- By CNI
- Category: နိုင်ငံရေး
- Hits: 732
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်-ဗန်းမောက် ဗျူဟာလမ်းကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်မှစ၍ ရက် အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု အင်းတော်(ပကဖ)က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အခြားသော လမ်းပိုင်းအားလုံးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းလည်း ထုတ်ပြန်ခဲ့ သည်။
လက်ရှိတွင် KIA-PDF ပူးပေါင်းတပ်ဖွဲ့များသည် ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)နှင့် တိုက်ပွဲများဖြစ်ပွားနေသည်။
အလားတူ ဗန်းမော်မြို့မှာလည်း မြန်မာ့တပ်မတော်နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေ သည်။

KIA-PDF သည် ဗန်းမော်မြို့ပေါ်တွင် သိမ်းပိုက်ထားသော နေရာများနှင့် စစ်စခန်းများ စွန့်ခွာနေကြရသလို အင်းတော်မြို့ကို မြန်မာ့တပ်မတော်က ပြန်လည် တိုက်ခိုက်လာမည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။
အလားတူ ဗန်းမောက်မြို့နယ်ကိုလည်း သိမ်းပိုက်ရရှိရေး ကြိုးပမ်းနေသည်မှာ ၂ နှစ်ကျော်လာပြီဖြစ်သည့်တိုင် မရသေးဘဲဖြစ်ကာ ဗန်းမော်မြို့က စစ်ရေး ကျဆင်းမှု စိတ်ဓာတ်ပြန်လည် မြှင့်တင်ရန်အတွက် ဗန်းမောက်မြို့နယ် အတွင်း နယ်မြေတချို့ကို ထိန်းချုပ်ရန် ကြိုးပမ်းလာနေကြောင်း နီးစပ်သူများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1075
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅
အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် ချင်းတော်လှန်ရေးတပ်ဖွဲ့များကို အိန္ဒိယက စောင့်ကြည့်ထိန်းချုပ်လာနိုင် သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ထို့ပြင် အိန္ဒိယက မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍမှာ ဘယ်လိုပါဝင်လာနိုင်သလဲ ဆိုသည့်အပေါ်မှာလည်း စောင့်ကြည့်ရမည်ဟု ၎င်းတို့က သုံးသပ်နေကြသည်။
အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံကဲ့သို့ မြန်မာ့တပ်မတော်အပေါ် ထည်ထည်ဝင်ဝင် ပံ့ပိုးမည့်အနေထား မဟုတ် ဘဲ ချင်းတော်လှန်ရေးတပ်ဖွဲ့များကို စောင့်ကြည့် ထိန်းချုပ်လာနိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အတိအကျတော့ မှန်းဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်ရင်လည်း တရုတ်နဲ့ ပြေလည် သလို၊ တစ်ဖက်က အိန္ဒိယနဲ့လည်း ပြေလည်ချင်တဲ့ သဘောမျိုး balance ဖြစ်အောင် ထိန်းတဲ့သဘောလို့ ယူဆ ပါတယ်၊ အိန္ဒိယဆက်ဆံရေးကတော့။ သို့သော် အိန္ဒိယကတော့ တရုတ်လို ထည်ထည်ဝင်ဝင် လက်နက်ပစ္စည်း တွေပေး အကုန်လုံး။ လားရှိုးအထိ တရုတ်ရဲ့ ceasefire monitoring ဆိုပြီးတော့ ဝင်ကြည့်တဲ့ အဲဒီပုံစံကတော့ အိန္ဒိယက လုပ်မယ့်ပုံမပေါ်ဘူး။ သို့သော်လည်းပဲ ချင်းမှာရှိတဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုနဲ့ ဟိုဟာ ကိုတော့ နည်းနည်းစောင့်ကြည့် ထိန်းချုပ်မယ့် သဘောတော့ ရှိလာနိုင်တာပေါ့” ဟု ပြောသည်။

