယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က အတည်ပြုလိုက်ပါတယ်။
ကွန်မြူနတီဒိုင်းပြိုင်ပွဲကို ပရီးမီးယားလိဂ် ချန်ပီယံနဲ့ FA ဖလား ချန်ပီယံတို့ ယှဉ်ပြိုင် ကစားကြတာဖြစ်ပြီး မနှစ်က ရာသီမှာ မန်စီးတီးအသင်းက ဒီဆုဖလား ၂ ခုစလုံးကို ရယူနိုင်ခဲ့ပါတယ်။
အဲဒါကြောင့် ပရီးမီးယားလိဂ်မှာ ဒုတိယနေရာ ရခဲ့တဲ့ အာဆင်နယ်အသင်းက မန်စီးတီးအသင်းနဲ့ လာမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မကြာသေးခင်က ၂၀၂၃-၂၄ ရာသီအတွက် ပရီးမီးယားလိဂ် ပွဲစဉ်ဇယားတွေကို ထုတ်ပြန်ပြီးနောက် ကွန်မြူနတီဒိုင်း ကစားမယ့် နေ့ရက်ပါ ထွက်ပေါ်လာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်က ကွန်မြူနတီဒိုင်း ပြိုင်ပွဲကို လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အာဆင်နယ်နဲ့ မန်စီးတီးအသင်း ယှဉ်ပြိုင်နေစဉ်
ဒီနှစ်မှာတော့ ကွန်မြူနတီဒိုင်း ပြိုင်ပွဲကို ပုံမှန်ကျင်းပနေကျ ဝင်ဘာလေကွင်းမှာ အမျိုးသမီး ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲ ဗိုလ်လုပွဲ ကစားမှာဖြစ်လို့ လက်စတာအသင်းရဲ့ ကင်းပါဝါကွင်းမှာပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အဲဒီပွဲမှာတော့ လီဗာပူးလ်အသင်းက ၃ ဂိုး-၁ ဂိုးနဲ့ မန်စီးတီးအသင်းကို အနိုင်ရခဲ့တာဖြစ်ပြီး အခုနှစ် ကွန်မြူနတီ ဒိုင်းကို ဝင်ဘာလေကွင်းမှာ ပြန်လည်ကျင်းပမှာပါ။
ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းကတော့ ယူနိုက်တက် အသင်းဖြစ်ပြီး ၂၁ ကြိမ် ဗိုလ်စွဲထားကာ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့က ၁၆ ကြိမ်စီနဲ့ ဒုတိယ၊ တတိယ နေရာတွေမှာ ရပ်တည်နေတာပါ။
မန်စီးတီးကတော့ ၆ ကြိမ်သာ ဗိုလ်စွဲထားပြီး နောက်ဆုံးရရှိခဲ့တာက ၂၀၁၉ ဖြစ်တယ်လို့ အချက်အလက်တွေအရ သိရပါတယ်။
လာမယ့်ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို သြဂုတ်လ ၁၁ ရက်မှာ လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ ချန်ပီယံရှစ် ကနေ တန်းတက်လာတဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲစဉ်နဲ့ စတင်မှာ ဖြစ်ပါတယ်။
Source: CAN

- By CNI
- Category: အားကစား
- Hits: 610
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အသင်းခေါင်းဆောင် အိုဒီဂတ်က အာဆင်နယ်အသင်းမှာ ဆက်ရှိမယ်လို့ ကတိပြုခဲ့ပါတယ်။
အိုဒီဂတ်က “ကျနော်ဟာ အသင်းမှာ စာချုပ်သက်တမ်း နှစ်အနည်းငယ် ကျန်ရှိနေသေးပြီး ကျနော်ဒီမှာ အဆင်ပြေ သလို ကလပ်မှာ အချိန်အကြာကြီး ဆက်ရှိဖို့ မျှော်လင့်ပါတယ်။ စာချုပ်သစ်နဲ့ ပတ်သက်ပြီး အသင်းနဲ့ စကား မပြောရသေးပါဘူး။ ရိုးရိုးသားသား ပြောရရင် အခုအခြေအနေ ဘယ်လိုရှိလဲဆိုတာကို ကျနော်မသိဘူး”လို့ ပြောခဲ့ ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ အိုဒီဂတ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရီးရယ်လ် အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တာ ဖြစ် ပြီး အခုအချိန်မှာ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
