CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄

ယူနိုက်တက်အသင်း ဂိုးသမားဟောင်း ဒီဂီယာဟာ နည်းပြ အဲရစ်တန်ဟတ်က သူ့အပေါ် ဆိုးရွားတဲ့ပြုမူ  ဆက်ဆံ ပုံကြောင့် အနားယူဖို့ စဉ်းစားခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်အသင်းမှာ ၁၀ စုနှစ် တစ်ခုကျော်ကြာအောင် ကစားခဲ့ပြီးနောက် ၂၀၂၂-၂၃ ရာသီအကုန် မှာ အသင်းကနေ ထွက်ခွာခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဒီဂီယာကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် သူတို့ရဲ့ ကမ်းလှမ်းမှုကို စပိန်ဂိုးသမားက လက်မခံခဲ့ဘဲ အသင်းက ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ 

ဒီဂီယာဟာ ယူနိုက်တက်အသင်းက ထွက်ခွာအပြီးမှာ စပိန်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် အခုအချိန်ထိ အသင်းလက်မဲ့ဖြစ်နေတာပါ။

The Athletic က ဒီဂီယာဟာ နည်းပြ အဲရစ်တန်ဟတ်က သူ့အပေါ် ပြုမူဆက်ဆံပုံတွေကြောင့် ယူနိုက်တက် အသင်းက ထွက်ခွာအပြီးမှာ ကစားသမားဘဝက အနားယူဖို့ စဉ်းစားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဒီဂီယာဟာ သူထွက်ခွာခဲ့တာမှာ တာဝန်ရှိခဲ့တဲ့ နည်းပြအဲရစ်တန်ဟတ်နဲ့ ဘောလုံးဒါရိုက်တာဟောင်း ဂျွန်မာတော့ တို့သာ ယူနိုက်တက်အသင်းက ထွက်ခွာခဲ့ရင် သူပြန်လာဖို့တောင် အဆင်သင့် ဖြစ်နေခဲ့တာလို့ သိရပါတယ်။ 

 ဒီဂီယာနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

နောက်ပိုင်းမှာတော့ ဒီဂီယာဟာ သူ့ရဲ့စိတ်ကိုပြန်ပြောင်းခဲ့ပြီး ကွင်းထဲပြန်ဝင်နိုင်ဖို့အတွက် လေ့ကျင့်မှုတွေကို အာရုံစိုက်ပြီး ပြုလုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ တစ်ရာသီလုံး အသင်းလက်မဲ့ဖြစ်ခဲ့တဲ့ ဒီဂီယာဟာ မကြာခင်မှာ အသင်းသစ်ကို ကြေညာဖွယ်ရှိနေတဲ့ ပို့စ်ကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ ဒီဂီယာကို ခေါ်ယူဖို့ မေဂျာလိဂ် ကလပ်အသင်းတွေအပြင် ဆော်ဒီပရိုလိဂ်နဲ့ စပိန်ကလပ်အသင်း အချို့က ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။

ဒီဂီယာဟာ ယူနိုက်တက်အသင်းအတွက် ၂၀၁၁ ကနေ ၂၀၂၃ ခုနှစ်အထိ ပွဲပေါင်း ၅၄၅ ပွဲ ပါဝင်ကစားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်၊ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ ဒီဂီယာဟာ စပိန်အသင်းအတွက် ၄၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၂၀၂၀ ခုနှစ်က နောက်ဆုံး ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ 

Source: Goal