ချင်းညီနောင်အဖွဲ့ (CB)နဲ့ KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် တွေ့ဆုံစဉ်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် အတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံစဉ် လုံခြုံရေးတိုးမြှင့်ရန် သဘောတူညီမှုရရှိခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ် ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စစ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ တိုးချဲ့ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အပြန်အလှန် ကတိကဝတ်များကို ထပ်မံအတည် ပြုရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးမြောက်ပိုင်း၊ ချင်းပြည်နယ်)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်(မန္တလေးတိုင်း ဒေသကြီ၊ မကွေးတိုင်းတောင်ပိုင်း)စသည့် စစ်တိုင်း ၃ တိုင်းကို ကိုင်တွယ်သော ကစထ(၁)မှူး ဖြစ်သည်။
ကစထ(၁)၏ လက်အောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။

ချင်းညီနောင်အဖွဲ့ (CB)နဲ့ NUG ခေါင်းဆေင်တွေ တွေ့ဆုံကြစဉ်
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး အိန္ဒိယကို တိုက်ခိုက်နေသော နာဂ၊ ကသည်း လက်နက်ကိုင်များ အခြေပြု လှုပ်ရှားနေသော နယ်မြေများဖြစ် သည်။
အလားတူ အိန္ဒိယနှင့်ထိစပ်နေသည့် ချင်းပြည်နယ်တွင် မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသော ချင်းလက်နက် ကိုင်အဖွဲ့ ၁၀ ဖွဲ့ထက်မနည်း တည်ရှိနေပြီး တိုက်ပွဲများ ဖြစ်ပွားနေ၍ တိုက်ပွဲရှောင်များ အိန္ဒိယနိုင်ငံထဲသို့ ဝင် ရောက် ခိုလှုံနေကြရသည်။
အိန္ဒိယ-မြန်မာနယ်စပ်ဒေသရှိ အချို့ပြည်နယ်အစိုးရများသည် ချင်းလက်နက်ကိုင်အဖွဲ့အချို့ပေါ် တော်လှန်ရေး အတွက် ကူညီနေမှုများ ရှိနေသည့်ကိစ္စရပ်ကို ထိရောက်ပြတ်သားစွာ ဆောင်ရွက်ရန် နှစ်နိုင်ငံသဘောတူ ဆွေးနွေး ခဲ့ကြနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုကြတော့ ဟိုဘက်က မီဇိုရမ်ပြည်နယ်၊ ပလက်ဝရဲ့ အပေါ်ဘက်ခြမ်းပေါ့။ AA လက်ရှိ ရှိနေတဲ့ နေရာရဲ့ အပေါ်ဘက်ပေါ့။ နောက်တစ်ခုကြတော့ ချင်းတောင်ဘက်ပေါ့။ မီဇိုရမ်ရှိတယ်၊ KIA နဲ့ပတ်သက်ရင် အာသံပေါ့နော်။ အထူးသဖြင့် မီဇိုရမ်တို့လို ပြည်နယ်မျိုးဆိုရင်တော့ အာသံရော ထိုနည်းလည်းကောင်းပါပဲ။ အစကတည်းက အိန္ဒိယ မဟုတ်ဘူးလေ။ ချင်းတို့၊ ရှမ်းတို့၊ အဲဒီအခါကြတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း အတိုင်းအတာတစ်ခုအထိ တော်တော် ပေးထားတယ်ဆိုတဲ့ အခါကြတော့ အဲဒီမှာရှိတဲ့ အိန္ဒိယတပ်မတော်ရော၊ နယ်ခြားစောင့်တပ်တွေက ရော မြန်မာနိုင်ငံနဲ့ မြန်မာ့တပ်မတော်နဲ့ ကောင်းတဲ့ဆက်ဆံရေး ရှိပေမယ် တချို့ ပြည်နယ်အစိုးရတွေကတော့ မီဇိုရမ်တို့ ဘာတို့ဆိုရင် ဒီဘက်က CNA တို့ဘာတို့ကို လက်နက်ကိုင်တွေကို အထောက်အကူ လုပ်ပေးတဲ့ သဘော ရှိတယ်။ ဒါကတော့ လူမျိုးတူဆိုတော့ တားမရဘူးပေါ့နော်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပိုပြီးတော့ ထိရောက် ပြတ်သားတဲ့ ဆောင်ရွက်ချက်မျိုး ရရှိဖို့အတွက်ကို နှစ်နိုင်ငံဆွေးနွေးကြတယ်၊ သဘောတူကြတာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်”ဟု ပြောသည်။