အိုဒီဂတ်ကို တွေ့ရစဉ်
နော်ဝေ ကစားသမားဟာ အာတီတာရဲ့ ကစားကွက်နဲ့ အသားကျခဲ့ပြီး အသင်းအပေါ် သြဇာလွှမ်းမိုးမှုတွေရှိလို့ ပြီးခဲ့တဲ့ရာသီမှာ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ် အတွက် ၁၅ ဂိုးသွင်းပြီး သူ့ရဲ့ အကောင်းဆုံးရာသီအဖြစ် ရှိခဲ့ပါတယ်။
အဲဒါကြောင့် အာဆင်နယ်အသင်းဟာ အိုဒီဂတ်ကို ကာလကြာရှည် စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေသလို ပီအက်စ်ဂျီအသင်းရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပါ။
အဲဒါကြောင့် အာဆင်နယ်အသင်းက စာချုပ်သစ် ချုပ်ဆိုနိုင်အောင် အမြန်ဆုံး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စိတ်အား ထက်သန်နေတာဖြစ်ပြီး ကစားသမားကလည်း လန်ဒန်ကလပ်မှာပဲ ဆက်ပြီး ရှိနေချင်နေတာ ဖြစ်ပါတယ်။
အိုဒီဂတ်ဟာ လက်ရှိအချိန်မှာ နော်ဝေလက်ရွေးစင် အသင်းနဲ့အတူ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားဖို့ လေ့ကျင့် ပြင်ဆင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
နော်ဝေအသင်းဟာ အဓိကပြိုင်ပွဲတွေဖြစ်ဖြစ်တဲ့ ယူရိုပြိုင်ပွဲကို ၂၀၀၀ ခုနှစ်က ၁ ကြိမ်ထဲသာ ယှဉ်ပြိုင်ခွင့် ရရှိထား သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ၁၉၉၈ က နောက်ဆုံးအကြိမ် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 449
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
UFC တိုက်ခိုက်ရေးသမား မက်ဂရီဂေါဟာ အခုလ အစောပိုင်းက မိုင်ယာမီမှာ ကျင်းပတဲ့ NBA Finals ဘတ်စကတ်ဘောပွဲ အပြီးမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။
မက်ဂရီဂေါထံ ပေးပို့တဲ့ စွပ်စွဲချက်တွေကို ဖော်ပြထားတဲ့ တရားဝင်စာမှာ အိုင်ယာလန် ဖိုက်တာဟာ ကစီယာ စင်တာရှိ ရေချိုးခန်းအတွင်းမှာ ကျူးလွန်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မက်ဂရီဂေါရဲ့ ရှေ့နေတစ်ဦးကတော့ ဒီစွပ်စွဲချက်တွေဟာ မမှန်သလို သူ့ရဲ့ ကစားသမားကို ခြိမ်းခြောက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ မိုင်ယာမီ ရဲတပ်ဖွဲ့ကတော့ စုံစမ်းစစ်ဆေးမှု တစ်ခုကို ဖွင့်လှစ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
UFC ကလည်း ဒီစွပ်စွဲချက်တွေကို သိရှိထားပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကို စုဆောင်းနေ တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
NBA Finals ပွဲတွေကို လက်ခံ ကျင်းပတဲ့ မိုင်ယာမီဟီတ်ကလည်း စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝ လုပ်ဆောင် နေတယ်လို့ ပြောထားပါတယ်။
မက်ဂရီဂေါရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ခံခဲ့ရတဲ့ အမျိုးသမီးဖြစ်သူရဲ့ ရှေ့နေ မစ်ချဲလ်က သူရဲ့ အမှုသည်ဟာ ဒီအဖြစ်အပျက် မတိုင်ခင် ဇွန်လ ၉ ရက်က NBA Finals ပွဲ ၄ ပွဲကို ကြည့်ရှုခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မက်ဂရီဂေါကို တွေ့ရစဉ်