အိန္ဒိယ-မြန်မာ တွေ့ဆုံမှုများ မတိုင်ခင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း KIA ဌာနချုပ်သို့ ချင်းညီနောင်အဖွဲ့(CB)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ယောတပ်တော်၊ မြင်းခြံ PDF၊ NUG ဝန်ကြီးများ၊ နာဂလက်နက်ကိုင်များ စသည့် နွေဦးတော်လှန်ရေး အင်အားစုများ ဆုံဆည်း၍ KIA နှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 900
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃
မြန်မာ့တပ်မတော်၏ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲမှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်က အိန္ဒိယ၏ အရှေ့ပိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိခဲ့သည်။
ထိုကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ အရှေ့ပိုင်းစစ်ဌာနချုပ်၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး RC Tiwari အပါအဝင် အခြား ထိပ်သီးအရာရှိများနှင့် တွေ့ဆုံခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်မည့် အစိတ်အပိုင်း တစ်ခုအဖြစ် အိန္ဒိယစစ်တပ်သည် မြန်မာ့တပ်မတော်ကို ဒစ်ဂျစ်တယ် လေ့ကျင့်ရေး စွမ်းဆောင်ရည်များ မြင့်တက်စေရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုကို တိုးတက်စေရေးတို့အတွက် ခေတ်မီ IT Lab ပစ္စည်းများကို တင်ပြခဲ့သည်။
ထိုကဲ့သို့ ရှင်းလင်းတင်ပြမှုသည် မြန်မာ့တပ်မတော်၏ ကာကွယ်ရေး အခြေခံ အဆောက်အအုံများ အဆင့်မြှင့်တင် မှုနှင့် နည်းပညာ၏ မောင်းနှင်အားဖြင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် မြန်မာနိုင်ငံအတွက် အိန္ဒိယ၏ ထောက်ခံမှုကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ အိန္ဒိယ အရှေ့ပိုင်းစစ်ဌာနချုပ်၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး RC Tiwari ကို တွေ့ရစဉ်
မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi တို့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စစ်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ တိုးချဲ့ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အပြန်အလှန် ကတိကဝတ်များကို ထပ်မံအတည် ပြုရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး မြောက်ပိုင်း၊ ချင်းပြည်နယ်)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ကချင်ပြည်နယ်)၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် (မန္တလေးတိုင်း ဒေသကြီ၊ မကွေးတိုင်းတောင်ပိုင်း)စသည့် စစ်တိုင်း ၃ တိုင်းကို ကိုင်တွယ်သော ကစထ(၁)မှူး ဖြစ်သည်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ အိန္ဒိယ အရှေ့ပိုင်းစစ်ဌာနချုပ်၏ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး RC Tiwari ကို တွေ့ရစဉ်
ကစထ(၁)၏ လက်အောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး အိန္ဒိယကို တိုက်ခိုက်နေသော နာဂ၊ ကသည်း လက်နက်ကိုင်များ အခြေပြု လှုပ်ရှားနေသော နယ်မြေများဖြစ် သည်။

ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနဲ့ အိန္ဒိယတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Upendra Dwivedi ကို တွေ့ရစဉ်
တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့မှာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၁ ရက်က တွေ့ဆုံစဉ် နှစ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေး ဆက်ဆံမှု တိုးမြှင့်ရန် အပြင် မြေရှားသတ္တုတူးဖော်ရေးကို သဘောတူ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အိန္ဒိယနိုင်ငံနှင့် အဓိက ထိစပ်နေသော စစ်ဒေသများကို ကိုင်တွယ်နေသည့် မြန်မာ့တပ်မတော်၏ ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၏ အိန္ဒိယခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 556
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃
နီပေါနိုင်ငံတွင် ဖြစ်ပေါ်နေသော ဆူပူမှုများအပေါ် လေ့လာ၍ မိမိတို့နိုင်ငံအတွက် သင်ခန်းစာ ဖော်ထုတ် ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် ကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ လတ်တလော ဖြစ်ပေါ်နေသည့် နီပေါနိုင်ငံအတွင်း ဆူပူမှုများနှင့် ပတ်သက်၍ လေ့လာကြည့်သည့်အခါ ဆိုရှယ်မီဒီယာများအား မှတ်ပုံတင်ရန် ဆောင်ရွက်ခြင်းမှ စတင်၍ ဖြစ်ပေါ်လာသည်ဟု သိရှိရကြောင်း၊ သို့သော် အဆိုပါ ဆူပူမှု၏ နောက်ကွယ်တွင် အင်အားကြီး နိုင်ငံအချို့ ပါဝင်နေသည်ကို လေ့လာသိ ရှိရကြောင်း၊ ထိုသို့ ဆူပူမှုများ ဖြစ်ပေါ်ခြင်းအပေါ် မိမိတို့နိုင်ငံအတွက် သင်ခန်းစာ ဖော်ထုတ်ဆောင်ရွက်သွားရန်လို သည်”ဟု ပြောသည်။
နီပေါနိုင်ငံတွင် ယခုလအတွင်းမှာ ဆိုရှယ်မီဒီယာများ ပိတ်သိမ်းမှုနှင့် အစိုးရအဖွဲ့၏ အဂတိတရားများ ကြီးထွား ခြင်းအပေါ် မကျေနပ်ဖြစ်ကာ ကျောင်းသား/သူများနှင့် လူငယ်များက ဆန္ဒပြခဲ့ကြသည်။

ထို့နောက် အစိုးရအဖွဲ့ရုံးများ၊ လွှတ်တော်များ၊ အစိုးရအဖွဲ့ အကြီးအကဲ အိမ်ယာများ၊ လွှတ်တော်အမတ်နှင့် နိုင်ငံရေးသမားများ အိမ်ယာများကို ဝင်ရောက် စီးနင်းခဲ့ကြသလို စီးပွားရေးသမားများ၏ ဆိုင်များကိုလည်း ဖျက်ဆီးခဲ့ကြသည်။
အဆိုပါ အခြေအနေများတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် Gen Z တို့ကြား အဓိကရုဏ်းများဖြစ်ပွားကာ နီပေါ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အများစု နုတ်ထွက်သွားခဲ့ကြပြီး နီပေါစစ်တပ်နှင့် Gen Z ကြား ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ဆွေးနွေးနေကြသည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ နိုင်ငံတော်ကို အရေးအပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်က ဆိုရှယ်မီဒီယာ အသုံးပြုမှုများကို ပိတ်ပင်ခြင်းနှင့် ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ သည်မှာ ယနေ့ထိဖြစ်သည်။
လက်ရှိတွင် မြန်မာ့တပ်မတော် ခေါင်းဆောင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအား ထိန်းချုပ်ထားနိုင်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်မည်ဟု ကြေညာခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲအနိုင် ရရှိသော နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး မြန်မာ့တပ်မတော်က ကာကွယ်ရေးတာဝန်များကိုသာ ပြန်လည် ထမ်းဆောင်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ကြေညာထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 575
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လက်နက်များတပ်ဆင်ပေးခဲ့ကြောင်း နာဂဒေသ(ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ အဖွဲ့ကို NUG က လက်နက် ၂၅ လက် တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုလက်နက်တပ်ဆင်ခြင်း အခမ်းအနားကို NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း မှတ်တမ်း ဓာတ်ပုံများအရ သိရသည်။
သို့သော် ထိုအခမ်းအနားကို မည်သည့် ဒေသတွင် ပြုလုပ်ခဲ့သည်ကိုတော့ ဖော်ပြထားခြင်းမရှိပေ။
လက်ရှိ မြန်မာနိုင်ငံ၏ နာဂဒေသတွင် နာဂလက်နက်ကိုင် အနေဖြင့် NSCN-K/AM၊ NSCN-K/YA၊ NSCN-IM၊ NSCN-IM/HS၊ NNC၊ ENNO/ENDA၊ NPDF တို့အပါအဝင် ကသည်းလက်နက်ကိုင်များ လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 711
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီး ဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန်း နေရာအသီးသီးကို ပြန်လည်ထိန်းချုပ်လိုက်သည်ဟု မြန်မာ့တပ်မတော်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ဗန်းမော်မြို့အား ထိန်းချုပ်နိုင်ရေးအတွက် KIA၊ AA၊ PDF ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် လေဆိပ်၊ ဗန်းမော်တက္ကသိုလ်နှင့် မြန်မာ့တပ်မတော်၏ စစ်စခန်းတချို့ကို သိမ်းပိုက်ခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ၈ လတိတိ ခုခံတိုက်ခိုက်ခဲ့ ပြီးနောက် ဩဂုတ် ၄ ရက်မှ စတင်၍ စစ်အင်အားဖြည့်ကာ စစ်ကြောင်း ၇ ကြောင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့သည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း KIA-AA-PDF များ စိုးမိုးထားသည့် ဗန်းမော်မြို့အနီးဝန်းကျင်ရှိ တပ်ဌာနချုပ်နေရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် စခန်းကုန် နေရာအသီးသီးကို မြန်မာ့တပ်မတော်က ပြန်လည်ထိန်းချုပ်ခဲ့သည်။

KIA-AA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်အတွင်း တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၉၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း KIA-AA- PDF ဘက်က အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ ကြောင်း၊ တပ်မတော်ဘက်ကလည်း အရာရှိ/စစ်သည် အချို့ ကျဆုံးခဲ့ကြောင်း မြန်မာ့တပ်မတော်ဘက်က ထုတ်ပြန်ခဲ့သည်။
ဗန်းမော်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ နယ်စပ်ဒေသ ကုန်သွယ်ရေးအတွက် အရေးပါသော မြို့ဖြစ်သည်။
အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းမှာ ဗန်းမော်-တာဆိုင်း-မြို့သစ်-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော်-မိုးမောက်-တာဆိုင်း-လိုင်ဇာလမ်းကြောင်း၊ ဗန်းမော်- မိုးမောက်-လွယ်ဂျယ်လမ်းကြောင်း တို့ဖြစ်သည်။
ထိုကုန်သွယ်ရေး လမ်းကြောင်းများကို KIA-AA-PDF ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်နိုင်ရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 422