မက်ဂရီဂေါရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း မခံရခင် လုံခြုံရေးအစောင့်တွေက အဲဒီ အမျိုးသမီးကို အမျိုးသား ရေချိုးခန်းထဲ အတင်းသွားရောက် စေခဲ့တယ်လို့ မစ်ချဲလ်က စွပ်စွဲခဲ့ပါတယ်။
ရှေ့နေဖြစ်သူ မစ်ချဲလ်က သူမဟာ စွပ်စွဲထားတဲ့ အဖြစ်အပျက်တွေရဲ့ တစ်စိတ်တစ်ပိုင်းကို ပြသခဲ့တဲ့ ဗွီဒီယိုဖိုင်ကို ရရှိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ အစီအရင်ခံစာကို ဇွန်လ ၁၁ ရက်က ထုတ်ပြန်ခဲ့တယ်လို့ မိုင်ယာမီ ရဲတပ်ဖွဲ့က BBC News ကို ပြောခဲ့တာပါ။
“ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် လက်ရှိအချိန်မှာ သတင်းအချက်အလက်တွေကို ထပ်ပြီး မထုတ်ပြန်နိုင်သေးပါဘူး”လို့ ရဲဌာနက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောခဲ့ပါတယ်။
အသက် ၃၄ နှစ် အရွယ်ရှိ မက်ဂရီဂေါဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက ဒက်စတင်ပိုရီရာကို အရေးနိမ့်ခဲ့ပြီး နောက်ပိုင်း ပွဲတွေ ပြန်လည် ထိုးသတ်ခြင်း မရှိသေးပါဘူး။
Source: BBC

- By CNI
- Category: အားကစား
- Hits: 413
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
ရီးရယ်လ်ကြယ်ပွင့် ဗီနီစီးယက်စ်ဟာ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖီဖာရဲ့ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေး အထူးကော်မတီကို ဦးဆောင်မယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောပါတယ်။
အင်ဖန်တီနိုက “ဒါတွေက လုံလောက်နေပါပြီ။ ဒီထဲမှာ လူမျိုးရေးခွဲခြားမှုတွေ ဘောလုံးမှာရှိတော့မှာ မဟုတ်ပါ ဘူး။ ပွဲတွေမှာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်လာရင် ချက်ချင်းရပ်သင့်ပါတယ်။ ဘောလုံးမှာ လူမျိုးရေးခွဲခြားမှုတွေကို အဆုံးသတ်ဖို့ ပြတ်ပြတ်သားသားနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို အကောင်အထည် ဖော်သွားမှာပါ။ ဖီဖာဥက္ကဋ္ဌ အနေနဲ့ ဒီအကြောင်းတွေကို ဗီနီစီးယက်စ်နဲ့ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးဖို့ လိုတယ်လို့ ကျနော်ထင် ကြောင်း”ပြောခဲ့တာပါ။
အသက် ၂၂ နှစ်အရွယ်ရှိ ဗီနီစီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက လူမျိုးရေး ခွဲခြားမှုတွေကို အကြိမ်ပေါင်းများစွာ ခံခဲ့ရ တာ ဖြစ်ပါတယ်။
ဗီနီစီးယက်စ်ကိုတွေ့ရစဉ်
အဲဒါကြောင့်လည်း အင်ဖန်တီနိုက ဒီကော်မတီကို ဦးဆောင်ဖို့ ဗီနီစီးယက်စ်ကို ပြောခဲ့တာပါ။ ဗီနီစီးယက်စ်ဟာ မေလက ကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှု ခံခဲ့ရပြီးနောက် ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့သူတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
ဘရာဇီးလ် ကစားသမားဟာ ဒီဖြစ်ရပ်ကြောင့် လာလီဂါကို လူမျိုးရေးခွဲခြားတဲ့ ပြိုင်ပွဲလို့ တံဆိပ်ကပ်ပြီး ဝေဖန်မှု တွေ ပြုလုပ်ခဲ့ပါတယ်။
လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှု အစိတ်အပိုင်းအဖြစ် ဘရာဇီးလ်အသင်းဟာ ဂီနီ၊ ဆီနီဂေါ အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါတယ်။
ဗီနီစီးယက်စ်က “ နေရာတိုင်းကနေ ရရှိတဲ့ ကြီးမားတဲ့ ထောက်ခံမှုတွေအတွက် ကျနော် ဝမ်းလည်းဝမ်းသာမိပြီး ကျေးဇူးလည်း တင်မိပါတယ်။ အင်ဖန်တီနိုက သူ့ရဲ့ထောက်ခံမှုကို ပြသခဲ့ပြီး ဖီဖာက ဖန်တီးပေးမယ့် ကော်မတီမှာ ဘယ်ကစားသမားတွေ ရှိသင့်လဲဆိုတာကို အကြံဉာဏ် တောင်းခဲ့ပါတယ်။ အဲဒါက အရေးကြီးပြီး လိုအပ်တယ်လို့ ထင်သလို ဒါကိုလက်ခံပါတယ်”လို့ ပြောခဲ့တာပါ။
စပိန်နဲ့ ဘရာဇီးလ်အသင်းတို့ဟာ လာမယ့်နှစ် မတ်လမှာ ရီးရယ်လ်အိမ်ကွင်း ဘာနေဗျူးမှာ ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ သဘောတူညီမှု ရရှိထားပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 482
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆
နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ အီတလီအသင်းကို အနိုင်ရပြီး ဗိုလ်လုပွဲ တတ်နိုင်ခဲ့ပြီးနောက် စပိန်အသင်းဟာ ယုံကြည်မှုတွေ အများကြီး တိုးလာခဲ့တယ်လို့ နည်းပြ ဒီလာဖူအန်တီက ပြောခဲ့ပါတယ်။
ဒီလာဖူအန်တီက “ကျနော်တို့ အချိန်လိုအပ်ပါတယ်။ ဒါက လုပ်ငန်းစဉ် တစ်ခုလို့ ကျနော် အမြဲတမ်း ပြောခဲ့ဖူးပါ တယ်။ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ အချိန်ယူရပါမယ်။ စကော့တလန်နဲ့ ပွဲတုန်းက ကျနော်တို့ ကံ မကောင်းခဲ့တဲ့အတွက် ရလဒ်ကောင်း မရခဲ့ပါဘူး။ အခုအချိန်မှာတော့ ကျနော်တို့ဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှု တွေ ပိုရလာခဲ့ပြီး ယုံကြည်မှုတွေလည်း ပိုပြီးတိုးလာခဲ့ပါတယ်။ လေ့ကျင့်ချိန်တွေလည်း ပိုပြီး ရလာခဲ့တဲ့အတွက် အရာရာဟာ ကွဲပြားခြားနားခဲ့ပါတယ်။ ဒီရလဒ်ကို ကျနော်ဝမ်းမြောက်မိပါတယ်”လို့ သတင်းထောက်တွေကို ပြော ခဲ့ပါတယ်။
စပိန်အသင်းဟာ အီတလီအသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
စပိန်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃ မိနစ်မှာ ပီနိုက သွင်းယူခဲ့ပြီး အင်မိုဘီလီက ပွဲချိန် ၁၁ မိနစ်မှာ အီတလီ အ တွက် ပင်နယ်တီကနေ ချေပဂိုး သွင်းယူခဲ့ပါတယ်။
စပိန်အသင်းနဲ့ အီတလီအသင်း ယှဉ်ပြိုင်နေစဉ်
ဒါပေမယ့် ဂျိုဆီလူက ပွဲချိန် ၈၈ မိနစ်မှာ စပိန်အသင်း ဗိုလ်လုပွဲ ရောက်ရှိစေမယ့် အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အဲဒါကြောင့် စပိန်အသင်းဟာ နေးရှင်းလိဂ်ဗိုလ်လုပွဲကို ၂ ကြိမ် တတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဒီလာဖူအန်တီဟာ စပိန်အသင်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က လူးဝစ်အင်းနရစ် နေရာမှာ အစား ထိုး ဝင်ရောက်ပြီး စတင်ကိုင်တွယ်ခဲ့ပါတယ်။
လက်ရွေးစင်အသင်း မကိုင်တွယ်ခင် သက်တမ်းလိုက် အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ဒီလာဖူအန်တီဟာ အီတလီ အသင်းကို အနိုင်ရတဲ့ပွဲ အပါအဝင် အသင်းကြီးကို ၃ ပွဲ ကိုင်တွယ်ထားတာမှာ ၂ ပွဲနိုင်၊ ၁ ပွဲ အရေး နိမ့်ထားတာ ဖြစ်ပါတယ်။