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် ဒေသခံများကို ဖမ်းဆီး၍ စစ်သားစုဆောင်းမှုများ ပြုလုပ်နေသလို ငွေကြေးပေးကာ ပြန်လည်ရွေးခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဟိုပင်မြို့၊ ဝက်ကုန်းရပ်ကွက်အတွင်းက ကြက်ဝိုင်းကို KIA/PDF ပူးပေါင်းအဖွဲ့မှ စစ်သားစုဆောင်းရန်အတွက် ဝင်ရောက်ဖမ်းဆီး၍ ဒေသခံ ၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု ဖမ်းဆီးခံရသူများဖြင့် နီးစပ်သူများက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ စနေနေ့ ညနေ ၃ နာရီလောက်မှာ ကြက်ဝိုင်း လူစည်ကားနေတဲ့ အချိန်မှာ လာဖမ်းသာ။ ၅၀ ကျော်မယ် ဖမ်းခံခဲ့ရတာ။ စစ်သားလိုတဲ့အတွက် ဝင်ဖမ်းတာ၊ ဒါပေမယ့် ပိုက်ဆံပေးရင် ပြန်လွှတ်ပေးတာတော့ ရှိတယ်” ဟု ပြောသည်။

ဟိုပင်မြို့အဝင်ကို တွေ့ရစဉ်
လက်ရှိတွင် ဖမ်းဆီးခံလိုက်ရသူများကို နန့်ယင်းနှင့် စိန်လုံတောင်ဘက်သို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ထို့နောက် KIA/PDF ပူးပေါင်းအဖွဲ့က တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀-၆၀ ဝန်းကျင်ဖြင့် ပြန်လည် ရွေးခိုင်းကြောင်း၊ ငွေကြေးတတ်နိုင်သူ တချို့မှာ ပြန်လည်လွတ်မြောက်လာသော်လည်း အများစုမှာ ငွေကြေးမတတ်နိုင်ကြ၍ ပြန် လွတ်မလာသေးကြောင်း ဒေသခံများက ပြောသည်။
KIA/PDF ပူးပေါင်းတပ်ဖွဲ့များသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တိုက်ပွဲများ ဖော်ဆောင်နေခြင်းကြောင့် စစ်သားလိုအပ်ချက်များ များပြားနေကြောင်း၊ ထို့နောက် စစ်သားစုဆောင်းမှု ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 502
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော အထွေထွေရွေးကောက်ပွဲကို ဝန်းရံပံ့ပိုး ကူညီသွားမည်ဟု ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ပဋိပက္ခများအား စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံ ညှိနှိုင်း အဖြေရှာခြင်းဖြင့်သာ အဖြေမှန်ကို ရှာဖွေနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်း၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
DKBA က “လက်ရှိ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်မှ ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ်ကို ရှေးရှုပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ကိုယ်စားလှယ် ရွေးချယ်ခြင်းဖြစ်ပါသဖြင့် ပြည်သူများအား အတက်နိုင်ဆုံး ဝန်းရံပံ့ပိုး ကူညီသွားမည်”ဟု ထုတ်ပြန် ပြောကြားခဲ့ သည်။

DKBA ထုတ်ပြန်ချက်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ် မှာ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။
အဆိုပါ ၁၀၂ မြို့နယ်အနက် ကရင်ပြည်နယ်အတွင်းမှာ ဘားအံ၊ မြဝတီ၊ သံတောင်ကြီး စသည့် မြို့နယ် ၃ ခုမှာ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။
DKBA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်လက်နက် ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ
(NSPNC) နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