စပိန်အသင်းဟာ နေးရှင်းလိဂ် ဗိုလ်လုပွဲအဖြစ် နယ်သာလန်အသင်းကို အနိုင်ရခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ ဇွန်လ ၁၈ ရက်မှာ နယ်သာလန်နိုင်ငံမှာ ယှဉ်ပြိုင်ကြမှာပါ။
စပိန်ကွင်းလယ်လူ ရိုဒရီက “ကျနော်တို့ဟာ ခရိုအေးရှားနဲ့ အကြိမ် အနည်းငယ် ကစားခဲ့ဖူးပြီး သူတို့ဟာ အသင်း လိုက် ပြိုင်ဆိုင်မှု ပြင်းထန်သလို ထူးချွန်တဲ့ ကစားသမားတွေနဲ့ အဆုံးထိ တွန်းအားပေးတဲ့ သူတွေပါ။ အခု အရေး အကြီးဆုံးအရာက ကျနော်တို့အတွက် ဒီဆုဖလားကို ရအောင်ယူဖို့ပါ။ ဆုဖလား မရခဲ့တာကြာပြီဖြစ်လို့ လာမယ့် ပွဲဟာ ဆုဖလားရနိုင်မယ့် ကျနော်တို့အတွက် အခွင့်အရေးပါပဲ”လို့ ပြောခဲ့ပါတယ်။
စပိန်အသင်းဟာ ယူရို ၂၀၁၂ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ပြီးကတည်းက အဓိက ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 441
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅
မော်ရင်ဟိုဟာ စီးရီးအေကလပ် ရိုးမားအသင်းမှာ ဆက်ပြီး ရှိချင်တာကြောင့် ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်းကို ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးကို ပယ်ချခဲ့ပါတယ်။
ပေါ်တူဂီလူမျိုး နည်းပြဟာ ရိုးမားအသင်းမှာ သူ့ရဲ့ အနာဂတ် မသေချာတာကြောင့် ဆော်ဒီကလပ်က သူတို့ အတွက် အလားအလာရှိတဲ့ နည်းပြသစ် ခန့်အပ်မှုအဖြစ် ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ မကြာသေးခင်က ပီအက်စ်ဂျီအသင်းရဲ့ ချိတ်ဆက်မှု ခံခဲ့ရပြီး အယ်လ်ဟီလယ် အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားခြင်း မရှိဘူးလို့ ပြောခဲ့တာကြောင့် အီတလီမှာပဲ ဆက်ရှိဖို့ သေချာနေတာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ လန်ဒန်မှာ အယ်လ်ဟီလယ် အသင်းဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့တာမှာ ဒီအသင်းရဲ့ တာဝန်ကို ယူမှာ မဟုတ် ဘူးဆိုပြီး ပြောခဲ့တယ်လို့ Sky Italia က ဖော်ပြခဲ့ပါတယ်။
မော်ရင်ဟိုနဲ့ ရိုးမားအသင်းကိုတွေ့ရစဉ်
ဆော်ဒီနိုင်ငံဟာ ရော်နယ်ဒိုနဲ့ ဘန်ဇီမာကို ခေါ်ယူထားပြီး မော်ရင်ဟိုလည်း သူတို့လိဂ်ကို လာရောက်ဖို့ ဆွဲဆောင်ခဲ့ ပေမယ့် ပေါ်တူဂီလူမျိုး နည်းပြက ဒီရွေးချယ်ခွင့်ကို မယူချင်တာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အီတလီကလပ်ဟာ ဆီဗီလာအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့ပြီး မော်ရင်ဟိုဟာ ဒီပွဲ ကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး အန်သိုနီတေလာကို အရှက်မရှိတဲ့သူဆိုပြီး ပြောခဲ့လို့ ယူအီးအက်ဖ်အေရဲ့ စွဲချက်တင်ခြင်းကို ခံထားရတာ ဖြစ်ပါတယ်။
မော်ရင်ဟိုနဲ့ ရိုးမားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးမှာပါ။
မော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၆ နေရာနဲ့ ရာသီအဆုံးသတ်နိုင်ခဲ့လို့ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ရိုးမားအသင်းဟာ အခု အပြောင်းအရွှေ့မှာ လိုင်ယွန်အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ ဟာဆန်အူရာ၊ ဖရန့်ဖတ် အသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ အန်ဒီကာတို့ကို ခေါ်ယူထားပါတယ်။
Source: Goal

- By CNI
- Category: အားကစား
- Hits: 491
CNI Sport News
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅
ပြင်သစ်သမ္မတ မက်ခရွန်က ဘတ်ပီကို အခုနွေရာသီ ပီအက်စ်ဂျီအသင်းမှာ ဆက်နေနိုင်ဖို့အတွက် ပုဂ္ဂိုလ်ရေးအရ ဆွဲဆောင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောလိုက်ပါတယ်။
မက်ခရွန်က “ကျနော့်မှာ ပြောစရာသတင်းမရှိပါဘူး။ ဒါပေမယ့် ကျနော် ကြိုးစားသွားမယ်၊ တွန်အားလည်း ပေးသွားမယ်” လို့ ဘတ်ပီရဲ့ အခြေအနေနဲ့ပတ်သက်ပြီး RMC Sport မေးမြန်းခဲ့ချိန်မှာ ဖြေခဲ့တာပါ။
ပီအက်စ်ဂျီအသင်းက ဘတ်ပီကို အသင်းမှာ ဆက်ထိန်းသိမ်းဖို့ ကြိုးစားနေချိန်မှာ မက်ခရွန်ကလည်း သူဟာ ဒီထဲမှာ ပြန်လည်ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုခဲ့တာပါ။ ပြင်သစ်တိုက်စစ်မှူးဟာ အသင်းနဲ့ စာချုပ် သစ်ချုပ်ဆိုဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြင်သစ်ကလပ်ထံ အကြောင်းကြားခဲ့ပေမယ့် ရီးရယ်လ်အသင်းနဲ့ ချိတ်ဆက် နေတယ်ဆိုတဲ့ သတင်းတွေကိုတော့ ငြင်းဆန်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် ရီးရယ်လ်အသင်းဟာ ဘတ်ပီကို အခု နွေရာသီအပြောင်းအရွှေ့မှာ ယူရိုသန်း ၂၀၀ ပေးပြီးခေါ်ယူဖို့ ဆန္ဒ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ ပြင်သစ်သမ္မတ မက်ခရွန်ဟာ လွန်ခဲ့တဲ့ ၁ နှစ်ကလည်း ဒီလို တူညီတဲ့ အခြေအနေမျိုးမှာ ဘတ်ပီနဲ့ စကားပြောခဲ့ပြီး ရီးရယ်လ်အသင်း စိတ်ဝင်စားနေတဲ့ကြားက ပြင်သစ် မြို့တော်မှာ ဆက်နေနိုင်အောင် စည်းရုံးတာမှာ ပါဝင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ တိုက်စစ်မှူး ဘန်ဇီမာ အသင်းက ထွက်ခွာခဲ့ပြီးနောက် စပါးတိုက်စစ်မှူး ဟာရီကိန်း ကိုလည်း ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် ဘတ်ပီကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဖွယ် မရှိပါဘူး။ ပြင်သစ်အသင်းခေါင်းဆောင်က သူဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘူးဆိုပေမယ့် လာမယ့်ရာသီအသင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ကစားသွားမယ်လို့ မကြာသေးခင်က ပြောထားပါတယ်။
ပီအက်စ်ဂျီဘက်ကတော့ ကစားသမားကို စာချုပ်သက်တမ်းမတိုးနိုင်ရင် လာမယ့်ရာသီအကုန်မှာ အလွတ်နဲ့ဆုံးရှုံး ရမှာဖြစ်လို့ အခုအပြောင်းအရွှေ့မှာ ရောင်းချပြီး ငွေကြေးရအောင်ယူဖို့ ပြင်ဆင်နေတာပါ။ ဘတ်ပီဟာ လက်ရှိ အချိန်မှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားဖို့ ပြင်ဆင်နေပြီး ပြင်သစ်အသင်းဟာ ဇွန်လ ၁၆ ရက်မှာ ဂျီဘရောလ်တာ၊ ၁၉ ရက်မှာ ဂရိတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source:Goal.com