DKBA သည် ကရင်ပြည်နယ်အတွင်းမှာ အခြေစိုက်လှုပ်ရှားလျက်ရှိပြီး မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်မှာ ဌာနချုပ် တည်ရှိသည်။
ထို့နောက် ဘုရားသုံးဆူမြို့နယ်၊ မြဝတီမြို့နယ်၊ မြိုင်ကြီးငူကျေးရွာ၊ ဆုံဆည်းမြိုင်ကျေးရွာ အပါအဝင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသည်။
အဆိုပါ အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU)ကနေ ၁၉၉၄ ခုနှစ်မှာ ခွဲထွက်လာခဲ့သည့် အဖွဲ့လည်းဖြစ် သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 876
CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ပါတီထောင် ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေး ပါတီအား ဖျက်သိမ်းခြင်းက နိုင်ငံရေးနည်းလမ်းအပေါ် စိတ်ပျက်ပြီး အကြမ်းဖက်လှုပ်ရှားမှုများဘက် ရောက်မသွား နိုင်ဘူးလားဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ဒုဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)ကနေထွက်သွားသည့် ဒေါ်စန္ဒာမင်းဝင်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) အပါအဝင် နိုင်ငံရေးပါတီ ၄ ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်က လက်နက် ကိုင် အကြမ်းဖက်နေသူများကိုတောင် ရွေးကောက်ပွဲဝင်ကာ လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက်ရန် ဖိတ်ခေါ်နေ ပြီး ရွေးကောက်ပွဲဝင်၍ လွှတ်တော်နိုင်ငံရေးအား ဆောင်ရွက်မည့် ပါတီများကို ဖျက်သိမ်းခြင်းက နိုင်ငံရေးနည်း လမ်းကို စိတ်ပျက်မသွားစေနိုင်ဘူးလား စဉ်းစားသင့်သည်ဟု အမျိုးသားဒီမိုကရေ စီအင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက CNI သတင်းဌာနကို ပြောသည်။

NDF ပါတီ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးထက်အောင်ကျော်၊ ဒေါ်စန္ဒာမင်း၊ ဒေါက်တာမျိုးဆက်သွေးတို့ကို တွေ့ရစဉ်
၎င်းက “လက်နက်ကိုင်ပြီးတော့ နိုင်ငံတော်ကို အကြမ်းဖက် သောင်းကျန်းနေတဲ့ သူတွေကိုတောင် နိုင်ငံတော်က ဖိတ်ခေါ်ပြီးတော့ နိုင်ငံရေးနည်းနဲ့ လျှောက်လှမ်းကြပါလို့ ပြောနေတဲ့ အချိန်မှာ ကျမတို့က နိုင်ငံတော်နဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ နိုင်ငံရေးနည်းနဲ့ပဲ ဆောင်ရွက်ချင်ကြတဲ့ သူတွေလေ ဒီလူတွေကို အမှန်တကယ် ဖိတ်ခေါ်ဖို့ လိုအပ်တယ်။ နိုင်ငံတော်အတွက် ဆောင်ရွက်ပေးနိုင်တဲ့ စွမ်းအင်တွေ ရှိတယ်ဆိုရင် စေတနာထားဖို့ လိုအပ်တယ် လေ။ အဲတော့ ကျမတို့ အနေနဲ့လည်း ပူးပေါင်းဆောင်ရွက် ချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်ဆိုရင် ဒီလိုမျိုးတွေ ရိုက်ချ လိုက်တဲ့ အခါကြတော့ နိုင်ငံတော်ကို ခုန ဖိတ်ခေါ်နေတဲ့ ကိစ္စတွေ အားလုံးမှာ ထိခိုက်မှု မဖြစ်သွားနိုင်ဘူးလား စဉ်းစားစရာလိုတယ်။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲကြီးကရော သူတို့ ပါတီလေးတွေကို ဖျက်လိုက်လို့ ထိခိုက် မှုမရှိဘူးလို့ မပြောနိုင်ဘူးလေ။ လူထုရဲ့ယုံကြည်မှုကရော မြင့်တက်လာမှာလား ဒီရွေးကောက်ပွဲကြီးပေါ်မှာရော မထိခိုက်နိုင်ဘူးလား ဆိုတာကို ဆက်လက် စဉ်းစားဖို့ လိုအပ်တယ်။ ကိုယ်လုပ်လိုက်တဲ့ ကိစ္စတွေက နိုင်ချင်ဇော တွေနဲ့ လုပ်လိုက်တယ်ဆိုတဲ့ ကိစ္စမျိုးတွေ မဖြစ်ဖို့ လိုအပ်တယ်”ဟု ပြောသည်။
NDF ပါတီသည် ဒေါ်စန္ဒာမင်း၊ ဦးထက်အောင်ကျော်၊ ဒေါက်တာမျိုးဆက်သွေးတို့ ဦးဆောင်ကြပြီး ပြည်ထောင်စု တစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီဖြစ်သည်။
ထိုပါတီသည် လာမည့် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ အဓိက ပြိုင်ဘက် ဖြစ်လာမည့် ပါတီဟု အများက သုံးသပ်ထားကြသည်။
ထို့နောက် အမျိုးသားနိုင်ငံ ရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)၊ ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီတို့ကိုလည်း UEC က ပါတီရုံးခန်း သတ်မှတ်ချက် မပြည့်မီ၍ ဖျက်သိမ်းခဲ့သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု ယုံကြည်ထားသူများကို နိုင်ငံရေးလမ်းကြောင်း ပေါ်ကနေ ဖယ်ထုတ်လိုက်ခြင်းက အကြမ်းဖက် နည်းလမ်းများ လုပ်ဆောင်နေခြင်းကို တွန်းပို့သလိုဖြစ်သွားနိုင် ကြောင်း ဒေါ်စန္ဒာမင်းက ထောက်ပြသည်။

ဖျက်သိမ်းခံရတဲ့ပါတီနဲ့ ကျန်နေသေးတဲ့ ပါတီတွေကိုတွေ့ရစဉ်
၎င်းက “ကျမတို့တွေက နိုင်ငံတော်အတွက်ကို စေတနာထားပြီးတော့ ကျမဆို အသက် ၁၈ နှစ်ထဲက နိုင်ငံရေးကို လုပ်လာတာ ထောင်တွေလည်း ကျခဲ့တယ်။ ဘဝတွေမှာ မျိုးစုံဒုက္ခတွေ မျိုးစုံရောက်ခဲ့တယ်။ ဒါပေမယ့် ကျမတို့ တိုင်းပြည်ထဲမှာပဲနေပြီးတော့ မထွက်ပြေးခဲ့ဘူး။ ပြည်ပကို ထွက်ပြေးတဲ့ လူတန်းစားလည်း မဟုတ်ဘူး။ နောက် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းရမယ်။ လူထုမနစ်နာသော နည်းနဲ့ပဲချဉ်းကပ်ရမယ် နိုင်ငံရေးကို မှန်ကန်တဲ့ စေတနာနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ စိတ်ဆန္ဒတွေက အခု အသက် ၅၀ ကျော်တဲ့အထိ ဒီလို လူမျိုးတွေရဲ့ နိုင်ငံရေးကိုမှ လက်မခံဘူးဆိုရင် အကြမ်းဖက်တဲ့ ခုန ကျမပြောသလိုပေါ့နော် အကြမ်းဖက်တဲ့ နည်းတွေနဲ့ကို လက်ခံတဲ့ နေရာ တွေ ရောက်သွားတတ်ကြတယ်။ ဒါမျိုးတွေကို မဖြစ်အောင်ပေါ့နော်။ ဒီလိုမျိုး နိုင်ငံတော်ကို သူတို့အနေနဲ့ ခံစား ချက်တွေ မဖြစ်ဖို့လိုအပ်တယ်။ ဒါပေမယ့် ကျမတို့က အခုလိုမျိုး ဖြစ်သွားလို့ လည်း ကျမတို့ရဲ့ ခံယူချက်တွေ နိုင်ငံတော်ပေါ်မှာ နိုင်ငံရေးနည်းနဲ့ပဲ နိုင်ငံရေးကို ဖြေရှင်းရမယ်ဆိုတဲ့ စိတ်ဆန္ဒ တွေကတော့ မပြောင်းလဲသွား ဘူး”ဟု ပြောသည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိပြီး လက်နက်ကိုင် တောင်းဆိုမှုများအပေါ် လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နည်းလမ်းဖြင့် အဖြေရှာ၍ မရဘဲ လက်နက်ကိုင် နည်းလမ်းဖြင့်သာ အဖြေရှာပြီး နိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရမည်ဟု ယုံကြည်ထားကြသူများရှိသည်။
ထိုအင်အားစုများက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်လျက်ရှိသလို ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများနှင့် လူပုဂ္ဂိုလ်များကို ထိရောက်စွာ အရေးယူမည်ဟုလည်း ထုတ်ပြန် ကြေညာ ထားကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁) အနေဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဟု ထုတ်ပြန်ကြေညာထားသည်။
